Sunday, July 29, 2012

ညိုလေတဲ့မိုး





ငြိုးငြိမ့်ငြိမ့်ညံ
စိုးတထိတ်ထိတ်
အမူပိုလို့
ရင်မှာပူ
သောကပွေရတယ်

စိုးစိမ့်စိမ့်မှန်
နေ့ရက်ညကုန်
သူယူသိမ်းတယ်
မိုးနေ့ရက်များ

ဤမိုးညိုသည်
တောင်ဖက်ဆီမှ
တိမ်တောင်တိမ်လိပ်
ရိပ်ရိပ်ထလှာ
မျက်ဝန်းမှာဆို
ကြောက်အားပိုသော
အမူယာပိုင်ရှင်
သူ...သခင်
လွမ်းနေရှာပေရော့မည်

ဟော...ပြောပြောဆိုဆို
စိမ့်စိမ့်ယိုသည်
ဖြောက်ဖြောက်မြည်ဟီး
သူလေတီးသည်
နရီစည်းနှင့်
နဘေသင့်သည်
ရွာပါရွှေမိုး
မျှော်ကိုးမိရာ
စက်ကျသံသာ
အိပ်ယာထဲမှာ
အမောင်ကွေးလင့်
မကွေးလင့်

ပြောစမ်းပါဆို
ရွှေမိုးညိုရာ
တရံခါက
အင်းလျားကန်ဘောင်ထက်က
ပျော်ရွှင်ခဲ့သော
ဘ၀များသည်
ဘယ်ဆီကိုများ
ရောက်နေလည်း

တသည်သည်းနှင့်
မစဲသောမိုး
လွမ်းစိမ့်သောငှာ
သူလေဖန်သည်
တစ်ရံခါဆီက
ထီးကိုကွယ်ကာ
တစ်ခါတည်းသာ
ခိုးနမ်းခဲ့ဖူးသော
ချစ်သူ၏ပါးပြင်
ပြန်လည်တမ်းတ
လွမ်းမိ၏......။      ။

4 comments:

mstint said...

မိုးကိုပမာပြုပြီး အလွမ်းတွေပိုနေတဲ့ မောင်ချစ်သူမောင်ရဲ့ ကဗျာလေး အားပေးသွားပြီနော်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ayesnake said...

တော်သေးတာပေါ့
သိပ်သတိရတယ်ဆိုပြီး
မိုးရွာကြီးထဲ
အင်းလျားကန်ဘောင်ကို ပြေးမသွားလို့ .. ဟိ
ကဗျာလေးကောင်းတယ်ဗျ။ :)

စံပယ်ချို said...

အော် မိုး-----မိုး-----ဒီမိုး
ခိုးနမ်းခဲ့တဲ့ပါးပြင် ဘယ်ရောက်သွားပြီလဲ

ချစ်သူမောင် said...

ဖောက်ပြန်သွားတာ စပယ်ရေ