
အင်း...အဲဒီခေါင်းစဉ်တပ်ပြီးဘာရေးရမလဲစဉ်းစားနေတော့ ငယ်ငယ်တုန်းကသင်ခဲ့ရတဲ့ပင်ရင်းမြန်မာ
စကားပြေထဲကအညာဘုရားပွဲကိုသွားသတိရပါတယ်။ ဒါပေမယ့်ရေးရေးလေး ညကကျောက်တော်ကြီး
ဘုရားပွဲဈေးတန်းရောက်သွားရာကစိတ်ကူအတွေးထဲပေါ်လာတာပါဒီနေ့မနက်အဲဒီပို့စ်တင်မယ်လို့
စိတ်ကူးပြီးမန ္တလေးမှာတုန်းကမနက်စောစောထကာမှအင်တာနက်ဆိုင်ကမဖွင့်သေး ဂွကျပါ့ဗျာ
ခက်တာကရေးချင်တုန်းမှမရေးရယင် မုဒ်ပျောက်ကုန်တာမို့အခုဘာရေးရမှန်းမသိပဲယောင်ချာချာဖြစ်
နေတော့တာပေါ့ဗျာ။ မန ္တလေးကိုနေ့ညကသွားမနေ့ကရောက်ဒီနေ့မနက်ချက်ချင်းပြန်လာဆိုတော့
လူလည်းတော်တော်တော့မောနေပြီ။အဲမနေ့ညကတော့သူငယ်ချင်းတွေနဲ့ကျောက်တော်ကြီးဘုရားပွဲ
တော့ရောက်ဖြစ်သွားသေးတာခင်ဗျ။ပွဲဈေးရဲ့အငွေ့အသက်ကြောင့်လည်း အညာဘုရားပွဲဆိုပြီး
ခေါင်းစဉ်တပ်လိုက်မိတာပါ။ ဟိုးတုန်းကနဲ့တော့အတော်ကွာခြားသွားညပီပေါ့ဗျာ လှည်းတွေလည်း
မတွေ့ရတော့ပါဘူး ။ ဆိုင်ကယ်တွေတအားများပဲကို။ဆိုင်ကယ်အပ်ခကတစ်စီးငါးရာတဲ့သုံးစီးအပ်
တော့တစ်ထောင်နဲ့ဈေးတည့်တော့အပ်ပြီးပွဲဈေးထဲကို သူငယ်ချင်းတွေနဲ့အတူ လမ်းလျှောက်ဝင်
ဖြစ်တော့တာပေါ့။ ဘာမှလည်းမထူးခြားပါဘူး ။သိလိုက်ရတာကတော့တစ်ခုတည်း ဘုရားလူကြီး
အိပ်နေတဲ့အခါဗိုက်ပေါ်ကမကျော်နဲ့တဲ့ ငရဲကြီးလိမ့်မယ်ဆိုပဲ ။ဘယ်လိုသိလဲဆိုတော့ဒီလိုပါပဲ
သူငယ်ချင်းကောင်မလေးကကျောက်တော်ကြီးဘုရားနားမှာနေတာလေ သူတို့က ခရေစေ့တွင်း
ကျပြောပြလို့သိရတာလို့ကျွန်တော်ဘယ်တော့မှမပြောဘူး ။မန ္တလေးမြို့ရဲ့ အထင်ကရ
ကျောက်တော်ကြီးဘုရားဟာလည်းအလှူငွေတွေကုဋေနဲ့ချီပြီး ရတာတောင်မှနှစ်များစွာမပြုင်ပဲထား
တဲ့အတွက်အတော့်ကိုညှိုးနွမ်းနေပါပြီ ။ရေးချင်တာကတမျိုးဘယ်တွေရောက်ကုန်မှန်းမသိပါဘူး။
ခက်တာကမနက်ရေးချင်လွန်းအားကြီးနေတဲ့အချိန်လည်းမရေးရ လူကလည်းတအားပင်ပန်းနေ
လို့မှုန်ဝါးဝါးဓါတ်ပုံတွေနဲ့ဒီလောက်နဲ့ပဲကျေနပ်ကြပါလို့...........
4 comments:
ဟီးဟီး... ရီရတယ်... ကန်ဒီလည်း သွားချင်လိုက်တာ.. ပွဲဈေး.. :D
အင်း ပြန်လာယင်လိုက်ပို့ပေးမယ်လေ
ခင်တဲ့
ရယ်ရတယ်နော်....သွားချင်တယ်တခါလောက်တော့
သွားကြတာပေါ့ဂျပ်စမင်ရေအဖွဲဝင်နှစ်ယောက်ရပြီ
ကန်ဒီလေးကလဲသွားချင်လို့တဲ့လေ
Post a Comment