
လွမ်းခဲ့တယ်လေ
ရာသီတွေပြောင်း
နှစ်တွေဟောင်းလည်း
အမှတ်တမဲ့နဲ့လည်း
မမေ့ရဲပါ
ထားရစ်ခံရသူရဲ့ဝေဒနာ
ဘယ်သူလေမြင်လို့သိမလဲ~~~
ခွဲထားခဲ့ပြီ
နှစ်သည်ရှည်ကြာ
သေရွာသွားခဲ့
ချစ်တဲ့ညီမလေး
ကွယ်လွန်ခြင်း ရှစ်နှစ်
ဘာလိုလိုနဲ့ပြည့်ခဲ့ပြီလား~~~~
ခဏလို့မတွေးခဲ့ပေမယ့်
တဘဝစာပါပဲ
တစ်ကယ်ထားရစ်ခဲ့
ယောင်ရမ်းရေရွတ်ခဲ့ချိန်တွေ
အလွမ်းသည်းလို့
ရင်ကွဲနာကျခဲ့တဲ့ ညတွေ
ညီမလေးမမြင်
ညီမလေးမသိ
ညီမလေး၏ဥပေက္ခာ~~~~
တမ်းတခြင်းတွေနဲ့
နွမ်းမောလျဝေဒနာတွေ
ဘာပဲဖြစ်ဖြစ်ညီမဆီကို
ကိုကိုလာဦးမယ်
အမှတ်တရရှိတဲ့ရက်
မှတ်မိခဲ့တဲ့နှလုံးထဲစူးနစ်
ရင်ကွဲကြေတဲ့ရက်
မှတ်မိသိရှိနေခဲ့တဲ့
ရင်ကအချစ်တွေအတွက်
အစိုးမရနိုင်တဲ့
ကိုကိုရဲ့စိတ်အတွက်~~~~~
နှင်းဆီအဝါ
ဝယ်မရခဲ့ယင်တော့
ခွင့်လွှတ်ညီမရယ်
အဲဒီရက်ဆိုယင်
အဝါရောင်နှင်းဆီတွေက
ရှားတတ်တယ်~~~~။ ။
3 comments:
ဥဥရယ်.. ဖြစ်နိုင်ရင် နှင်းဆီဝါလေးတွေပို့ပေးချင်ပါတယ်။ ဥဥ လွမ်းနေတဲ့ညီမလေးအတွက်လေ....
စိတ်ဆန္ဒတစ်ခုတည်းနဲ့တင် တမလွန်က ညီမလေး ကျေနပ်နေမှာပါ...
ကြာရင်မေ့ ဆိုတဲ့စကားလုံးက တကယ်တော့ ရာနှုန်းပြည့်မမှန်ဘူးပဲ...ကြာလေ အလွမ်းရင့်လေဆိုတာမျိုးတွေလည်း ရှိသေးတာကလား...
ယောင်ယမ်းရေရွတ် ဆိုတဲ့ စာသားလေးလှတယ်ဗျာ...ကဗျာဖတ်ပြီး ကိုယ်တိုင်ခံစားသွားရတယ်...ကဗျာကောင်းလေးကိုးဗျ...
ကူကူးရေ ဥဥ ကျေးဇူးတင်ပါတယ်
ဦးဟန်ကြည်ရေ
ကဗျာဥာဏ်တွေပျောက်နေပြီးအတန်ကြာမှအလွမ်းတွေ
ရင်ကိုရောက်လာမှကဗျာတပုဒ်ထွက်လာခဲ့တာပါအလွမ်းကဗျာတွေချည်းဆိုတော့လာလည်တဲ့သူတွေကိုအားနာလှပါတယ်
ခင်မင်လျှက်
ချစ်သူမောင်
Post a Comment