Monday, December 31, 2012

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ


















ရာသီနှစ်ဟောင်း
ပြောင်းခဲ့အလီလီ
ရွက်တွေကြွေသည်
ရွက်သစ်ဝေစီ
ခဏတာမေ့မောလို့
ငေးကြည့်တုန်း
နှစ်ထောင့်ဆယ့်သုံးဆီ
ရောက်ခဲပြီ.......။     ။

ချစ်ခင်ရသောဘလော့ဂါမောင်နှမအပေါင်း
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ

ပျော်ရွှင်ဖွယ်နှစ်ဦး
ပိုင်ဆိုင်ကြပါစေလို့
ခွန်းချွေဆုတောင်းယင်း
နှစ်ဟောင်းဟာမှေးမှိန်စွာကျန်......

3 comments:

Aunty Tint said...

ဆုတောင်းလေးအတိုင်း ပြည့်ဝရပါလို၏ ချစ်သူမောင်ရေ။
နှစ်သစ်နဲ့အတူစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးနတ်ကြယ်စင် said...

ချစ်သူမောင်လဲ နှစ်သစ်မှာ ပျော်ရွှင်လို့
အစစအရာရာ အဆင်ပြေပါစေဟယ်..
ခင်တဲ့....မိုးနတ်

Han Kyi said...

နှစ်ဟောင်းမှေးမှိန်
မေသးသိမ္ဘဲ
သမိုင်းထဲမှာ
သင်ခန်းစာဖြစ်
ရှင်သန်ရစ်မည်
နှစ်သစ်သည်လည်း ထိုသို့သာ...

နှစ်သစ်မှာလည်း ကြည်နူးပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက်ပါဗျား...