Tuesday, April 17, 2012

၀တ်လစ်စလစ် ရိုးရာယဉ်ကျေးမှု

                                 ဤသို့ကခုန်ကြသည်




ဤသို့အနောက်ဆန်ကြသည်    


အောက်ကပုံလိုရေပင်မရောကြတော့   


ဤသို့ကျက်သရေရှိသော.....



အချိန်ကား အေဒီ ၂၀၁၂ ခုနှစ်
နေရာကား ဗာရာဏသီပြည်
အုပ်ချုပ်မင်းလုပ်သူကား စကြဝတေးမင်းဟုသမုတ်ခံထားရသူ

ဆင်မည်းများရှင်သားရေစီသူမင်းတြား......ဗာရာဏသီပြည်ကြီးအလွန်စည်ကားဖွံ့ဖြိုးတိုး
တက်လာသည့် ကာလဖြစ်သည့်အလျောက်နိုင်ငံတွင်းတွင်လည်းအလွန်စည်ကား
သိုက်မြိုက်လွန်းလှချေသည်။ဝတ်စားပုံမှာအလွန်အဆင့်တန်းမြင့်မားလာကြရာ
ဖက်ရှင်ဒီဇိုင်နာများသည် ပိုးထည်အမျိုးစားမှထုတ်လုပ်အပ်သော (ယ္ခုခေတ်)
ဇာခြင်ထောင်တမျှ ပါးလှပ်သော ပိတ်အုပ်တို့ကို အဝတ်အထည်အဖြစ်ချုပ်လုပ်
ရတော့သည်။ထို့အပြင်ဘောင်းဘီ၊စကပ်စသည်တို့သည်လည်းတိုသည်ထက်တိုကုန်ကြသည်ဖြစ်ရာလုံမပျိုတို့
မြင်ကွင်းအလှူကြီးပေးကုန်ကြသောခေတ်ဖြစ်တော့သည်။
ကမ္ဘာကြီးပူနွေးလာသည့်အတွက် ဗာရာဏသီပြည်သည် အီကွေ
တာနှင့်နီးသဖြင့်အပူဒါဏ်ကိုခံစားရလေရာထိုမျှပါးသောလှပ်သောအဝတ်အထည်

ပင်အေးမြအောင်စွမ်းဆောင်နိုင်ခြင်းမရှိသေးချေ ။

ထို့အပြင်ထိုထိုသောဗာရာဏသီပြည်၏ထူးခြားချက်အဖြစ် နှစ်သစ်ကူးကာလတွင်
ရေပက်ဖျန်းခြင်းဖြင့်မင်္ဂလာယူကုန်ကြသည် ဖြစ်လေ၏။

ထိုကာလတွင်ကားလူငယ်များစည်းလွတ်ဝါးလွတ်ပျော်ရွှင်ကြသည်ဖြစ်ကြလေရာ
အရက်သေစာ သောက်ပွဲစားပွဲဆင်ယင်ကျင်းပကာ ရေသွန်းလောင်းပက်ဖျန်းကြ
ကုန်သည်ဖြစ်ရာယခင့်ယခင်မင်းများလက်ထက်ထက်ပို၍တမူထူးခြားကာပို၍
စည်ကားလေသည် မြို့တော်တစ်ဝိုက်တွင်ဆိုဖွယ်မရှိ။

အလွန်စည်ကားလေရာရေသဘင်ပွဲသည်သေသောက်ပွဲနှင့်မခြား တမူထူးခြား
သည်ကား ယခင့်ယခင်မင်းများလက်ထက်နှင့်မတူ အမျိုးသမီးမြောက်မြားစွာ
ပါသေသောက်ကြူးပွဲတွင်ပါဝင်လာကြခြင်းဖြစ်လေသည်၊

မြင်ကွင်း(၁)

အလွန်ပူအိုက်ရသည်ဖြစ်လေရာ အမျိုးသမီးများဘီကီနီ ပါးပါးဝတ်ကာ

မဏ္ဍပ်များပေါ်တွင်ရေကစားနေလတ္တံ့ထိုမဏ္ဍပ်ဘေးတွင်

မှောင်ခိုအရက်ဘီယာအမြည်းစုံလင်စွာရသောဆိုင်ငယ်လေးတစ်ဆိုင်အဆင်သင့်
ရှိလေရာမဏ္ဍပ်ပေါ်တွင်ရေကစားနေရာမှ အတန်ငယ်အေးလာသောလုံမပျိုများ
ထိုသေရည်ဆိုင်တွင်းသို့ဆင်း၍သောက်စားကြသည်မူးကာအန်ကြသည်အထိ။
အရက်သေစာကိုအလွန်ကျွံသောက်စားမိပါကသူရာမေဓရကံတစ်မျိုးမှလွဲ၍
ထပ်မံကာမည်သည့်ကံကိုမှ မချိုးဖောက်နိုင်သော်လည်း ရီဝေေ၀အဆင့်တွင်
မည်သည့်ကံမျိုးကိုကျူးလွန်ရမလဲလာခဲ့ဟူ၍သွေးကြွတတ်လေရာ သူရာမေဓရ
ကံအပြင် အနီးစပ်ဆုံးဖြစ်သော ကာမေသုမိစ္ဆာစာရကံကိုပါကျူးလွန်ရန်
ဝန်မလေးသည်ဖြစ်ရကာ ထိုသို့ဖြစ်အောင်မြှူဆွယ်သည့်ကကွက်မျိုးစုံဖြင့်
စင်ပေါ်ပြန်တက်ကာကော့ကော်ကန်ကား ကပြသည်ဖြစ်လေရာ

ရေပက်ခံထွက်လာသော ချယ်ဂါရီပေါ်မှပုရိဿတို့မနေနိုင်မထိုင်နိုင်ဖြစ်ကာ
ဝင်ရောရာမှ လူရှေ့မရှောင် အရှက်တရားကင်းမဲ့စွာ အနောက်နိုင်ငံများတွင်
နမ်းလေ့ရှိသောပါးစပ်ချင်းနမ်းသည်အထိအပြင်ရမက်ဇောပြင်းထန်လာပြီး
နောက် အဆင်ပြေပါက မဏ္ဍပ်နောက်အတူဝင်ကာ အဝတ်လဲခန်းတွင်း.............

မြင်ကွင်း(၂)

ရေပက်ခံထွက်သောစက်တပ်ချယ်ဂါရီများပေါ်တွင်လည်းမထွက်မီက ကြိုတင်စု
ဆောင်းထားသောရေခဲစိမ်ထားသည့်သေရည်ပုလင်းအပြည့်ထည့်ထားသော
ဖော့ပုံးများတင်ကာ ရေပက်ခံချယ်ဂါရီများပေါ်မှလုံမပျိုများနှင့် အမယ်ကြီးများ
ပါမကျန် ကိုကိုမောင်မောင်တို့အသာထား မူးယစ်ရီဝေကုန်ကြသည်ဖြစ်ရာ
ပတ်ဝန်းကျင်ကိုလည်းဂရုမထားနိုင်ကဲသာကဲဆွဲသာဆွဲဖြစ်ကုန်ကြသည်က
တဖုံ.......အားမရ၍တည်းခိုခန်းဟိုတယ်ရောက်ကြသူများလည်းရှိကြကုန်သည်
ဖြစ်ရာ............

မြင်ကွင်း(၃)

ဗာရာဏသီပြည်၏ တန်ဆာဖြစ်သောမင်းသမီးချောတစ်ဦးသည်လည်း ပထမနေ့
ဘီကီနီဝတ်ထားသည်ကိုဝိုင်းပြောကြသည်ကိုကြားသည်ထင့်နောက်တစ်နေ့တွင်
အတွင်းခံ(ဘရာစီယာ)ပင်မပါတီရှပ်လက်ရှည်ကိုရင်ဘတ်တွင်ကန့်လန့်ခွဲ
ကာဖြဲစုတ်ကာဝတ်ဆင်လာ၏အနုပညာနယ်ပယ်မှ နာမည်ကြီးရော့ခ်အဆိုတော်
မမခမျာပင်နီအင်္ကျ ီနှင့်သာ(ချီးကြူးစရာတစ်ဦး) အဖြစ်မြင်တွေ့ရလေရာ
ရင်မှာအေးချမ်းရပါသည် အနှီမမ အသက်ရှည်ကျန်းမာပါစေ။

မြင်ကွင်း(၄)

အလွန်ပူအိုက်ရှာလွန်းထင့် အကုန်ချွတ်ကုန်ကြလေပြီ(အဝတ်စားများ)
သို့သော် နှစ်ကူးပွဲတော်ကားဝတ်လစ်စလစ်နှင့်ပြီးဆုံးသွားချေပြီ...............

ဓါတ်ပုံတွေကိုတော့ဖေ့ဘွတ်ကနေယူသုံးပါသည်


Saturday, April 14, 2012

ယဉ်ကျေးမှုတော်လှန်ရေး နှင့် မဟာသင်္ကြန်

















ပ်ထြပီးပြောချင်ပါတယ် သြင်္ကန်ကာလမို့ဥပုသ်လည်းစောင့်မနေနိုင်ပါဘူး ဒီနှစ်သြင်္ကန်အလွန်ပဲစည်ကားလှပါတယ်။ထို့အတွက်လည်းမြန်မာပြည်သူတစ်ရပ်လုံးဝမ်းသာရွှင်မြူးနေတဲ့
အတွက်လည်းမုဒိတာပွား
ပြီးပီတိတွေနဲ့ပျော်စရာကြီးပေါ့ဗျာ။ သို့ပေမယ့်လည်း မမြင်မတွေ့ချင်တာတွေတွေ့နေရတဲ့
အတွက်လည်းခွေးရေပုရပိုဒ်နဲ့ပဲမှတ်မှတ် အိုင်ပက်(ဒ)နဲ့ပဲမှတ်မှတ် သိကြားမင်းကြီးရေ
ကန်တော့ဗျာ ကျွန်တော်စပြီးပြောတော့မှာဖြစ်ပါတယ်။မြန်မာယဉ်ကျေးမှုဆိုတာ
ဟီရိသြတပ္ပ ဆိုတဲ့ရှက်ခြင်းကြောက်ခြင်း တရားကိုလက်ကိုင်ထားပါတယ်ဗျာ.......
ခုတော့ ကျွန်တော်လည်းမျက်စေ့ မမှား မဏ္ဍပ်တိုင်းမှာCCTVကင်မရာတွေမှာ
အထင်းသားမမြင်ချင်မတွေ့ချင် အဆုံးအရှက်မရှိသောပုံတွေသာဖြစ်ပါတယ်
သတိထားကြပါ မဏ္ဍပ်တွေမှာCCTV ကင်မရာအကုန်လုံးတပ်ထားပါတယ်
မသင့်မတော်ပုံတွေ ပါလာယင်ခက်ရချည်ရဲ့လို့မတွေးမိကြပေဘူးလားမသိပါ။အယင်က
အရှက်နဲ့အသက်လဲခဲ့ကြတဲ့ မြန်မာအမျိုးသမီးတွေရဲ့ မော်ကွန်းကို မှင်အနက်လောင်းကြတော့မှာလားမသိ။အတွင်းခံတောင်မပါပဲတီရှပ်ရေစိုတော့ဘာတွေဖြစ်ကုန်မလဲ ဒီနေ့မှအကျနေ့ပဲရှိသေးတာဗျာနော်......မိဘတွေကတော့ကလေးတွေကစားပါစေဆိုပြီး
လွှတ် ၊ကလေးတွေကတော့မဏ္ဍပ်ရောက်တော့သောက်ချင်တိုင်းသောက် ဖြစ်ချင်တိုင်း
ဖြစ်နေပုံတွေများမမြင်ချင်အဆုံးပါဗျာ။မြန်မာအမျိုးသမီးတွေ မလုံ့တလုံဝတ်ထားတယ်
အရက်၊ဘီယာလည်းသောက်ထားတယ်ဆိုယင် ဖြစ်လာမယ့်အကျိုးဆက်တွေအများ
ကြီးဖြစ်သွားနိုင်ပါတယ်။ခက်တာက ယဉ်ကျေးမှုတော်လှန်ရေးလို့ပဲပြောရမလား ကိုရီးယား
ယဉ်ကျေးမှု ၊နိုင်ငံတကာယဉ်ကျေးမှုတွေစီးမျောဝင်လာတဲ့အခါသမယမှာ ထင်တိုင်းဝတ်စားနေဖို့မကောင်းပါဘူး ။ အမြင်တင့်တယ်အောင်လည်းနေတတ်ထိုင်တတ်
ကြပါစေဗျာ။တချို့ကပေါင်ပေါ်မှလှတယ်ထင်တတ်ကြတယ် ၊ခြေသလုံးကဝဲခြောက်အမာရွတ်တွေကရွံစရာ၊တချို့ကတော့ ရင်သားဖေါ်မှလှတယ်ထင်ကြတယ်ဝတ်ထားတာကြိုးပျောက် အတွင်းက ဗလာ အဲတာတွေပဲ ပြောပြန်ယင်တရားဟောနေတယ်ထင်ကြမယ်....တကယ်လှဖို့အတွက် SEXY ဖြစ်စရာမလိုဘူးလို့ထင်ပါတယ် ။ SEXY ဖြစ်မှလှမယ်ဆိုယင်လှယဉ်ကျေးမယ်တွေ
မြောင်းထဲပစ်ထည့်ယုံရှိတော့တာပေါ့။ တစ်ကယ့်အလှစစ်ဆိုတာမိမိဝမ်းထဲမှာသာတည်ပါတယ်စိတ်ထားလှယင်ရုပ်ကအလိုလို
သိမ်မွေ့ပါတယ်။“ဟယ်ချစ်စရာလေး” ဆိုတဲ့အာမေဋိတ်စကားလုံး သူ့အလိုလိုထွက်လာ
တာမဟုတ်ပါဘူး အံ့သြဝမ်းသာလို့ ရုတ်တရက်ထွက်လာတဲ့စကားလုံးမျိုးပါ။အဲဒီ
စကားလုံးမျိုးတွေထဲမှာ SEXY စိတ်မပါပါဘူး ။တွေးကြည့်ကြပါ။ခက်နေတာခုခေတ်မိန်း
ကလေးအများစု ဘီယာအရက်သောက်နေကြတဲ့ကိစ္စကအစပေါ့ ဒီမိုကရေစီရပြီ ငါတို့
လုပ်ချင်ရာလုပ်လို့ရပြီဆိုပြီး ထင်ရာလုပ်နေကြသူတွေကိုလည်းပြောချင်ပါတယ်ဗျာ
အနာဂါတ်ရေးတွေးပြီးရင်လေးနေမိပါတယ်။
ချိတ်လုံချည် ၊ရင်ဖုံးအင်္ကျ ီဝတ်မှမဟုတ်ပါဘူးဗျာလုံလုံခြုံခြုံပေါ့ ဂျင်းဘောင်းဘီအရှည်
ဝတ်ပြီးတီရှပ်ကိုသေချာဝတ်တတ်ယင်လည်းအဆင်ပြေပါတယ်။ဖီလာဆန့်ကျင်တဲ့စကတ်အတို...
တိုသည်ထက်တို ရှေ့ကပစ္စည်းတစ်ခုကျလို့ငုံ့ကောက်
ယင်နောက်ကနေအတွင်းခံဘောင်းဘီဘာအရောင်ဆိုတာမြင်ရတာမျိုး ၊နောက်ဘောင်းဘီအရှည်ဝတ်လည်းအတွင်းခံရဲ့ ရှုံ့ကြိုးအနားစပေါ်နေတာမျိုးတွေမဝတ်
စေချင်တာပါ။လိင်စိတ်ထကြွစေမယ့်အဝတ်မျိုးတွေမဝတ်ကြစေချင်ပါကမ္ဘာပေါ်မှာ
ယောက်ကျားများသာရှိပါတယ် ယောက်ယုန် တို့ယောက် သမင်တို့မရှိဘူးဆိုတာသိထား
ကြစေချင်ပါတယ် ။ ယောက်ကျားဆိုမှတော့ နှာဘူး ဂန်ဒူးနဲ့ ....ပဲရှိပါတယ်။ဂန်ဒူးကို
မကြောက်ချင်နေပါ အရက်မူးနေတဲ့ ကိုယ်ကျင့်သိက္ခာကိုမငဲ့ကွက်တတ်တဲ့ နှာဘူးတွေ
ကိုသတိထားကြပါ။စေတနာနဲ့သတိပေးမိတာဝေဒနာဖြစ်သွားယင်ခွင့်လွှတ်စေချင်ပါတယ်ဗျာ။ဥပုသ်မစောင့်
နိုင်တဲ့ အန်တီတို့ ကြီးတော်တို့လည်း ဘီယာလေးတမြမြ မလုပ်ကြစေချင်ပါဘူး။ယဉ်ကျေး
မှုအရပါ ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုတားမြစ်တယ်လို့မထင်စေချင်ပါ ။မြင်လို့ရေးမိတာပါ ။
ကျွန်တော်ရေးမိတဲ့အတွက်ပရိုက်ဗေစီထိပါးတယ်လို့ပြောယင်လည်း သဘောပါဗျာ.......။

ဓါတ်ပုံတွေကတော့ Google မှ ရှာတွေ့ပါတယ် သို့သော် ရွှေဒါလင်ကွန်းမှ ဓါတ်ပုံပိုင်ရှင်(ရိုက်ကူးသူ)ကိုစိုးဇေယျထွန်းကိုခရက်ဒစ်ပေးပါတယ်ယူသုံးခွင့်ပြုရန်လည်း
အနူးညွတ်တောင်းဆိုပါတယ်


Friday, March 30, 2012

စိတ္ညစ္တယ္မေပ်ာ္ဘူး


အဲဒီသီချင်း
မကြားချင်ပေမယ့်
ကိုယ်တိုင်ဆို
နှစ်နှစ်ဆယ်ကျော်ရှူခဲ့တဲ့အငွေ့
ခုပြတ်ချင်လို့ဖြတ်ခါမှ
အညာတွေတိုး
ပိုလို့သောက်ချင်
စိတ်ဓါတ်တွေကျ
စိတ်တွေတို
ဟိုလူ့ကိုအော်ရမလို
ဒီလူ့ကိုငေါက်ရမလိုနဲ့
စိတ်ထဲမှာ
တစ်ကယ်မပြတ်တယ်
ညစ်လှသည်လေး.....

သည်ကြားထဲမီးတွေက
ပျက်ပြန်ပြီတမှောင့်
ရောင်းခဲ့ဘူးတဲ့မီးစက်တွေကြောင့်
ချခဲ့ဘူးတဲ့ရေစက်လို
စက်တွေမရောင်းရပဲ
အခက်ပိုသည်ရက်တွေထဲမှာ
မဖြစ်မနေဆားဗစ်ပေး
စိတ်အတွေးမှာငိုချင်ပါလှ
ခါခါ..ချရတဲ့သက်မ
မောလိုက်တာကွယ်လို့တောင်
မညည်းချင်တော့ပါဘူး
စိတ်မှာကွယ်လေ
ရူးလိုက်ချင်သေး.......

အရေးထဲမှအရာပေါ်
ကဗျာတောင်မရေးချင်ဘူး
စိတ်တွင်းမှာလှိုက်ဆူ
မြိုက်ပူအောင်ကျွမ်း
ရောင်းခဲ့ဘူးတဲ့
ဆိုင်းဘုတ်တွေကတမှောင့်
ဖုန်းကိုလည်းဘလူးတုသ်တပ်လို့
မအားအောင်ပြောရတယ်
မ၀ယ်ပဲဈေးမေးသူကတမှောင့်.....

သည်ကြားထဲမှာ
စီးပွားရေးအလို့ငှာ
လွတ်နေတဲ့မြေကွက်လေးမှာ
အဆောင်ဆောက်ကာငှားစားမယ်ကြံ
ပန်းရံသည်ကတမျိုး
လက်သမားကတဖုံ
အစွမ်းကုန်ပညာပြကြတယ်

ဝိုင်းလို့သာတွယ်ကြ
စိတ်မှာလေကလော်ဆဲချင်တော့
မနည်းကြိတ်မှိတ်ကာမြိုသိပ်ထားရတယ်

တကယ်ကွယ်ရတက်ပွေတယ်
အခက်တွေပါကွယ်
စိတ်ညစ်တယ်လေ
မပျော်ဘူးကွယ်.....။      ။

Monday, March 12, 2012

ဆန္ဒမစောကြပါနဲ့




















 တချိန်ကဒေါက်တာမောင်မောင် အဲသည်စကားလုံးသုံးမိလို့ခဏလေးနဲ့ဖယ်ပေးခဲ့ရဘူးပါတယ်

     အခုလောလောဆယ်ကျွန်တော်တွေ့နေတာတွေမြင်နေတာတွေအံမ၀င်ခွင်မကျဖြစ်နေတာတွေများပါတယ်
ဘာတွေတွေ့လို့လဲ၊ဟုတ်ကဲ့တွေ့ပါတယ်၊လူဆိုတာ(လူ့ဆန္ဒတွေ) {Human want}တွေကိုပြောတာပါ
အခုလောလောဆယ်တော့ချက်ခြင်းဖြစ်ချင်တယ် ဆိုတဲ့ဆန္ဒတွေထိန်းသိမ်းသင့်တယ်လို့ထင်ပါတယ်
စောင့်ကြည့်ပါဦးပေါ့ဗျာ၊ ဥပမာ- လောလောဆယ် ဖုန်းလိုင်းတွေကျပ်တယ်(မိုဘိုင်း)

အဆင်မပြေမှုလေးတွေတော့ရှိသပေါ့လေ ၊ တချိန်က ဆယ်လူလာသုံးခဲ့တဲ့ခေတ်ကိုပြန်လှည့်ကြည့်ကြပါဦး

အခုဆက်သွယ်ရေးကလည်းတာဝါတွေထောင်နေလို့ဆာဗာကျပ်တာလို့လည်းဖြေထားပြီးပြီပဲ

အလကားနေယင်းဂျာနယ်တွေကနေစွတ်အော်နေဖို့မသင့်ပါဘူး ခဏလေးသည်းညည်းခံကြည့်ကြပါ
အဆင်ပြေပြေဖြစ်သွားမယ်လို့ထင်ပါတယ်။ဟိုးငါးသိန်းတန်စီဒီအမ်အေခေတ်တုန်းကကော

နယ်မြေအကန့်သတ်နဲ့သုံးရမယ်ဆိုတုန်းကလည်းဝယ်သုံးခဲ့ကြတာပဲမဟုတ်လား ငွေပေါလို့ ချမ်းသာလို့
ဝယ်သုံးတဲ့သူများပါတယ်၊နောက်တစ်ခုလုပ်ငန်းလိုအပ်ချက်အရ၀ယ်သုံးတဲ့လူတွေကလည်းခု နှစ်သိန်းဖုံး
ပေါ်လာမှငါတို့ဖုန်းတန်ဖိုးကျတယ် ဆိုပြီးညည်းမနေသင့်ဘူးလို့ထင်ပါတယ်တချိန်ကလုပ်ငန်းလိုအပ်
ချက်အရမဖြစ်မနေ၀ယ်ကိုင်ခဲ့ပြီးကြပြီပဲလုပ်ငန်းလည်းဖြစ်မြောက်အောင်မြင်ခဲ့ကြမယ်လို့ထင်ပါတယ်။
အဲတာဆိုယင်အဲဒီသိန်းနှစ်ဆယ်ကျော်နဲ့ဝယ်ကိုင်ခဲ့တဲ့ဖုန်းက ငွေသိန်းရာဂဏန်းလောက်တော့ရှာပေးခဲ့
ပြီးပြီလို့ထင်ပါတယ်၊ တစ်ဖက်ကကြည့်တော့မတရားဘူးပေါ့ဗျာ။နောက်တစ်ဖက်ကလည်းကြည့်သင့်တဲ့
အချက်က နိုင်ငံတော်အနေနဲ့ အခုမှမြန်မာနိုင်တော်သစ်ကိုစတင်တည်ဆောက်နေတုန်း နိုင်ငံခေါင်းဆောင်မယ့်
သူကလည်းအခုမှရွေးကောက်ပွဲဝင်ဖို့မဲဆွယ်နေတုန်းပါ ။ခေတ္တခဏသည်းခံစောင့်လိုက်လို့အကျိုးမယုတ်ပါဘူး
ထထပြီးစွတ်မအော်ကြပါနဲ့။အသံကြောင့်ဖားသေခဲ့ဘူးပေါင်းလည်းများပြီ။ကျွန်တော်စနေနောက်နေကျစကား
လုံးတွေရှိပါတယ် (လူ့အလိုဝမလိုက်နိုင်)ပါ(နတ်တောင်မှမလိုက်နိုင်တာ ၀ လည်းဘယ်တတ်နိုင်မလဲနော်၊
နောက်တစ်ခုကားတွေသွင်းခွင့်ပြုတယ်လမ်းတွေကြပ်နေတုန်းပဲဆိုတာမျိုးတွေ နိုင်ငံတော်ဖက်ကလည်း လုပ်ပေးချင်မှာပါ
နိုင်ငံတော်ဘတ်ဂျက်ဘယ်မှာလဲ၊နောက်တစ်ခုမီးတွေမမှန်သေးဘူး ခဏစောင့်ဦး ကေဘယ်သစ်တွေထပ်တိုးနေလို့ ဆိုတာမျိုးတွေလည်းရှိမှာပါ။မပြီးခင်မြန်မာမမြင်စေနဲ့ဆိုတဲ့စကားပုံ
လိုလိုလည်းရှိတယ်မဟုတ်လား ။မီဒီယာတွေလွတ်လပ်ခွင့်နည်းနည်းရလာတဲ့ခေတ်မှာ ထင်ရာတွေစွတ်
ပြောနေလိုပမပြီးသေးပါဘူး၊နိုင်ငံရဲ့ဓနအင်အားကြွယ်ဝဖို့လည်းလိုပါသေးတယ်၊အဲဒီအတွက်လူတိုင်းမှာ
တာဝန်ရှိပါတယ်။အားနေလဖက်ရည်ဆိုင်မှာထိုင် ပေါက်ကရရှစ်ဆယ်ပြောနေတဲ့သူငယ်တွေကိုလည်းပြော
ချင်တာပါ လုပ်စရာမရှိဘူးဆိုတဲ့စကားမပြောပါနဲ့ ဘာလုပ်ရမလဲဆိုတာရှာကြည့်ပါ ငါ့ပညာအရည်အချင်း
နဲ့မတန်လို့မလုပ်ဘူးဆိုတာမျိုးလည်းမကောင်းပါဘူး။ငါကဘွဲ့ရဆိုက်ကားမနင်းဘူး ဆိုတဲ့အတွေးခေါ်တွေစွန့်လွှတ်သင့်ပါပြီ။ အခုခေတ်မှာဖြစ်နေတဲ့ပုံစံက သာတဲ့ဆီကူးမယ်ဆိုတဲ့
စိတ်ဓါတ်လေးတွေပါ အလုပ်နေရာအတည်အတကျမလုပ်ချင်ကြဘူး လုပ်ခကတော့များလေကောင်း
လေပါပဲ။လုပ်စရာမရှိလို့မလုပ် မလုပ်တော့မတိုးတက် မုန့်လုံးစက္ကူကပ်နေမှာစိုးတာပါ ဖြစ်နိုင်ယင်တော့
လုပ်သင့်တာစလုပ်ကြပါ အနုမြူဗုံးဒါဏ်သင့်ခဲ့တဲ့ ဂျပန်နိုင်ငံတောင်မှ ကြိုးစားတည်ထောင်လို့အလွန်တိုးတက်ခဲ့တာပဲယဉ်ကျေးမှုကိုတော့ကူးမချနဲ့ပေါ့ဗျာ မြန်မာ မြန်မာလိုနေပါမြန်မာပီသပါစေ စကတ်တွေမတိုကြပါနဲ့ မြင်မိသေးတယ်ခုချိန်မှာတောင်မိန်းကလေးတော်တော်များများအရက်သောက်တဲ့ကိစ္စပါ ငါးပါးသီလထဲ
မှာပါတဲ့ အရက်ကို ဆိုင်မှာလည်းသောက် အိမ်မှာလည်းသောက် ကလပ်ထဲမှာလည်းသောက်နေတာတွေမြင်ရတော့ သိပ်စိတ်သက်သာမှုမရှိပါဘူး
တစ်ကယ်ပါသုံးဆယ့်ငါးကျော်လေးဆယ်ပတ်ဝန်းကျင်မျိုးသမီးတွေသောက်နေတာတော့မြင်မကောင်းပါဘူးသူများ (ကိုယ့်သားသမီးပဲဖြစ်ဖြစ်)ဆုံးမရမယ့်အရွယ်မှာဒီလိုတွေမလုပ်သင့်ပါဘူး(ဒါတော့ကျွန်တော့ကိုဆန္ဒစောတယ်လို့ပြန်အပြစ်မတင်ပါနဲ့ဦး။အစတည်းကမဖြစ်သင့်လို့ပါ။
 နေ့တနေ့ဖေ့ဘွတ်ပေါ်မှာအချိန်ကုန်မယ့်အစားတိုးတက်ရာတိုးတက်ကြောင်းကိုယ်လုပ်နိုင်တဲ့နေရာကနေရှာလုပ်ကြည့်ပါလို့တိုက်တွန်းချင်တာပါ။

     တစ်ဖက်ကပြန်ကြည့်ယင်လည်းနိုင်ငံတော်အစိုးရဖက်က အားနည်းနေတာလေးတွေပြောချင်တာပါ

သတင်းထုတ်ပြန်မှုအားနည်းပါတယ်၊ ၀န်ထမ်းတွေ ဖက်ကလည်းဂရုစိုက်မှုအားနည်းပါတယ်

ဘာပဲဖြစ်ဖြစ်လကုန်ယင်လစာရမှာပဲ ဆိုတဲ့စိတ်ဓါတ် နဲ့လာဘ်ပေး- ရန်မလိုဆိုတဲ့စိတ်ဓါတ်လေးတွေ
တော့ပြင်ဆင်ပေးကြသင့်ပါတယ်နိုင်ငံတော်အနေနဲ့လည်း နိုင်ငံ့ဝန်ထမ်းတွေကို

နေထိုင်မှုစရိတ်ဖူလုံအောင်ထောက်ပံ့ပေးစေလိုပါတယ် လစာတိုးပါလို့ပြောမိတာမျိုးမဟုတ်ပါ

(တော်ကြာကုန်ဈေးနှုန်းထတက်သွားမှဖြင့်ဂွ)အင်တာနက်ကွန်နက်ရှင်တွေနှေးကောင်းတုန်း(ဘာလို့နှေးတယ်
ဆိုတာတော့သတင်းထုတ်ပြန်ပြီး) ဘယ်တော့ကောင်းမှာလဲဆိုတာပြောမပြတော့ အော်တဲ့သူတွေကိုလည်း
အပြစ်မဆိုသာပါဘူး၊ မည်သို့ပင်ဖြစ်စေ နိုင်ငံတာဝန်ထမ်းဆောင်နေသူအားလုံးလည်းကိုယ့်လုပ်ရပ်ကိုယ်
လိပ်ပြာလုံပြီး ကိုယ့်တာဝန်ကိုယ်သိကာ ကြိုးနီစံနစ်ပျောက်ပြီး သကာလတွင် မိမိကိုယ်မိမိယုံကြည်စိတ်ချနိုင်
သူများဖြစ်ကာ ကိုယ့်တာဝန်ကိုယ်ယူရဲသူများဖြစ်နိုင်ကြစေဖို့ဆန္ဒ ပြုတိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။


ဤပို့စ်ကိုခင်မင်ရပါသောလေးစားရပါသော ဘလော့ဂါဘလော့ဂီအပေါင်းဖြစ်သည့် ဆရာဦးဟန်ကြည်၊ ဂျယ်ရီပစ်ပစ်၊ကန်ဒီ၊မချော(အစိမ်းရောင်လွင်ပြင်)၊မဒမ်ကိုး၊ဂျပ်စမင်(တောင်ကြီး)၊ညီမပျိုးယုဝသုန်( Blue Mountain)၊ကိုစိုးထက် (My opening mind)၊အိန်ဂျယ်လှိုင်၊မြသွေးနီ၊White Angle၊ ကူကူး(စန္ဒကူး)တို့ကို
တဂ်ပို့စ်အဖြစ်နဲ့ Tag ပါတယ်ခင်ဗျာ။ဝိုင်းပြီးရေးကြပါဦးလို့ တဂ်ဖို့ကျန်သွားခဲ့တဲ့ဘလော့ဂါအပေါင်းကိုလည်းဆက်ပြီးတဂ်ပါတယ်ခင်ဗျာ..........

Saturday, March 10, 2012

မတားနဲ့လေ






မတားလေနှင့်
ရွာမယ်ဟန်ပြင်
မိုးသခင်ကို
မရွာလေနှင့်
ဆီးတားမရ
သဘာဝလေ
ဘယ်သူဖန်ဆင်း
တားမလဲ......

မတားလေနှင့်
စိမ့်စိမ့်အေးအေး
ဆောင်းလေပွေနော့
သူလေကျော့မယ်
ဆီးတားမရ
သဘာဝမို့
ဘယ်သူမအေးနဲ့
တားမလဲ.....

မတားလေနှင့်
လေနုမွှေးမြ
အသစ်ဝေစည်
ခက်လက်စုံညီ
လှပသည်ကို
သည်လိုနွေဦး
ကြည်နူးစရာ
သည်လိုကာလ
ဂိမ္မာန်တမှာ
ဥသြချိုနှော
အစောကာလ
သဘာဝမို့
ဘယ်သူတန်ခိုးထွား
တားနိုင်မလဲ......

မတားနဲ့လေ
ချစ်တတ်ခြင်းအစဉ်
မုန်းယင်လည်းခဏ
လှိုက်လှိုက်သည်းသည်း
ကြည်နူးရင်ခုန်
ပျော်ရွှင်ချင်တဲ့
စိတ်မျိုးထွေလေ
ဘယ်သူကူလို့
တားနိုင်မလဲ......

မတားနဲ့လေ
တက်မယ်ပြင်တဲ့
ကုန်ဈေးနှုန်းကို
လိုက်လျောညီထွေ
ညှိမနေနဲ့
မတင်နဲ့ဝန်ပို
စံချိန်စံနှုန်း
သတ်မှတ်သုံးစွဲ
လောင်စာဈေးတက်
အမှားအချက်ချက်မှာ
ဘယ်သူနစ်နာ
စဉ်းစားကာလျှင်
တားမယ်ပြင်လျှက်
မတက်မနေ
တက်မယ်လေကွယ်
သဘာဝမဟုတ်လည်း
ကောလဟလ
ကြားယုံမျှနဲ့
တက်ချင်နေတဲ့
သည်ဈေးတွေကို
မတက်နဲ့လို့
ဘယ်သူဖန်ဆင်းတားမလဲ....။     ။

ညီမဝသုန်ရေ....ကျေနပ်နော်......

Tuesday, March 6, 2012

မတောင့်တခဲ့တဲ့ဆောင်း


















ဆောင်းဆိုသည်ကို
မတလေနှင့်
စိတ်ယော်ညှိုးနွမ်း
အလွမ်းတွေချည့်
မှုန်မှိုင်းဝေတော့
လေငယ်ဆော့သွေး
မနွေးနေခြည်
ဖြာလေသည်လည်း
ရင်လှိုက်ချမ်းတုန်
သည်းအူကုန်မျှ
ရင်ကသောက
ပွေမှာစိုး....

မတလေနှင့်
ဆောင်းသခင်ကို
ရင်မွန်ပိုင်ဦး
ပြိုင်ဆိုင်ရူးချင်
ဆောင်းလေနော့သွေး
ချစ်ရေးအမှား
ဆိုသည်ထားလေ
သည်းသည်းခုန်ခုန်
လှိုက်တုန်ချမ်းစေ
လွမ်းလေညှင်းနော့
ဆော့ကာကြည်စယ်
ဖြေလျော့ခွေ
နွမ်းလျက်မနေသာတကယ်.....။     ။


Monday, March 5, 2012

အမုန်းပိုင်စားငါခွဲထားခဲ့















ညက
အမှတ်တရပါပဲ
လွန်ခဲ့တဲ့နှစ်ပေါင်း
နှစ်ဆယ်ကျော်က
တမြတ်တနိုး
တန်ဖိုးထားချစ်ခဲ့သူကို
တမဟုတ်ချင်းတွေ့ရသလိုပဲ
တကယ်ပဲ
သူပဲလား
ဝေခွဲမရခဲ့
ထိတွေ့ခွင့်ရှိခဲ့တယ်
မသိနိုင်ခြင်းတွေပါပဲ
ဟိုးအယင်လို
ဇွတ်တရွတ်ဆိုးပုံမျိုး
ခုထက်တိုင်ပဲလား
နောင်တမရခဲ့ဘူးလား
ငါ့ရင်ကတော့
ပြည့်နေခဲ့တဲ့
တချိန်ကမြတ်နိုးခြင်းတွေ
ထောက်ထားပြီး
ဒီတညတော့
မင်းဆိုးသမျှပါကွယ်
ဆိုးချင်လည်းဆိုးတော့
မခံနိုင်တဲ့အဆုံး
အဝေးဆုံးကို
ထွက်သွားယုံမှတပါး....

အမှတ်ရမိတာတစ်ခုက
နောက်ကျောဒါးနဲ့
ထိုးခဲ့ဘူးတယ်ဆိုတဲ့အတွေး
ဖျတ်ကနဲဝင်လာတာတောင်
စိတ်မနာပဲ
နေတတ်ရဲခဲ့ပြီပဲလေ.....

ဘာပဲဖြစ်ဖြစ်
ကိုယ်တိုင်အံ့သြမိတာ
ရင်မနာနေခဲ့ပါ
ဆိုးသမျှကိုလိုက်လျော
ချစ်ခဲ့ဖူးခြင်းတွေ
အမှတ်တရအဖြစ်နဲ့
ရင်မှာသဒ္ဓါပွားခဲ့
သည်းခံခြင်းတွေသာ
နွဲ့ဆိုးမဟုတ်တဲ့ပုံစံ
မင်းအမြင်မှန်မရသေးဘူးလား......

ဘဝမှာမြင်သမျှလူကို
နွဲ့ဆိုးလို့ရယင်
တခုခုပေးဆပ်ရမယ်
ဆိုတာနားလည်
ပြောစကားတွေခါးတယ်
အမှားတွေလည်းကြုံခဲ့
တရားတွေလဲစုံခဲ့
နားလည်ခြင်းအလျဉ်း
ရင်မှာကင်းယင်
မင်းဘဝနဲ့မင်း
တဒင်္ဂအတွင်း
လည်စင်းပေးတော့
လောကဓံဆိုတဲ့
စကားလုံးကနေ
လောကဒါဏ်ဖြစ်မယ်
ခံနိုင်ယင်ခံတော့........။     ။


သက်တံဖျားကငှက်ကလေးသို့(၇)














တိမ်မထွန်းလို့
ရွာယောင်မမြင်
မိုးသက်လေနှင်
မျှော်လို့မရလည်း
ပေါ်မလာဆဲ သက်တန့်
ခေါ်စရာလည်းမဲ့ခဲ့ပါတယ်
ဖော်ကွာဝေးကာ
ပျော်စရာတွေးလည်း
ရင်ကအတွေး
ခပ်ရေးရေးသာ....

မျှော်မိတယ်ငှက်ကလေး
ဘယ်အဝေးပြေးထွက်
စွဲလန်းစိတ်နဲ့
ရင်ဖိုလှိုက်ခုန်
ခင်ငိုရှိုက်ယုံလား
တွေးမိမှားထင်
ငှက်အသွင်ပျံကြွ
ရင်ကတေးချင်း
မင်းအတွက်ညည်းယင်း....

တွေ့ချင်ပေမယ့်
မစွမ်းသာတစ်ကယ်ပါ
တွေးနေယုံကျေနပ်
နေတတ်ချင်လည်း
မှားယွင်းမှုတွေ
အလီလီဖြစ်မှာကို
စိုးထိတ်ပိုကဲ
အလွမ်းတိုးကာ
နွမ်းလျမှာစိုး....

ညတွေညတွေ
ထထထိုင်နေ
တွေးလို့ယောင်မှား
စိတ်ချောက်ခြားခဲ့
သက်တန့်ရယ်
ငှက်ကလေးရယ်
အမှောင်ထဲကမျက်နှာ
ရင်မခုန်လည်းကျေနပ်
နင်မယုံလည်း
မဖြေတတ်ပါကွယ်......။     ။

Monday, February 27, 2012

ထားရစ်ခဲ့အလွမ်းဖွဲ့တွေ


























တော်ပါပြီကွာ
မလွမ်းတော့ဘူး
အလွမ်းဝေရတာနဲ့
ပန်းတွေသာကြွေယင်
ပန်းတွေလည်းစမ်းနဲ့အပြည့်
ဖြစ်တော့မယ်.......

ပန်းလှေနဲ့
နွမ်းခြေရာကောက်
စမ်းရေမှာ
ပန်းတွေနေစရာပျောက်တော့
ယမ်းယောင်ကာ
မျက်ကွယ်ပြုမယ်
စိမ်းချင်စိမ်းသွား......

မသိမခင်သလို
တစိမ်းပြင်ပြင်
နေချင်နေခဲ့
အိပ်မက်ရဲ့တောအလယ်မှာ
မောတယ်ကွယ်နွမ်းလျ
လွမ်းရလွန်းလို့ရူးချင်မိ
စူးနစ်တဲ့ဘဝရှည်
အခက်ပွေနေစရာမှားနေခဲ့
ရတက်ပွေဖြေစရာရှားစေကွယ့်လို့များ
သင့်ခဲ့သည်လားကျိန်စာ.......

ပျော်ပျော်နေ
သည်ဘဝထွေမှာ
မလွမ်းရလို့တောင်မှ
ကဗျာစပ်ဖူးသေးတာပဲ
ကဲအလွမ်းရေ
နင်အဝေးသွားတော့
သည်လိုနှင်ချင်လည်း
ရင်မှာခက်ခဲခဲ့တယ်.......

အစွဲလန်းကြီးတယ်
ဆိုကြမလား
အမြဲလွမ်းပြီး
ညည်းတွားတယ်ထင်ကုန်မယ်ပေါ့
ဒီတော့......
အလွမ်းတွေ
သည်မှာစခန်းသိမ်းလို့
ရင်ခွင်မှာငြိမ်းအေးပါရစေဦးကွယ်
ချစ်သခင်သက်ထား
အပြစ်မမြင်ပါနဲ့
ဖျက်စကားဆိုကွယ်........

အလွမ်းညိုုရယ်
တောင်စွယ်မှာကွယ်သလို
ဘဝမှာရယ်ပွဲဖွဲ့ပါရစေကွယ်
ရှောင်ဖယ်ကာပြေးထွက်လို့
အဝေးမှာပင်နေပါဦး.....။     ။


Saturday, February 25, 2012

ခွဲခွာခြင်းနာရီ





အတွေးဝေဒနာတွေ
ရင်မှာထင်ရှား
နင်လားကွယ်
ခွဲခဲ့တဲ့ အဖြစ်
ယူကြုံးမရခဲ့တဲ့
ငါ့အဖြစ်လေ....

ရင်ကချစ်ခြင်းတွေ
နှောင်ဖွဲ့ရင်းနဲ့
ရုန်းမဖယ်သာ
ရင်မှာသိုသိပ်
ခပ်မဆိတ်ခံစား
စိတ်မနောအစဉ်မှာ
မချိတရိပါ
သောကနဲ့ငိုပွဲဖွဲ့
နေ့တွေရက်တွေ
မြင်သိမှတ်မိမှား......

အလွမ်းထဲမှာ
မနေသာမနေရဲ
ဖြေဆည်ခြင်းမဲ့
နေခဲ့တဲ့ရင်ခွင်
အစဉ်....
ကွဲကြေပြုန်း
နင်လဲလေ
အမြဲသေဆုံးပြီလို့
မှတ်လို့မရခဲ့ပေမယ့်
ခုတော့သိပြီ
နင်သည်မရှိတော့......

ခွဲသွားတော့မယ်ဆိုလဲ
ကြိုပြောခဲ့ပါလားလေ
ငါအမှတ်မမှားအောင်လို့
ရုတ်တရက် အမှတ်တမဲ့
ခွဲသွားတဲ့အခါ
နေမထိထိုင်မသာဖြစ်ခဲ့တဲ့
ငါ့ရင်ခွင်က
ပျက်အိုနေတဲ့ဇရပ်လား......။     ။

Friday, February 24, 2012

မြူခိုးနှင့်အတူကြွေလွင့်စောခဲ့သော
























လွမ်းနေခဲ့တယ်လေ
အသေချာပါပဲ
ရင်ထဲကိုဝင်လာကြည့်ယင်
တွေ့ မြင်မှာမလွဲ
တစ်ကယ်လည်းခက်ခဲပါတယ်
ရှက်သည်းဖြာကိုယ့်ရင်ဟာ
အမှတ်နည်းစွာပဲ
အောက်မေ့တမ်းတ
သတိရမိ.....

ကြွေလွင့်စောခဲ့သော
မြူနှင်းတို့နှင့်အတူ
သခင့်ဝိဉာဉ်အား
ရှေ့မှောက်ခစား
အလည်ရောက်
တပ်မက်တွယ်ငြိသော
အတိတ်မှစေတသိက်
ဖြေဆည်ရာမှီတည်ရာ
ခိုဝင်နားရာ
နေရာမှရှိပါလေစ
တွေးထင်မိသော
သခင့်ဝိဉာဉ်အတွက်သာ
ရင်မှာပူ၍မောလျသည်......

မှောင်မိုက်တိတ်ဆိတ်ခြင်းလော
သို့တည်းမဟုတ်
အေးချမ်းငြိမ်သက်ခြင်းလော
သို့တည်းမဟုတ်
အေးစက်မှောင်မိုက်ခြင်းလေလော
မကွဲပြားသည့်
အတွေးများ၏သံသရာတွင်
ဝဲလည်လှည့်လျှက်ရှိသည့်
စိတ်အစဉ်သည်
ကွေကွင်းခြင်း၏
သဘောတရားသာ......

နှစ်ကိုယ်ယှဉ်
ချစ်ကြင်ခဲ့ဖူးသော
ဖြူစင်အနမ်းတို့ဖြင့်
အတိပြီးသော
အိပ်မရသည့်ညတစ်ညသာ
သံသရာအလယ်မှာ
ကျန်ရစ်ခံစား
တမ်းတခြင်းများ
အကြင်နာလွှမ်းဖွဲ့
အနမ်းရက်များ
စိတ်တွင်ခိုဝင်
မငြိုငြင်ခဲ့ပါ
တည်မှီရာကို
တွယ်ငြိမက်မော
နေမိသည်........။     ။


ညီမလေးအတွက်လွမ်းချင်း(၂)

nnt&me2



ရောက်မယ်လာမယ်
အသေချာပါပဲ
ညီမလေးရယ်
တွေဝေတမ်းတ
ညညတွေမှာ
အတွေးမြင်မှောက်မှား
အဝေးနင်ရောက်သွားပေါ့~~~~

ခွဲခဲ့တယ်လေ
ခွဲရက်ခွာစွန့်
ဝေးသွားဝံ့လို့
ထားရစ်ခဲ့တာ
မဆန်းပါလည်း
တွယ်တာနှောင်ရစ်
ချည်ဖွဲ့ ထုံးခဲ့ဝေဒနာ
နေစရာဖြေဆည်ရာမရှိ~~~~

တည်တည်တံ့ တံ့
အတွေးစေရာ
ဝေဒနာပါသလား
ရင်ခွင်သည်းကြားမှာ
စွဲနစ်စူးဝင်
ရင်သည်မဟောင်း
အကောင်းတိုင်းပင်
မရှိချင်တော့~~~~~

ပေါ့စေတော့
ဝေဒနာတွေရယ်
လျော့ခွေပေါ့
ရင်ကနွေရယ်
မငိုချင်လည်း
မျက်ရည်ဝဲ
မဆိုချင်လည်း
ဖြတ်ချွေဆဲ
ဝေဒနာတေးသွား
ဆိုညည်းမိ
ငိုသည်းသည့်တိုင်~~~~~

မျက်ရည်တွေသာလျှင်
ခန်းခြောက်ခြင်း
အလျဉ်းမရှိနိုင်တော့သည့် အလားပါကွယ်
သည်းမြညှာချစ်ခြင်း
မောင့် ရင်မှာတွယ်
နှောင်ရစ်ကာနေတော့လေ
ဖြေလျော့ခွေမနေသာတကယ်~~~~။     ။


Thursday, February 23, 2012

HAPPY BIRTHDAY !!!!



















HAPPY BIRTHDAY !!!!
ချစ်သမီးလေး ချိုသဒ္ဒါဇော်
ပါပါးသည်းပွတ်လေးရဲ့ (၃) နှစ်မြောက်
မွေးနေ့ ကနေ ပါပါးမာမားတို့နဲ့အတူ
ပျော်ရွှင်ချမ်းမြေ့သာယာတဲ့ ဘ၀မှာ
နောင်နှစ်ပေါင်းများစွာထာဝရအတူတူ
ရှိနိုင်ပါစေလို့..............

သည်းပွတ်လေးရဲ့
ပါပါး

Wednesday, February 22, 2012

ညီမလေးအတွက်လွမ်းချင်း


nnt7


လွမ်းခဲ့တယ်လေ
ရာသီတွေပြောင်း
နှစ်တွေဟောင်းလည်း
အမှတ်တမဲ့နဲ့လည်း
မမေ့ရဲပါ
ထားရစ်ခံရသူရဲ့ဝေဒနာ
ဘယ်သူလေမြင်လို့သိမလဲ~~~

ခွဲထားခဲ့ပြီ
နှစ်သည်ရှည်ကြာ
သေရွာသွားခဲ့
ချစ်တဲ့ညီမလေး
ကွယ်လွန်ခြင်း ရှစ်နှစ်
ဘာလိုလိုနဲ့ပြည့်ခဲ့ပြီလား~~~~

ခဏလို့မတွေးခဲ့ပေမယ့်
တဘဝစာပါပဲ
တစ်ကယ်ထားရစ်ခဲ့
ယောင်ရမ်းရေရွတ်ခဲ့ချိန်တွေ
အလွမ်းသည်းလို့
ရင်ကွဲနာကျခဲ့တဲ့ ညတွေ
ညီမလေးမမြင်
ညီမလေးမသိ
ညီမလေး၏ဥပေက္ခာ~~~~

တမ်းတခြင်းတွေနဲ့
နွမ်းမောလျဝေဒနာတွေ
ဘာပဲဖြစ်ဖြစ်ညီမဆီကို
ကိုကိုလာဦးမယ်
အမှတ်တရရှိတဲ့ရက်
မှတ်မိခဲ့တဲ့နှလုံးထဲစူးနစ်
ရင်ကွဲကြေတဲ့ရက်
မှတ်မိသိရှိနေခဲ့တဲ့
ရင်ကအချစ်တွေအတွက်
အစိုးမရနိုင်တဲ့
ကိုကိုရဲ့စိတ်အတွက်~~~~~

နှင်းဆီအဝါ
ဝယ်မရခဲ့ယင်တော့
ခွင့်လွှတ်ညီမရယ်
အဲဒီရက်ဆိုယင်
အဝါရောင်နှင်းဆီတွေက
ရှားတတ်တယ်~~~~။     ။

Saturday, January 7, 2012

တစ်နေ့တာ ( Tag Post )


အိပ္ယာကနိုးနိုးခ်င္းအရင္ဆံုးဘာလုပ္သလဲ

    ခေါင်းရင်းမှာချိတ်ထားတဲ့တိုင်ကပ်နာရီကြီးကိုမော့ကြည့်တာ
နောက်ပြီး(သည်းပွတ်)ရေလို့အော်ခေါ်တာ
သူကထူးတယ်ရှင်ဆိုပြီးအိပ်ယာပေါ်ကိုပြေးတက်လာတာပေါ့

မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ

  ဘာပဲဖြစ်ဖြစ်ပေါ့ စားပါတယ်

လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
    လက်ရှိစားဖြစ်နေတာကကော်ဖီနဲ့ပေါင်မုန့်
(အချစ်ရယ်ဝိုင်ရယ်ပေါင်မုန့်ရယ်)ရှယ်လီကိုအားကျလို့မဟုတ်ပါ
နေ့လည်စာလွတ်တတ်လို့မနက်စာအဝစားတာပါ

နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ

   အိမ်မှာပါသို့သော်ငြားလည်း မစားဖြစ်တာကများပါတယ်

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ

   အဲလိုတော့မရှိပါဘူးဗျာ အဆင်ပြေတာနဲ့ပဲစားတတ်ပါတယ်

အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ
   ဆိုင်ထိုင်ဖြစ်ယင်တော့နှစ်ခွက်မကပါ
မထိုင်ဖြစ်တော့လည်းမသောက်ဖြစ်တော့ပါဘူး

ညနေစာကိုဘယ်မှာစားတတ်ပါလဲ
    အိမ်မှာစားဖြစ်တာများပါတယ်၊စားတဲ့အချိန်ကညရှစ်နာရီလောက်ဆိုတော့

ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ
    မနက်ဖြန် ဘာဆက်လုပ်ရမလဲပေါ့

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်..
   ဘာမှခံစားမနေပါဘူးပြီးပြီပေါ့တစ်ရက်

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
  သည်းပွတ်ရေလို့လှမ်းခေါ်တာပါ

ဒုတိယလုပ်မိတာလေး..
  သည်းပွတ်လေးကိုချီမယ်နမ်းမယ်
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား..
   သောက်တတ်ပါတယ်တဝသောက်တာမတ်ခွက်နဲ့ကိုဖျော်ပြီး

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
    ပုတီးစိပ် ပြီးတော့ဘုရားရှိခိုးတာပါ..

အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ
ကွန်နက်ရှင်ကောင်းယင် တစ်ညလုံးလိုလိုအွန်လိုင်းမှာရှိနေတတ်ပြီးE-book
တွေကိုဒေါင်းနေတတ်ပါတယ် တခါတခါလည်းကဗျာတွေဘာတွေရေးဖြစ်တတ်တယ်

တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ

ဘာလုပ်တတ်သလဲ
  အရက်သောက်ဖြစ်တတ်ပါတယ်

အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း
    ဖုန်း၊ နောက်ပြီး ကိုယ့်အလုပ်နဲ့ပါတ်သက်တဲ့ tools တွေပါ
အဲ ပိုက်ဆံအိတ်ကမဖြစ်မနေပါတာပေါ့ခါးပတ်အိတ်နဲ့ဆိုတော့

မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ
  သည်းပွတ်လေး(ချိုသဒ္ဒါဇော်)

သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ
   ဒူ့ကိုမှယုံဘူး

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ
     မရှိဘူးရယ် ကိုယ့်ကိုယ်ကိုအချစ်ဆုံးဆိုတော့

ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
    Amazon Kindle

လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု
   အင်း သော့ချိတ်လေးပေါ့

ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ
  ချစ်ရတဲ့သည်းပွတ်လေးရဲ့ အမေ(ကျွန်တော့ရဲ့ ရှင်မပေါ့)

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ
  အရောင်းဝယ်တွေပါးနေလို(့မြန်မာပြည်သူတွေစီးပွားရေးအမြန်ပြန်ကောင်းကြပါစေ)

ကဲ ပစ်ပစ်ရေ တဂ်ပို့စ်ရေးပြီးပြီနော်ဒီနေ့ကော်နက်ရှင်ကောင်းလို့ဒီနေ့မှဝင်ဖြစ်ပြီးဒီနေ့မှရေးဖြစ်လိုက်တာ