ရင်ထဲမှာ
ဆို့နင့်နင့်ပါကွယ်
ချစ်သည်းညှာပျို့အလင်္ကာရယ်
ညို့ညို့ရွှေရင်မှာ
လှိုက်ဖိုမောရတယ်
မသိချင်ယောင်
သူတစ်ကယ်ဟန်ဆောင်လွယ်
အမှတ်အမှားနဲ့
ပြတ်သားစရာမပါတွယ်
သူမသိလူမိတော့ချစ်ချင်တယ်.....
ချစ်ယောင်ဆောင်
ပြစ်မတင်ရက်အား
သက်ထားကညာ
တစ်ဖက်သားမှာ
အခက်သားညှာလွယ်
ဥပေက္ခာပြုကာ
ငြိုးမာန်ဖွဲ့တယ်
သူလေ...စိမ်းရက်လေအား
တိမ်းခက်ပွေမှားရော့လေ
စိမ်းသက်ခြွေစကားတွေပေါ့ကွယ်.....
တိမ်းမက်ကာနှောင်တွယ်
တစိမ်းဖက်လာ
ကြောင်တယ်ထင်မယ်
ယိမ်းနွဲ့တာစိတ်ရဲ့အလျဉ်သဘောပါ
စိမ်းတစ်သက်စာတမ်းကာအနေခက်
လွမ်းတဲ့ရက်တွေလက်ချိုးရေ
ကမ်းလင့်လက်တွေညှိုးမယုတ်မီ
တမ်းရင့်သက်ကြွေနှိုးမလှုပ်ပြီ.........
ဆန်းသစ်ကျွမ်းရစ်အောင်ဖန်
တစိမ်းဆန်ဆန်နေရစ်လေပြီမို့
ခုတော့စိမ်းပြင်ပြင်
တိမ်းချင်လည်းတွယ်မက်မနေတော့
တမ်းတကာနေရစ်မယ်
အလွမ်းတွေရင်မှာပွေ့ပိုက်လို့
ကျွမ်းသူဆွေနင်နေခဲ့လိုက်တော့ကွယ်
ကိုယ်ကတော့လေ...တစ်ကယ်ထားရစ်ပြီပဲ.......။ ။
2 comments:
ကျမသာဆိုရင်တော့
ထားခဲ့နိုင်မှာမဟုတ်ဘူး...
ခွဲခွာခြင်းဆိုတာကို မရင်ဆိုင်နိုင်ဘူး..
blackrozeaရေ အုံပုံးချစ်ပါဆိုနေမှကွယ်
ခင်တဲ့
ချစ်သူမောင်
Post a Comment