
တစုံတစ်ခုကြောင့်လို့ပဲ
လပ်ဟာသွားတဲ့ရင်
သူဘယ်လိုထင်မလဲကွယ်........
လေတိုက်လို့
သစ်ရွက်လှုပ်ယင်တောင်မှ
ရယ်ချင်တဲ့အရွယ်လည်း
မဟုတ်တော့ ခက်လှတယ်ကွယ်......
မျှော်ရီမိန်းမူး
ရွယ်ရွှင်ခဲ့ဖူးတဲ့
အတိတ်ချိန်တွေ
ပြန်မတမ်းတချင်လည်း
လွမ်းဆွတ်မိပေါ့
တစ်ကယ်ဆိုယင်ပစ္စုပ္ပန်ပဲ
ဖြစ်သင့်တယ်လေ
ခဏတာဘဝင်
စိတ်မှာထင်ဟပ်
ချစ်တတ်သူရဲ့
အရိပ်သဏ္ဍန်
အထင်အရှား
မြင်ခဲ့လားကွယ်
မျက်လုံးတွေတောင်
မှောက်နေပလား
ထင်ခဲ့ရတယ်
သြော်...အချစ်ရယ်
ဆန်းဘိကွယ်.......
တွယ်မက်တမ်းတ
ခဏသာလျှင်
ဘဝမှာတစ်ခါလောက်
ငယ်မူပြန်ချင်သေးရဲ့
အလွမ်းမဲ့ရာ
ထိုဌာန၌
ခဏခိုလှုံ
ရင်ခွင်စုံမှာ
ယုံကြမလားကွယ်
ချစ်မိတယ်ဆို
သစ္စာပျက်တယ်
ထင်ကြမလား
မတွေးရဲပါ
အချစ်ဆိုတာ
မျက်စေ့မပါ
ခဏအတွေးနဲ့
ဘဝအရေးတော့
လည်းဟုတ်ပါဘူးလေ........
အာရုံအမှား
စေတသိက်ရဲ့ခြယ်လှယ်ရာ
အထီးကျန်ခြင်းရဲ့နောက်ကွယ်မှာ
အလွမ်းကရွာတည်ပြီး
နေနှင့်နေပြီလား
မသိခြင်းများစွာက
ဘဝကိုလေအထပ်ထပ်
နင်းခြေသွားခဲ့
ပေးဆပ်ခြင်းနဲ့
နာကျင်ခြင်းရဲ့နောက်ကွယ်မှာ
အရှုံးသမားဆိုတဲ့အသံတွေ
မကြားချင်ပါကွယ်
လဲချင်သလောက်လဲပစေ
ဘယ်သူမှမထူလည်း
ထရပ်ရမှာပဲလေ
ဒီတစ်သက်ဒီတစ်ချက်တည်းနဲ့
နေပျော်ပြီထင့်
အချစ်ဆိုတာလည်း
တစ်ဖက်သားမသိပဲ
တိုးတိတ်တိတ်ချစ်ခြင်းမှာ
နေပျော်ပါသည်
သည်ဘဝမှာလေ
ရှိပါစေတော့မောင့်သခင်.........
ကြင်သူသက်ထား
မသိသလိုစိမ်းကားမှတော့
ငိုတော့မယ်ဆင်
ရွာမယ်ပြင်တကဲကဲ
စိမ်းလဲ့စိုဝန်းနှစ်ခိုက
စွတ်စွတ်စိုရီရီလဲ့ရယ်က
ကြွေတော့မည်ပဲ......။ ။
5 comments:
ကဗျာဖတ်သွားတယ်ရှင်
Thank you မြွေမလေးအေးရေ
ခင်တဲ့
ချစ်သူမောင်
ကဗျာလေးက ထိထိရှရှ ရှိလှတယ် အကိုကြီးရာ...
ကဗျာ တို့အရှင်ဆိုတာ ဝေဒနာတော့ တင်ကျန်ရစမြဲပါ အကို ကျန်းမာပျော်ရွှင်ပါစေ။
ကဗျာကိုခံစားဖတ်သွားပါတယ်
ညီလေးရေ
ကဗျာအရှင်ဆိုတာ
ဝေဒနာတွေနဲ့
လုံးချာရစ်ပါတ်
တလစပ်မို့စပ်လို့မကုန်
တမ်းတတဲ့ဘုံမှာ
၃၁ဘုံထဲမှာမပါလို့
နေရတာကျပ်လှတယ်
ဒါတောင်မှလေ
တစ်ယောက်တည်းနော်
ဟိုဖက်နဲနဲတိုးလုပ်နေရတာ.............:P
ညီမလေးဂျပ်စမင်(ညီမလေးလို့ခေါ်ရတာကိုယ့်ထက်ငယ်မယ်ထင်လို့ပါ)ကြီးတယ်ဆိုလည်းအစ်မကြီးပေါ့ဗျာ
ခုနကလာလည်သွားသေးတယ်ဗျ
ခင်မင်လေးစားလျှက်
ချစ်သူမောင်
Post a Comment