
ဘာမှမပြောချင်ပါဘူး
ချစ်တတ်တဲ့
စိတ်လေးတစ်ခုတည်းနဲ့
မနေ့ကစပယ်ပွင့်ပေမယ့်
ဒီနေ့မှာမပွင့်တော့
မနေ့က
နှင်းဆီပွင့်ဖတ်တွေကြွေတော့
ဒီနေ့ နှင်းဆီတစ်ဖူး
သူခူးလာခဲ့
ဘာပဲဖြစ်ဖြစ်
ငါတို့ပျံသန်းခြင်းတွေအတွက်
မနက်ဖြန်ဆိုတာရှိရမယ်
မနက်ဖန် မရှိဘူးဆိုယင်တောင်မှ
ငါတို့ပျံသန်းခြင်းတွေက
အလကားတော့မဖြစ်ပါဘူး
စကားလုံးတွေနဲ့
ကုတ်ခြစ်ခဲ့ကြ
ကြမ်းရှရှ ပင့်ကူအိမ်စာမျက်နှာ
ဟိုမှာအဖော်တစ်သင်း
ဒီမှာသူငယ်ချင်းတွေ.....
ဝေးမြေခြားလည်း
နီးနေကြဆဲပေါ့.........
ဘာပဲဖြစ်ဖြစ်ပေါ့
ငါတို့တွေဆက်ပြီး
ပျံသန်းကြ
ကုတ်ခြစ်ကြမယ်
လေဟုန်ကိုခွဲလို့
ပရော့ဆီတွေကျော်လို့
မရရတဲ့နည်းနဲ့
သမိုင်းအဖြစ်ကုတ်ခြစ်ယင်းနဲ့
ဒါဏ်ရာရတဲ့သူကရလို့
နာကျင်နေတဲ့သူတွေကနာကျင်လို့
ခရီးအတွင်တွင်ထွက်ကြ
ဤခရီးနီးသလားဆိုပြီး
လှမ်းခဲ့ကြ
ဘာလိုလိုနဲ့နှစ်ပေါင်း
များခဲ့ပြီပဲ..........
မနက်ဖန်မိုးမရွာလဲ
ငါကျေနပ်ပါတယ်
မနက်ဖန် မီးမလာလဲ
ငါကျေနပ်ပါတယ်
မနက်ဖန်..ကွန်နက်ရှင်နှေး........လဲ
ငါကျေနပ်ပါတယ်
မနက်ဖန်........ ..........လဲ
ငါကျေနပ်ပါတယ်
ဘာပဲဖြစ်ဖြစ်
အခန်းထဲလှောင်ပိတ်မထားကြပါနဲ့
မွန်းတတ်လို့ပါ
ဒါပေမယ့်
ဒီအခန်းထက်ကျယ်တဲ့နယ်ပယ်
ဘယ်မှာရှိဦးမလဲ
ဘာပဲဖြစ်ဖြစ်
ငါတို့ကဖားသူငယ်တွေပါ......။ ။
7 comments:
အဲဒီဖားသူငယ်လေးတွေက တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေပဲ ချစ်သူမောင်ရေ...ရေအိုင်လေးတွေ စိမ်းလန်းပါစေပေါ့ဗျာ...ဟုတ်ဖူးလား...
ဟုတ်ပါတယ်ဦးဟန်ကြည်ရေ
လာလည်တဲ့အတွက်ကျေးဇူးပါဗျာ
ခင်မင်လေးစားလျှက်
ချစ်သူမောင်
ကျနော်လဲ ဖားတစ်ကောင်ဖြစ်ချင်ပါတယ်...
ဒီလို အခက်အခဲတွေကြားထဲကနေ ဘလော့လေးကို ၂၀၀၈ ကနေ ၂၀၁၁ အတွက် ထိန်းသိမ်းလာတယ်ဆိုတာကတော့ ဂုဏ်ယူစရာပါပဲ...
ဖားသူငယ်ပါပဲ။ ရေအိုင်ထဲမှာပျော်မွေ့...။ အချင်းချင်း ချစ်ကြည်ကြ။ သိပ်ကို ပျော်စရာကောင်းပါတယ်။
ပို့စ်တွေဖတ်ချင်တာကြောင့်- ဆာဗာဒေါင်းတာကလွဲရင်
မီးမလာလည်း အကြောင်းမဟုတ်ပါဘူး။ (မီးစက်သုံးမယ်)
ကွန်နက်ရှင်နှေးလည်းအကြောင်းမဟုတ်ပါဘူး။ (စိတ်ရှည်ရှည်စောင့်မယ်)
စာမျက်နှာတွေပိတ်သွားလည်းအကြောင်းမဟုတ်ပါဘူး။ (ပရော်စီနဲ့ကျော်မယ်) ချစ်သူမောင်ရေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အင်းဟုတ်တော့ဟုတ်တယ်အန်တီတင့်ရဲ့
ဒါပေမယ့်လေ နေရှင်နယ်ဂိတ်ဝေးပိတ်မှာတော့ကြောက်
တယ် .mm ဒိုမိန်းတွေကအဲ့ချိန်ကျမှကောင်းတော့ဘူး
ခုလဲမတက်ချင်တက်ချင်ရယ်
ခင်မင်လျှက်
ချစ်သူမောင်
Post a Comment