Wednesday, November 2, 2011

အချစ်တွေဝေ
















ချစ်သူရေ
ပျော်မောဖွယ်နေ့
ရက်တွေအတွက်
ထာဝရလို့မှတ်ယူပြီး
တစ်ခဏကို
တစ်ဘဝစာအဖြစ်တွေးတော
ငေးမောပြီးနေချင်သေးတယ်
မင်းရဲ့နံဘေးမှာ
လက်ချင်းကိုင်ဆုပ်
မျက်နှာမွန်ဦး
ငုံ့ကြည့်စဉ်ခဏ
ထာဝရပါပဲကွယ်.........

ချစ်သူရေ
တဒင်္ဂတဲ့လား
ခင့်အနားမှာ
တဖဝါးမကွာ
ခွဲလျက်ခွာစွန့်
ဝေးသွားဖို့မဝံ့ပါကွယ်
တွေးမိယုံနဲ့ရင်က
လောင်မြိုက်ကျွမ်းဝေဒနာ
ဖြေဆည်နေရာမရှိပါချေ........

ချစ်သူရေ
အမှားတွေဝေးဖို့
တွေးဆင်ခြင်
ချစ်မိယင်မညာတမ်းပါကွယ်
ရင်ထဲမှာလှိုက်မော
ကိုယ့်ရဲ့ချစ်ခြင်းက
အပြစ်ကင်းချင်တယ်
ကိုယ့်ရဲ့ဆံပင်ဖျားလေးတွေကအစ
မင်းကိုချစ်တယ်ဆိုယင်
လွန်နေမယ်ထင်လား
ခင်ရေသက်ထားအဝေးမသွားနဲ့
နေပါစိတ်ထဲ
နှလုံးအိမ်ထဲမှာ........

ချစ်သူရေ
အရိမေယျတ္တဘုရားရှင်
ပွင့်တော်မူတဲ့အခါမှ
ကျွတ်တမ်းဝင်မဲ့သူတွေထဲမှာ
ပါခဲ့ယင်လေ
သံသရာကျင်လည်ရာတစ်လျောက်
မကွဲမကွာမခွဲမခွာ
နှစ်ကိုယ်တူယှဉ်
ချစ်ကြင်နေချင်ပါရဲ့ကွယ်.......


9 comments:

blackroze said...

ကဗျာထဲက ဆုတောင်းလေးအတိုင်း
ပြည့်ပါစေရှင်..

ဟန်ကြည် said...

စာသားလေးတွေ သိမ်မွေ့လှပါလား...“ မျက်နှာမွန်ဦး ” ဆိုတဲ့ တင်စားချက်ကလေး ကြိုက်သဗျာ...မရိုးမဆန်း စာသားလေး...ကိုယ်တိုင်က ကဗျာမျိုးစေ့ နည်းနည်းခမ်းနေလေတော့ သူများကဗျာလေးတွေ လိုက်ဖတ်ရင်း ပြန်နွှေးနေရတာ...ဆွတ်ပျံ့ဖွယ် ကဗျာလေးအတွက် ကျေးဇူးတင်ပါရဲ့...

ချစ်သူမောင် said...

blackroze ရေ ကျေးဇူးတင်ပါတယ်ဗျာ
တောင်းပေးတဲ့ဆုနဲ့ပြည့်ချင်ပါတယ်

ဦးဟန်ကြည်ရေငယ်မူငယ်သွေးလက်
ပြန်နွှေးတာပါဘာရယ်ဟုတ်ဖူးဦးဟန်ကြည်
လွမ်းတော်မူလို့စာကိုစီတာလိုမျိုးအမှတ်တရ
လေးတွေအတွက်တဒင်္ဂဖြစ်ဖြစ်ကြည်နူးချင်စိတ်နဲ့
ကြည်နူးနိုင်ကြပါစေဆိုတဲ့အချက်တစ်ခုတည်း
နဲ့ ရေးဖြစ်တဲ့လွမ်းတော်မူလို့စာကိုစီတာပါဗျာ
ဒါမှမဟုတ်ကလေးတွေအတွက်ရည်းစားစာရေးနည်း
အဲခက်တာကခုခေတ်ကစာမှမပေးကြတော့တာ
အဲပါဗျာ ဘာဖြစ်ဖြစ်စကားလုံးနုနုလေးတွေအမြဲသုံး
ချင်ပါတယ်ပျော်ရွှင်ကြပါစေ

ခင်မင်လေးစားစွာဖြင့်
ချစ်သူမောင်

ayesnake said...

သံသရာ ကျင်လည်ရာတစ်လျှောက်
မခွဲမခွါ ...
ဟင်! ပျင်းစရာကြီး
(ကဗျာလေးက ကောင်းပါ့ ၊ ဒါကအတည်ပြောတာ ဟိ)

ချစ်သူမောင် said...

အေးရေ
တစ်ကယ်စဉ်းစားကြည့်ယင်
ကျင်လည်ရာသံသရာတစ်လျှောက်လုံး
တစ်ယောက်တည်းနဲ့ပဲဆိုတော့
ပျင်းစရာကောင်းမှာအမှန်ပါပဲ
ဒါပေမယ့် အဲလိုအချစ်မျိုးနဲ့
ချစ်ရတဲ့သူတွေ့လာခဲ့ယင်ကောညီမလေးဖြေပါ

ခင်တဲ့
ချစ်သူမောင်

ayesnake said...

မတွေ့ ခဲ့လို့  ဒီလိုဖြစ်နေတာပေါ့
တွေ့ မယ်လည်း မထင်ပါဘူး ကိုကြီးချစ်။

ချစ်သူမောင် said...

ဖြစ်ရတယ် အေး ရယ်

ချစ်သူမောင် said...

ဖြစ်ရတယ် အေး ရယ်

ayesnake said...

ရော …………
မေးလို့  ဖြေတာနော်။