ကြွေချင်ကြွေလေ..
မင်းသဘောပေါ့
တားမြစ်ပိုင်ခွင့်
အလျဉ်းမရှိသူရယ်ပါ~~~~~
ဝေချင်ဝေလေ
မင်းရဲ့ စိတ်ကြိုက်
အနားမှာနေ
တိုးတိုးဖော်ဖြစ်
အချစ်တွေပံ့ပိုး
အလွမ်းမိုးမသည်းတဲ့
နေ့ရက်တွေလေ
ညှိုးမလျော့မီ~~~~
တေလေပဲလား
တွေဝေဆဲလား
အပါးမှာ
ဖဝါးမှမခွာပါ
သည်းမြညှာရယ်
တကယ်ဆိုတော့
လက်တွဲဖော်ပေါ့ကွယ်~~~~
ပြောလို့မှမယုံယင်
ကြုံဖူးမှသိမယ်
အလွမ်းတရားတွေထားရစ်ခဲ့
ဟိုး....အဝေးမှာ
ကျန်ခဲ့စေလေ
တွယ်တာနှောင်ရစ်
တိုးချစ်တတ်စေ~~~~
5 comments:
တိုးချစ်ပါလဲဆိုတယ်..
မလွမ်းရလဲဆိုတယ်..
....း)
ကဗျာလေးခံစားဖတ်သွားတယ် ဥဥ..
ကောင်းတာပေါ့လေ ....
မလွမ်းရလို့
ကိုယ့်ကိုယ်ကို သတိပေး
လက်တွဲဖော်လေးကိုပဲ တိုးချစ်တော့မယ်
ဆိုခဲစေ မြဲစေနော်။
(ကဗျာလေး သိပ်ကို နူးညံ့တယ်။
ကဗျာလေးအားပေးသွားတယ် ချစ်သူမောင်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ကဗျာကို နောက်တစ်ပိုဒ်လောက် ထပ်ထည့်လိုက်ရင် ပိုပြီးအရသာ ရှိသွားမယ်လို့ ခံစားမိတယ်...ဖတ်ပြီး အရသာခံလို့ကောင်းနေတုန်းမှာ ဖြတ်ချလိုက်သလို ဆတ်တငံ့ငံ့ကြီးခံစားရလို့...
ကူကူးရေကျေးဇူးနော်
အေးရေ ဘာပြောမိလို့တုန်း
အန်တီတင့်ကျေးဇူးပါခင်ဗျ
ဦးဟန်ကြည်ရေခွင့်လွှတ်ပါဗျာ
တခါတလေဆက်မရေး(ဆက်မရေးဖြစ်တာက)ဆက်ရေး
တာထက်ဖတ်ရတာပိုကောင်းမယ်ထင်ပါတယ်ဗျာ
ခင်မင်လေးစားလျှက်
ချစ်သူမောင်
Post a Comment