Saturday, December 31, 2016

ဆုတောင်း

Happy New Year ပါ Blogger အပေါင်းသူတော်ကောင်းတို့




Sunday, December 18, 2016

အသက်ငင်နေတဲ့အလွမ်းပါချစ်ရယ်




အသက်ငင်နေတဲ့
အလွမ်းပါချစ်ရယ်
သခင်သာ
တနယ်တကျေး
အဝေးသွားယင်
မောင့်ရင်လွမ်းလို့
အပူဝေ..........

အဝေးမှာဆို
အဆင်ပြေလား
အမျိုးမျိုးတွေးထင်
စိုးရိမ်စိတ်ဆို
ပိုကိုပို.......

လမ်းခရီးများ
အဆင်မပြေ
ဖြစ်လေမလား
စိုးထိတ်ရင်ပူ
သောကဆူတယ်
ချစ်သူအတွက်
စိတ်ပူမိ........



Friday, November 25, 2016

ရန်ကုန်မနက်ခင်းသရဲစီးခြင်း











ဒေဝူးဟွန်ဒိုင်း တရုတ်မ
ဝုန်းဒိုင်ကျဲအောင်မောင်းသွား
မှတ်တိုင်ရှေ့ကျ
တိကနဲထိုးရပ်
ကားရဲ့ဖင်က
လမ်းပေါ်ကျန်ခဲ့
အာ့မှာစပယ်ယာရဲ့
မင်းသားခေါင်းဆောင်းထားတဲ့
ဘီလူးးရုပ်ပေါ်လာ
အတင်းတွန်းတင်
အရမ်းတွန်းချ
ရန်ကုန်မြို့ရဲ့
ကမ်းနားလမ်းတစ်လျောက်ပေါ့
ဗဟိုစံပြငါးဈေး
သူ့ထက်ငါဦးအောင်တိုးဝင်
ခေါင်းချင်းဆိုင်
သူ့ငါဆဲငါ့သူဆဲ ဆဲယင်းနဲ့
ကွန်တိန်နာတင်တဲ့
နောက်တွဲယာဉ်တေ
ခပ်ကြမ်းကြမ်းမောင်းဝင်သွာယင်း
ဘီလူး သရဲ မောင်းတဲ့ကားတွေပေါ်
လူတွေတင်နေတာ
မြင်ရတာကျောစိမ့်
၂၂၆,၁၃၂,၃၃၃,၂၀၇
ပါရမီ အဓိပတိ
ဘာညာသရကာလိုင်းတွေ
ဆိုးဆိုးရွားရွား
ဖြတ်သန်းသွားတဲ့
လမ်းမပေါ်မှာ
လူမရလို့
လူရမလို
တအိအိမောင်းနေတဲ့
တက်စီသမား
ဘယ်သူ့ကိုမှဂရုမစိုက်ပဲ
မှတ်တိုင်မဟုတ်ပဲရပ်တဲ့
ဘတ်(စ)ကား
ဘယ်သူကဉာဏ်များလဲ
ဘယ်သူကကံတရားလဲ
အချင်းချင်းဆဲဆိုသံတွေ
ပူညံပွက်လောရိုက်
ပူလောင်လောင်မြို့ပြမနက်ခင်း
မင်္ဂလာပါ အစ်ကို
တစ်စီးလောက်........
တစ်စီးလောက်.........
ဟာ...ငါxxးမသားကွာ
နောက်ကားကျော်မယ်
အကျော်မခံနဲ့.....ဆွဲဆရာရေ
.......
.............
ဝေသာလီပြည်ဘီလူးစီး
.....ဇတ်တော်ထဲမှတ်ရ
.....မျက်စေ့ထဲပြေးမြင်...
ရန်ကုန်မနက်ခင်း......
ဘီလူးသရဲစီးကုန်ပြီ......

Friday, October 14, 2016

ဆောင်းရနံ့ ....အလွမ်း



အငွေ့အသက်
ရလို့လာပြီ
မနက်ခင်းတွေဆို
တိတ်ဆိတ်ခြေသံနဲ့
တိတ်တိတ်ကြွေဟန်...
လွမ်းဆွတ်ခြင်းပါပဲ
မြူတွေဆိုင်းနေတဲ့
ရိုးမရဲ့အရိပ်မှာ
တိုးတိတ်တိတ်စီးမျောသွားယင်း.....
အတွေးအပိုင်းစ
ထင်ဟပ်လာသော
ချစ်သူ၏တွယ်ငြိစရာ
တမ်းတမက်မောစရာပုံရိပ်.......
ဘယ်နေရာကြည့်ကြည့်
အလွမ်းချည်းပါပဲလေ
မြူခိုးဝေနေတဲ့
ဆောင်းညနေလမ်း
အာရုံမှာအမြင်ထွေပြားခဲ့.......
ချစ်ခြင်းတစ်ခု
ဆိုတာထက်ပိုတဲ့
မြတ်နိုးတွယ်တာ
နှောင်ဖွဲ့ခြင်းလေ.........


Tuesday, August 9, 2016

ငွေရတုအလွန်....




အကြာကြီးမက်ခဲ့တဲ့
အိပ်မက်တွေ
နှစ်ပတ်လည်လို့ကောင်းနေတုန်း.......

အလွဲကြီးလွဲခဲ့ကြတဲ့
မဆုံစည်းခဲ့တဲ့
ရင်ဘတ်တွေ
အလွဲကြီးလွဲခဲ့တာတွေ
နှစ်ပတ်လည်လို့ကောင်းနေတုန်း......

အချစ်များစွာနဲ့
ဝေးသွားရစ်ခဲ့ကြတာ
အပြစ်မဲ့သံသရာမှာ
အဝေးကြီးဝေးတာတွေ
နှစ်ပတ်လည်လို့ကောင်းနေတုန်း.......

ချစ်ခဲ့တဲ့သက်သေ
ဖြစ်ပျက်ခဲ့တဲ့မျက်ရည်
ရင်ကအလွမ်းတွေ
ထွေးပွေ့ထားခြင်းဟာ
နှစ်ပတ်လည်လို့ကောင်းနေတုန်း........

ငိုချင်လျက်လက်တို့
အတွေးထဲကအချစ်
ဒဏ္ဍာရီဖြစ်အာင်
မျက်ရည်သက်သေ
အခက်ပွေရတက်ပွေရက်တွေ
နှစ်ပတ်လည်လို့ကောင်းနေတုန်း...........

အလွမ်းဟာတိတ်တဆိတ်
ရင်ခွင်ကိုထိုးဖောက်ဝင်
ဘယ်လိုဖြစ်ဖြစ်ဘယ်လိုနေရစ်ရစ်
ငွေရတုတောင်
ကျော်လာခဲ့ပေါ့..........


မထင်မှတ်တဲ့ရင်က




မထင်မှတ်တဲ့အချိန်
ရင်ကိုစပ်စပ်
ထိမှန်တဲ့
အိပ်မက်တစ်ခု
မက်ခဲ့တယ်လား
စိတ်ထဲဘာမှ
မရှိပါပဲ
အပြာရောင်အိပ်မက်
နှိပ်စက်ခဲ့.......

ချစ်သောနှမငယ်
အသင်ဟာ
ရင်ခွင်မှာ
ခိုဝင်နေသူလား
ကျူးကျော်သူလား
အမှတ်တရများမရှိလဲ
မှတ်မိပါတယ်...........

မသင့်လျော်ခြင်းများ
စိတ်တွင်းအစဉ်
အချစ်ဟာ
ဘယ်လိုလားကွယ်......

မသိခြင်း၏သိခြင်း
တွယ်မက်တပ်ငြိခြင်း
ထိုထိုသဘောတရားအစုစုက
သမုဒယပွား
အယုအယများ
ဖြစ်စေသလားကွယ်........

ဘာဖြစ်မှန်းသိရက်နှင့်
ရင်ခုန်လှိုက်မောလျ
ဝေဒနာကျွမ်းလောင်
နွမ်းလျအောင်ပြုစား
ဆောင်းအိပ်မက်မဟုတ်ပါပဲ
ဂယောက်ဂယက်ဖြစ်
အနှောင့်အယှက်မဖြစ်ယင်
လှိုက်မောစွာပင်
ရင်ခုန်ချင်.........

တိတ်တိတ်တမ်းတ
နွမ်းလျတာ
ရင်မှာမသိပဲ
မချိတရိအတွေး
သူပဲလေလား
ဝိုးတဝါးထင်
စိတ်အစဉ်မှာကြောင့်ကြခြင်း.......



Tuesday, June 28, 2016

ခြောက်ခြားခြင်း



ခင်မလွမ်း တော့တဲ့အခါ
သတိမရ
မတမ်းတတော့တဲ့အခါ
အရာရာဟာအပြစ်ဖြစ်
ကဗျာတွေဟာအဆိပ်ဖြစ်
မြင်သမျှ အရာအားလုံးမှာ
ကောင်းကင်ပြိုကျ
တိမ်တွေမလှတော့
ရက်စက်ခြင်းအညှိုးတွေ
မဲမဲမြင်ရာ
ဒေါသသင့်ပြီ
အချစ်အမုန်း
အစွန်းနှစ်ဖက်မှာ
မောင်ဟာကဗျာမဟုတ်တော့ပါလေ.....

ချစ်ခြင်းတွေနဲ့တပ်မက်
နှောင်ဖွဲ့ခြင်းတွေနဲ့သံယောဇဉ်
တမင်တကာဖယ်ခွာတိမ်းလို့
သူစိမ်းမှတ်ရမလားကွယ်
သူမုန်းပြီလား
မူပြုံးရန်မဆိုထားနဲ့
လေသံလေးနည်းနည်း
ပြောင်းလဲသွားယင်တောင်မှ
မခံစားနိုင်သူပါ
တွယ်တာခြင်းရင်က
တပ်မက်မိတဲ့နှလုံးသား
အပြုံးနဲ့စကားမဆိုသာ
အရှုံးအတွက်နားခိုရာမရှိပါလေ......

အလွမ်းဆွေးတွေနဲ့
ကူရာကယ်ရာမဲ့လေပေါ့
သေလုအောင်ခံစား
နာကျင်တယ်ရင်ခွင်တွင်းမှာ
ပူပြင်းလှချည်ဆို
ငိုမလိုပြိုတဲ့
တောင်ဆီကညိုတဲ့မိုးရယ်
သည်းနှင့်ပါဦး............

လွမ်းလွန်းတဲ့အခါ
ကာရံပျောက်ရှ
စကားလုံးတွေ
ရှာမရတဲ့အဖြစ်
အလွမ်းသင့်တော့
ပန်းပွင့်လိုကြွေချင်ပြီ..........


Friday, June 10, 2016

အိမ်ရှေ့က ကျွန်တော့ခရေပင်




အိမ်ရှေ့ကခရေပင်
တင့်တယ်အောင်စိုက်ကာထား
ရေတွေလောင်းပေါင်းတွေသင်
လက်ခုပ်တစ်ဖောင်မရောက်ခင်
မကြာခင်ပွင့်တော့မယ်လား.....

ခရေပန်းလေးမွှေးမွှေးကြူ
ရနံသင်းပျံလှိုင်လှိုင်သူ
ကြွေကျတာကိုမစောင့်အား
ဝါးလုံးဆစ်လို့ခူးမယ်တအား
ရပ်ကွက်နေသူလူအများ......

စိုက်ပျိုးသူမှာ
မုဒိတာ
ထားပြန်သော်လဲမရပါ
ပန်းကိုခူးကာ
အကိုင်းချိုးသွား
ကျနော့ခရေပင်လေး
ငုံးတိဗျား.......

အများသူငါအရိပ်ရအောင်
စွမ်းဆောင်ချင်လို့ပျိုးကာထောင်
အရိပ်နေလို့အခက်ချိုးသွား
ကျနော့လမ်းကပြည်သူများ........



လွမ်းလာတဲ့အခါ



တရှိုက်မက်မက်
နမ်းခဲ့ဖူးတဲ့ပါးပြင်
ဖွဖွ နမ်းမိတဲ့နဖူး
မြတ်နိုးစွာနှောင်တွယ်ရစ်တဲ့
ချစ်ခြင်းတွေ
ရင်ခွင်မှာတငွေ့ငွေ့
လောင်မြိုက်ကြွမ်းဝေဒနာ
သူအဝေးသွားယင်
နေမထိထိုင်မသာ
နေမိနေရာတွေ........

တရံတဆစ်
တူတူသွားခဲ့ဖူးတဲ့လမ်း
လျှောက်လည်ဖူးတဲ့နေရာ
အမှတ်တရများစွာ
ပျော်တယ်ထင်လား
မောင့်သခင်...သက်ထား
အလွမ်းကြားနစ်
ဆူးများရစ်ပေါ့.........

ခဏတာဝေး
တမ်းတတေးတွေ
စကြဝဠာဟိုအဝေး
ဖြန့်ကြက်တွေးယင်း
ကြယ်တွေပါလွမ်းစေ
နဂါးငွေ့တန်း
ဟိုး...အလှမ်းကွာ
ကိန္နရာအလွမ်း
တိုင်တည်သစ္စာ
အချစ်ဟာ..လေ
တွေဝေမိန်းမော......

တစ်ညဝေးလို့
ရက်ခုနစ်ရာ
ငိုတဲ့အလွမ်းဆို
တဘဝစာ
မငိုချင်ပါလေ
ရုပ်ဝတ္ထုဆန်တယ်ထား
ရင်ခွင်မှာလေ
ငုံ့ကြည့်လိုက်ယင်
သခင်ရှိမှ
ပြည့်စုံတယ်.......

လွမ်းလာတဲ့အခါ
ဟိုးအဝေးက
ကြယ်တွေဖမ်းဆုပ်
အနမ်းရဲ့သရုပ်တွေ
ပြီပြင်စေပေါ့.......

စကြဝဠာတံတိုင်း
ဟိုးအစပ်နားလေးက
ကြယ်တွေကောက်လို့ကြိုးနဲ့သီ
ညဟာကဗျာဖြစ်
အလွမ်းဟာပန်းကုံးဖြစ်
တမ်းတခြင်းတွေက
ရင်မှာစူးနစ်
အရူးမူးဖြစ်တယ်
သခင်ရယ်........


Tuesday, June 7, 2016

တမ်းတမိသော.....






လွမ်းတယ်.....
ဆိုတဲ့စကားလုံး
အခါခါသုံးပြီး
ကိုယ့်ကိုယ်နှိပ်စက်ခြင်းတွေ
ဝေးအောင်ရှောင်နေလည်း
ကြုံရ ဆုံရ
ဤ ဘဝဝယ်
အလွမ်းအဆွေး
တေးချင်းညည်းဆို
ငိုနေမယ့်ရက်တွေ
အခက်ပွေနေ့ညတွေ
ရတက်ပွေမေ့မရလေတော့
ဪ..... ချစ်ရယ်
အလွမ်းသာ....ကျန်ခဲ့.....

တမ်းတရတဲ့
နေ့ရက်များအဆုံးမှာ
ပြုံးရယ်နိုင်မှာလား
ရုန်းဖယ်ကာမထားနိုင်
အားပြိုင်ချစ်ခြင်းတွေ
မမှားနိုင်အပြစ်ကင်းပေမယ့်
တမ်းတမိတဲ့
တရှိုက်မက်မက်အနမ်း
ဖွဖွရှိုက်တဲ့ နဖူးပြင်
ရင်ကိုမှီနွဲ့စကားဆိုဟန်
အဖန်ဖန်မြင်ယောင်တွေး
မိုးရွာလျှင်အားငယ်တတ်သူ
ချစ်သူအတွက်မောင့်ရင်ခွင်
တမ်းတခြင်းတွေနဲ့
ငိုနေမယ်ကွယ်........

သခင်
အဝေးသွားတော့
တမ်းတပိုကဲ
နှလုံးအိမ်ထဲမှာ
သူမှသူပဲ ပိုင်စိုး
အစဉ် အနားရှိစေချင်
တမ်းတရတဲ့ရင်ခွင်
သခင်သိလေမလား
ခံစားချက်အချို့တလေတွေ
ထပ်တူကျခဲ့သလား
သခင်လွမ်းလျှင်
အလွမ်းပင်လယ်
ရင်မှာဝေတယ်
ကြွေတဲ့မိုးစက်တွေနဲ့အတူ.....

Tuesday, May 31, 2016

ရင်ခွင်အတု အိပ်မက်အစစ်















ဘာပြောရမလဲကွယ်
ခဏခဏ
ပျက်ပြယ်တတ်တဲ့
အိပ်မက်တွေအကြောင်း
တဖွဲ့တနွဲ့ဆိုပြန်ယင်လည်း
လွန်တယ်ထင်မယ်......

တစ်ကယ်ကျတော့
အိပ်မက်တွေ
ခဏခဏပြယ်တာ
လက်တွေ့ဘဝမှာ
အကြောင်းတရား
တခုမဟုတ် တခုကိုရှိတယ်......

တိုက်ဆိုင်ခြင်းတွေများလာတော့
အဲတာဟာ
သာမာန်တိုက်ဆိုင်ခြင်းလား
တစုံတဦးက
ရည်ရွယ်ချက်နဲ့
လွင့်ပြယ်စေသလား
ထင်မှတ်မားဆဲတွေဝေ
မနေသာနေ့ရက်တွေမှာ
အဖြေရှာတွေ့ပေမယ့်
ဟုတ်လေနိုးနိုး
ထင်ယောင်မှား...........

မနေသာတဲ့နေ့ရက်တွေ
မဖြေသာတဲ့နေ့ရက်တွေ
ရင်ခွင်ကိုတိုက်စား
ခြွေယူပါများလာတော့
ရင်ကခပ်ပါးပါး
သောကဟာအလကားဆိုပြီး
နေသားတောင်ကျလာတယ်..........

မပျော်ချင်လဲနေတတ်
မရယ်မပြုံးတဲ့သက်ရှိအရုပ်ဟာ
အတ္တတောင်မဲ့ပြီလား
တွေဝေမှတ်မှား
တစ်ကယ်ဆို
ဘာမှ အမြဲမရှိတဲ့
လောကဓံဟာလည်း
ခပ် ပါးပါးပုတ်လို့
မရယ်တတ်တဲ့မျက်ဝန်းတစ်စုံရယ်
ပျော်စရာမဲ့ရင်ခွင်တခု
အတုများလား...........


Tuesday, May 17, 2016

သံသယ


ရင်ခွင်မှာတိမ်းမူ
တွယ်ငြိလို့ရူးရသမျှ
ခုဘဝမှာပြေရာပြေကြောင်း
ကြေပါစေ၊

တွေးလို့မရ
ခက်ခဲတဲ့ဘဝတွေ
ငိုချင်လျက်
လက်တို့ခက်တဲ့အဖြစ်
မငိုချင်လည်း
ခက်လို့မရတဲ့အဖြစ်တွေ၊

တွေဝေတိမ်းမူး
ရူးခဲ့သမျှ
ဒီဘဝ ဒီမှာ
ကြေပါစေ၊

ဝဋ်ကြွေးဆပ်တယ်
စိတ်မှာထား
သိက္ခာတရားတွေ
စိတ်မှာအမှားမပွေချင်
မထိတ်သာစကားတွေ
မစေချင်ပါ၊

ဘဝရဲ့သောက
ဘယ်တော့မှပြီးမလဲ
အတွေးတွေအထပ်ထပ်ပွေ
အမေးတွေလည်း
တရစပ်ဝေ....... ။     ။

Monday, May 16, 2016

လွမ်း၍ကြွေသော....


မျက်နှာမွန်ဦး
မော်ဖူးချင်လည်း
ဆုံဖြစ်ခဲသည့်
နေ့ရက်များတွင်
တမ်းတခြင်းသည်
အဆုံးစမရှိတဲ့
ကောင်းကင်ပြင်.......

နှစ်ကိုယ်တူကြည်ဖြူ
ချစ်ရည်လူးညများ
တမ်းတခြင်းသာ
အစားတိုးဝင်
နေရာယူစဉ်
ရင်မှာလွမ်းလျှက်
လောင်မြိုက်ခြင်း.....

တမ်းတတဲ့အခါ
လွမ်းရတဲ့အခါ
နွမ်းလျတာလည်း
အကြိမ်ကြိမ်
ကြယ်တွေနဲ့အတူ
စကြဝဋာအပြင်ဖက်
ပြေးထွက်သွားယင်း
စိတ်အစဉ်
ထိတ်လို့သာငိုချင်
ငိုချင်လျှက်ပင်
တရှိုက်မက်မက်
တမ်းတခက်တဲ့
နွေလယ်ည
ဝေဒနာများ........

ခဏဝေးလျှင်
ရင်ကအပူ
သောကဆူကာ
မဟာစကြဝဋာကို
တိုင်တည်ကာလှုပ်ကိုင်
တီးတိုးစကားဆိုယင်း
တမ်းတရေရွတ်ခြင်းမှ
တိုင်တည်သစ္စာ
နှောင်တွယ်မေတ္တာသည်
စက္ကန့်မလပ်ပင်
သူ..သူ..သူ...သာလျှင်
အစဉ်စိုးမိုး
အတွေးတိုင်းတခဏ
အသွေးသားက
တမ်းတခြင်း......

တကယ်ပါဆို
မောင်တို့တွေလေ
ခဏများဝေးယင်
ကြယ်အစင်းစင်း
ကြွေမယ်ထင်.......။


Thursday, May 5, 2016

နွယ်ရာတိမ်းလို့သူစိမ်းမှမဟုတ်ပဲ




ဒီတစ်ညတော့
ငိုခွင့်ပြုပါ
မောင့်ချစ်သူရယ်
တွယ်တာတမ်းတ
လွမ်းရတဲ့ခါ
ရင်ခွင်မှာလေ
ငိုချင်လျက်လက်တို့
ထိန်းမရလို့ပါကွယ်.......

ရာသီတွေအခါခါပြောင်း
မဟောင်းနိုင်တဲ့အချစ်
အမြဲအသစ်ပါကွယ်
ခဏတာလေး
အဝေးသွားယင်
တမ်းတမျှော်မော
လွမ်းရသောရင်က
သောကထုတည်
မထင်သာပြီ
မျှော်ကာငေးမော
တမ်းတသည်..........

ထိန်းမရတဲ့အလွမ်း
အနမ်းမသင့်ပြီပဲ
ကျွမ်းရင့်လို့နေ
ရင်မှာကြွေ
ဖြေဆည်ရာနေရာ
နတ္ထိ ပစ္စက္ခ
ကျွမ်းလောင်မောလျ
စိတ္တဇလေ
ခါခါခိုဝင်
ရင်ခွင်ကအပူမီး
ဘယ်လိုသူသိလေမလဲကွယ်
လည်သလိုနေကြည့်ခဲ့လေလည်း
ဖယ်ခွာတိမ်းလို့သူစိမ်းမှမဟုတ်ပဲ.........
တွယ်ရာယိမ်းလို့ လူပြိန်းမှမဟုတ်ပဲ
နွယ်ရာလွမ်းလို့
ချစ်ဦးမောင့်ချစ်သည်း........

Wednesday, May 4, 2016

ဘင်္ဂလားအော်ကိုဗဟိုပြု၍




လွမ်းတယ်ချစ်ရယ်
နေမရအောင်
နှောင်တွယ်ကျွမ်းရစ်
သိပ်ချစ်သတဲ့
ရင်ကအပူ
ဘယ်သူသိ
ဘယ်သူမြင်
ရင်တခွင်ကျွမ်းလုလု.....

တမ်းတတယ်ချစ်
လွမ်းနှောင်ရစ်ပေါ့
စူးစူးနစ်ရင်ထဲ
နွေလယ်ပဲ ကျွမ်းလုအောင်
နေမြဲဝေဒနာလေ
တွေဝေဆဲခြေရာတွေ အထပ်ထပ်
နေမတတ်ပါပြီ..........

နွမ်းလို့သာမှိုင်လျော့
နှစ်ကိုယ်တူယှဉ်
လျှောက်ခဲ့ဖူးလမ်း
သတိရနေ
တမ်းတထွေကာ
ဝေဒနာဖြစ်
နှလုံးသားမှာ
မျက်ရည်မြစ်လေ
နှောင်နှောင်တွယ်တွယ်
တမ်းတမ်းတ.......

ဘင်္ဂလားပင်လယ်အော်
ကပ္ပလီပင်လယ်ကွေ့
မေတွေ့သလား
အလွမ်းခြေရာ
မဖြေသာပြီ
လှိုင်းနှင့်အတူ
သခင်ရှိရာကမ်းစပ်
ဘယ်နားကသဲသောင်
ဘယ်နားကကျောက်ဆောင်
မခွဲခြားပါ
သခင်နေရာအရပ်
တမင်ဖွေရှာကာ ဆက်စပ်လို့
လွမ်းနှင့်လေဦးမည်....... ။


Saturday, April 30, 2016

လွမ်းလို့သာနေ......



လွမ်းတယ်ချစ်ရယ်

တနယ်တရွာ
အဝေးသွားယင်
လွမ်းလိုမဖြေသာ
တမ်းတလို့နေပါသည်......

လွမ်းသည်သခင်
ခဏတာခွဲရတဲ့ခိုက်
လွမ်းရက်တွေက
စက္ကန့်တိုင်းဟာကြာခဲ့
တွယ်တာတပ်ငြိခဲ့သော
သံယောဇဉ်ကြိုးစများ
မရုန်းဖယ်သာ
ရင်မှာမြိုသိပ်သော
သောကဝေဒနာတို့
ရင်ခွင်ကိုသာ
လောင်မြိုက်သွားယင်း
နွေ အပူကို အံတုခဲ့........

တမ်းတသည်ခင်
ပျော်ရွှင်စွာ
နှစ်ကိုယ်ယှဉ်ခဲ့သော
အရပ်သည်
အထီးကျန်ဆန်
မြင်ရာနေရာတကာ
အလွမ်းသာလျှင်
စိုးမိုးကာသာ
မပျော်ပိုက်လည်း
အလွမ်းထွေးပွေ့
ဝေဒနာနေ့တွေ
နှုတ်ခွန်းဆက်ကာ
မပျော်သောရင်က
တမ်းတမ်းတ.......

နွမ်းလျရက်တွေ
မြို့ပြညနေခင်း
လောင်မြိုက်သွားယင်း
ရင်ကအပူ
သောကဆူခဲ့
နွေလည်နေ့ခင်း
တမ်းတယင်းပင်
အသက်ပင်ကြွေလု
အခက်တွေပွေ
နေလည်းမပျော်
ဗျာပါဒညနေခင်း
ရေခပ်ဆင်းချိန်လား
ပကာသနညနေခင်းရဲ့
ရုံးဆင်းအိမ်ပြန်ချိန်လား
မကွဲပြားပါလေ..........