Thursday, October 20, 2011

သက်တံ့ဖျားကငှက်ကလေးသို့(၅)





တက်လာပါပြီ
ရောဂါတွေရယ်
ခက်တယ်ကလေး
တွေ့ဖန်များယင်
လွမ်းသခင်ဖြစ်
ကျွမ်းနစ်ဝင်တဲ့
ဝေဒနာတဲ့
ဘယ်သူမြင်မိ
သိရှိမလဲ........

အခက်ပွေသောကကြား
ဗျာပါဒတပွေ့တပိုက်နဲ့
ဝေ့ဝိုက်ကာမနေချင်တော့
တည့်တည့်လည်း
ထုတ်ပြောချင်ပေမယ့်
ခင်ရယ်သွမ်းသွေးမှာ
အကြောက်သားလေ....

ခံနိုင်ရည်ရှိဖို့
ဝေးစွ...........
ခနဲ့တဲ့တဲ့ပြောယင်တောင်
မနေတတ်မထိုင်တတ်
အခက်လည်းပွေ
ရတက်ဝေဆဲ
ရင်မှာသောကဖြေမရလေ
နွေမိုးဆောင်း
ရာသီတွေသာပြောင်းလဲ
ရင်ကအချစ်
မပြောင်းလဲဖြစ်
ကျွမ်းရစ်ကာအမြစ်တွယ်
နှောင်တွယ်ရစ်ပတ်စေတာ
အချစ်တဲ့လား........

တွယ်မက်တပ်ငြိ
မျက်ဝန်းကအကြည့်တွေ
မြင်မိသိရှိနေသရွေ့ပေါ့
မခံစားနိုင်
ကံတရားဆိုင်ရာ
ခပ်ယိုင်ယိုင်အတွေးတွေလည်း
မတွေးရဲတဲ့အခါမြိုသိပ်ကာခံစား
ဝေဒနာတွေထင်ဟပ်
မြင်တတ်တော်မူ..........

ဝေဒနာနဲ့ပါကွယ်
မသေချာပေမယ့်လည်း
တပ်မက်တွယ်ငြိတဲ့စိတ်ကို
ဘာဝနာနဲ့ပြောယင်
တဏှာမပြတ်သေးတာကွယ်
အင်း..ပုထုဇဉ်ပေပဲကိုးလို့
ရင်မှာတိတ်တခိုးနဲ့
မြတ်နိုးလို့ခင်တွယ်
ဒီခဏမှာတော့
နှလုံးသွေးတွေရပ်သွားမတတ်
ရင်ခုန်လှိုက်မောနေကုန်
ကြင်ယုံလိုက်ပြောမနေတော့......

ဘဝကခါးလွန်းပါတယ်
ချိုတဲ့ရက်တွေရှိပေမယ့်လည်း
ငိုတဲ့ရက်တွေပိုသာများခဲ့
ရင်ခုန်လှိုက်မောယုံသက်သက်နဲ့တော့
ရစ်သမ်အဖြစ်မဖွဲ့ဆိုချင်တော့
ငေးမောကြည့်ယင်းသာကျေနပ်
ကိုယ့်ကိုလည်းမဝေခွဲတတ်
သက်တံ့လားငှက်ကလေးလား
ဒါမှမဟုတ်ငှက်ကလေးကိုစိတ်ဝင်စားရာက
သက်တံ့ကိုပဲချစ်သွားသလား
မဝေခွဲတတ်တော့ပါ.....။     ။

2 comments:

နွေတေးရှင် said...

အကိုကြီး......
ခပ်ကြိတ်ကြိတ်ပါပဲ
တိတ်တိတ်လေး စွေတဲ့မိုးလို
ဒီဝေဒနာ အုပ်စိုးလေသမျှ
တပြန်သစ်ခွင့် ရပါစေ အကို။

ချစ်သူမောင် said...

တဖန်ပြန်မသစ်ပါရစေနဲ့
အမှန်အကန်ချစ်ပေမယ့်ကွယ်
ကတိပျက်လူသားရယ်လို့
ဖြစ်ချင်ဘူးကွယ့်လေး