Thursday, August 9, 2012

ကြွက်ကြောင့်ဖြစ်တဲ့အတွေး














အချစ်ဦးလေ
ညနေကသူ....... ဖုံးဆက်တယ်
ရင်တွေခုန်လိုက်တာ

သူဘာပြောလည်း
သိချင်ကြသလား
ရေစက်မကုန်သေးဘူးတဲ့လေ

ဟင်.....ဟုတ်ရဲ့လား
ငါကမေတ္တာရှိယင်းဆဲမို့
မခွဲ အမြဲ နေချင်သေးတာနော်


အမှန်တော့ ....ဘာမှမဟုတ်တဲ့
သာမာန်ကိစ္စလေးတစ်ခုပါ
ငါကအတွေးတွေချော်နေတာမို့


စိတ်မခိုင်လည်း
ယိုင်လဲပြိုကာနေတော့မယ်
ဖောက်ပြန်တဲ့အတွေး
မတွေးစတမ်း.........။      ။

4 comments:

စံပယ်ချို said...

ဟုတ်ပါ့ ဖောက်ပြန်တဲ့အတွေး
လုံးဝကို မတွေးမိစေနဲ့

Sandakuu said...

အတွေးကိုတောင်မဖောက်ပြန်စေနဲ့တဲ့လား....
အတော်ထိမ်းချုပ်ရမယ်..း)

mstint said...

အပြောင်းအလဲမြန်တဲ့ လူ့စိတ်ပေါ့ ချစ်သူမောင်ရေး)
အမှားနဲ့မကင်းတဲ့ လူသားတွေမို့ ခွင့်လွှတ်သင့်တယ်ထင်ရင်ခွင့်လွှတ်လိုက်ပေါ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ayesnake said...

မေတ္တာရှိရင်းစွဲ .. ဆိုရင် ပိုမကောင်းပေဘူးလားအစ်ကိုရယ် ...