
ပျော်နေတယ်လေ
ဘဝတွေမှာ
ခဏတာလူဖြစ်ရတဲ့အခါ
အလွမ်းတွေချည်းဆို
ဘယ်လိုနေပျော်မလဲ......
အဲဒီတော့
ပျော်ပျော်နေသေခဲ
ဘဝထဲမှာ
လွမ်းတဲ့အခါလည်း
ရှိမယ်လေ.......
ခဏတာပဲဖြစ်ဖြစ်
ဘဝစာပဲဖြစ်ဖြစ်
တစ်ကယ်ချစ်ဖို့က
အရေးကြီးတယ်......
တနေ့က
မွေးနေ့ပါ
ဟက်ပီးဘတ်ဒေး
ဆုတောင်းချွေယင်း
ချစ်ဇနီးနဲ့အတူ
သည်းပွတ်လေးပါ
ရွှေတိဂုံဘုရား
ရောက်ခဲ့တယ်.........
ထာဝရဘက်စုံမွမ်းမံရေး
အလှူငွေ
လက်မနှေးပဲထည့်ခဲ့တယ်
ဘုရားမှာ
ပန်းရေချမ်းဆီမီးတွေ
လှူလို့
ဦးတိုက်ကာ
ချွေခဲ့ဆုတောင်း
နောင်ခါဘဝများမှာ
အလွမ်းဆိုတဲ့သောကများနဲ့
ကင်းဝေးရပါလို၏...........
ပြုခဲ့သော
ကုသိုလ်ကောင်းမှု
အစုစုတို့ကို
ချစ်ခင်ရသော
ဘလော့ဂါမောင်နှမ
ပေးဝေငှ၏
သာဓုသုံးကြိမ်ခေါ်ကြလေ.............။ ။
6 comments:
သာဓု.. သာဓု.. သာဓု... :D
သာဓု သာဓု သာဓု....
အကိုကြီး ပြုခဲ့ပြီးသော
ထိုကောင်းမှု့အားမျှယူသွားပါ၏
မျှဝေပေးခြင်း ဤကောင်းမှု့
သောက တို့မကျရောက်သော ကိုယ် ဖြစ်ရပါစေ။
ထာဝစဉ်ပျော်ရွှင်ပါစေရှင်..
ကန်ဒီလေး THANK YOU SO MUCHHHHH!
ညီလေးမင်းဧရာတောင်းပေးတဲ့ဆုနဲ့
ပြည့်ဝရပါလို၏
blackrozeရေ ဟုတ်ကဲ့ အလွမ်းကဗျာတွေမဖတ်ချင်
တော့ဘူးဆိုယင်နော်.......
အားလုံးကိုခင်မင်လျှက်
ချစ်သူမောင်
တဒင်္ဂပဲဖြစ်ဖြစ်...ထာဝရပဲဖြစ်ဖြစ်...တကယ်ချစ်ဖို့က အရေးအကြီးဆုံးတဲ့လား...ကောင်းလိုက်တဲ့ အတွေးလေးဗျာ...ရင်ထဲအထိ ရောက်သွားစေတဲ့ စာသားပါပဲ...
ပျော်စရာကောင်းတဲ့ မိသားစု ချစ်စရာကောင်းတဲ့ ရင်သွေးလေးနဲ့အတူ ဘ၀ခရီးလမ်းကို အားမာန်အပြည့် လျှောက်နိုင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါရဲ့...
ဦးဟန်ကြည်ကျေးဇူးပါဗျာ
အစဉ်ချစ်ခင်လေးစားလျှက်
ချစ်သူမောင်
Post a Comment