Sunday, December 25, 2011

မေတ္တာသီဖွဲ့ခဲ့တယ်....ကြားလေသွေးတောင်မှ.....ဝေးမှာစိုး












စာတွေစီမေတ္တာဖွဲ့
သမုဒယနဲ့နှောင်တွယ်
ရှောင်ဖယ်ကာတိမ်း
စိမ်းသလိုလားကွယ်
ယိမ်းနွဲ့ သူပိုလို့အားငယ်
ချစ်တယ်ကွယ်ရို့
တွေးလေတိုင်းစိုးရွံ့ ပိုကဲ
မေတ္တာဖွဲ့ သီမိတဲ့ငနဲ.......

အမှန်ဆိုအမူပို
သူရယ်လေရှောင်ဖယ်တိမ်း
ဖြူမာယာအသာလိမ်းလို့
ရင်နင့်အောင်အသာပြုစား
နှောင်တွယ်ကာပိုချစ်လေအား
ရှောင်ဖယ်ကာသူပစ်လေမလားလို့
တွေးရခက်သူရင်အစုံမှာ
ကျွမ်းလောင်လုဆဲ.........

မေတ္တာသီစာစီကာဖွဲ့
ယာယီပါကွယ့်မုန်းမျက်နှာ
ပြုံးလာတဲ့အခါဝယ်
မုန်းပါနဲ့ကညာရယ်
ရင်တွင်းမှတိုးလျွှိုးသံ
သူရင်ကကြားတဲ့အခါ
မေတ္တာတွေစီသီကာထပ်တယ်
အိုကွယ်........မောင့်ရဲ့ ရင်ထဲ

အပျော်ပြုံးနဲ့မျက်နှာ
မြင်ရသူရင်မှာနွေးစေတော့
ဆောင်းဦးစရက်များ
ချစ်ကြင်သူများအပြုံးနဲ့
လောကကိုမထီတရီကြည့်ခဲ့ကြ
ပြောသမျှကိုအတည်မှီလိုက်ခဲ့ကြ
ပျော်သမျှရယ်....မော်ကြွားမလားကွယ်
သည်ကမ္ဘာမှာချစ်ခဲ့တာ
သူမှသူပါပဲကွယ်
တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာမြတ်နိုး
ချစ်မိုးစွေသည်းစေတော့ရယ်
သည်နှင်းမှုန်ငွေရည်အောက်ဝယ်
မေတ္တာတွေအထပ်ထပ်သီကာဖွဲ့တယ်
ချစ်မြတ်နိုးမှုမှတ်တမ်းစကား
တမ်းတခြင်းတွေနဲ့
လွမ်းစကားတွေပိုခဲ့
တစ်ညလောက်ဝေးမိယင်တောင်မှ
တမ်းတစကားတွေဆိုခဲ့
တစ်ရက်လောက်ခွဲမိယင်တောင်မှ.
လွမ်းမိကြောင်းစာတွေစီခဲ့
ချစ်သူရေ....ရက်ဆက်မြတ်နိုး
ချစ်ခြင်းတွေသီ
မေတ္တာတွေစီကာပေးမယ်
မင်းအတွက်ထာဝရ.........။     ။


Tuesday, December 20, 2011

ချစ်ခြင်းသီတဲ့ကြိုး


တချို့ကတော့
နှောင်ဖွဲ့ရစ်ပတ်
မာယာအတတ်နဲ့
သွေးဆောင်ဖျားယောင်း
အလွမ်းတွေသီလို့
ချည်ခဲ့သည့်သည်ကြိုး
နှောင်ကြိုးတဲ့လေ~~~~~

တချို့ ကတော့
သည်းနှလုံးကို
ဖောက်လို့ချည်ခဲ့
သီခဲ့သည့်ကြိုး
သံယောဇဉ်ကြိုးတဲ့~~~~~

ထားပါတော့လေ
ရင်အစုံကို
ဖြတ်ဖောက်ချုပ်သီ
ချည်ချင်လည်းချည်စေတော့
မပြီပြင်လည်း
သီစေတော့ကွယ်
အချစ်နဲ့နှောင်တွယ်
သမုဒယနဲ့ရစ်ပတ်
(သည်းပွတ်လေး)နဲ့
ချည်နှောင်ထားတဲ့ကြိုး
ချစ်ခြင်းသီတဲ့ကြိုးလို့သာ~~~~~~

Tuesday, December 13, 2011

မလွမ်းရ















ကြွေချင်ကြွေလေ..
မင်းသဘောပေါ့
တားမြစ်ပိုင်ခွင့်
အလျဉ်းမရှိသူရယ်ပါ~~~~~

ဝေချင်ဝေလေ
မင်းရဲ့ စိတ်ကြိုက်
အနားမှာနေ
တိုးတိုးဖော်ဖြစ်
အချစ်တွေပံ့ပိုး
အလွမ်းမိုးမသည်းတဲ့
နေ့ရက်တွေလေ
ညှိုးမလျော့မီ~~~~

တေလေပဲလား
တွေဝေဆဲလား
အပါးမှာ
ဖဝါးမှမခွာပါ
သည်းမြညှာရယ်
တကယ်ဆိုတော့
လက်တွဲဖော်ပေါ့ကွယ်~~~~

ပြောလို့မှမယုံယင်
ကြုံဖူးမှသိမယ်
အလွမ်းတရားတွေထားရစ်ခဲ့
ဟိုး....အဝေးမှာ
ကျန်ခဲ့စေလေ
တွယ်တာနှောင်ရစ်
တိုးချစ်တတ်စေ~~~~


Thursday, December 1, 2011

သဏ္ဍန်ပုံမပြောင်းတဲ့ရင်ခွင်ဟောင်း


နှင်းရေ
မင်းလားကွယ်
တံခါးမခေါက်ပဲ
ရင်ထဲကိုတိုးတိုက်ဝင်လာ
လဒီဇင်္ဘာရယ်လေ........

နော့ဗကိုတွေ့လျှင်
တမ်းတငိုတတ်
မကျေနပ်တဲ့အဖြစ်
အချစ်သင့်ခဲ့သလား
ထင်မှတ်မှားဆဲတွေဝေမှု.......

လျှောက်လေလွမ်းလေ
တမ်းမက်တွယ်ငြိတတ်သော
စိတ်ခန္ဓာ၏ကိုယ်စား
တွေဝေမိုက်မဲခြင်းတွေ
နေရာယူနေလင့်......

မြူခိုးတို့
ကြွေလင့်စောတဲ့
သည်ရာသီချိန်ကာလ၌
တစ်ချိန်ကပျော်မြူး
ချစ်ရည်လူးခဲ့ကြဖူးသော
ကာလရှည်လျား
ရက်လရှည်ကြာ
နှစ်အသွင်ပြောင်းလည်း
မမေ့တတ်ခြင်း
မေ့လျော့ခြင်းငှာ
မစွမ်းဆောင်နိုင်ခြင်းနှင့်အတူ..........

အမုန်းသည်းခဲ့ရသော
အချစ်ဦး၏ရင်ခွင်ကို
အောက်မေ့တမ်းတ
သတိရမိ...........။     ။

Tuesday, November 15, 2011

ဘလော့ဂါတွေပြောတဲ့ပုံပြင်





ဘာမှမပြောချင်ပါဘူး
ချစ်တတ်တဲ့
စိတ်လေးတစ်ခုတည်းနဲ့
မနေ့ကစပယ်ပွင့်ပေမယ့်
ဒီနေ့မှာမပွင့်တော့
မနေ့က
နှင်းဆီပွင့်ဖတ်တွေကြွေတော့
ဒီနေ့ နှင်းဆီတစ်ဖူး
သူခူးလာခဲ့
ဘာပဲဖြစ်ဖြစ်
ငါတို့ပျံသန်းခြင်းတွေအတွက်
မနက်ဖြန်ဆိုတာရှိရမယ်
မနက်ဖန် မရှိဘူးဆိုယင်တောင်မှ
ငါတို့ပျံသန်းခြင်းတွေက
အလကားတော့မဖြစ်ပါဘူး
စကားလုံးတွေနဲ့
ကုတ်ခြစ်ခဲ့ကြ
ကြမ်းရှရှ ပင့်ကူအိမ်စာမျက်နှာ
ဟိုမှာအဖော်တစ်သင်း
ဒီမှာသူငယ်ချင်းတွေ.....
ဝေးမြေခြားလည်း
နီးနေကြဆဲပေါ့.........

ဘာပဲဖြစ်ဖြစ်ပေါ့
ငါတို့တွေဆက်ပြီး
ပျံသန်းကြ
ကုတ်ခြစ်ကြမယ်
လေဟုန်ကိုခွဲလို့
ပရော့ဆီတွေကျော်လို့
မရရတဲ့နည်းနဲ့
သမိုင်းအဖြစ်ကုတ်ခြစ်ယင်းနဲ့
ဒါဏ်ရာရတဲ့သူကရလို့
နာကျင်နေတဲ့သူတွေကနာကျင်လို့
ခရီးအတွင်တွင်ထွက်ကြ
ဤခရီးနီးသလားဆိုပြီး
လှမ်းခဲ့ကြ
ဘာလိုလိုနဲ့နှစ်ပေါင်း
များခဲ့ပြီပဲ..........

မနက်ဖန်မိုးမရွာလဲ
ငါကျေနပ်ပါတယ်
မနက်ဖန် မီးမလာလဲ
ငါကျေနပ်ပါတယ်
မနက်ဖန်..ကွန်နက်ရှင်နှေး........လဲ
ငါကျေနပ်ပါတယ်
မနက်ဖန်........             ..........လဲ
ငါကျေနပ်ပါတယ်
ဘာပဲဖြစ်ဖြစ်
အခန်းထဲလှောင်ပိတ်မထားကြပါနဲ့
မွန်းတတ်လို့ပါ
ဒါပေမယ့်
ဒီအခန်းထက်ကျယ်တဲ့နယ်ပယ်
ဘယ်မှာရှိဦးမလဲ
ဘာပဲဖြစ်ဖြစ်
ငါတို့ကဖားသူငယ်တွေပါ......။     ။

Wednesday, November 9, 2011

သက်တန့်ဖျားကငှက်ကလေးသို့(၆)












သင်းကြည်ချိုမြ
နှင်းဆီလိုလှတဲ့မေ
အပြုံးတွေဝေ
ရင်မှာလေလှိုက်မော
ချစ်မိသောဘဝမှာ
ရင်ရဲ့တခွင်တပြင်မှာ
ညည်းသာပိုင်စိုး
အနိုင်နဲ့ပဲမိုးရော့......

ခပ်လှုပ်လှုပ်ပါကွယ်
မခုန်တတ်တော့တဲ့ရင်
မင်းအသွင်တွေ့တော့မှ
ထပ်တူညီမြဲ
ရယ်ပွဲဖွဲ့ဖြစ်တဲ့
နေ့ညတွေလေ
အမှတ်တရရှိဆဲ
ထင်ရစ်ခဲ့ဘူးသော
ရင်ကခြေရာ
အမှတ်မှားခြင်းတော့
မဟုတ်စေနဲ့ပေါ့ကွယ်........

တခုတ်တရကဗျာ
စာလွှာတွေတွေး
နှလုံးသားရေးလား
ထင်မှတ်မှားယုံပဲလေ
စိတ်ဖြေသာယုံ
ကျေနပ်ယုံမျှ
နှစ်သိမ့်မှုသာ
ပေးသနားလျှင်
နေပျော်ပြီထင်
ငှက်အသွင်တောင်ပံဖြန့်လို့
ငါ့ရင်ခွင်နားခိုလှည့်ပါ
မဆိုသာသောဘဝ
ရင်ခွင်ထဲကညတွေ
တွေးမိတိုင်းလျှင်
ဘဝင်ကြည်နူး
နေဖူးချင်ရဲ့.........

သက်တန့်ရောင်ဝါ
ရင်မှာရိုက်ခတ်
နွေလည်မိုးမှ
မြင်တွေ့တတ်သော
ပုံရိပ်ရောင်ဝါ
လင်းဖြာရောင်စဉ်
မြင်လျှင်ကြိုးညှိ
တီးခတ်မိချင်
ရင်သိသံစဉ်
ချိုချင်ပါရဲ့
ညည်း မိလေသော
ကာရံနဘေထပ်တွေ
သံစဉ်သွတ်သွင်း
သီချင်းဖြစ်စေ
မင်းတွက်ပေမို့........

ရောင်စဉ်ဖြာလက်သော
ကမ်းလက်တို့
တွန့်မဆုတ်မီကြား
သခင့်ထံပါး
အခစားရောက်ချင်
တွေဝေသော
မက်မောတပ်မက်မှု
မှုန်ဝါးလေသော
ပိုင်ဆိုင်တဲ့ညများ
မာယာဖြူနဲ့
ညှို့ယူဖမ်းစားခြင်း
အတတ်ပညာ
ရင်မှာအနေထိုင်
မတတ်ခြင်းများ
နေရာယူရယ်ပွဲဖွဲ့
တတ်လေသော
ငြူစူစောင်းမြောင်း
ပြောဆိုတတ်လေသော
အငိုလွယ်လျှက်
အရှိုက်ခက်သော
အလှမ်းဝေးလွန်းလှသော
ပန်းကလေးသာ
ဖြစ်နေပါတော့
မောင့်သခင်...........။     ။


Thursday, November 3, 2011

စွန့်လွှတ်ထားလျှက်တပ်မက်မိသော


ဘဝဆိုတာ
နေပျော်ပါတယ်
တွယ်တာတမ်းမက်
လွမ်းရက်တွေ
မရှိယင်တောင်မှ
နွမ်းလျက်ဖြေစရာ
အတွေးတွေနဲ့
ကမ်းလက်တွေ
သေချာခဲ့သဘောဟာ
ပြောပြလို့ကုန်ဖွယ်မရှိပါပြီ.........

တစ်ကယ်တော့
အလွမ်းနဲ့ဝေး
ကမ်းဝေးလှေလို
လေနှင်ရာလွင့်
တမ်းတခြင်းတိမ်တွေလည်း
မိုးအဖြစ်နဲ့မရွာဖြစ်ခဲ့
တွေးငေးနေတဲ့ဘဝ
မလိုချင်လှပါ
တစ်ကယ်ဆို.....
အလွမ်းဆိုတာကောင်းရဲ့လား..........

မကောင်းမှန်းသိ
ထိတိုင်းငြိနေ
တွေဝေစွာပင်
အလွမ်းကြားနစ်ပေါ့
ပြောသည့်စိတ်တိုင်
ခပ်ယိုင်ယိုင်ပဲ
မလွမ်းပဲနေကြည့်
နေချင်သေးတယ်........

မလွမ်းပေမယ့်
တစ်ခုခုကို
တမ်းတတ်တာ
သဘာဝလား
အတွေးမှားတွေနဲ့
ဘေးစကားလည်းမယုံချင်
အသွေးသားထဲမှ
ကြုံတယ်ထင်တယ်
အလွမ်းဆိုတာ
ခါးသက်ချိုမြိန်နေလည်း
ဘိန်းလိုပဲစွဲ......။     ။

Wednesday, November 2, 2011

အချစ်တွေဝေ
















ချစ်သူရေ
ပျော်မောဖွယ်နေ့
ရက်တွေအတွက်
ထာဝရလို့မှတ်ယူပြီး
တစ်ခဏကို
တစ်ဘဝစာအဖြစ်တွေးတော
ငေးမောပြီးနေချင်သေးတယ်
မင်းရဲ့နံဘေးမှာ
လက်ချင်းကိုင်ဆုပ်
မျက်နှာမွန်ဦး
ငုံ့ကြည့်စဉ်ခဏ
ထာဝရပါပဲကွယ်.........

ချစ်သူရေ
တဒင်္ဂတဲ့လား
ခင့်အနားမှာ
တဖဝါးမကွာ
ခွဲလျက်ခွာစွန့်
ဝေးသွားဖို့မဝံ့ပါကွယ်
တွေးမိယုံနဲ့ရင်က
လောင်မြိုက်ကျွမ်းဝေဒနာ
ဖြေဆည်နေရာမရှိပါချေ........

ချစ်သူရေ
အမှားတွေဝေးဖို့
တွေးဆင်ခြင်
ချစ်မိယင်မညာတမ်းပါကွယ်
ရင်ထဲမှာလှိုက်မော
ကိုယ့်ရဲ့ချစ်ခြင်းက
အပြစ်ကင်းချင်တယ်
ကိုယ့်ရဲ့ဆံပင်ဖျားလေးတွေကအစ
မင်းကိုချစ်တယ်ဆိုယင်
လွန်နေမယ်ထင်လား
ခင်ရေသက်ထားအဝေးမသွားနဲ့
နေပါစိတ်ထဲ
နှလုံးအိမ်ထဲမှာ........

ချစ်သူရေ
အရိမေယျတ္တဘုရားရှင်
ပွင့်တော်မူတဲ့အခါမှ
ကျွတ်တမ်းဝင်မဲ့သူတွေထဲမှာ
ပါခဲ့ယင်လေ
သံသရာကျင်လည်ရာတစ်လျောက်
မကွဲမကွာမခွဲမခွာ
နှစ်ကိုယ်တူယှဉ်
ချစ်ကြင်နေချင်ပါရဲ့ကွယ်.......


Wednesday, October 26, 2011

ကဗျာချစ်သောသူငယ်ချင်းများအတွက်

ကျွန်တော်မဖတ်ရသေးပါရရချင်းရှယ်မယ်လုပ်တော့ ကွန်နက်ရှင်ကနှေးအင်းလေအကျင့်ဖြစ်နေပါပြီ
ဖေ့ဘွတ်မှာလည်းလင့်ကမတက်အဲဒါနဲ့ဘလော့ကနေပဲရှယ်လိုက်ပါတယ်http://www.4shared.com/folder/0NtI5WJm/_online.html  အဲတာကတော့မောင်ဘိုးသစ် (ဦးဘိုးသစ်)ရဲ့ကဗျာရေးနည်းနိဿရည်းပါဒေါင်းလို့ရကြပါစေ

ခင်မင်လျှက်
ချစ်သူမောင်


Saturday, October 22, 2011

အမြင်ရိုင်းထင်တိုင်းကြဲတဲ့အခါ လူ=တိရိစ္ဆာန်










လူဆိုတာတစ်ကယ်တော့
အဟိတ်တိရိစ္ဆာန်ထက်သာတာ
အချက်သုံးချက်တည်းရှိသတဲ့......

တစ်အချက်က
အကျိုးအကြောင်းဆင်ခြင်နိုင်ခြင်းတဲ့
ဟုတ်ရဲ့လားကောင်မလေးရယ်
မင်းတို့တတွေတစ်ကယ်
ဆင်ခြင်နိုင်ကြလို့လား
ဟိုတနေ့ကတွေ့လိုက်တယ်
ဘာအဆင်အခြင်မှမရှိပဲ
သွေးဆောင်ဖျားယောင်းနိုင်တဲ့
အဝတ်အစားတွေဝတ်လို့
မင်း..မှတ်တိုင်မှာကားစောင့်နေတယ်...
ငါ့အတွေးထဲကားစောင့်နေတာမှဟုတ်ရဲ့လား
ဖောက်သယ်ဆွယ်နေတာများလားရယ်လို့
ဟုတ်ပါ့မလားကွယ်တစ်ကယ်
ဆင်ခြင်နိုင်ရဲ့လားဆိုတာ
ငါ့မှာတွေးစရာဖြစ်လို့
အဲဒီပထမအချက်
အဲဒီမှာတင်ပျက်ကွက်ခဲ့ပြန်ပေါ့.........

နှစ်အချက်က ကိုယ်ကျင့်တရားတဲ့
လှပမှုတွေအတွက်
ကိုယ်ကျင့်တရားသာကောင်းလိုက်စမ်းပါ
လောကကြီးကချီးမွမ်းမြှောက်စားလို့
တောက်ကြွားလာမယ်ထင်
ငါ့အမြင်မှာတော့တနေ့ကပဲ
ကိုယ်ကျင့်တရားရောင်းစားခဲ့တာ
ငါ့မျက်စေ့နဲ့တပ်အပ်မြင်
ကလပ်တခုမှာတင်ပေါ့
ကိုယ်ကျင့်တရားဟာ
အခါခါဝေးကွာ......
ဘာ့အတွက်ကြောင့်ပါလဲ
ဝမ်းဝဖို့အတွက်လား
ဒါမှမဟုတ်ခါးမှာအလှဆင်
မလုံ့တလုံ့အဝတ်တွေအတွက်ကြောင့်လား
တွေးစရာပါကွယ်
ကိုယ်ကျင့်တရားကို
ပဲလှော်နဲ့လဲစားတဲ့ခေတ်
ရောက်နှင့်ပြီလား....ပေါ့
ငါ့မှာတွေးစရာဖြစ်လို့
ဒုတိယအချက်လည်း
အဲဒီမှာတင်ပျက်ကွက်ခဲ့ပြန်ပေါ့.......

သုံးအချက်က အလှပတရားကို
ခံစားနားလည်ခြင်းတဲ့
ငါ့အမြင်တော့အလှတရားထက်
ရာဂမီးတောက်ဖို့
မစဉ်းစားမဆင်ခြင်နိုင်ပဲ
တိုလေနန့်လေကြိုးပျောက်တွေ
ဝတ်ဖို့သာအရေးကြီးနေတဲ့ခေတ်မှာ
ဘာကိုအလှတရားလို့ခေါ်မလဲ
ငါမဝေခွဲတတ်တော့...........
တစ်ကယ်ဆိုယင်
ရင်ဖုံးအင်္ကျ ီနဲ့ချိတ်ထမီဝတ်မှလှမယ်လို့
ဆိုလိုတာတော့မဟုတ်ရပါဘူး
ယဉ်ကျေးသိမ်မွေ့စွာဝတ်စားတတ်ကြမယ်ဆိုယင်
အလှတရားဟာလေ
ခပ်ပါးပါးမကပါကွယ်
ဒီလိုနဲ့ပဲငါ့မှာတွေးစရာတွေဖြစ်လို့
အဲသလိုနဲ့တတိယအချက်လည်း
ကွယ်ပျက်ခဲ့ပြန်တော့.......

ငါခပ်ပေါ့ပေါ့ပဲတွေးလိုက်တယ်
လူဆိုတာ တိရိစ္ဆာန်ရယ်လို့......။     ။

စိတ်မဆိုးကြပါနဲ့ အပြောဆိုးလို့ နောက်ပြီးဓါတ်ပုံကို Google ကနေပြီးရှာသုံးထားပါတယ်
မြန်မာမလေးတွေရဲ့ပုံကိုမသုံးထားပါ မျက်နှာတွေပါကုန်ပြီးစိတ်ဆိုးတရားစွဲကုန်ကြမှဖြင့်
အဲတာမှမဟုတ် ပွန်းဆိုဒ်စာရင်းတော့မဝင်ချင်ပါဘူး

ချစ်ခင်လေးစားလျှက်


Thursday, October 20, 2011

သက်တံ့ဖျားကငှက်ကလေးသို့(၅)





တက်လာပါပြီ
ရောဂါတွေရယ်
ခက်တယ်ကလေး
တွေ့ဖန်များယင်
လွမ်းသခင်ဖြစ်
ကျွမ်းနစ်ဝင်တဲ့
ဝေဒနာတဲ့
ဘယ်သူမြင်မိ
သိရှိမလဲ........

အခက်ပွေသောကကြား
ဗျာပါဒတပွေ့တပိုက်နဲ့
ဝေ့ဝိုက်ကာမနေချင်တော့
တည့်တည့်လည်း
ထုတ်ပြောချင်ပေမယ့်
ခင်ရယ်သွမ်းသွေးမှာ
အကြောက်သားလေ....

ခံနိုင်ရည်ရှိဖို့
ဝေးစွ...........
ခနဲ့တဲ့တဲ့ပြောယင်တောင်
မနေတတ်မထိုင်တတ်
အခက်လည်းပွေ
ရတက်ဝေဆဲ
ရင်မှာသောကဖြေမရလေ
နွေမိုးဆောင်း
ရာသီတွေသာပြောင်းလဲ
ရင်ကအချစ်
မပြောင်းလဲဖြစ်
ကျွမ်းရစ်ကာအမြစ်တွယ်
နှောင်တွယ်ရစ်ပတ်စေတာ
အချစ်တဲ့လား........

တွယ်မက်တပ်ငြိ
မျက်ဝန်းကအကြည့်တွေ
မြင်မိသိရှိနေသရွေ့ပေါ့
မခံစားနိုင်
ကံတရားဆိုင်ရာ
ခပ်ယိုင်ယိုင်အတွေးတွေလည်း
မတွေးရဲတဲ့အခါမြိုသိပ်ကာခံစား
ဝေဒနာတွေထင်ဟပ်
မြင်တတ်တော်မူ..........

ဝေဒနာနဲ့ပါကွယ်
မသေချာပေမယ့်လည်း
တပ်မက်တွယ်ငြိတဲ့စိတ်ကို
ဘာဝနာနဲ့ပြောယင်
တဏှာမပြတ်သေးတာကွယ်
အင်း..ပုထုဇဉ်ပေပဲကိုးလို့
ရင်မှာတိတ်တခိုးနဲ့
မြတ်နိုးလို့ခင်တွယ်
ဒီခဏမှာတော့
နှလုံးသွေးတွေရပ်သွားမတတ်
ရင်ခုန်လှိုက်မောနေကုန်
ကြင်ယုံလိုက်ပြောမနေတော့......

ဘဝကခါးလွန်းပါတယ်
ချိုတဲ့ရက်တွေရှိပေမယ့်လည်း
ငိုတဲ့ရက်တွေပိုသာများခဲ့
ရင်ခုန်လှိုက်မောယုံသက်သက်နဲ့တော့
ရစ်သမ်အဖြစ်မဖွဲ့ဆိုချင်တော့
ငေးမောကြည့်ယင်းသာကျေနပ်
ကိုယ့်ကိုလည်းမဝေခွဲတတ်
သက်တံ့လားငှက်ကလေးလား
ဒါမှမဟုတ်ငှက်ကလေးကိုစိတ်ဝင်စားရာက
သက်တံ့ကိုပဲချစ်သွားသလား
မဝေခွဲတတ်တော့ပါ.....။     ။

Wednesday, October 19, 2011

အရွယ်လွန်အချစ်




အင်း   ရောဂါကတော့မသေးတော့ဘူးနောက်ပြီးဘလော့ပေါ်မှာကိုယ်ဖန်တီးတဲ့ဟာမဟုတ်တဲ့အရာတစ်ခုတင်
လိုက်ရတာလိပ်ပြာမလုံဘူးဒါပေမယ့်ကြိုက်လွန်းတာကိုးနော်.....ခွင့်လွှတ်ကြပါ


Tuesday, October 18, 2011

နာဂစ်မွှေတဲ့ ညနဲ့ နေ့

မုန်တိုင်းမြန်မာ ပြည်ကိုဖြတ်မယ်တဲ့ နှစ်ရက်လောက် တည်းကသတင်းကြား ရတယ် ဧရာဝတီ
တိုင်းကိုဖြတ်မယ်လို့
အင်တာနက်ပေါ် မှာတွေ့လိုက်တယ် အချစ်ခင်ဆုံး ပဒုမ္မာ ဖိုရမ်ထဲမှာပေါ့ ခက်တာက မုန်တိုင်း
ရဲ့ ဦးတည်ရာဟာ
ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်းကြားမှာ တစ်သက်နဲ့တစ်ကိုယ် ရန်ကုန်တိုင်းကို မုန်တိုင်း ပြင်း
ပြင်းထန်ထန် တိုက်တာ
မတွေ့ခဲ့ ဖူးဘူး ငယ်ငယ်ကတော့ ပုသိန်လေဘေးတို့ ဘာတို့တော့တွေ့ဖူး ကြုံဖူးတာပေါ့
ခပ်ပေါ့ပါ့ ပါပဲ
ည၁၀နာရီဘာပြဿနာ မှမတွေ့သေး ည ၁၁နာရီ လေတော်တော်ပြင်းလာတယ် ည၁၂နာရီ
ခေါင်မိုးပေါ်က စပါယ်ထပ်
အမိုး ပြုတ်ထွက်သွားပြီ မနက်၂ နာရီ အရှေ့လေ တအားပြင်းလာပြီး အမိုးကိုနှဲ့ ဖြုတ်နေသလိုပဲ
ဆောင့်ပြီးတိုးလိုက်
လျော့သွားလိုက် ဆောင့်ပြီးပြန်တိုးလိုက်နဲ့ ဂိုထောင် အမိုးအနောက်ဖက်အခြမ်း ပွင့်ထွက်သွား
တယ် မျှားတန်း
တွေပါ ပြုတ်ထွက်ကုန်တယ် အင်း အမိုးပွင့်သွားပြီ ဂိုဒေါင်မပြိုတော့ ဘူးလို့စိတ်ဒုံးဒုံး ချလိုက်တယ်
အဲ.....လေက
တော့ပြင်းထန်စွာအငြိုးနဲ့ တိုက်နေတုန်း မနက် ၃း၃၀ လေက အနောက်ဖက်က ပြန်လှည့်လာတယ်
အငြိုးတကြီး
ပါပဲ တကယ် သဘာဝဘေးဒါဏ်ပဲ ဘာတတ်နိုင်မလဲ အရှေ့ဖက်အခြမ်းမှာ နောက်ဆုံးကျန်ခဲ့ တဲ အမိုး
တစ်ခြမ်းကိုပါ ဖွင့်ထုတ်
သွားတယ် ဘဝတစ်သက်စာမှာ သဘာဝဘေးဒါဏ် ကိုအကြီးမားဆုံးတွေ့ကြုံဖူးခြင်းပါပဲ။ မနက်ရောက်လို့
အပြင်
ဖက်ထွက်ကြည့်လိုက်တော့ စစ် ပွဲပြီးစမြို့ပျက်ကြီးကို မျက်စေ့ထဲမြင်ယောင်လာမိတယ်။ မီးပြတ်
ဖုန်းလိုင်းတွေပြတ်
ဓါတ်တိုင်တွေကျိုး သစ်ပင်တွေကျတော့ လက်နက်ကြီးမှန်လို့ ပြိုလဲပြတ်သတ်ထွက်နေတဲ့
ပုံတွေတော်တော်စိတ်
မချမ်းသာစရာပါ ဘာပဲဖြစ်ဖြစ် ဆုံးရှုံး မှု ကတော့ နည်းမှာမဟုတ်ဘူး ဆိုတာသိလိုက်တယ် နေ့လည်
၂နာရီ ခြံ
ထဲက လဲပြိုနေတဲ့ အပင်တချို့ကိုရှင်းလင်းပြီး မြို့ ထဲဖက်ထွက်လိုက်တယ်ဆိုယင်ပဲ နားနဲ့မဆံ့တဲ့
သတင်းဆိုးတွေ
သေပျောက်နှုန်းတွေ ကြားရတော့တာ ရက်စက်လိုက်တာ နာဂစ်ရာ သူငယ်ချင်း တစ်ယောက်ပြော
သလိုဆို
မင်းတို့ နာယုံတင်မဟုတ်ဖူး ဂစ်ဂစ် နဲ့ ပါအော်ရမယ်တဲ့ ... နောက်တစ်ယောက်ကတော့ မင်းရော
ထိသေးလားတဲ့
မထိယင်ခေတ်မမှီဘူးတဲ့ ခက်တာက ခုထိစာရင်းကောက်ယုံကလွဲပြီး ဘယ်သူ့ကိုမှမတွေ့သေးတာ
ဘာမှလာမ
ပြောသေးတာ မျှော်လင့်ထားလို့ လိုချင်လွန်းလို့တော့ မဟုတ်ပါဘူး ဘယ်တော့မျောက်ပြဆန်တောင်း
ခံရမလဲတော့
မသိပါဘူး အဲတာတွေမြင် နေရ ခံစားရလို့ရေးလိုက်မိတာ ဘာနိုင်ငံရေး အမြင်နဲ့ မှမဟုတ်ပါဘူး ရင်ခံ
တယ် ကြားရတာ
နားဝမသက်သာသလို ကြုံရ တာလဲတကယ် အဆင်မပြေပါဘူး ဘယ်သူ့ကို အပြစ်တင်ရမလဲ ရက်စက်
လိုက်တာနာဂစ်
ရာလို့ ပြောယုံကလွဲပြီး နောက်ထပ်မုန်တိုင်းပြင်းပြင်း ဝင်ပါစေလို့ ဆုတောင်းချင်နေသူတွေ ကိုတော့
ဘာမှမပြော
ချင်တော့ပါဘူး စိတ်ထဲနာတယ် ရင်ထဲနာတယ် ခက်တာက ကျွန်တော်ဘာကောင်မှမှ မဟုတ်တာ
ဘာကာလာမှလဲမရှိပါ
အမြင်မတော်တာလေးတွေပါ ...........။

အမိုး

အဲတာကခေါင်အုပ်စပါယ်ထပ်လေးမြောင်းထဲမှာ

Photobucket

အဲတာကဂိုဒေါင်ရဲ့အနောက်ဖက်ဝင်ပေါက်

ကုန်ပြီ

ခပ်လှမ်းလှမ်းက

Photobucket

ပြားပြားဝပ်ခစားတဲ့ တဲ ကလေး

Photobucket

မုန်တိုင်းပြီးကာစ

Photobucket

ပြိုတစ်ဝက်ပျက်တစ်ဝက်

ဓါတ်ဆီ ၊ဒီဇယ်

နာဂစ်ပြီးနှစ်ရက်အကြာဓါတ်ဆီဒီဇယ်ဘေးဒုက္ခ

Monday, October 17, 2011

သက်တံ့ဖျားကငှက်ကလေးသို့(၄)





ဒီလိုပဲ
ကြည့်ယင်းနဲ့စိတ်တင်း
မနာလိုခြင်းတွေ
ရင်မှာလှိုက်ခတ်
မစ ္ဆရိယပါတဲ့
ကိုယ်တိုင်က
ငယ်တော့တဲ့အရွယ်မဟုတ်တောင်
ဝင်ပါနေချင်သေးတယ်
ကလေးတွေရဲ့အနား
ကလေးတွေရဲ့စကားကြားမှာ
နစ်မျောပျံ့လွင့်
စေတသိက်ရဲ့ခြေရာ
ရင်မှာသောကနဲ့
လောင်မြိုက်ကျွမ်းစေ
သူစေညွှန်းလေရော့သလား......

အတွေးမှာယောင်လည်
အမှောင်ကွယ်ကပုန်းနေ
ချစ်သူရေလို့တမ်းတခေါ်မိ
အပြစ်ရှိလား
အတွေးမှားသံသယ
တွေ့တိုင်းအားငယ်
အရွယ်လွန်အချစ်ဟာ
နယ်ကျွံလို့မဖြစ်
လွန်နေယင်ခွင့်လွှတ်
စွန့်စားအတွေးမှာ
ခဏလေး....
အချစ်တွေ
ပေးချင်သေးတယ်
ခဏလေး.....
ချစ်တယ်ဆိုတဲ့အကြောင်း
ပြောချင်သေးတယ်
ယူကွယ်သခင်
အကြွေလွန်တယ်ထင်မလား
အတွေးမမှားပါနဲ့ကွယ်
အရေးသား
ချာချာလည်တာမို့
ကလေးကလားပါကွယ်လို့
ထင်ချင်လည်းထင်
ရင်ခွင်မှာအမြင်မှောက်မှား
တမင်တကာခွင်ဆင်
ထောင်ချောက်လားကွယ်.......

ထားရစ်မယ်လို့
စိတ်မှာတင်း
တစိမ်းမို့
အစိမ်းခွဲတာလားကွယ်
သက်တံနဲ့
သက်တံ့ဖျားကငှက်ကလေး
ဘယ်သူ့ကိုပိုချစ်လဲ
ကိုယ်ကိုတိုင်
အတွေးမှာချာလည်မျော
မရေရာသောအဖြေများ
တခါတရံသက်တံ့
တခါတရံငှက်ကလေး
ကွဲကွဲပြားပြားမသိပေမယ့်
မနာလိုစိတ်ကပိုကရို
ဒါမှမဟုတ်
သက်တံ့ဖျားကငှက်ကလေးကိုချစ်ယင်း
သက်တံ့ကိုသံယောဇဉ်ပိုလာသလား
တွေးလို့ရမယ်မထင်တော့
ကိုယ်ကိုတိုင်တွေးကာလှောင်ရယ်
ပျိုပျိုမှိုင်ငေးကာရှောင်ဖယ်
အတွေးရယ်အဆွေးရယ်
တခါတရံတော့
ကလေးငယ်လိုပါပဲ..........

သူငယ်ပြန်တယ်
ဆိုစေဦးတော့
တားမရတဲ့ချစ်ခြင်း
အမုန်းမြစ်တစင်းလား
မစီးဆင်းပါစေနဲ့လေ
တေးသီနေပါငှက်ကလေးရယ်
သက်တံ့ကတော့တရံတခါ
ပေါ်လာလေနိုး
စောင့်မျှော်ကိုးလည်း
နေခြည်ဖြာမိုးတွေရွာစဉ်
ငယ်ဘဝကိုပဲတမ်းတ
အချစ်ဆိုတာ
ရင်ခွင်ကိုဝင်ပြီး
နေရာမယူစေချင်
လွမ်းတတ်တဲ့ရင်တစ်ခုမက
အပိုရှိစေချင်ရဲ့
ဒါပေမယ့်
ချစ်တတ်တဲ့နှလုံးသားက
တစ်ခုတည်း.........။     ။


Wednesday, October 12, 2011

ဝါလကင်းလွတ်သီတင်းကျွတ်မှာပျော်နိုင်ကြပါစေ












ချစ်ခင်လေးစားရပါသောဘလော့ဂါအပေါင်းသင်းရောင်းရင်းမောင်နှမများအားလုံး
ဝါလကင်းလွတ်တဲ့သီတင်းကျွတ်မှာ ပျော်ရွှင်ကြပါစေလို့ဆုတောင်းပတ္ထနာပြုလိုက်
ရပါတယ်ခင်ဗျာ........အတွဲရှိသူများလည်း ပျော်နိုင်ကြပါစေလို့ဆုတောင်းယင်း
အတွဲမရှိသေးကြကုန်သော ရေးဖော်ရေးဖက်အပျိုကြီးလူပျိုကြီးများအားလုံးလည်း
အချစ်ဆိုသောအရာကိုလျှင်မြန်စွာရှာဖွေတွေ့ရှိပြီးသကာလ လူပျိုကြီးအပျိုကြီးဘဝမှ
အလျှင်အမြန်ကင်းလွတ်ကြပြီးသကာလ အချစ်၏ချိုမြိန်သောဒုက္ခသုခနှစ်ဖြာကို
အလျှင်အမြန်ခံစားနိုင်ကြပါစေကုန်.........
ရည်ညွှန်း>>>>>>> ပျိုးယုဝသုန် ၊ စန္ဒကူး

အားလုံးကိုခင်မင်လေးစားလျှက်
ချစ်သူမောင်

ကူးလးကတာ့ကျွတ်ပြီ နည်းနည်းကြာပြီ
ငါ့ညီမ ပျိုးယုဝသုန်ကျ ကျွတ်လုဆဲဆဲထင်ပါတယ်
2.8.2024 😁😁😁