နှင်းရေ
မင်းလားကွယ်
တံခါးမခေါက်ပဲ
ရင်ထဲကိုတိုးတိုက်ဝင်လာ
လဒီဇင်္ဘာရယ်လေ........
နော့ဗကိုတွေ့လျှင်
တမ်းတငိုတတ်
မကျေနပ်တဲ့အဖြစ်
အချစ်သင့်ခဲ့သလား
ထင်မှတ်မှားဆဲတွေဝေမှု.......
လျှောက်လေလွမ်းလေ
တမ်းမက်တွယ်ငြိတတ်သော
စိတ်ခန္ဓာ၏ကိုယ်စား
တွေဝေမိုက်မဲခြင်းတွေ
နေရာယူနေလင့်......
မြူခိုးတို့
ကြွေလင့်စောတဲ့
သည်ရာသီချိန်ကာလ၌
တစ်ချိန်ကပျော်မြူး
ချစ်ရည်လူးခဲ့ကြဖူးသော
ကာလရှည်လျား
ရက်လရှည်ကြာ
နှစ်အသွင်ပြောင်းလည်း
မမေ့တတ်ခြင်း
မေ့လျော့ခြင်းငှာ
မစွမ်းဆောင်နိုင်ခြင်းနှင့်အတူ..........
အမုန်းသည်းခဲ့ရသော
အချစ်ဦး၏ရင်ခွင်ကို
အောက်မေ့တမ်းတ
သတိရမိ...........။ ။
8 comments:
အချစ်ဦးဆိုတော့လည်း ဘယ်မေ့မလဲလေ.. :P
မအားလို့ ခုမှပဲရောက်ဖြစ်တော့တယ် :D
ဆောင်းရာသီကို ရောက်ပြီဆိုရင်ဖြင့်
ရောဂါဟောင်းက ပြန်ပေါ်လာပြီ။
သြော်အေးရယ် ကမ္ဘာကုန်ကျယ်သ၍ ဘယ်မေ့လိမ့်မလဲ
ဟီးဟီး ရောဂါဟောင်းကမနေတော့ ဖေ့ဘွတ်ပေါ်ကအေးရဲ့ဝေါမှာတောင်သွားရေးမိသေးတယ်
ကန်ဒီရေ အချစ်ဦးမို့မမေ့တာဟုတ်ဖူးရယ်
နှင်းကျလို့ရောဂါထတာ
:P
အားပါး...အမုန်းသည်းခဲ့သော အချစ်ဦးဆိုတဲ့ စာသားကို ထိုင်စဉ်းစားနေမိသဗျို့...
ဒီခေတ်က အမုန်းဆိုတဲ့ စကားကို “ အရမ်း ”ဆိုတဲ့ စကားလုံးအစားသုံးနေကြတာမဟုတ်လား...အရက်အများကြီးသောက်တယ်ဆိုတာကို အမုန်းသောက်တယ် လို့ပြောတာမျိုးပေါ့...
ဒါနဲ့ပဲ အမုန်းသည်းတာကို သရုပ်ခွဲလိုက်မိတော့ အပြင်းအထန်သည်းခဲ့ကဲခဲ့သော လို့ဖွင့်ကြည့်မိတယ်...
မူလဆိုလိုရင်းရော မူလီဆိုလိုရင်းပါ ပြည့်ပါဘိ...
ဦးဟန်ကြည်
အထင်မှားနေပါပြီဗျာ အလွန်တရာမှ မုန်းတီးနာကျည်း
ခဲ့သူပါဗျာ သို့သော်လည်း ခွင့်လွှတ်တတ်ခဲ့သော ကျွန်တော့ရဲ့စိတ်လေးအနည်းငယ်ကြောင့် ဒင်းသက်သာရာ
ရသွားခဲ့ပေါ့ဗျာ...........
ခင်မင်လေးစားလျှက်
ချစ်သူမောင်
အချစ်ဆိုတာ ပေးဆပ်ခြင်းပါ ချစ်သူမောင်ရေ။
အချစ်ကြီးရင် အမျက်ကြီးသလို နာကျည်းမှုလည်း နက်ရှိုင်းတာပေါ့နော်။ အချိန်ကဖြေဆေးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အချစ်တဲ့လား
ရင်ကိုနင့်စေတဲ့အဖြစ်
မေ့ပစ်ဖို့လည်းမလွယ်
မသိစိတ်အကွယ်က တံခါး
ဘာကြောင့်ဆွဲဖွင့်သွားခဲ့သလဲ..။
အစ်ကိုကြီး အကိုရဲ့ ကဗျာက တစ်ဆင့် ပေါက်ဖွားရစ်တဲ့ စာစလေးပါဗျာ။
မရောက်တာကြာပြီမို့လို့ ကဗျာ တော်တော်များများလွတ်သွားတယ်။
ညီလေးရေ(မင်းဧရာ)မတွေ့တာကြာပေါ့ကွာ
စာတွေရေးပါဦးအလှမ်းဝေးနေတယ်ထင်တယ်
ခင်တဲ့
အစ်ကို
Post a Comment