Thursday, July 31, 2008

ဟိုးအဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့ကလေး

မနေ့ က မြေလတ်ပိုင်းကို ရောက်သွားခဲ့ ပါတယ် အိတ်စပရက်ကားနဲ့သွားတာပါ
ဘာတွေအ ကောင်ထည်ဖေါ်နေတာလဲမသိပါဘူး စာတော့ ကပ်ထားတယ်ဘာတဲ့
အချိန်ထိန်းစံနစ်ကို အကောင်ထည်ဖေါ် လျှက်ရှိပါသည် တနာရီ ၈၀ကီလိုမီတာထက်
ပိုမမောင်းရတဲ့.....သွားတာကနေ့လည်တစ်နာရီ ခါတိုင်းကျွန်တော်သွားနေကျက
အဲဒီမြို့လေးရဲ့ တာဆုံအရောက် ညနေ ငါးနာရီ လောက်ပါ....သူတို့အချိန်ထိန်းစံ
နစ်ကို အကောင်ထည်ဖေါ်ကာမှအချိန် တော်တောကြန့်ကြာပါတယ် ကားမောင်း
တဲ့ အမြန်နှုန်းကတော့လျော့မသွားခဲ့ ပါဘူး ဒါပေမယ့်လမ်းမှာ ဟိုထောက် ဒီနား
နဲ့ခရီးသိပ်မတွင်ပါဘူး ကျွန်တော် ကစောစော ရောက်ချင်တာပါ အဲလို စောစော
ရောက်ချင် ယင် စောစောကားစီးပေါ့ လို့ပြောကြမှာပါ ဟုတ်ကဲ့ ကျွန်တော်က
အလုပ်များပါတယ် နေ့လည် တစ်နာ မှမသွားလို့မဖြစ်ပါဘူး အဲဒီအချိန်ထိန်းစံနစ်
ဆိုတာ ဘာအတွက်လည်းဆိုတာတောကနားမလည် ပါ ခရီးကြန့်ကြာတာရယ် အန္တ
ရာယ် ကတော့ ကင်းမှာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ လမ်းမှာကားအရှိန်
ထိန်းသိမ်းစံနစ် မှမရှိပဲ အချိန် ထိန်းစံနစ်ဆိုတာတော့ ညစ်ကွက်တစ်ကွက် ဖြစ်တော့မှာ
နည်းနည်းစပ်စု ကြည့်တော့ ခရီးဆုံးဂိတ်ကို အချိန်စော ၀င်ယင်ဒါဏ်ငွေ နှစ်သိန်း
တဲ့ ဒါဏ်ငွေ မဆောင်နိုင်ယင် ကားတစ်လမဆွဲ ပဲနားရမယ်လို့ဆိုပါတယ် တစ်ခါတရံ
နားမလည်တော့ပါ ဘူး ထားပါတော့ထွေလီကာလီတွေပြောနေတာနဲ့ ပြောချင်တဲ့
စကားဆီမရောက်တော့ဘူး အဲ အခြေခံ ကအဲဒီကစရမှာ ကျွန်တော်သွားချင်တဲ့
မြို့လေးက ကားလမ်းကနေနောက် ထပ်ခြောက်မိုင်လောက် မြင်းလှည်းဖြစ်စေ ဆိုင်ကယ်
ငှားလို့ဖြစ်စေ ဆိုက်ကားနဲ့ ဖြစ်စေ သွားရ တဲ့ မြို့ပါ ၊ တာဆုံရောက်တော့ မှောင်စပျိုး
နေပါပြီ ကျွန်တော်က စိတ်ပူတာ နဲနဲနောက်ကျယင် ကျွန်တော်အမြန်ရောက်ချင်တဲ့မြို့
လေးကိုသွားဖို့ခက် သွားမှာပါဆိုက်ကား၊ဆိုင်ကယ်၊မြင်းလှည်း မရှိတော့မှာကိုး အဲဒီတော့
အဲဒီတာဆုံမတိုင် ကားလမ်းပေါ် ကမြို့ လေးမှာဆင်းရတယ် ပြီးတော့ မှဆိုင်ကယ်ငှားပြီး
ကျွန်တော်သွားချင် တဲ့ မြို့ လေးကိုသွားရပါတယ် အဲ့မြို့လေး ရောက်တော့ အတော့ကို
မှောင် နေပြီ အဲတာနဲ့ဆိုင်ကယ်ဆရာကို ထမင်းဆိုင် တန်းမောင်းခိုင်းရတယ် မနက်စာတောင်
လွတ်တာဆိုတော့ ညနေပိုင်စားမှဖြစ်မှာပေါ့၊ ရထားလမ်းအသုံးပြုတဲ့ မြို့လေး ဆိုတော့
ရထားချိန်မဟုတ်ယင် အသွားလာမရှိသလောက်ပါပဲ မှောင်ကလဲမှောင်နေ မီးကလည်းပျက်
နေဆိုတော့ ထမင်းစားအပြီးသွားချင်တဲ့နေရာကို လွယ်အိတ်ထဲ အမြဲပါတဲ့ လက်နှိပ်ဓါတ်မီး
ထုတ်ရတောကတာပေါ့ ရောက်ရောက်ချင်းပြန်ဖို့ စီစဉ်ရတော့တာပေါ့ မအားတဲ့ ကြားက
အမေ့လာခေါ်တာကိုး အမေ ဆိုတာက ယောက္ခမပါ ၊ အမေ့အိမ်မှာခဏနား ပြီးတော့ဘူတာ
ရုံကိုသွား တော့ ညဆယ့်တစ်နာရီ အမြန်လက်မှတ်မရောင်းသေးဘူး ၊အမြန်မှဟုတ်ပါဘူး
ဘာလက်မှတ်မှ မရောင်းသေးတာ ဘူတာမှာတော့ လူစည်ပါတယ် ကုန်စိမ်းဒိုင်တွေနဲ့ ရာသီ
သီးနှံလာသွင်းသူတွေပါ ၊ပြီးတော့ဘူတာကို အိမ်အမှတ်နဲ့ အိပ်နေတဲ့သူတွေလည်းရှိတာပေါ့။
ထားပါတော့ အဲတာနဲ့ လက်မှတ်ဝယ်မယ်ဆိုတဲ့ အတွေးနဲ့ ဘူတာရှေ့က အရက်ဆိုင်တဖြစ်
လည်း လဖက်ရည်ဆိုင်လေးမှာ ထိုင်ပြီးကော်ဖီမစ်ပလိန်း တစ်ခွက်မှာ ပြီးထိုင်နေခဲ့တယ်လက်
မှတ်ရုံကတော့ ရောင်းမယ့်ပုံမပေါ်သေးဘူး ၊အတော်ကြာထိုင်စောင့်လို့လက်မှတ် မရောင်း
သေးတဲ့ အဆုံး ခဏပြန်လာပါတယ် မှောင်ပိန်းလို့ပေါ့၊အမေနဲ့ သိမ်းစရာရှိတာကူသိမ်း သယ်
မယ့်ပစ္စည်းကူသယ်ဖို့လုပ်ပြီး ည၁၂နာရီမှာဘူတာကိုဆင်းခဲ့ပါတယ် ရထားကညတစ်နာရီမှာ
လာမှာ အဲဒီမြို့ လေးမှာရပ်မှာကသုံးမိနစ် တည်းရယ် လက်မှတ်က ခုထိမရောင်းသေးဆယ့်နှစ်
နာရီ ကျော်ပြီ စောင့်နေယင်းနဲ့ လက်မှတ်ရုံဝ ပွင့်လာပါတယ် ဆယ့်နှစ်နာရီခွဲကျော်ပြီ ဖွင့်လိုက်
ပြန်တော့လည်း လက်မှတ်ရောင်းတဲ့ သူကလည်တည်တည်ပါ ဘာလို့လည်းဆိုတော့ မူးနေလို့
ခုံ နှစ်ခုံလိုချင်လို့ပြောတော့တစ်ခုံ ပဲရပါတယ် ကျွန်တော်ကတော့ခုံမဲ့ပေါ့ ထားပါအမေထိုင်ခုံ
ရယင်ပြီးတာပဲ ရထားလာပါပြီ ညတစ်နာရီတိတိ လောက်မှာပေါ့ ရတဲ့တွဲကို ကြည့်မိတော့ဘရိတ်တွဲ
နောက်ဆုံးတွဲ အင်းခက်တော့ခက်ပြီ ဒါပေမယ့် မနက်ဖန်အလုပ်တွေရှိသေးတော့ဘာဖြစ်ဖြစ်
ပြန်ရမှာပဲ ဆိုစိတ်ကိုဒုံးဒုံးချပြီး တက်လိုက်ရပါတယ် အပေါက်ဝမှာပန်းစည်းကြီးတွေပစ္စည်း
ခြင်းတွေမငဲ့ နိုင်ပဲ ကျော်ခွတက်လိုက်ရတယ် တွဲက လွတ်နေတာတော့မဟုတ်ဘူး အိပ်တဲ့
သူတွေကအိပ်လို့ အခက်တွေ့ပြန်ပြီ အမေ့အတွက်လက်မှတ်ယူလာတဲ့ ခုံနံပါတ်က လူတွေထိုင်
နေတယ် မေးကြည့်တော့ လက်မှတ်ခြင်းတိုက်ကြည့်ပြန်တော့ ခုံနံပါတ်တူနေ့စွဲတူတွေဖြစ်နေပြန်
တယ်နည်းနည်းခေါင်းစားသွားတယ် ဘာလုပ်ရမှန်းမသိတောကနီးစပ်ရာလွတ်နေတဲ့ ခုံတစ်ခုံမှာ
ပဲအမေ့ကိုထိုင်ခိုင်းယင်း ကျွန်တော်ကတော့မတ်တပ်ရပ်နေခဲ့တယ် နှစ်ဘူတာလောက်စီးပြီးတော့
လက်မှတ်စစ် ဆရာကြီးတစ်ယောက်ရောက်လာတယ် ကျွန်တော့အခက်ခဲကိုတင်ပြတော့ ခုံနံပါတ်
ထပ်နေတဲ့ လက်မှတ်နှစ်စောင်စလုံးကိုတောင်းကြည့်တယ် အဲ.....သူလည်းလေသွားတယ် နေ့စွဲတူ
နံပါတ်တူ လက်မှတ်နှစ်စောင် ကြောင်တန်ဆာခတော့ ရအောင်တောင်းသွားတယ် အမေကကြောင်
တစ်ကောင် သယ်လာတာကိုး ၊၁၅၀၀ိ/- တဲ့လူစီးခထက်ကြောင်စီးခဈေးကြီးပြီ ဟီး လူစီးလက်မှတ်က
ထိုင်ခုံနဲ့ဆို ခုနစ်ရာကျော် ခုံမဲ့ ကငါးရာကျော် ထားပါ ကျွန်တော်ကဖြေရှင်းပေးပါလို့တောင်းဆိုတယ်
အင်းတဲ့ နောက်ဆုံးလူတက်မဲ့ ဘူတာရောက်ယင်ရှင်းပေးမယ် လို့ပြောတာပဲ အဲဒီဘူတာသာကျော်
လာတယ် နောက်ထပ်တက်လာတဲ့သူတွေလည်းများလာတယ် သူကတော့လု့းဝပေါ်မလာတော့ပါဘူး
ကျွန်တော်ကတော့ တစ်ချိန်ကကျင်လည်ခဲ့ တဲ့ ဂျပန်နိုင်ငံက ရထားတွေ မြေအောက်ရထားတွေ
ကျည်ဆန်ရထားတွေအကြောင်း စဉ်းစားယင်းမြို့လေးကအဝေးအမှောင်ထဲမှာကျန်ခဲ့...........
ကျွန်တော်ကတော့ဒီနေ့မနက်ပဲရန်ကုန်ပြန်ရောက်ခဲ့..............။ ။

Sunday, July 27, 2008

လူညွန့်ခူးစားသူများ

ဟုတ်ပါတယ် လူညွန့်ခူးစားသူများ ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးခဲ့ ပါတယ် ဒါပေမယ့်ပို့စ်တင်လို့မရပဲ
အကုန်ပျက်သွားခဲ့ပါတယ်......။ ခုပြန်ရေးရမှာပါ ဒါပေမယ့်နောက်တစ်ခေါက်ရေးဆိုတော့ mood
မရှိတော့ဘူး ခက်တော့ခက်နေပါပြီ  ကဲဘာဖြစ်ဖြစ် စရေးလိုက်တော့မယ်.........
လူတွေနဲ့ အထိတွေ့များတဲ့အလုပ်တွေမှာ တွေ့ဖူးကြုံဖူး ကြမယ်ထင်ပါတယ် လူအမျိုးမျိုး
စိတ်အထွေထွေ ဆိုသလိုပါပဲ  နှိမ့်ချ သူနဲ့ အနှိမ်ခံရသူဆိုတာရှိ မှာပါ ၊ အဲလိုပဲစကားတွေတော့
ရှိပါတယ် လူ့အောက်ကျို့ ယင်မသေနိုင်ဘူး သစ်ပင်အောက်ကျို့လို့သစ်ပင်ပိယင် သေနိုင်တယ်
ပြောကြတာပါပဲ အဲလိုယူဆထားတတ်ကြသလို အဲလိုလည်း ကျင့်သုံးတတ်ကြပါတယ် အောက်ကျို့
ပေါင်းတာတော့ ကောင်းပါတယ် ဒါပေမယ့်ဝန်ဆောင်မှုလုပ်ငန်း လုပ်တဲ့သူတွေအတွက်သတိပေး
ချင်တာ လေးပါ လူအောက်ကျို့တဲ့ အခါ ကိုယ့်ကိုယ်ကိုနှိမ့် ချဆက်ဆံတဲ့ အခါ တစ်ဖက် ကကျော
ကျောပြန်ဆက်ဆံခံရ တဲ့ အခါမျိုးရှိမှာပါ အဲဒီအခါမျိုးကြယင် ၀န်ဆောင်မှုတန်ဖိုး ဆုံးရှုံးခြင်းလို့
ခံစားရတတ်ပါတယ် အဲတာမျိုးတွေကြုံတွေ့ရတတ်တယ် ခက်တာက တစ်ဖက်က အားနာရမှန်းမသိ
တတ် ကြတဲ့ သူတွေပါ  သူတို့မှာငါ ငွေပေးထားတာပဲ ငွေပေးတာနဲ့တန်အောင် လုပ်ပေးရမှာပေါ့
ဆိုတဲ့ စိတ်မျိုး တစ်ဖက်ကအားနာပြီးလိုက်လျောတာကိုအခွင့်ကောင်းယူတာမျိုးတွေလည်းရှိနေ
တတ် ပါတယ်။ ခက်တာကလိုအပ်သည်ထက်ပိုပြီးဝန်ဆောင်မှုတောင်းခံခြင်းပါ သို့သော်စဉ်းစားစရာ
တစ်ခုရှိနေပြန်ပါတယ် တမင်အခွင့်ကောင်းယူတာမျိုးလား ဒါမှမဟုတ် သူတို့ရဲ့ ပင်ကိုယ်ကိုယ်ရည်
ကိုယ်သွေးကိုက ညံဖျင်းတာလား အဲတာမျိုးကြယင် ဖြေရှင်းနိုင်ပါ့မလား  စိတ်ဓါတ်ညံ့ သူများကို
တော့ပြုင် ပေးလို့ ရမယ်မထင်ပါဘူး ။ သူငယ်ချင်းတစ်ယောက် ပြောတဲ့ စကားကိုမှတ်မိနေပြန်ပါ
တယ် ဘာတဲ့ "သဒ္ဓါလွန်တော့ကျွန်ဖြစ်" ပါတဲ့ အင်းအဲဒီလိုပဲယူဆထားလိုက်ပါ့မယ်
လူညွန့်ခူးစားသူများရန်မှဝေးပါစေ............

Tuesday, July 22, 2008

ဘ၀သစ်

ဘ၀ သစ်

အမြဲတမ်းချစ်
ဘ၀သစ်မှာ
ပျော်မယ်စိတ်ကူး
အလွမ်းရူးတွေ
မတွေ့ချင်ပါ
နေစရာလေ
ချစ်သူရင်ခွင်၊

ထွေးပွေ့ဖက်ထား
အတွေးစိတ်ကူး
နယ်ကုန်ပင်ခြေဆန့်
မြေပြန့်လွင်ပြင်
ဟိုး....ခပ်လှမ်းလှမ်းမှာ
လှမ်းလို့ကြည့်စမ်း
မြင်နေရပြီ..တို့ဘ၀တွက်
အနာဂါတ်သစ်......

ချစ်တယ်ညီမ
ပြည်ဖုံးကားချခွင့်ပေးပြီး
အချစ်သစ္စာ တွေနဲ့
မြတ်နိုးစွာတွယ်တာ
ချစ်နေတာတွေ
ကိုကို တွေ့မြင်
အလွမ်းပင်သေ
နွမ်းနေတဲ့ရင်
လန်းစေတဲ့
ကိုယ့်ရဲ့ ချစ်ဇနီး လေးရေ........

ညီမအတွက်
ကဗျာတွေနဲ့
စာပေဖွဲ့ဖို့
တော့ပစ်တခု
ကဗျာတွေရေးပေး
စာတွေတွေးမယ်
အလွမ်းရှင်ဘ၀က
အနမ်းပင်လယ်ဝေစေတဲ့
အဖြစ်............

တအားချစ်ပေါ့
ပိုလို့သာပင်
တွယ်တာမြတ်နိုး
အလွမ်းမိုးစွေ
ချစ်သက်သေဖြစ်
ဘ၀တခုလုံးနဲ့
ရွှေရောင်ဖြစ်မယ့်
အနာဂါတ်သစ်ကို
အချစ်လက်ထဲအပ်ပါတယ်.....

စီမံခန့်ခွဲ
အလွမ်းတရားထဲမပါကြေး
အလွမ်းများ ဆိုတဲ့
ကမ္ဘာဟာ အဝေးသွား
သားသားမီးမီးလေးတွေနဲ့
ရွှေေ၇ာင်လွှမ်းမဲ့
အနာဂါတ်လမ်းကို
ပဲ့ကိုင်စီမံ
သခင့်ထံကို
ချစ်ကြင်စွာနဲ့
ထာဝရအပ်နှင်း
လွမ်းချင်းမဆို
ငိုချင်းမချ
ကိုယ့်ဘ၀ဟာ
အမြဲတမ်း
ချစ်ကြည်ခြင်းတွေနဲ့
သာယာလှပနေပါမည်..........။ ။

Monday, July 21, 2008

ဘ၀သစ်

အို.....အချစ်ရယ်
ဘ၀ကိုအတူဖြတ်သန်း
လမ်းပန်းခရီးဟာသာယာ
လွမ်းကဗျာတွေလေမှာလွင့်
ပန်းကဗျာတွေရင်မှာဆင့်တော့
လွမ်းသောကပျောက်ကာ
အနမ်းမိုးတွေသွန်းဖြိုးဝေ.....
လောကအလယ်မှာလေ.....
တင့်တယ်စေ၊

မိုးရေစက်တွေထဲမှာ
မခွဲဘူးအတူတူ
ပျော်ရွှင်စွာရယ်မော
အိမ်ထောင်ဦးကာလများမှာ
အလွမ်းတွေဘေးဖယ်
နွမ်းလျခြင်းတွေ
စက္ကန့်လေးတခုတောင်မှခွဲမနေချင်ဘူးမေ....

ပျော်ရွှင်ခြင်းသဘောတရား
အမောများကိုဖျောက်ပစ်
ဘ၀အသစ်မှာလေ
ထာဝရချစ်စရာအတွေးတွေ
ပျော်ရွှင်စွာရယ်မလား
အဲသလိုပဲကောင်းမှာပါ။ ။

Tuesday, June 3, 2008

အဖွား(အမှတ်တရ)

ဒီနှစ် ဆိုယင် ကျွန်တော့ အဖွားဆုံးတာ နှစ်(၂၀) ပြည့်တဲ့နှစ်ပေါ့ ။ သတိတရနဲ့ တမ်းတ မိတယ်အဖွားရယ်
အဖွားသာရှိယင် ကျွန်တော့ ရှေ့ ကနေ ကာကွယ်ပေးမယ်နဲ့ တူပါတယ် ကျွန်တော်စိတ်ဓါတ်တွေ တအားကျ
နေတယ် အဖွားကိုလည်း သတိရတယ် လွန်ခဲ့တဲ့၁၄ နှစ် လောက်က စိတ်ဓါတ်တွေ တအားကျပြီး အဖွား ကို
မြှပ်နှံသင်္ဂြိုလ် ထားတဲ့ နေရာကိုကျွန်တော်တစ် ယောက်တည်းရောက်ခဲ့ တယ် အဖွားလာခွင့်မပြုတာလား
လမ်းမှာဆိုင်ကယ်မှောက်ပြီး အဖွားဆီကို မရောက်ဖြစ်ခဲ့ ဘူး။ဒါပေမယ့် အဖွားနဲ့ နောက်တစ်ခေါက်ပြန်တွေ့
ရတယ် သင်္ချိုင်း ပြောင်းတော့ အဖွားရဲ့ဆွေးမြေ့နေတဲ့ ရုပ်ကလာပ် ကိုတွေ့မြင်ခွင့်ရခဲ့တယ် ဘာဖြစ်ဖြစ်
ကျွန်တော့ရှေ့မှာ အမြဲရပ်တည်ပေးတတ်တဲ့ အဖွားရှိနေယင်ကောင်းမှာပဲ လို့တွေးနေယင်းကျွန်တော်ဝမ်း
နည်းနေတယ် အဖွားမရှိတော့တည်းက ကျွန်တော့ရှေ့မှာ ဘယ်သူမှမရှိတော့ဘူး ကာကွယ်ပေးတဲ့ သူလည်း
မရှိတော့ဘူး ကျွန်တော်စိတ်ဓါတ်တွေတအားကျ၊ စိတ်တွေတအားညစ်နေမှအဖွားကို သတိရတာတော့
မဟုတ် ပါဘူး တမ်းတသတိရခြင်း တွေက ကျွန်တော့ကို အမြဲတွန်းအားပေးနေခဲ့ ပါတယ် .......ကျွန်တော်တ
ခါတလေ အငယ်တွေက ပြန်ပြောတဲ့ အခါ အဖေဘက်လိုက်တယ်လို့ မြင်တဲ့ အခါ ကျွန်တော် ကိုယ်ကျွန်တော်
ညံ တယ်လို့မြင် တဲ့ အခါ အားပေးနှစ်သိမ့်ဖျောင်းဖျ ပြောတတ်တဲ့ အဖွားမရှိတော့တာ တော်တော်ခံစားရတယ်
အဖွားကတော့ ခုကောင်းရာမွန်ရာဘုံတဘုံဘုံမှာ စံစားနေရောပေါ့ ။ အဖွားရယ်တကယ်ပါ ကျွန်တော် လေ
အိမ်တွင်းရေး ကိစ္စ တွေ နဲ့ ညစ်နေတယ် အဖေကလည်းသူ့စိတ်ကူးထဲပေါက်ရာ လျှောက်လုပ်ခိုင်းနေတယ်
အဖွားတို့ အလုပ်ကိုဆက်မလုပ်လို့ မကျေနပ်သလိုမျိုး၊ ဘာတွေလုပ်ခိုင်းနေမှန်းမသိဘူးဗျာ ဆေးခန်းနဲ့
ရွှေဆိုင်တွဲဖွင့် ခိုင်းတယ် ကျွန်တော်(နားမလည်ဘူး) အရင်းနှီး လည်းမရှိဘူး(နားမလည်ဘူးဆိုတာအဖေ့ကို)
အဲဒီတော့အဖေ့ကိုနိုင်တဲ့ အဖွားကို သတိရတာပေါ့ ကျွန်တော်ကအဖွားရဲ့အချစ်ဆုံး မြေးဦးကို နော်။
တိုင်တာတော့မဟုတ်ဘူး အဲလိုမိသားစု အခက်ခဲတွေနဲ့ ကြုံလာယင်အဖွားကို သတိရတယ်ဗျာ နိုင်ငံခြား
ရောက်နေစဉ်က အဖွားတွက် ရည်စူးပြီး ဘုန်းကြီးကျောင်းခေါင်မိုး လှူပေးတာအဖွားသာဓုခေါ်လို့ရရဲ့လားဗျာ။
ဒါပေမယ့်အခုလည်း NNT နဲ့ အဖွားအတွက်အမြဲကုသိုလ်တွေလုပ်ပေးနေပါတယ် ။ ။

Thursday, May 15, 2008

ရှင်သန်ခြင်းနှင်းဆီ

အလို............
မျှော်လင့်ချက်ရှိမှ အသက်ရှင်တဲ့
လောကကြီးထဲမှာ
အရာရာဟာ မျှော်လင့်ချက်အပြည့်နဲ့ အသက်ရှင်
ရင်မှာတော့လှုပ်ရှားမှုတွေနဲ့
အတွေ့ရခက်တဲ့ရက်တွေမှာတောင်
မနေတတ်တော့ သယောင်ပါပဲ.............

ဒီလိုပြောတော့.........
ခပ်သောသောရယ်ချင်ရယ်မယ်
မယုံသင်္ကာဖြစ်ချင်ဖြစ်မယ်
"အရမ်းချစ်တယ် သခင်ရယ်"လို့
တစ်ခါကရေးဖူးတဲ့စာသား
နှလုံးသားမှာထင်ဟပ်
တကယ်မနေတတ်ခဲ့ပြီလားလို့
ကိုယ့်ကိုဆန်းစစ်
ပန်းတွေတော့ချစ်နေဆဲပါပဲ.................

တခါတလေ.....
ညာမနေတတ်ပေမယ့်လည်း
မျှော်လင့်ချက်နဲ့ရှင်သန်
မှန်ကန်နေဦးမလား
အခြားအခြားသောကမ္ဘာမှာ
စကြဝဠာအပြင်ဖက်မှာ
အခက်ပွေကြုံဦးမလား
တစ်သက်လေငုံဦးမလား..........????

ရှင်သန်မှုဆိုတာ......
အင်မတန်မှတုပလို့ကောင်းတဲ့အရာ
တခါတခါတွေးမှတ်
မျှော်လင့်ချက်မဲ့လည်းအသက်ရှင်
အသက်ဝင်လှုပ်ရှားနေတဲ့ငါဟာ
အတ္တရဲ့လမ်းညွှန်မှုအောက်မှာ
ညှာတာမှုကင်းမဲ့တဲ့မျက်နှာ
ရက်စက်တဲ့ မျက်လုံးတွေနဲ့
တခါတခါရှင်သန်ခဲ့ပါတယ်............

အသက်မဲ့အရုပ်......
ငါလေငုတ်တုတ်ဖြစ်ချင်
(သို့မဟုတ်)
ချစ်ရတဲ့သူကိုဖြစ်စေချင်
တကယ်တော့လည်း
ဘာကိုမှ မဖြစ်စေချင်
ရှင်သန်နေချင်တာ
ရင်ထဲကဆန္ဒအမှန်
အကြံဖန်မလုပ်ပဲ
အမှန်ကန်သရုပ်ခွဲပြီး
တမ်းတချစ်နေဦးမယ်................

တကယ်ဆို......
ကလေးငယ်တစ်ဦးရဲ့ရှင်သန်မှု
ယုယမှုဆိုတဲ့စကားဟာ
မိဘပေါ်မှာပဲမူတည်သလို
လှပတဲ့ပွင့်ဖတ်နဲ့
သင်းထုံတဲ့ရနံပေးတဲ့
နှင်းဆီပင်ရဲ့ရှင်သန်ခြင်းဟာ
ဥယျာဉ်မှူးပေါ်မှာပဲမူတည်
မကြည်ဖြူတဲ့အပြုံးမှာ
ရှင်သန်ခြင်းအနှစ်တွေ
ကင်းမဲ့နေပါတယ်.............

အပြစ်မရှိတဲ့အချစ်ဟာ
တခါတလေတော့လည်းဖေါက်လွှဲ
မရဲတရဲအကဲခတ်ပေမယ့်
ယဲ့ယဲ့ပဲကျန်တဲ့ နှလုံးသားမှာ
ရှင်သန်ခြင်းဆိုတာရှာတွေ့ဖို့
မနည်းလိုက်ရှာလို့..............
မစို့မပို့ရှင်သန်နေတဲ့နှလုံးသား
တခြားနေရာမှာတော့မတွေ့ခဲ့ပါ............

ဘာပဲဖြစ်ဖြစ်ချစ်စေချင်တယ်
အမှန်တကယ် တွယ်တာမြတ်နိုး
တိုးတိုးတိတ်ချစ် အိပ်မပစ်ရက်
အချစ်ခက်ပြီ နေ့တွေဆီကို
မျှော်ရည်မှန်းဆ လွမ်းသမျှကို
သည်းမှာပိုကဲ မငိုရဲပါ
မြဲစေရာလို မြဲစေရာလို
တခါကဆိုစပ်
ခပ်ကျပ်ကျပ်ကဗျာဟာလည်း
အမြဲတမ်းအသုံးမဝင်ပေမယ့်
တခါတလေတော့လည်းအကျုံးဝင်ချင်
မနှင်ပါနဲ့ခင်ပါကွဲ့လို့ ခပ်နွဲ့နွဲ့စာသားတွေ
ခပ်လေလေမရေးချင်ပါ...........

ဘာပဲဖြစ်ဖြစ်....
ငါသိပ်ချစ်တဲ့ နင့်ဥယျာဉ်မှာ
နင့်ကိုစောင့်စား တောင့်ထားအားယူ
အငုံဖူးပွင့်မယ့် ချစ်တတ်တဲ့ နှင်းဆီပင်
ရှင်ဖို့အားယူနေပါတယ်..........။ ။

Tuesday, May 13, 2008

သန့်ရှင်းခြင်းနယ်ပယ်ကဖြူလွလွ စပယ်

ဟယ် ... ကြည့်စမ်း....
ငါ့ရင်ကဥယျာဉ်နန်းမှာ
သင်းကြည်ချိုမြ
နှင်းဆီလိုမလှပေမယ့်
အပြစ်ကင်းစင်တဲ့
ဖြူနွဲ့နွဲ့စပယ်
ကလေးငယ်အလား
တရားထဲမှာမပါ
ချစ်ကြည်စွာဖူးလာခဲ့..............


ချိုရီသင်းကြည်တဲ့
ဖြူလဲ့လဲ့ စပယ်ဟာ
နှလုံးသားရဲ့နယ်ပယ်မှာ
ခိုင်မြဲစွာတွယ်တာ
ပန်းကမ္ဘာမှာလေ
လွမ်းစရာတွေမတွေးချင်
ငေးနေရယင်ကျေနပ်ရဲ့..............

တော်မဝင်လို့ လူမသုံးချင်လည်း
မူမပြုံးတတ်ပါဘု
ညုတုတု ခရာတာတာ
အမူအယာနဲ့
မြှူဆွယ်ခြင်းလည်းကင်းခဲ့..............

မာန်မာနမရှိ
သင်းပျံစွာထုံမွှေး
ရင်ထဲအေးစေ စပယ်တဖူးဟာ
ရင်ကိုတိမ်းမူးစေ
တွယ်မက်နှောင်ရစ်
ချစ်ယောင်ဆောင်ခြင်း
အလျှည်းမရှိ
ပကတိချစ်ခြင်း
ဖြူစင်ခြင်းသာ.............။ ။

Thursday, May 1, 2008

ရေနံဆီ

အပျော်သဘောလျှောက် တွေးခြင်းသာ ဖြစ်ပါသည် တခါတရံမှာခေတ်တခေတ်ကို သတိရမိနေခဲ့တယ်
CNG ကားတွေတန်းစီ နေတာကို တွေ့မိလိုက်လို့ပါ. . . . . .မှတ်မှတ်ရရ ကျွန်တော်ငယ်ငယ်က ရေနံ
ဆီ ပေးတဲ့ ခေတ်ကို မှီခဲ့သေးတယ် ၊ တအိမ်ထောင်ကို သုံးပုလင်းလား တစ်ဂါလံ လားသေချာတော့မ
မှတ်မိတော့ပါဘူး ၊ တစ်ပတ်တခါ ထုတ်ပေးခဲ့တာလို့ထင်တယ် ခုခေတ်ဆိုယင်တော့ ရေနံဆီဆိုတာ
ဘာလဲလို့ဝိုင်းမေး ကြမယ်နဲ့ တူတယ်၊နှစ်အတန်ကြာပြီရေနံဆီကို ပေါပေါများများ မတွေ့ဖြစ်ခဲ့တာပါ
တစ်ကယ်တော့ လည်းသိပ်မလိုအပ်တဲ့ အရာဖြစ်သွားပြီလို့ တွေးလို့လဲရပါတယ် အဲဒီတုန်းက LPG
ဂက်စ တွေခေတ်မစားသေးဘူးလေ ၊ အသုံးရလွယ်တဲ့ ရေနံဆီမီးဖိုပဲသုံးကြတာ ဘာကွာလဲ လို့မေး
ယင်တော့ ခုခေတ်ဒီဇယ် မီးဖိုရဲ့ ဒီဇိုင်းနဲ့ လုံးဝထပ်တူပါတယ် အဲဒီခေတ် က လျှပ်စစ်မီးဖို အဲလောက်
များများ စားစား တွင်တွင် ကျယ်ကျယ်လည်း မသုံးကြသေးဘူး ရေနံဆီလှည်း ဆိုတာလည်း ခုခေတ်မြို့
သစ်တွေမှာသုံးနေတဲ့ ရေလှည်းနဲ့ တူတူပါ၊ ပေပါကိုတုံးလုံးလှဲ ပြီး လှည်းပေါ် တင်ထားတာပါ ၊ရောင်း
ဝယ်ဖြန့်ဖြူးမှုအပိုင်းကိုနားမလည်ခဲ့ ပါဘူး အဲတုန်းကအိမ်က ဟဲ့ ရေနံဆီသွားထုတ်ချေ ဆိုပြီး
ပုံးလေးနဲ့ ငွေဘယ်လောက်ပေးလိုက်မှန်းတော့မသိပါ အဲတုန်းကတော့တော်တော်ပေါ ပါတယ် ၊
မှတ်မှတ်ရရ ကျွန်တော်ကသားအကြီးဆုံး ဆိုတော့ လက်တိုလက်တောင်းမှာလဲ ကျွန်တော်ပါတယ်လေ
လေးတန်းအသက်ဆယ်နှစ်လောက်မှာ ဘာတာဈေး နဲ့ ဘူတာရုံလမ်းဈေး ကိုသွားပြီးကျွမ်းကျွမ်း ကျင်
ကျင် ဈေးဝယ်တတ်နေခဲ့ ပါပြီ ၊ ထားပါပြောယင်းနဲ့လိုရင်းမရောက် တော့ဘူး၊ တနေ့ က တူမ လေး
လေထလို့ ရေနံဆီနဲ့ နှမ်းဆီ ရောပြီးလူး ယင်သက်သာတယ် လို့ပြောကြတယ် အဲတာနဲ့ ရေနံဆီအရှာ
ထွက်တာပေါ့ ပထမတော့ ပရဆေး ဆိုင်တွေမှာသွားမေးမိတယ် တစ်ချို့ ကမသိသလိုပြောကြတယ်
တချို့ ကတော့ ဟိုလိုလို ဒီလိုလိုပြောကြတယ် အင်း ခေတ်က မလိုအပ်တဲ့ ကုန်ပစ္စည်းတွေ တဖြည်းဖြည်း
မရှိတော့တဲ့ ခေတ်ရောက်သွားပြီနဲ့ တူပါတယ် ကျွန်တော်လက်မလျှော့သေးပါဘူး မရ ရအောင်ရှာဝယ်
်မယ်ပေါ့ တူမပေါက်စသေးသေးလေးကိုချစ်တာကိုးဟိုလူ့မေးဒီလူ့မေးနဲ့ ဘယ်မှာဝယ်ရမှန်းမသိ ဘူး
အဲတာနဲ့ ရှာယင်း မတွေ့ တော်တော်ခက် နေတာ နောက် တော့ ကျွန်တော်ပစ္စည်း တခုဝယ်ဖို့ ဗစ်တိုးရီး
ယား ဖန်စီရှော့ ပ ကိုရောက်သွားတယ် အမွှေးတိုင် ၀ယ်မလို့ပါ ၊ကြီးကြီး ကျယ်ကျယ် ခင်ဗျားက အမွှေး
တိုင်တောင်စူပါမားကက်တက် ၀ယ်သလား မေးယင်လဲခံရပါ့ မယ် ကျွန်တော်အတွက် ဈေးဝယ်ဖို့အဆင်ပြေ
တာကိုး အဲတာနဲ့ အမွှေးတိုင်ဗူးလေးတွေကို ခြင်းထဲထည့် လျှေက်ကြည့်တာပေါ့ လားလား တွေ့ပါပြီ
ရေနံဆီ အာပါး သူက ဆေးကောင်တာပေါ်မှာအခန့်သား ဗျ အရက်ပျံပုလင်းလိုပုလင်းသေးသေးနဲ့
ကျွန်တော်တော်တော် ရယ်ချင်သွားပါတယ် စဉ်းစားကြည့် လေ တချိန်က ဂါလံပုံးနဲ့ တစ်ဂါလံ သုံးကျပ် ရှိတဲ့
ရေနံဆီ ပြောယင်ယုံမှာမဟုတ်ဘူး အရက်ပျံပုလင်းလောက်လေးနဲ့ ဟာကို နှစ်ရာကျော်ဆိုလား ဒါပေမယ့်
စိတ်နာနာ နဲ့ ၀ယ်လိုက်ရတယ် ကိုယ်ကအသုံးလိုနေတာကိုး ရတာတောင်တော်တော် ၀မ်းသာရမယ်၊
:P

Wednesday, April 30, 2008

လူထွက်ကုန်ပစ္စည်း

အခု အချိန် မှာဆို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဆံပင်အရှည်နဲ့ မိန်းကလေးတော်တော်များများ မတွေ့မိတော့ပါ
တစ်ကယ်ဆိုယင် ရှေးလူ ကြီးတွေက မိန်မတို့ဘုန်း ဆံထုံးလို့ ဆိုထားခဲ့တယ်မှတ်လား အခုဆိုယင် မိန်းကလေး
တွေဆံပင် အတို ပဲထားကြတာတော်တော်များများတွေ့ ရပါတယ် ခေတ်မှီလာကြလို့လား ဆံပင်ပုံစံပြောင်းလဲ
လာတာလား ကျွန်တော်အမျိုးမျိုးတွေးခဲ့ ပါတယ် ၊ တစ်ဖက်က ကြည့်ယင် ဆံပင်အရှည်ထားလို့ဆံပင်အ
တွက်အချိန်ပေးရတာ တာတွေ ခုလိုလှုပ်ရှားရုန်းကန်နေတဲ့ ခေတ်ကြီးမှာ ဆံပင်အတိုကပဲခပ် ကောင်းကောင်း
လို့ တွေးမိပါတယ်။
ဒါပေမယ့်ဆံပင်အရှည် နဲ့ဆိုယင်ပိုယဉ် မယ်လို့ ထင်ပါတယ် ၊အဲဒီစိတ်ကူးပေါ် လာတာ ခေတ်မိန်းကလေးတွေကို
ဝေဖန်ချင်လို့ မဟုတ်ပါဘူး တနေ့ က နေရာတော်တော်များများမှာတွေ့ ခဲ့ ရတဲ့ "ဆံပင်အရှည်အ၀ယ်ဒိုင်" ဆိုတဲ့
ဆိုင်းဘုတ်ကြောင့်ပါ ။ ဘီးကျွတ်ဈေးကောင်းပေးဝယ်သည် ဆိုလားပဲ။နေ ရာတော်တော်များများနဲ့ ရပ်ကွက်တွေ
ထဲမှာလှည့်လည် ၀ယ်ယူနေ ကြတဲ့ ဆံပင်ဝယ်သူများကိုပါတွေ့နေရလို့ပါ။ တချို့ မိန်းကလေးတွေကျတော့လည်း
ဆံပင်ကို တမင်ဖြတ်ရောင်းတာရှိကြသလို တချို့ကြတော့လှူဖို့ အတွက်တမင်ရည်စူးပြီးဆံပင်အရှည်ထားကြပါ
တယ်။ ခက်နေတာက ရောင်းသူနဲ့ဝယ်သူ အဆင်ပြေယင် ပြီးတာပဲ ခင်ဗျားဘာလို့ဝင်လျှာရှည် ရတာလဲလို့မေး
ချင်မေးကြပါလိမ္မယ်။ ကျွန်တော့အမြင်အရဆိုယင် သာမာန် ရွက်ကြမ်းရေကြို ရုပ်လေးနဲ့ ဆံပင်အတော်လေး
ရှည် တဲ့ မိန်းကလေးတစ်ယောက်ဆိုပါတော့ ငေးကြည့်ရတာမျိုးမဟုတ်တောင် အနည်းဆုံး သမင်လည်ပြန်
တော့ လှည့်ကြည့်မိမှာပါ အားလုံးလဲကြုံဖူး ကြပါလိမ္မယ်။ ဘာပဲဖြစ်ဖြစ် မိန်းကလေးတွေ ဆံပင် အရှည် ထား
သင့် တယ်လို့ ကျွန်တော်ထင်မြင်မိပါတယ်။
ကျွန်တော့အနေနဲ့တော့ဆံပင်အရှည်ဝယ်ဒိုင်တွေ ကိုတွေ့ရတာစိတ်မသက်သာလှပါဘူး အယူသည်းတာ
မျိုးလည်းဖြစ်ချင်ဖြစ်မှာပါ၊ ကိုယ်တိုင်ရဲ့ ဆံပင်ကို တစ်ပါးသူလက်ထဲရောင်းစားတယ်ဆိုတဲ့ကိစ္စမျိုး မဖြစ်သင့်
ဘူးလို့ထင်ပါတယ်။နောက်ပြီးဘယ်မှာအသုံးပြု မယ်ဆိုတာ သေချာမသိပဲ မိမိ ခန္ဓာကိုယ် က အစိတ်ပိုင်း
တစ်ခုဖြစ်တဲ့ဆံပင်ကို ဖြတ်မရောင်းသင့်ဘူးလို့ ထင်ပါတယ်။ နောက်ဆိုယင် တော့ သိပ်ကြောက်စရာကောင်း
တဲ့အ၀ယ်ဒိုင်တွေပေါ်လာလေမလား ဥပမာ- ကျောက်ကပ်ဈေးကောင်းပေးဝယ်သည်၊ နှလုံးအ၀ယ်ဒိုင်
အသည်းကောင်းကိုဈေးကောင်းပေးဝယ်သည် ၊ မျက်ကြည်လွှာဝယ်သည်၊ အစရှိသဖြင့်ပေါ့။ တချိန်ချိန်
ဆေးပညာ အရမ်းထွန်းကား လာတဲ့ အချိန် ကြယင် အဲလို ဒိုင်တွေနဲ့ဝယ်မလားမသိဘူးနော်။ :)
ဆရာဖေမြင့်ရဲ့"လူသုံးကုန်ပစ္စည်းများ" ၀တ္ထုထဲကလိုမျိုးဆိုယင် တွေးယင်းကျွန်တော်ခေါင်းကိုက်လာတယ်
နောက်နေ့မှပဲ ဆံပင်ဒိုင်တွေ ရဲ့ဓါတ်ပုံတွေတင်ပေးပါ့မယ် ဒီနေ့မိုး ရွာနေတော့ ဓါတ်ပုံရိုက်ဖို့အဆင်မပြေလို့
ပါခင်ဗျာ။ :P

Sunday, April 27, 2008

အရက်

အရက်
ဂျာနယ်နောက်ကျောဖုံးမှာ ဒီကြော်ငြာကို တွေ့လိုက်ရတော့တော်တော့ ကိုလန့်သွားရပါတယ်
အနုပညာသမားတော်တော်များများ အရက်နှင့်မကင်းနိုင် ကြပါဘူး အားလုံးကိုတော့ မဆိုလိုပါ၊
သို့သော်ငြားလည်းပါတ်သက်နေကြ ပါတယ် ကျွန်တော်တို့အားလုံးချစ်ခင်လေးစားရသော ဆရာကြီး
သော်တာဆွေဟာ ဘရန်ဒီတပုလင်းဆိုတဲ့ ၀တ္ထု နဲ့ ကျော်ကြားလာခဲ့သူပါ နောက်တော့ကော ကဗျာ
ရေးတဲ့ သူတော်တော်များများ လည်းဒီလိုင်းပဲ လိုက်ကြပါတယ် ကိုယ်သန်ရာသန်ရာပေါ့လေ။
ဘာပဲဖြစ်ဖြစ်ပေါ့ ကျွန်တော်တို့ မြတ်စွာဘုရား တားမြစ်တော်မူထားတဲ့ အထဲမှာ သူရာမေဓယ
ကံဆိုတာတော့ရှိပါတယ် ဖြစ်နိုင်ယင် ငါးပါးသီလထဲမှာ တစ်ပါးအပါဖြစ်တဲ့ အဲဒီကံကို မကျူးလွန်စေ
ချင်ကြပါဘူး ဘယ်ရှုထောင့် ကပဲကြည့်ကြည့် အဆင်မပြေလို့ပါ ကုန်းဘောင်မင်းဆက် ရဲ့ နို့ညှာဘုရင်
ဖြစ်တဲ့ မင်းတုန်းမင်းခေတ်က ယောအတွင်းဝန်ဦးဖိုးလှိုင် ကို ဗျစ်ရည် သည်ဆေးခါးကြီး၏တူသည်ဆိုလို့
အရာက ချထားခဲ့ဘူးပါတယ် ၊
ဆေးလိပ် ကုမ္ပဏီများကို ကြော်ငြာခြင်းမှ တားမြစ်ထားသော်လည်း တပတ်ရိုက်ကြော်ငြာ နေကြတာ
တွေ့ဖူးကြပါ လိမ္မယ် ၊ ခုလိုအရက်ကြတော့ပေါ်ပေါ် ထင်ထင် ကြော်ငြာတာ ကောင်းပါ့မလား စဉ်းစား
စရာတခုဖြစ်ပါတယ် နောက်ပြီးလူတိုင်း အရက်ကို ရေ ရှည် စွဲသောက်သင့်သလား အဲဒီမေးခွန်းကိုကျွန်တော်
ဖြေစရာမလိုပါ အရက်ရဲ့ဆိုးကျိုး များကိုလူတိုင်သိပြီး ဖြစ်ပါလိမ့်မယ် သိပ်ပြီးတော့ မပြောလို ပေမယ့်
အရက်သောက်ခြင်းအတွက်ရတဲ့ရလဒ် တွေကတောက အဆိုးပဲ ဖြစ်မှာပါ များသောအားဖြင့် အစမှာ အသည်း
အဆီဖုံး ခြင်းက စပါလိမ္မယ် နောက်တဆင့် တက်ပြန်တော့ အသည်းခြောက်ပါမယ် နောက်ဆုံး အဆင့် မှာ
အသည်းကင်ဆာပါ ၊ဘီပိုး စီပိုးကြောင့်ဖြစ်သလို အရက်ကလည်းအသည်းကိုအားနည်းစေ တဲ့ အတွက် ဘီပိုး
နဲ့ စီပိုး တို့အတွက် အကြိုက်ဖြစ်ပါတယ် ၊နောက်တစ်ချက် အင်္ဂါ ရုပ် ပျက်ပါတယ် ။လူမလေး ခွေးမခန့်ဖြစ်
တတ်ပါတယ် ၊ထားပါတော့ အဲဒီကိစ္စကို ဋီကာ ချဲ့မနေပါဘူး။
တိုတိုနဲ့ရှင်းရှင်းပဲပြောချင်တာက အဲဒီကဗျာ ဘယ်သူစပ်သလဲ မသိပါ စပ်တဲ့ ကဗျာဆရာကို ဘာပြောရမှန်း
မသိပေမယ့် ကဗျာကို ခုတုံးလုပ်ပြီး ကြော်ငြာတာကိုတော့ ကျွန်တော်ချစ်တဲ့ ကဗျာအတွက် ကဗျာဖက်က
ရပ်တည် ရပါမယ် ကဗျာကိုခုတုံး လုပ်ပြီး အရက်ကြော်ငြာသော ကုမ္ပဏီ ကြီးများကို ဝေဖန်ကန့်ကွက်ပါသည်။
မလုပ်သင့် သောအရာဟုလည်းထင်မြင်ပါသည်။
နောက်ပြီး တော်ရုံသင့်ရုံသာသောက် ကြစို့ လို့ ပြောထားပေမယ့် အပေါ်က အညွှန်းက သွားရေယိုစရာ ဖြစ်
အောင်ရေးထားတာ က သဘာဝမကျဘူးနော်၊ မန္တလေး ဘီယာခေတ်စါးစဉ်က မလိမ့်တပတ်သီချင်းထက်တော့
ဆိုးနေပါပြီ ဘာတဲ့" ဘီယာဟာအရက်တော့မဟုတ်ပါ တငွေ့ငွေ့ လေးနဲ့ ပေါ်လာတာ "ဆိုလား ဦးသုမောင် ကြီး
ဆိုထားတယ် ထင်တာပဲ။ အရက်ကြော်ငြာချင် တခြားနည်းလမ်းနဲ့ ကြော်ငြာစေချင်ပါတယ် ကဗျာတို့ သီချင်းတို့
ဆိုတဲ့ အနုပညာကို ခုတုံးလုပ်ပြီး မကြော်ငြာသင့်ကြောင်းနှင့် အနုပညာရှင်များလည်း ငွေရတိုင်း ခုတုံးလုပ် မခံသင့်
ကြောင်း ဦးနှောက် ဖောက်မရောင်းသင့်ကြောင်း တင်ပြအသိပေး အပ်ပါတယ်။

Friday, April 25, 2008

ပျော်ရွှင်ခြင်းနှင်းဆီ

ဟယ်....... နေခြည်နယ်မှာ သာယာစွာပွင့်လန်း မျှော်လင့်တမ်းတခြင်း နှင်းဆီ သင်းကြည်ချိုမြတဲ့ သူလိုဘဝဟာလှပ ပျော်ရွှင်သမျှကာလပတ်လုံး ပညတ်တွေဖုံလွှမ်းခဲ့............ တကယ်ဆိုယင်......... "နှင်းဆီ"ဆိုတာပညတ် ပရမတ်မဟုတ်တာသေချာ ရေရာတာရှိပေမယ့် ပညတ်ကိုပရမတ်လို့သဘောထား ပြောစကားတွေမှာ သင်္ခါရ ဟာ အစဉ်ထာဝရဖြစ် တဒင်္ဂ အစဉ်တမျှ ရင်ကချစ်စေချင် ပွင့်ဖတ်ဆိုတာကြွေချင်ကြွေမယ် မကြွေခင်မြတ်နိုး ရိုးရိုးလေးဖြစ် ပျော်ရွှင်စွာချစ်မယ် ချစ်တယ်ဆိုတာ ပရမတ်လားပညတ်လား........ ဒီ........ တရားသဘောတွေပဲတွေး ခပ်ရေးရေးတောင်မှနားမလည်ချင်အောင် မိုက်မဲတဲ့အဖြစ်တွေအတွက် အချစ်တွေ ပျော်ရွှင်စွာ ပေးဆပ်ချင် ပျော်ရွှင်စွာချစ်နေချင်တယ်......... ခပ်လွယ်လွယ်.......... အပြောကြွယ်တဲ့ သဘောတရားမဲ့နယ်မှာ ချစ်တယ်ဆိုတာချစ်တာပါပဲ ပျော်တာပဲသိချင် အလွမ်းတွေရင်မှာမရှိ မသိချင်တဲ့ အသည်းနှလုံး ပျော်ရွှင်စွာပြုံးနေချင် မမုန်းဘူးဆိုယင်ကျေနပ် သိပ်ချစ်တတ်အောင်ကြိုးစား အဆိုးတရား ဆိုတာရှာမတွေ့ ကြာလာယင်မေ့ဆိုတဲ့စကား ဟိုး မြစ်ဖျား မှာကျန်ခဲ့ အလွမ်းမဲ့ရက်တွေ ပစ္စက္ခမြေမှာ လက်ချိုးကာရေတွက်.......... သတိရတယ်............ တကယ်ပါပဲဆို မယုံဘူးမို့လား သစ္စာစကားတွေ ကြားနေချင်တယ် ပျော်ချင်တယ်လေ ရင်မှာ နွေ မရှိ ငါမသိပေ........... အင်........... တကယ်တော့နော် ပျော်စရာတွေတွေး ဖေါ်ကွာမဝေးခဲ့ ချစ်တေးသီဆို ပျော်သလိုပဲ လက်ချင်းလည်းဆုပ်ကိုင် ထိုင်နေချင်မိ အလွမ်းချိနဲ့နဲ့ ဟာ မဲ့ ပြုံး ပြုံးပြ ယင်း ခပ်ဝေးဝေးကိုပြေးထွက် ခွဲခက်ချိန်ထိ ရင်မှာငြိလည်း ချိုရဲကြည်သာ ရီဝေစွာစူးရှ လွမ်းရသတွေလေ စက္ကန့် လေး တစ်ခုတောင်မှ ခွဲမနေချင်ဘူးကွယ်............ တစ်နေ့ တစ်ည ခဏတာ ခွဲခွာရတာတောင်မှ ပျော်ရွှင်ခြင်းရသတွေ သူယူသွားလေ သလား ထင်မှတ်မှားခဲ့ တကယ့် အချစ်သာစိုးမိုးဆဲ အမြဲလေ နေစောင်းယင် ခွဲမနေချင်တော့ ခပ်ပေါ့ပေါ့ ရယ်ခဲ့ယင် နုနွဲ့တဲ့ ရင်ဟာငိုချင် သက်ထား ခင်ရေ ပိုတယ်ထင်ယင် နင်ဆုံးဖြတ်ပေါ့ "အမုန်း"တော့မတတ်နဲ့နော်........ ဘာပဲပြောပြော........... နေရောင်ခြည်တောမှာ ပျော်မောစွာပွင့်အာနေတဲ့ "မျှော်လင့်ခြင်းနှင်းဆီပင်" ပျော်ရွှင်စွာ အသက်ရှင်နေတယ်။ ။

Wednesday, April 23, 2008

ခိုင်မြဲခြင်းနှင်းဆီ

ဟင်..............
ဖျော့တော့လှတဲ့အပြုံးတစ်ခု
မျက်နှာနုနုမှာမြင်ခဲ့
ရင်မှာနွဲ့တဲ့သူတစ်ယောက်
တစ်ကောက်ကောက်လိုက်နေတဲ့
အရိပ်များစွာ
အတိတ်ခြေရာရင်မှာဖြစ်တည်
မေ့ခဲ့ပြီလေ.........

တစ်ကယ်တော့.....
ခပ်ပေါ့ပေါ့ပဲတွေးနေ
လောကရေလို့ဟစ်အော်
ခေါ်လို့မကြားတော့တဲ့အချစ်
ပေါ့ပျက်ပျက်ဖြစ်သွားပြီလို့ထင်
ဒါလဲမဟုတ်.....ငုတ်တုတ်ထငြင်း
ရှင်သန်ခြင်းကင်းတဲ့အသည်းနှလုံး
အမြဲတမ်းပြုံးနေနိုင်မှာလား
တခါတရံပြန်လှန်စမ်းစစ်
သိပ်မချစ်တတ်တော့သလိုဆိုပေမယ့်
ချစ်တတ်နေသေးတာရင်မှာသိ
နင်မသိယင်တော့ငိုချင်
ပြိုလုပြိုခင်နှလုံးသားဟာ
ဆုံးရှုံးမှာကိုကြောက်ရဲ့..............

ဖျော့တော့အာငယ်နေတဲ့မျက်ဝန်းအစုံ
ခဏတာတွေ့လိုက်ရတဲ့အခိုက်မှာ
ရင်ကိုခုန်စေခဲ့သလား
သနားကြင်နာမှုလို့ ပြောယင်
ခင်ဘယ်ကြေနပ်မလဲ
တည်မြဲတဲ့ဘဝမှာ
ပိုင်ဆိုင်ချင်တာတခုတည်းသိ
အမြဲရှိနေတဲ့အဖြေ
နေသာသလိုနေပါကွယ်...........

အလို...........
သွေ့ခြောက်နေတဲ့ နှုတ်ခမ်းစုံက
ချစ်တယ်လို့ပြောယုံကျေနပ်မှာလား
ကလေးကလားချစ်သလို
အပြေးတအားမချစ်ချင်
တည်ငြိမ်နေတဲ့ရင်ဟာ
ဖန်တရာလှုပ်ခတ်ခြင်းမရှိပေမယ့်
တစ်ကယ့်လက်တွေ့တော့
ချစ်တတ်ဆဲပေါ့လေ...........

အမှန်တော့နော်......
ခပ်ပျော်ပျော်နေချင်တဲ့
ဆယ်ကျော်သက်လည်းမဟုတ်တဲ့အရွယ်
တည်ငြိမ်ခဲ့ပြီပဲ ငါ့ရင်ထဲမှာ
ဝေဒနာများစွာ
ကြိတ်မှိတ်ကာမြိုသိပ်ထားယင်း
တအားပျင်းစရာကောင်းတဲ့လောက
ခဏခဏတွေ့မြင်
နင်တွေ့ယင်ရယ်မလားရယ်လို့
တွေးစိတ်ဝင်ရင်ခွင်ကြားမှာ
ပုန်းအိပ်ကာခိုနားချင်ရဲ့.............

တကယ့်ကယ်တော့
ချစ်တယ်လို့ပြောဖို့ဝန်မလေးတဲ့နှုတ်ခမ်းက
"ချစ်တယ်"လို့မပြောဖြစ်တော့တာ
ငါဘာဖြစ်သွားလဲဆန်းစစ်
သိပ်ရင့်ကျက်သွားလားတွေးဝင်
ဒါပေမင့်ငါ့ရင်မှာနင်ပဲရှိနေခဲ့........

ခိုင်မြဲခြင်းသဘောတရားကို
အပြောသမားအဖြစ်စွဲကိုင်
သင်္ခါ ရရဲ့မဏ္ဍိုင်ကိုစွဲလှုပ်
သရုပ်မပြီပြင်ပေမယ့်
ကြည်လင်စေတဲ့ခဏဟာ
ပြီပြင်စေတဲ့ဘဝပါလို့
သင်္ခါရကို ခဏမေ့
ထာဝရလို့တွေးယင်း
တဘဝစာချစ်ခြင်းတွေ
ခိုင်မြဲခြင်းလို့မှတ်ယူ
ပညတ်အတူတူထားခဲ့
မှားခဲ့ပေမယ့်ကျေနပ်
နေတတ်ချင်သည်
လောကဆီဝယ်...........

မျှော်လင့်ခြင်းနဲ့ပေါင်းစပ်တဲ့
ရှင်သန်ခြင်းရဲ့အဓိပ္ပါယ်တချို့ကိုက
သင်္ခါရကိုခဏမေ့ထား
တရားမရပေမယ့်
တအားတော့လှတယ်ကွယ်လို့
ခဏခဏမှတ်ချက်ချ...............

မျှော်လင့်ခြင်းကင်းမဲ့တဲ့
ရှင်သန်မှုမျိုးကို
ဘယ်တုန်းကမှမလိုချင်ခဲ့
မျှော်လင့်ခြင်းနဲ့အသက်ရှင်
သက်ဝင်လှုပ်ရှားတဲ့ဘဝ
ခဏတော့အားငယ်
မကွယ်ဝှက်တမ်းဝန်ခံရယင်
ပိုင်ဆိုင်ချင်တယ်.............

မျှော်လင့်ချက်တခုနဲ့
အသက်ရှင်သမှုပြုနေတဲ့လူဟာ
ပျော်ရွှင်စွာနေဖြစ်
သိပ်ချစ်တဲ့အကြောင်းတော့
ယုံပါကွယ်လို့အတင်းမပြောချင်
ဒါပေမယ့်လေ......
နင့်ကိုသိပ်ချစ်တဲ့
ငါ့ရဲ့ရင်မှာ
တစ်သက်စာတစ်ဘဝ
နင်ပန်ဖို့ဖြစ်
နင်ချစ်တတ်မယ့်
နှင်းဆီတပွင့်ခိုင်မြဲရင့်စွာ
ပွင့်ကာနေပါတယ်.............။ ။

မျှော်လင့်ခြင်းနှင်းဆီ

ဘာတဲ့........
မျှော်လင့်ခြင်းအနှစ်မဲ့
ပန်းတစ်ပွင့်ရဲ့ဖူးပွင့်မှု
သမုဒယ၊အယုယနဲ့တွယ်တာ
ဘယ်သောအခါ ပွင့်လန်း
မနွမ်းခင်မှာ လွမ်းနှင့်တော့လို့
ပြောဖြစ်သလား..........

မကြားချင်ယောင်ဆောင်
ခပ်ကြောင်ကြောင်နေတဲ့ခြင်တစ်ကောင်
လက်မောင်းကိုလာအကိုက်မှာ
မတော်တဆမဟုတ်တဲ့လက်ဝါးချက်
တမင်သက်သက်ရဲ့အောက်မှာ
ပိပြားကြေမွသွားခဲ့တယ်.............

ဟုတ်ပါတယ်................
တချိန်ကပျိုးခဲ့တဲ့အပင်ကို
ပေါင်းသင်ရေလောင်း
မြေဖို့မြောင်းဖေါ်
ရောင်းဖို့မဟုတ်ဆိုတဲ့စာတမ်း
ဆွဲချိတ်ထားတဲ့ နှင်းဆီပင်
သေချာစွာရှင်သန်ခြင်းအနှစ်
အချစ်မဲ့တဲ့ကမ္ဘာမှာ
သြော်....ငါဟာဆိုတဲ့
ကျွန်တော့ရဲ့ကဗျာစာသားတချို့
ဘယ်ဆီပို့လိုက်မိပြီလဲ.........

တကယ်ပါ.......
ဝိပသနာရှုချိန်မှာ
ရှူယင်ရှူတယ်လို့မှတ်
နာယင်နာတယ်လို့မှတ်တဲ့
အဲဒီအချိန်မှာမှတ်ယင်း
ပျောက်ပျက်တဲ့အထဲမှာ
ချစ်တယ်လို့မှတ်တဲ့အရာ
ပျောက်ပျက်တဲ့အထဲမှာပါမသွားခဲ့...............

မတည်မြဲတဲ့သင်္ခါရဟာ
အရာရာကိုလက်ကုတ်
ငုတ်တုတ်ထိုင်နေယင်း
ပါသွားတဲ့သူတွေမနည်း
နာမည်ကြီးတော်တော်များများနဲ့
သူငယ်ချင်းဘော်ဘော်များ
တရားထဲပါသွားခဲ့
ပျော်နေတဲ့လောကကြီးရေ
လက်ကုတ်တတ်တဲ့တရားကို
နားလည်အောင်ပြောပေးပါ
ကျွန်တော်မပါဘူးလို့.................

ဟုတ်တယ်လေ...........
ချစ်တယ်ဆိုတဲ့စကား
အလကားပြောရဲတဲ့အရွယ်မဟုတ်တော့တဲ့
ကိုယ့်အခြေနေပြန်ကြည့်
မှန်ထဲရှိတော့
သိပ်အသက်မကြီးသေးလို့ထင်
ကလေးလေးလိုနေချင်စိတ်တွေ
ပြန်ပြီးပေါ်ပေါ်လာလာရဲ့
အဲတာမှ "ချစ်တယ်"လို့ပြောယင်
မုန်းတဲ့သူတွေမရှိမှာ..............

မမုန်းပါနဲ့...............
အမုန်းဆိုယင်သိပ်ကြောက်တဲ့အထဲမှာ
ကျွန်တော်တစ်ယောက်လဲပါတယ်
တခါတခါ ခရီးသွားယင်း
လမ်းပေါ်လျှောက်ယင်း
ဈေးထဲသွားယင်း
ဘတ်(စ)ကားစီးယင်း
အမုန်းကိုတွေ့တယ်
ကျွန်တော့ကိုတစ်ယောက်ယောက်ကဖြစ်ဖြစ်
ကျွန်တော်ကတစ်ယောက်ယောက်ကိုဖြစ်ဖြစ်
မုန်းဖြစ်ကြပါတယ်.........

ချစ်ခြင်းဆိုတာ...........
မင်္ဂလာတစ်ပါးလို့
ကာတွန်းဆရာပိုးဇာစကားငှားသုံးရယင်
မုန်းတယ်ဆိုတာ
မင်္ဂလာစကားမဟုတ်
အများသရုပ်မှာမပြီပြင်
ရင်ခွင်မှာတော့
မငိုချင်တော့ပါ..............

အမှန်တော့
ပြုံးပျော်နေချင်တာ
လူတကာရဲ့ဆန္ဒ
အမှန်ဘဝကိုမြင်တဲ့အခါ
အပြန်တရာမကမလှတော့
ဘယ်သူကပေါ့ပျက်ပျက်ရယ်
မလွယ်တဲ့အဖြစ်တွေ
ကယ်ဆယ်မဲ့အချစ်တွေ
ရှာနေတုန်း............

တကယ်တော့..........
နင့်ဥယျာဉ်မှာ
နင်ပန်ဖို့အဖြစ်
နင့်ကိုမျှော်လင့်နေတဲ့
မျှော်လင့်ခြင်းနှင်းဆီတစ်ပွင့်
ပွင့်ဖို့အားယူနေပါတယ်...................

Monday, April 21, 2008

ခံစားခ်က္တခု(III)

သူကတော့ စိတ်ပျက်နေလေသည် ဖလင်ခေတ်မှ ဒီဂျစ်တယ်ခေတ်သို့ ပြောင်းလဲမှု ကမြန်ဆန် လှချေ၏ ။ မည်သို့ပင် ဆိုစေ
ဖလင်နှင့်သာ လက်တွေ့သော သူ့အဖို့ဒီဂျစ်တယ်ကင်မရာ ကိုင်ရသည်မှာ ခန့်မှန်းရခက်လှသည် ။ ကသိကအောက်နိုင်လှသည်
အပါချာချိန်ခြင်း ရှပ်တာစပိချိန်ခြင်း မှအစ လွယ်ကူလွန်းလင့်ကစား သူစိတ်ကြိုက်မတွေ့ခဲ့ချေ ၊ခေတ်နောက်ပြန်ဆွဲ သည်ဟုဆို
စေတော့ သူလက်သိပ်မတွေ့လှပါ၊ တခုတော့သဘောကျပါသည် မန်မိုရီ ၁ ဂစ် ခန့်ရှိပါက ၅ မဂ္ဂါ ပစ်ဆယ်ပင်ဖြစ်စေဦးအနည်းဆုံး
ပုံနှစ်ရာကျော်တော့ ထွက်သည် ထို့အတွက်လည်း ယ္ခင် ကလိုဝန် မကျယ်တော့ပါချေ မည်သို့ဆိုစေ ခေတ်လူငယ်ဖြစ်လေတော့
ဒစ်ဂျစ်တယ် ကင်မရာကိုလက္ခံရမည်သာ လက်မခံလျှင်လည်း ကိုယ်နောက်ကျကျန်ခဲ့ မည် သို့သော် ကင်မရာဈေးနှုန်းကကြီးလှ
ှချေသည်။
မိမိ တို့နယ်မြို့ လေးအတွက် ဓါတ်ပုံရိုက်ကူးရေးကိစ္စမှာအလှူအတန်းနှင့် မင်္ဂလာ ဆောင်သာလျှင် အဓိကဓါတ်ပုံကို အားကိုးကြခြင်း
သာဖြစ်သည် မိမိ ကဓါတ်ပုံပညာကို ၀ါသနာအလျောက်လေ့လာခဲ့ခြင်း ဖြစ်လေသည် ဓါတ်ပုံ ပညာတတ်မြောက်လာတော့ထိုဆိုင်
လေးကိုဦးလေး ထံမှလက်ဆင့် ကမ်းကာ တာဝန်ယူခဲ့ သည် ထို့နောက်တွင်တော့ လှိုင်ဦးနှင့် တွဲကာ ဗွီဒီယို ရိုက်ကူးရေးပါလုပ်ကိုင်
ခဲ့လေသည် မိမိ ဆိုင်မှ ထွက်ခွာသွားသော ညီမတစ်ယောက်သတင်းကိုကြား ရသောမိမိ မှာဝမ်းသာပီတိဖြစ်ရပါသည်။ညီမမှာ
မိမိပင်မမှန်းရဲ သောနိုင်ငံတကာ ဓါတ်ပုံဆုများ စွာကိုရ ရှိခဲ့ လေသည် ။ထင်မှတ်မထားသောတနေ့ တွင်ညီမနှင့်ခွဲခွာခဲ့ရ ပုံကိုမစဉ်း
စားချင် ပါပဲ အတွေးထဲရောက်လာခဲ့လေသည် ထိုနေ့ ကမိုးဖွဲဖွဲ ရွာနေသည်လေ။ညီမကလည်း မိန်းကလေးဖြစ်လင့်ကစား ဓါတ်ပုံ
ပညာကို ခုံမင်လွန်းလှစွာ ရူးသွပ်လှစွာ လေ့ လာလိုက် စားခဲ့လေ၏။မိမိတို့နှစ်ဦး အနေနီး လွန်းလှသောအခါ ထိုကျဉ်းမြောင်းလှသော
အမြင်လည်း အင်မတန် မှ ကျဉ်းမြောင်းသော သူများ ၏သမုတ်ခံရတော့သည်။ခက်သည်က မိမိတို့ဖြူစင်ကြောင်းကိုမည်သူ့ကို
မည်သို့ငြင်းဆိုရမည်နည်း တနေ့တော့ ဆိုးရွားလှစွာ ညီမ၏ ဦးလေး အငယ်ဆုံး အရက်မူး ပြီးဆိုင်သို့ လာရမ်းကာ အရှက်ကွဲခဲ့
ကြတော့ ညီမ ကိုယ်တိုင်မိုးရေထဲ ထွက်ပြေး ပျောက်ကွယ်သွား သောနေ့တစ်ရက်ကို အမှတ်ရနေမိပြန်သည်။ လှိုင်ဦးက လူပေါက်စေ့
ရှင်းပြရန်ကြိုးပမ်းခဲ့သော်လည်း အချည်းနှီးသာတည့်။ညီမ ထိုနေ့မှစ ပြီးမျက်စေ့အောက်မှ ပျောက်ကွယ်သွား ချေ၏။သို့သော်
လှိုင်ဦးနှင့်မိမိ တို့မှာညီမအကြောင်း နားစွင့်လျှက်။ မြို့ သို့ရောက်လင့်ကစား ညီမနှင့် မတွေ့ဖြစ်ခဲ့ ဆယ်စုနှစ်တခုနီးပါး ပါ ပေ။
ပါးစပ်နှင့် သတ်သဖြင့်သေခဲ့ သောဘ၀မည်မျှရှိသနည်း များပြားစွာရှိလိမ့်မည်ထင်ပါသည်။ထိုအထဲတွင်ညီမ မပါဝင်ခဲ့ပါချေ သတ္တိရှိ
လှစွာ ရဲရဲရင့်ရင့် ဖြတ်သန်းခဲ့၏ ညီမ၏စိတ်ဓါတ်ကား ချီးကြူးစရာပေ။
ထိုနေ့ က ညီမပြန်ရောက်ခဲ့၏ ဆယ်စုနှစ်တခုအတွင်း ပထမဆုံးမြင်ခွင့် ရသော ညီမမျက်နှာမှာကြည်လင် ၀င်းပနေခဲ့ ၏ ။မိမ၏ သင်ကြားပြ
သမှုကို အသိမှတ်ပြုစွာ ဓါတ်ပုံပညာရှင်များ အလွန်တန် ဖိုးထားသောဆုဖြင့် ကန်တော့သောအခါ မိမိ မျက်ရည်ပင်စို့ချေ၏။ဆရာ့ကျေးဇူး
သည်လောက်သိတတ်ရလား ဟု ပီတိဖြစ်ရချေသည်။ နောက်တော့ မိမအား ဒီဂျစ်တယ် ဓါတ်ပုံပညာ လောကသို့ ဆွဲခေါ်ချေတော့သည်
သည်တကြိမ်တော့ ညီမက ဆရာပေါ့ ။တံတွေးခွက်ပက်လက်မျောပါစေ နှစ်ယောက်စလုံးက ဂရုစိုက်လောက်အောင် ဖြစ်ကြတော့မည်
မဟုတ်၊ အသက်ရွယ်က စကားပြေပေတော့မည်။ နောက် မိမိ သည် ညီမကိုတစ်ကယ်ချစ်မိနေသည်ဟုဝန်ခံ ရန် အသင့်ဖြစ်ခဲ့ပြီဖြစ်သည်။
ထိုအကြောင်းကို ညီမအားပြောပြရန်လည်းအသင့် ဒီတစ်ခါတော့လှိုင်ဦးလည်းလိုက်ရှင်းစရာမလို တော့ပါ....................


ဝန်ခံချက်>>>>> တချိန်တုန်းအခါက ဓါတ်ပုံခေတ်ပြောင်း စဉ် သူငယ်ချင်းတစ်ယောက်အကြောင်းတမင်ရည်စူးရေးဖွဲ့ပါသည်

Saturday, April 19, 2008

ခံစားချက်တခု(II)

ဆိုင်တံခါး ကိုတွန်းဖွင့် ၀င်ရောက်လိုက်သည့်အခါ တစိမ်းဆန် မနေသောမြင်ကွင်း ထိုမြင်ကွင်းကား
မေ့မရ စွာ စိတ်ထဲကိုတိုးဝှေ့ ၀င်လာခဲ့ သည် ။ တခါက သူနှင့် ဓါတ်ပုံအကြောင်း အနုပညာအကြောင်း
ဆွေးနွေးတိုင်ပင် ဖလှယ်ရာ ရပ်ဝန်းတခု လူအများ၏ အတင်းစကား ကြားထဲမှာ ပက်လက်မျောယင်း
ဘ၀နှစ်ခု ကြိုးမိန့်ကျခဲ့ လေသော အဟောင်းကို အသစ်ဟုမမြင်ချင် တော့ ပေမယ့် ရောက်လာတဲ့ အခါ
ကျပြန်တော့ ပြန်တွေးမိသည်သာ။
ခက်သည်က သူဘယ်ရောက် နေသနည်း လောလောဆယ်စဉ်း စားမိသည်မှာ ကိုလှိုင်ဦး သူမတို့ နှစ်ဦးလုံး
အကြောင်း အတွင်းကျကျ သိပြီး သူမတို့ နှစ်ယောက်လုံးကို ယုံကြည်စွာ အတင်းစကားများ ကို ဖြန်ဖြေ ခဲ့သူ၊
သူတစ်ယောက်သာ သူမတို့ နှစ်ဦး ဖက်မှ ရှိလေသည် ကိုလှိုင်ဦးဆီ သွား မေးဦးမှပဲ ဟုတွေးမိ သဖြင့်
ဆိုင်တံခါးမှ လှည့် အထွက် တစ်ယောက်ယောက် ဆိုင်ဆီသို့ ဆိုင်ကယ်စီးလာနေသည် ကိုတွေ့လိုက်မိသည်
ကိုလှိုင်ဦး ဖြစ်နေ တော့" ဟင် ညီမ နင်ရောက်လာတယ် ငါတို့ နှစ်ယောက်လုံး က နင်လုံးဝ မလာတော့ဘူးလို့
ထင်ထားတာ"

"အင်း ဟုတ်တယ်နော် ကိုလှိုင်ဦးပြောသလိုပဲ ညီမ လုံးဝ လှည့်မကြည့်ပဲ မရောက်ပဲ နေခဲ့ တာ ဆယ်နှစ်ပြည့်
တော့မယ် ဒါနဲ့ သူရော နောက်ပြီးဒီဆိုင်လေးကို ပိတ်ထားတာလား"

"ဟုတ်တယ် ပိတ်ထားတာ နှစ်ဝက် ကျော်ပြီ နင့်သတင်းကိုတော့ငါတို့ နှစ်ယောက်အမြဲနားစွင့် လျှက်ပဲလေ
နင်ဘယ်ပြိုင်တွေပွဲမှာ ဆုရတာက အစ ငါတို့နှစ်ယောက်လုံးသိနေတယ် ခုနောက်ဆုံး နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ
ဆုရပြန်တယ်မဟုတ်လား တကမ္ဘာ လုံး ကအာရုံ စိုက်ရတဲ့ ပွဲလေ နင် ကသာငါတို့ကိုမေ့ထားတာ အင်းမေ့မယ်
ဆိုယင်လဲ မေ့ပစ်ဖို့ကောင်းတဲ့ အကြောင်းပြချက်က ရှိနေတာကိုး နာမည်တစ်လုံး ဒီ တော မြို့ လေးမှာပျက်ရ
တယ် ဆိုတာတော်တော်ရှင်း ရခက်တဲ့ကိစ္စပဲလေ"

" အမှန်တော့ ကိုလှိုင်ဦးတို့ နှစ်ယောက်လုံးကိုမေ့ တာမဟုတ်ပါဘူး ပညာရပ်တစ်ခုကို တော်ရုံဝါသနာနဲ့ တော့
ဒီလိုအဆင့်ရောက်အောင် ကြိုးစားမှာ မဟုတ်ဘူးဆိုတာ ကိုလှိုင်ဦးရော သူရောသိမှာပါ အဲဒီလွန်ခဲ့ တဲ့ အချိန်က
ကိစ္စတွေကို တွေးနေမယ့်အစား အကောင်းဆုံး ဖြစ်အောင် လုပ်ခဲ့ တာပါ ကိုလှိုင်ဦးတို့ နားလည်မှာပါ လူတွေကို
နာကျည်း မုန်းတီးနေမယ့်အစား အမြင့် ဆုံး (တနေရာရာ ရဲ့ အမြင့်ဆုံးမှာ) ရပ်တည် နိုင်တယ် ဆိုတာ လက်တွေ့
သက်သေပြ ချင်ခဲ့တာလေ"

" ညီမ နင်ပြောတာလဲဟုတ်တာပဲ ခုနင်က သူတောင်မမှန်းရဲတဲ့ ပညာရပ်ပိုင်းဆိုင်ရာဆု တစ်ဆုကို နင်ရ ခဲ့ ပြီ ဆရာထက်
တပည့်လက်စောင်းထက် ဆိုတာနင်မှနင်အစစ်ပဲ ခု ဆိုင် ကအဆင်မပြေလို့ပိတ်ထားတာထက် ဒီဂျစ်တယ်ကင်မရာ တွေပေါ်
လာတော့ ပညာရပ်ပိုင်းဆိုင်ရာထက် စီးပွားရေး အရမ်းဆန် လာကြတယ် ဒီကောင်ကြီး အကြောင်းလည်းနင်အသိပဲ
ပညာရပ်ပိုင်းသာ လုပ်ချင်တာ အဲမဖြစ်မနေတော့ သူ မင်္ဂလာဆောင်နဲ့ အလှူတွေတော့ အောက်ဒိုးလိုက်ရိုက်ပါတယ်
သူက ဒီဂျစ်တယ်နဲ့ ဖန်တီး တဲ့ ပုံတွေကို စိတ်မ၀င်စားဘူးတဲ့ သူ့ခံယူချက်က တစ်ဖက်စွန်းရောက်လွန်းတယ် ခေတ်မမှီတဲ့
အဖိုးကြီးလည်းမဟုတ်ပြန်ဘူး အဲစကားကောင်း နေလိုက်တာ နင်က ခုခရီးရောက်မဆိုက် ဆိုင်ကိုတန်းလာတာ ကိစ္စ ရှိလို့လား"

"အင်း ရှိတာပေါ့ ညီမဘ၀မှာ အတွယ်တာဆုံး သံယောဇဉ်အရှိ ဆုံး အရာကို ဒီမြို့ ထဲကရှာပြ ဆိုယင် ဒီဆိုင်ကလွဲပြီးဘာမှ မရှိပါဘူး
ဒါနဲ့ ဆိုင် ကို တံခါး သော့ခတ်မထားတာကကော ဘာဖြစ်လို့လဲ အလှူပေးပစ်တော့မလို့လား "

"အာ ဟုတ်ပါဘူးဟာ ငါဒီနေ့မှ ဆိုင်ကိုဒီဂျစ်တယ် အဆင့် ရောက်အောင်အပ်ဒိတ်လုပ်မလို့ဟ ခုနကမှတံခါး ဖွင့်ပြီး လဖက်ရည်သွားသောက်တာ အထဲမှာဖုံတွေ တော်တော် ဆိုးနေတယ်"

"အင်း ဟုတ်ပါ့ ကိုလှိုင်ဦး ရယ် ခု ညီမပြန်လာတာ အဲဒီကိစ္စလဲပါတယ် နောက်အရေးကြီးဆုံးကိစ္စ က ဓါတ်ပုံပညာရဲ့ က ကြီး
ခ ကွေး ကို သင် ပေးတဲ့ သူ့ကို မကြာသေးခင်ကရခဲ့ တဲ့ ဆုနဲ့ ဂါရ၀လာပြုတာ နောက်ပြီး သူ့အတွက် ဒီဂျစ်တယ် ပရော်ဖက်ရှင်နယ်
ကင်မရာရယ် ကွန်ပျူတာ တစ်စုံ ပရင်တာ တွေပါ ပါလာတယ် သူ့ကိုလည်း ဖိုတိုရှော့ တက်ခိုင်းပြီး ဒီဂျစ်တယ်ပြောင်းခိုင်းမလို့"

ကိုလှိုင်ဦးပြုံးလေသည် နောက်မှ သူ့ကိုတော်တော်ပြောရဦးမယ်နဲ့ တူတယ်

အနုပညာ ကိုလက်ခံယင် ဒစ်ဂျစ်တယ်အတ် ကို လည်း သူငြင်းလို့ ရမှာမဟုတ်ဘူး ညီမလည်း အစက သူ့လို တွေးခဲ့တယ်
ဒါပေမယ့် လက်ရှိကျင့်သားရသွားတဲ့ အခါ ဖလင်ထက်ပိုပြီးအားသာချက်တွေ အများ ကြီးရှိတာကို သိလာတဲ့အခါကျတော့
လက်ခံ ရမှာပဲ ခုဆိုယင်ဖလင်ဈေးကွက်တောင် ပျောက်နေပြီလေ ရတယ်ညီမ လက်တွေ့လုပ် ပြပါ့မယ် အဲဒီအချိန် မှသူယုံမယ်
လက်ခံမယ်လို့ ညီမထင်တယ် ။

မဟုတ်ပါဘူး သူလက်ခံပါတယ် သူ့ရဲ့ ပညာမာနနဲ့ တင်းခံနေတာမျိုးပါ ညည်းပြော ပြီး လက်တွေ့ပြယင် သူလည်း လျှော့မှာပါ
နိုင်ငံတကာဆု များစွာရတဲ့ ဓါတ်ပုံပညာရှင် ဆရာမကြီးကပြောတာဆိုပြီးတော့

ဟမ် ကိုလှိုင်ဦးကလဲ နောက်ပါနဲ့ ဒါဆိုကားဂိတ်က စက်တွေ သွားရွေးပြီး သူ့အိမ်ကို သွားကြစို့လေ ဆိုင်တော့သော့ပြန်ခတ်ခဲ့ပေါ့
အဲဒီထဲက ဓါတ်ပုံဆိုင်ရာ ကိရိယာတွေက တချိန်မှာ ပြတိုက်အတွက် အသုံးဝင်သွား နိုင်တယ် လေ ပျောက်ကုန်လို့ မဖြစ်ဘူး ။