ဒီလိုပဲ
ကြည့်ယင်းနဲ့စိတ်တင်း
မနာလိုခြင်းတွေ
ရင်မှာလှိုက်ခတ်
မစ ္ဆရိယပါတဲ့
ကိုယ်တိုင်က
ငယ်တော့တဲ့အရွယ်မဟုတ်တောင်
ဝင်ပါနေချင်သေးတယ်
ကလေးတွေရဲ့အနား
ကလေးတွေရဲ့စကားကြားမှာ
နစ်မျောပျံ့လွင့်
စေတသိက်ရဲ့ခြေရာ
ရင်မှာသောကနဲ့
လောင်မြိုက်ကျွမ်းစေ
သူစေညွှန်းလေရော့သလား......
အတွေးမှာယောင်လည်
အမှောင်ကွယ်ကပုန်းနေ
ချစ်သူရေလို့တမ်းတခေါ်မိ
အပြစ်ရှိလား
အတွေးမှားသံသယ
တွေ့တိုင်းအားငယ်
အရွယ်လွန်အချစ်ဟာ
နယ်ကျွံလို့မဖြစ်
လွန်နေယင်ခွင့်လွှတ်
စွန့်စားအတွေးမှာ
ခဏလေး....
အချစ်တွေ
ပေးချင်သေးတယ်
ခဏလေး.....
ချစ်တယ်ဆိုတဲ့အကြောင်း
ပြောချင်သေးတယ်
ယူကွယ်သခင်
အကြွေလွန်တယ်ထင်မလား
အတွေးမမှားပါနဲ့ကွယ်
အရေးသား
ချာချာလည်တာမို့
ကလေးကလားပါကွယ်လို့
ထင်ချင်လည်းထင်
ရင်ခွင်မှာအမြင်မှောက်မှား
တမင်တကာခွင်ဆင်
ထောင်ချောက်လားကွယ်.......
ထားရစ်မယ်လို့
စိတ်မှာတင်း
တစိမ်းမို့
အစိမ်းခွဲတာလားကွယ်
သက်တံနဲ့
သက်တံ့ဖျားကငှက်ကလေး
ဘယ်သူ့ကိုပိုချစ်လဲ
ကိုယ်ကိုတိုင်
အတွေးမှာချာလည်မျော
မရေရာသောအဖြေများ
တခါတရံသက်တံ့
တခါတရံငှက်ကလေး
ကွဲကွဲပြားပြားမသိပေမယ့်
မနာလိုစိတ်ကပိုကရို
ဒါမှမဟုတ်
သက်တံ့ဖျားကငှက်ကလေးကိုချစ်ယင်း
သက်တံ့ကိုသံယောဇဉ်ပိုလာသလား
တွေးလို့ရမယ်မထင်တော့
ကိုယ်ကိုတိုင်တွေးကာလှောင်ရယ်
ပျိုပျိုမှိုင်ငေးကာရှောင်ဖယ်
အတွေးရယ်အဆွေးရယ်
တခါတရံတော့
ကလေးငယ်လိုပါပဲ..........
သူငယ်ပြန်တယ်
ဆိုစေဦးတော့
တားမရတဲ့ချစ်ခြင်း
အမုန်းမြစ်တစင်းလား
မစီးဆင်းပါစေနဲ့လေ
တေးသီနေပါငှက်ကလေးရယ်
သက်တံ့ကတော့တရံတခါ
ပေါ်လာလေနိုး
စောင့်မျှော်ကိုးလည်း
နေခြည်ဖြာမိုးတွေရွာစဉ်
ငယ်ဘဝကိုပဲတမ်းတ
အချစ်ဆိုတာ
ရင်ခွင်ကိုဝင်ပြီး
နေရာမယူစေချင်
လွမ်းတတ်တဲ့ရင်တစ်ခုမက
အပိုရှိစေချင်ရဲ့
ဒါပေမယ့်
ချစ်တတ်တဲ့နှလုံးသားက
တစ်ခုတည်း.........။ ။
2 comments:
အကိုၾကီး...
ကဗျာလေးက ဘာလိုလို))))၀။
လေခြွေလို့ ရွက်ကြွေ
ပြန်ဝေရဲတာ သတ္တိ ဆိုရင်
အချစ်အတွက်နောက်တဖန်
မွေးဖွားပြစ်လိုက် အကို။
(မင်းဧရာ)
ဟေ့ဟေ့ ညီလေးရေလုပ်ပါနဲ့ကွာ
ခံစားမှုသက်သက်ပါ
ခင်တဲ့
ချစ်သူမောင်
Post a Comment