Monday, March 5, 2012

အမုန်းပိုင်စားငါခွဲထားခဲ့















ညက
အမှတ်တရပါပဲ
လွန်ခဲ့တဲ့နှစ်ပေါင်း
နှစ်ဆယ်ကျော်က
တမြတ်တနိုး
တန်ဖိုးထားချစ်ခဲ့သူကို
တမဟုတ်ချင်းတွေ့ရသလိုပဲ
တကယ်ပဲ
သူပဲလား
ဝေခွဲမရခဲ့
ထိတွေ့ခွင့်ရှိခဲ့တယ်
မသိနိုင်ခြင်းတွေပါပဲ
ဟိုးအယင်လို
ဇွတ်တရွတ်ဆိုးပုံမျိုး
ခုထက်တိုင်ပဲလား
နောင်တမရခဲ့ဘူးလား
ငါ့ရင်ကတော့
ပြည့်နေခဲ့တဲ့
တချိန်ကမြတ်နိုးခြင်းတွေ
ထောက်ထားပြီး
ဒီတညတော့
မင်းဆိုးသမျှပါကွယ်
ဆိုးချင်လည်းဆိုးတော့
မခံနိုင်တဲ့အဆုံး
အဝေးဆုံးကို
ထွက်သွားယုံမှတပါး....

အမှတ်ရမိတာတစ်ခုက
နောက်ကျောဒါးနဲ့
ထိုးခဲ့ဘူးတယ်ဆိုတဲ့အတွေး
ဖျတ်ကနဲဝင်လာတာတောင်
စိတ်မနာပဲ
နေတတ်ရဲခဲ့ပြီပဲလေ.....

ဘာပဲဖြစ်ဖြစ်
ကိုယ်တိုင်အံ့သြမိတာ
ရင်မနာနေခဲ့ပါ
ဆိုးသမျှကိုလိုက်လျော
ချစ်ခဲ့ဖူးခြင်းတွေ
အမှတ်တရအဖြစ်နဲ့
ရင်မှာသဒ္ဓါပွားခဲ့
သည်းခံခြင်းတွေသာ
နွဲ့ဆိုးမဟုတ်တဲ့ပုံစံ
မင်းအမြင်မှန်မရသေးဘူးလား......

ဘဝမှာမြင်သမျှလူကို
နွဲ့ဆိုးလို့ရယင်
တခုခုပေးဆပ်ရမယ်
ဆိုတာနားလည်
ပြောစကားတွေခါးတယ်
အမှားတွေလည်းကြုံခဲ့
တရားတွေလဲစုံခဲ့
နားလည်ခြင်းအလျဉ်း
ရင်မှာကင်းယင်
မင်းဘဝနဲ့မင်း
တဒင်္ဂအတွင်း
လည်စင်းပေးတော့
လောကဓံဆိုတဲ့
စကားလုံးကနေ
လောကဒါဏ်ဖြစ်မယ်
ခံနိုင်ယင်ခံတော့........။     ။


No comments: