Thursday, October 9, 2008
CUSTOMER IS ALWAYS RIGHT BUT THE SALE PROMOTER MUST ALWAYS RIGHT
တွေအတွက်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် အရောင်းဝန်ထမ်းတွေအတွက်ဘာမှ ပြောထားတာမတွေ့ပါဘူးတခုပဲ
စကားကိုချိုချိုသာသာပြုံးပြုံး
လေးပြော မိမိပစ္စည်းရဲ့ကွာလတီအမှန်ကို တစ်ကယ်သိလား မသိလားလည်း မသိ ၀ယ်သူကိုဇွတ်အတင်းရောင်း
အခုအချိန်မှာလက်တွေ့ ဒီလိုအဖြစ်မျိုးတွေရှိနေပါတယ်။ကျွန်တော့ အမြင်ကတော့ မဟုတ်တာကိုလုပ်ကြံပြော
ရောင်းတာထက်စာယင် ၀ယ်သူလိုချင်လာအောင် ပြောနေတာထက်စာယင် မိမိပစ္စည်းရဲ့ အရည်သွေးမှန်ကို
ကိုယ်တိုင်သိထားသင့်သလို ၀ယ်သူကိုလည်းရှင်းပြနိုင်ရပါမယ် ၀ယ်သူအနေနဲ့ ဘယ်ပစ္စည်းသုံးသင့်လဲဆိုတာ
ကိုလည်း ရွေးချယ်ပေးတတ်ရပါမယ် ၀ယ်သူကိုသည်လိုဝန်ဆောင်မှုပေးခြင်းသည် ၀ယ်သူကိုဆရာလုပ်ခြင်းမျိုး
မဟုတ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဆရာလုပ်မိပြန်ယင်လည်း ၀ယ်သူက သူ့ကိုအထင်သေးတယ်လို့ထင်မြင်
သွားနိုင်ပါတယ် အဲဒီတော့ အရောင်းမြှင့်တင်ရေးသမားတွေ၊အရောင်းသမားတွေအတွက်လည်း ကျွန်တော်က
စကားတစ်ခွန်းထပ်တိုးပေးချင်ပါတယ် sale promotor must alwayas right လို့ပါ ကိုယ်ရောင်းတဲ့ပစ္စည်း
ရဲ့ အားသာချက်အားနည်းချက်တွေကိုမိမိ ဆီကနေ ၀ယ်သူ့ ကိုသေချာရှင်းပြနိုင်ရပါမယ် အားလုံးကောင်း
တရှယ်တည်းရှယ် တဂွတ်တည်းဂွတ်ပြီး မျက်စေ့စုံမှိတ် ဇွတ်ရောင်းကြမယ်ဆိုယင် ၀ယ်သူတွေ အတွက်အ
ကျိုးဆက်၊မှာယွင်းမှု အဲတာတွေအတွက် ဘယ်သူတာဝန်ယူနိုင်မလဲ ၊ ဘယ်သူ့တာဝန် ဘယ်ဝါ့ တာဝန်
လွှဲချနေမယ့် အစား တစ်ကယ်တော့အရောင်းသမားမှာတာဝန်အရှိဆုံးဖြစ်ပါတယ် အဲတာကြောင့် စားသုံး
သူက အမြဲတမ်းမှန်သလို ရောင်းချသူလည်း အမြဲတမ်းမှန်နေဖို့လိုပါတယ်။ရောင်းရပြီးရောသဘောမထားဖို့
လိုပါတယ် မိမိရောင်းတဲ့ ပစ္စည်းမိမိတာဝန် ယူနိုင်ရပါမယ် ကျွန်တော်အခုလိုပြောလို့ ခင်ဗျားကောခင်ဗျား
ရောင်းတဲ့ ပစ္စည်းကို ခင်ဗျားတာဝန်ယူနိုင်လား လို့မေးပါ အမြဲတမ်းတာဝန်ယူနိုင်ပါတယ် တာဝန်မယူပေး
နိုင်တဲ့ပစ္စည်းမျိုးလည်းကျွန်တော်မရောင်းပါဘူး။
Monday, September 29, 2008
ဖြစ်တည်မှု(၃)
ညီမပေးတဲ့အိပ်မက်

ညက အိပ်မက်တယ် သိပ်ချစ်ရတဲ့ ညီမလေး တမလွန်ကနေ ဘာတွေလိုအပ်နေလဲ ကိုကို့ ကိုပြောပြတာလား အတည်ကြီး(ညီမရဲ့အဖေ
သူက သူ့ သမီးဆုံးပြီးဆယ်လအကြာမှာဆုံးတယ်)ကိုပါတွေ့တယ်
သေသောသူ ကြာယင်မေ့တဲ့ အဲလိုပြော ကြတယ် ကိုကို ကတော့မမေ့နိုင်ဘူး ထင်ပါတယ်။ ကိုကို ရင်ထဲ တမျိုးကြီးခံစားရတယ်ကွယ်
အလွမ်းတွေနဲ့ နွမ်းကြေခဲ့ တဲ့ ကိုကို့ ရင်ခွင်ကို တမင်ကလာ နင်ပါဆိုပြီး သိအောင်လုပ်တာလား အလွမ်းတွေပင်လယ်ဝေခဲ့ပြီးမှ ခုချိန်
အချစ်တွေနဲ့ ပျော်နေတုန်းမှာ မပျော်အောင် ညီမ လုပ်ရက်လေပြီလား.....တကယ်တော့ တမ်းတမိတယ် ညီမလေးရယ်။
ပျော်နေခဲ့သောရင်မှာ
တကယ်တော့
သခင် သာလျှင်စိုးမိုးပိုင်စား
အလွမ်းတွေနဲ့
မတမ်းတချင်ပေမယ့်
လွမ်းနေသေးတာရင်ကသိ
မချိတရိပါကွယ်.............
ပန်းတွေတောင်မှ
ကြွေတတ်သေးတယ်
စမ်းရေတောင်မှ
ခမ်းခြောက်တတ်တဲ့
သင်္ခါရလောကသဘောမှာ
သဘာ၀ ကို
လွန်ဆန်မရတဲ့
တမလွန်ဆိုတာ
လက်တွေ့ကျတဲ့တရား........
အလွမ်းသရုပ်ပြီပြင်
ကိုယ့်ရင်ခွင်ဟာ
သခင်ပိုင်စား
နေရာယူ........
အလွမ်းရဲ့
သဘောတရားဟာ
ရမ်းတုတ်ပြီးမှန်းဆမရ.......
ညကအလွမ်း
တမ်းယစ်မူးရီ
အိပ်မက်ဆီတွင်
အလည်ဝင်ကာ
အတွေးစိုးနှေင့်
ပူစေကြောင့်ခင်
နေ့နေ့ညည
အလွမ်းစရှည်
အနမ်းတွေဝေခဲ့တဲ့ဘဝ
အလွမ်းတွေရှည်ခဲ့သမျှ
တမ်းတရစ်အောင်
လုပ်ရက်နှောင်ကြိုး
သံသရာဒီဇတ်လမ်းမှာ
တခန်းရပ်မဟုတ်
အလွမ်းသရုပ်ပြီပြင်စွာ........
ဘယ်လိုဖြစ်ဖြစ်
သတိတရ တမ်းတဖြစ်တယ်
ချစ်ညီမရယ်......။ ။
Friday, September 12, 2008
စူဠသုဘဒ္ဒါမျက်ဖြေ
(အမုန်းရန်ငြိုး ကဘေးဖြစ်တတ်ကြောင်းကိုလေ
သုဘဒ္ဒါကောင်းကောင်းပြောသွားဖူးခဲ့တယ် . . . )
မောင် တော် ဘု ရားရယ်
အငယ်နှောင်းမို့ ဝန်တိုစိတ်နဲ.ငြိုးမာန်ဖွဲ.ကာ
ဘဝဟောင်းကိုပြန်ပြောင်းသတိရစေဖို့..........
အမျက်သိုဆုတောင်းလိုက်မိတယ်.......
တကယ်တော့ ဆန္ဒန် အိုင်မှာ.....
သုံးဦးသားပျော်မြူးစွာလက်တွဲ
ပျော်ပိုက် ခဲ. ရတဲ. အဖြစ်တွေ
ပြန်မြင် ယောင် မိ တော မှ
မိုက်မဲတဲ.ကိုယ့် အပြစ် ကိုယ်မြင်
မောင်တော့်အစွယ် အစုံ ကို
နားမှာပန်ဖို.ဝေး ၊ စိတ်လေးနဲ့တောင်မှ
မပြစ်မှားရက်အောင်ပါလေ.......
ဝန်တိုစိတ်ရယ်ကြောင်.
နှလုံးသားလောင်မြိုက်ကျွမ်းကာ
အင်ကြင်းခိုင် ကခါချဉ် ကောင် ရယ်ကြောင်.
မုန်းမျက်မာန်ဖွဲ့ကာငြိုးမိတယ်
ခွင်. လွှတ် ပါ မပြောသာတော့တဲ့အခါမို့
စိတ်နှလုံး အစဉ်ကွဲကြေ ပြုန်းကာ
စွယ်အစုံ ရင် မှာပိုက်ပါလို့
သောနုတ္ထို ရဲ့ ရှေ့ မှာ ပဲ
နှလုံးကြေ ကွဲ သေပွဲဝင်ရ မှာပါမောင်တော်ဆန္ဒန်၊
အတိတ်က ပြုဖူးကုသိုလ် ထူးရယ်ကြောင့်
ပြန်ပြောင်းကာ ကလဲ့စားချေရ လည်း
ပြစ်မှားမိတဲ့ကြွေးရယ်ကြောင်.
တကယ်.ရင်ကအချစ်အစစ်မှန်နဲ့
မောင်တော့်မှာစကားကို
အနှစ်တွေသာစုပြီးကြားမိတဲ့အခါ
စူဠမှာလေ နှလုံးအိမ်ကွဲကြေပြုန်း ကာ
မောင်တော့်စွယ်အစုံကို ရင်မှာပိုက်လို့
အမြဲကြွေလွင်.ခဲ. ပါပြီမောင် တော်။ ။
Wednesday, September 10, 2008
ကျွန်တော့အကြောင်း
ကိုယ့်ကို အများက ဒီလိုခေါ်တယ်.... အဖေကတော့ သားကြီး၊ညီမတွေညီတွေအားလုံး က ကိုကိုကြီး ၊ သယ်ချင်းတွေကဟေ့ရောင်
ကိုယ့်ကိုကိုဒီလိုခေါ်တယ်... - ကိုယ်က၊ ကျွန်တော်က ၊ချတ်တင်မှာဆို I က၊ အလုပ်ထဲ မှာဆိုကျွန်တော် ၊
ကိုယ်ဒီနေ့မှာမွေးတယ်။----29.9.19--
ကိုယ်ဒီမှာနေတယ်။-- မြန်မာပြည်ရဲ့ ပထမဦးဆုံးစက်မှုဇုံ
ကိုယ်ဆီဖုန်းဆက်ချင်ရင်....09-51094--
ကိုယ့်ရဲ့ email address -- ယမမင်း07@gmail.com
ကိုယ်အကြိုက်ဆုံးတွေက--- လက်ပတ်နာရီ၊ဟန်းဆက်နဲ့ ကွန်ပျူတာ၊နောက် Hardware tools
အရောင်ဆိုရင် ---ခရမ်းရောင်၊ ဒီအရောင်
အ၀တ်အစားဆိုရင် -- တော်မယ်ထင်ယင်အဆင်ပြေတယ် ၊ ချောင်ချောင်ပွပွဆိုပြီးရော
ဆံပင်ပုံစံ -- အလယ်ခွဲမဟုတ်ယင်ဘေးခွဲ၊အယင်ကဆို နောက်မှာအရှည် ကျစ်ဆံမြီးသေးသေးလေးကျစ်ထားတတ်တယ်
ံ
ဆံပင်အရောင် --အနက် ခုတော့ ဘာရောင်လို့ပြောရမလဲအနက်ဖက်သန်းတဲ့ အညို
စားစရာ --ပါးစပ်ထဲထည့်မိလို့မသေယင် အားလုံးစားတယ် အမဲသားကလွဲလို့
သောက်စရာ --- အယင်တုန်းကတော့ အရက်ပြင်း ခုတော့အကျွတ်တရားရသွားလို့ ရေသန့်ဘူး အိုအေစစ်မရယင် အယ်လပိုင်း မရယင် Life
ပစ္စည်း --ရုပ်ပိုင်းဆိုင်ရာအသုံးတည့်မယ့်ပစ္စည်းအားလုံး ကွန်ပျူတာဆက်စပ်ပစ္စည်း၊ စက်ပိုင်းဆိုင်ရာပြုင်ရေးပစ္စည်း
အိမ်ရဲ့ အိမ်ရှေ့ခန်းမှာချိတ်ထားတဲ့ ယာမဟာ ဟော်လိုဂစ်တာနဲ့ solid ဂစ်တာ
ပန်း... အဲ.......ပြောတတ်ဘူး ၊
လိုချင်တဲ့လက်ဆောင် -- အလကားဘာမှ မရဘူးတဲ့အတွက် ဘာမှမလိုချင်ဘူး
အကြိုက်ဆုံးမင်းသား --ဟယ်ရစ်ဆင်ဖို့ဒ၊မဲလ်ဂစ်ဘ်ဆင်
မင်းသမီး --ဆူဇူကိအိုနာမိ၊လာရာခရော့ဖအဖြစ်သရုပ်ဆောင်တဲ့ အင်ဂျလီနာဂျိုလီ
ရုပ်ရှင်/ဗီဒီယို ဇာတ်ကား -- အဲတာတော့အားလုံးကြည့်တယ် (မြန်မာကားကလွဲယင်)
တီဗွီအစီအစဉ်/ဇာတ်လမ်းတွဲ --လောလောဆယ် ကိုရီးယားဇတ်လမ်းတွဲ အယင်ကတရုတ်သိုင်းဇတ်လမ်းတွဲတွေ စိတ်မရှည်လို့
ဝတ္ထုတွေပြန်ရှာဖတ်ရတာတော့ ရှိတာ ပေါ့
အဆိုတော် -- ဂျော့ ချ မိုက်ကယ်၊ ရော့စတီးဝဒ်၊စီလင်းဒီယွန်၊ဟေမာနေ၀င်း၊မေဆွိ၊ဂျေညီညီ၊ဂျေမောင်မောင်၊
ဇော်ဝင်းထွဋ်၊ထူးအိမ်သင်၊ခင်မောင်တိုး၊ ဘရုစပရင်းစတင်း
သီချင်း -- ဟစ်ဟော့ကလွဲယင်အားလုံး (ဟစ်ဟော့ တချို့လည်းလူပြိန်းကြိုက်ဆိုယင်)
ဝတ္ထု --- သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်၊ The gun of Neveron၊ ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်
ပန်းတောမှာကြွေနေသည် ၊ အရှေ့မြို့ရိုးမှမိုးရေစက်များ အား....အများကြီး
ဂျာနယ်/မဂ္ဂဇင်း --- တချိန်က ချယ်ရီ၊ ရင်ခုန်ပွင့်၊ ရွှေအမြုတေ၊ ခုတော့ပီစီဝါး၊ကွန်ပျူတာဂျာနယ်၊ အင်တာနက်
အကြိုက်ဆုံးကာတွန်းဇာတ်ကောင် --- တာယာပွကြီး ၊ သမိန်ပေါသွပ် ၊ အရိုင်း၊
အရုပ် --- အမ် စက်ရုပ် (ငယ်ငယ်က) ကြီးတော့သိဘူး
ဂိမ်းကစားနည်း -- စူပါမာရီယို၊
အားကစား -- ကြက်တောင် ၊ဘော်လီဘော၊ မြန်မာ့သိုင်း၊ ရေကူး
အကြိုက်ဆုံးစာရေးဆရာ -- တာရာမင်းဝေ၊တက္ကသိုလ်ဘုန်းနိုင်၊မြင့်မောင်မောင်၊မောင်စိန်ဝင်း(ပုတီးကုန်း)၊ဇော်ဇော်အောင်
အကြိုက်ဆုံးစာအုပ်-- THE GOLDEN TREASURY (oxford university press)
ကိုယ်အမြဲဝင်ဖြစ်တဲ့ ၀က်ဆိုဒ်လေးများ --blogger.com, padonma.com,multiply.com,hi5.com ,ainmat.com,planet.com
ကိုယ်ဖန်တီးထားတဲ့ website/ friendster/ ..ect များ....
http://happyman11.multiply.com/
http://chittemaung.blogspot.com/
http://chitthumaung.com/
အလေးစားဆုံးပုဂ္ဂိုလ် -- အဖေ၊ သခင်ကိုယ်တော်မှိုင်း၊ စလေဦးပုည ၊ လက်ဝဲသုန္ဒရ ၊
ကိုယ်နေချင်တဲ့ life style -- ပေါ့ပေါ့ပါးပါး လွတ်လွတ် လပ်လပ် အပူပင်ရှိယင်တောင်မေ့ ထားချင်တဲ့ စတိုင် ၊မရရအောင်မေ့တယ်
ကိုယ်အချစ်ဆုံးသူ -- အမေ ၊အဖေ ၊အဖေ့အအမေ(အဖွား)မရှိတော့၊မိန်းမ။
အမုန်းဆုံးသူ -- မရှိပါ မုန်းမိယင်ခဏ ပါ တဖက်ကလှည့်ပြီးကိုယ်ချင်း စာကြည့်တဲ့ အခါမမုန်းတတ်တော့ပါ၊ တခုတော့ရှိတယ် အလုပ်ရှိလျက်နှင့် မလုပ်သူ ရေသာခိုချင်သူ၊အချောင်လိုက်ချင်သူ
အချစ်ဆုံးတိရိစ္ဆာန် --- တခါကကြက်တူရွေးလေး သေသွားတော့ငိုခဲ့ရဘူးတယ် စကားတတ်တယ် ခုတော့ရှိဘူး
အမုန်းဆုံးတိရစ္ဆာန် --- ကြွက၊်ခြင၊်ယင၊်ပိုးဟပ်၊ပုရွက်ဆိတ်၊ခွေးသန်း
အပျော်ဆုံးနေ့ --- နှစ်ပေါင်းများစွာ အဝေးမှာနေခဲ့ရပြီးအဝေးကနေမွေးရပ်မြေပြန်ရောက်တဲ့နေ့တစ်နေ့၊ အချုပ်ကလွတ်တဲ့နေ့ ရှင်လိင်ပြန်တာခဏခဏဆိုတော့ အဲနေ့က ထားပါတော့၊
မင်္ဂလာဆောင်တာလဲဒီတိုင်းပဲ
ဝမ်းအနည်းဆုံးနေ့ --- အဖေ့အမေ (အဖွားဆုံးတဲ့နေ့) ၊ အချစ်ဆုံးသူဖေါက်ပြန်မှုကိုသိလိုက်ရတဲ့နေ့
ရင်အခုန်ရဆုံးအချိန် --- အချစ်ဦး က ရေလာမြောင်းပေး ရည်းစားစကားပြောခိုင်းတဲ့နေ့ (အကြောင်းကြောင်းကြောင့်မပြောဖြစ်ခဲ့ဘူး)
နောက်ပိုင်းရင်သိပ်မခုန်တတ်တော့ပါ
ကိုယ်ရဲ့ဝါသနာ --- နဲနဲများတယ် (စက်ပြင်ပညာ)(အနုပညာ--ဂစ်တာ တယော ၀တ္ထု ရေး ကဗျာရေး) ( အီလက်ထရွန်းနစ် ) (ကွန်ပျူတာ)
ကိုယ်ကျွမ်းကျင်တဲ့ အတတ်ပညာတွေက --- (စက်ပြင်ပညာ) (ဂစ်တာ ၊ကဗျာ)
ကိုယ်ရဲ့ရည်မှန်းချက် --- ထွေထွေထူးထူး မရှိပါ (လူ့လောကမှာလူ့စိတ်ထားနဲ့လူဆန်ဆန်နေရယင်သေပျော်တယ်)
ကိုယ့်ရဲ့အိမ်မက် --- အိပ်မက်မမက်တတ်ဘူး(လက်တွေ့ဖြစ်လာတာကိုပဲရင်ဆိုင်တတ်တယ်)
အားလပ်ချိန်သွားတဲ့နေရာ--- အားလပ်ချိန်ရယ်လို့သိပ်မရှိတော့ အားယင်အိမ်က ကွန်ပျူတာရှေ့မှာတနေ့လုံးနီးပါး
စိတ်ညစ်ရင်လုပ်တတ်တဲ့ အပြုအမူ --- စိတ်သိပ်မညစ်တတ် ဘူး ညစ်ယင်သက်ပြင်းချ အစါးနဲနဲပါးပါးပိုစားတွေ့ကရာပေါက်ကရ
အကုန်လျှောက်ဝယ်တတ်တယ်
ပျော်ရင်လုပ်တတ်တဲ့ အပြုအမု --- သွားဖြီး ပြီး နေတတ်တယ် မျက်နှာက ပြုံးနေတတ်တယ်
၅ မိနစ်ပဲ အသက်ရှင်ဖို့ကျန်တယ်ဆို ဘာတွေလုပ်မယ် --- ငါးမိနစ်ဆိုမလောက်တော့ဘူး ၊ ကြိုလုပ်ထားတယ် နက်ဖြန်သေလဲစိတ်မပူဘူး
ထီဆုကြီးပေါက်ခဲ့ရင် ဘာလုပ်မလဲ --- အာဟား ၀ါသနာလုံးဝမပါ ဘူး ပေါက်ရအောင် ထိုးမှမထိုးပဲ
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆို တောင်းမယ့်ဆု --- ဘုရားရှိခိုးယင် တောင်မှ ဆုမတောင်းတတ်တာ အဲဘုရား ရှိခိုးထဲမှာပါ တဲ့ နိဗ္ဗာန် ကိုရက်တိုတိုနဲ့ရောက်ရပါလို၏လို့တောင်ဆုမတောင်းမိဘူး
ဘ၀မှာအရေးကြီးဆုံးက --- ပျော်ရွှင်ချမ်းမြေ့သာယာတဲ့ ဘ၀ကလေး
သူငယ်ချင်းဆိုတာ --- အကူညီလိုယင်ပေးမယ်၊ ညစ်နေတဲ့အခါဖျောင်းဖျပြောပေးမယ်၊ စိတ်မကောင်းတဲ့အခါဖြေသိမ့်ပေးမယ်
(အဲတာကိုယ့်ဖက်ကအမြင်)
အချစ်ဆိုတာ ---- အ ရယ် ခကွေး ရယ် ယပင့် ရယ် စလုံးရယ် အသတ်ကလေးရယ် ပေါ့ ၊ရင်ထဲမှာနင့်နေအောင်ခံစားရတိုင်း အချစ်မဟုတ်ပေမယ့်
တခါတရံမထင် မှတ် တာလေးလဲအချစ်ပေါ့
ကိုယ်လိုချင်တဲ့ ချစ်သူ style ---- မြို့ မကျတောမကျ ရိုးရိုးလေး
အမုန်းဆိုတာ ------ ရယ်စရာတစ်ခုပါ
ဘ၀ဆိုတာ --- ရုန်းကန်လှုပ်ရှားခြင်း
ကိုယ်ကိုကိုယ့် ဒီလိုမြင်တယ် --- ဘယ်လိုမှမြင်ဘူး
ကိုယ့်ရဲ့ အမှတ်ရဆုံး ဖြစ်ရပ် ---- NNT ကိုဆုံးရှုံးရတဲ့နေ့ ၊ဒဿမတန်းကိုပထမအကြိမ်ကျခဲ့တဲ့နေ့
ကိုယ်ရဲ့လက်ဆွဲဆောင်ပုဒ် ---- လောကကြီးကိုနှစ်ဖက်ကြည့်တတ်မှ အဆင်ပြေမယ်
ဒီစာရေးတဲ့အချိန်ဖြစ်တဲ့ ခံစားမူ--- ရေးနေကျပဲခံစားမိလို့ရေးတာ မခံစားမိယင်ရေးဘူး
ကိုယ်ဟာကို ပြောချင်တဲ့ စကားလုံးများ --- မင်းအများ ကြီးညံ့နေသေးတယ် ဆက်လေ့လာဦး
အော်တို....ရေးဖူးထားတာလေးတင်လိုက်တာ စိတ်ဝင်စားသူများအတွက်ပေါ့။
Thursday, August 28, 2008
နေကြတ်တဲ့နေ့လကြတ်တဲ့ည
ကာရံတွေထွေပြား
စိတ်ကစားတဲ့နေ့
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့နေ့
တစုံတဦးကိုတမ်းတမိတဲ့နေ့
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........
အဖွားဆိုတဲ့
နေမင်းတဆူ
ကွယ်ပျောက်တဲ့
နေ့တစ်နေ့
တစ်ကယ်ဆန်းစစ်ကြည့်ယင်
အနှစ်နှစ်ဆယ်ပြည့်ပြီ
ငါ့ဘ၀မှာနေကြတ်ခဲ့တာ
အနှစ်နှစ်ဆယ်ရှိခဲ့ပြီ........
ကာရံတွေနဲ့ကစား
ဗျာများတဲ့ည
အလွမ်းတွေ
သောကပင်လယ်ဝေတဲ့ည
တစုံတဦးကိုတမ်းတမိတဲ့ည
လွမ်းသောကပွေ
နွမ်းမောလျ
ဝေဒနာတွေပါ.........
ကိုကို့ရဲ့အသက်ကလေး
လမင်းတစ်စင်းလို
ကွယ်ပျောက်သွားတဲ့
ညတစ်ည
တစ်ကယ်ဆန်းစစ်တော့
ငါးနှစ်စာတိုင်ခဲ့ပေါ့
ငါ့ဘ၀မှာ
လကြတ်သွားတာ
ငါးနှစ်ကျော်ကြာခဲ့ပြီ..........
တည်ငြိမ်ပြီလို့ထင်တဲ့ရင်
တခါတခါလည်း
လွမ်းလို့ကောင်းဆဲပါ
လွမ်းတွေနွေတစ်ရာ
စမ်းရေလည်းမဖြေသာ
အနမ်းတွေဝေဆာလည်းနေလို့မရ
ဖြေလို့မရတဲ့ဘဝ
နှောင်ကြိုးတွေ
ရစ်ပတ်နေတဲ့
"ခဏ"ဆိုတဲ့ဒီဘဝ
အလွမ်းနွေတစ်ရာ
စမ်းရေနဲ့နွေကန္တာမှာ
ငါလည်းမောနေ
သောကပွေ
ရင်ကအလွမ်းတွေပါလေ.........။ ။
Wednesday, August 27, 2008
ဖြစ်တည်မှု(၂)
The fetus is 7cm to 9cm in length
and weighs 28g
Fingers and toes are distinct
Placenta is complete
Fetal circulation is complete.
Monday, August 18, 2008
UCG Test
ယူစီဂျီတက်(စ) ဆိုတာကတော့ အလွယ်တကူပြောရယင်ကိုယ်ဝန်ရှိမရှိစမ်းသပ်တာပါ
တချိန်က တော့ စမ်းသပ်ခံရမယ့်သူရဲ့ဆီးကို (မနက်စောစောအိပ်ယာထထခြင်းဆီး)
ယူပြီး ဓါတ်ခွဲခန်းမှာ စမ်းသပ်တာပါ အဲဒီလိုစမ်းသပ်မှုမှာ ခန္ဓာကိုယ်ရဲ့ ဟိုမုန်းဓါတ်ထွက်ရှိ
မှုပမာဏကိုစမ်းသပ်ပြီး ကိုယ်ဝန်ရှိမရှိ ဓါတ်ခွဲခန်းကအဖြေ ထုတ်ပေးပါတယ် ။
အဲဒီကိစ္စနဲ့ပါတ်သက်လို့ ရယ်စရာအကြောင်းလေးတခုကြုံဖူးခဲ့ ဖူးပါတယ် ဘယ်လို
ရယ်စရာလဲ ဆိုတော့ တချိန်တုန်းက ဆီးနမူနာယူပြီးစမ်းသပ်စဉ် အခါက ဖြစ်ရပ်လေးပါ
အဲဒီ ယူစီဂျီစမ်းသပ်မှုလုပ်မယ့် စုံတွဲ တစ်တွဲဆီက ဆီးနမူနာကိစ္စနဲ့ ပါတ်သက်ပြီးဖြစ်ရပ်
လေးပါ၊အမျိုးသမီးမနက်စောစောအိပ်ယာထထခြင်း ဆီးကိုဓါတ်ခွဲခန်းပို့ရမယ်ဆိုတော့
အဲဒီမနက်မှာအမျိုးသမီးက မနက်စောစောဆီးယူဖိုကမေ့သွားပြီး ဈေးဝယ်ထွက်သွားပါ
တယ် ယောက်ျား လုပ်သူအိပ်ယာကနိုးလာတော့ မနေ့ညနေဓါတ်ခွဲခန်းကပေးလိုက်တဲ့
ဆီးပုလင်းကိုသတိရသွားပါတယ်မိန်းမကို ဆီးယူဖို့လိုက်ရှာတော့ ဈေးသွားပြီဆိုတာသိ
လိုက်ရတယ် သူလည်းကြံရာမရဖြစ်သွားတယ် အဲတာနဲ့သူ့ရဲ့ဆီးကို ဆီးပုလင်းထဲထည့်
ပြီးဓါတ်ခွဲခန်းပို့ လိုက်တယ် အဲဒီအချိန်က ကျန်းမာရေးအသိပညာနည်းပါးနေသေးတဲ့
အချိန်လည်း ဖြစ်နေတာကိုး ဟီး ဓါတ်ခွဲခန်း အဖြေထွက်လာတော့ ဘယ်လိုထွက်လာ
တယ် ထင်လဲ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ အဖြေထွက်လာတယ် ဘာလို့လဲတော့မသိပါဘူး
အဲဒီမှာ ယောက်ျားလုပ်သူ မျက်စေ့ပြူးတော့တာပဲ သူ့ဆီးကိုမိန်းမနာမည်နဲ့ ပေးလိုက်
တဲ့ဓါတ်ခွဲခန်းအဖြေ ဖြစ်နေတော့ သူ့မှာကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ အဓိပ္ပါယ် ရောက်သွား
တာ သူလည်း ဘာပြောရမှန်းမသိဖြစ်သွားတယ် သူတလွဲလုပ်တာကိုး ဟီး ရယ်တော့ရယ်
ရတယ် တချိန်က ဇတ်လမ်းတပုဒ်ကိုသတိရ မိတယ်၊ပဋိသန္ဓေ တားဆေး သောက်ခိုင်းတဲ့
ဖြစ်ရပ်လိုပေါ့ အမျိုးသမီးသောက်ရမယ့်ကိစ္စကို အမျိုးသားသောက်တဲ့ဇတ်လမ်းမျိုးပါပဲ
သောက်တာသောက်တယ် မထိရောက်ဘူးကလေးတစွတ်စွတ်မွေးနေတုန်းပဲ ဆိုတဲ့ဇတ်
လမ်းမျိုးပါ အဓိက တော့ အနည်းဆုံးကျန်းမာရေးအသိပညာနည်းနည်း တော့ ရှိဖို့လို
ပါလိမ့်မယ် ၊ ခုခေတ်တော့ အဲလောက်ခက်ခက်ခဲခဲ ဓါတ်ခွဲခန်း ပို့ဖို့မလိုတော့ပါ
ဘူး UCG test လုပ်ဖို့ Strip လေးတွေဆေးဆိုင် တွေမှာအလွယ်တကူဝယ်လို့ရနေပါပြီ။
စမ်းသပ်တာလည်းလွယ်ကူပါတယ် ကိုယ်ဝန်ရှိမရှိစမ်းသပ်မယ့် အမျိုးသမီးရဲ့ မနက်စော
စော အိပ်ယာထထ ခြင်းဆီးကိုယူ ပြီး Strip လေးကို စိမ်ရမယ့်အပိုင်းကိုနှစ်လိုက်ယုံပါပဲ
အဖြေကလည်းလွယ်ပါတယ်။ ပန်းရောင်အစင်းကြောင်းလေး တစ်ကြောင်းတည်းပေါ်လာ
ယင် ကိုယ်ဝန်မရှိသေးပါဘူး အဲ နှစ်ကြောင်းဆိုယင်တော့ ကလေးလိုချင်နေသူတွေအတွက်
ဝမ်းသာစရာသတင်း တခုရပြီပေါ့။ ပြီးတော့ အနေထိုင် အစားသောက်ဆင်ခြင်လို့ လည်းရ
ပြီပေါ့။
Sunday, August 17, 2008
ဖြစ်တည်မှု(၁)
ရည်းစားရသလိုရင်ခုန်ရပါတယ် အော်မိဘမေတ္တာ တကယ်ကြီးမားလှပါလား ၊ဟိုးအယင်တည်းက
လဖက်ရည်တစ်ခွက်သူများငါးမတ်ရောင်းယင် သူကတစ်ကျပ်ခွဲ အဲမှားလို့ မိဘမေတ္တကြီးမားတာ
လဖက်ရည် ဈေးကြီးတာနဲ့ရောသွားလို့ တလာကကျွန်တော်လက်ခွဲလိုက်ရပါတယ် လက်ခွဲပြီး
ဒါဏ်ရာမကျက်သေးတော့ ဆရာဝန်ကြီးနဲ့ဆက်ပြ နေခဲ့ ရပါတယ် တနေ့ ဆရာဝန်သွားပြပြီး
အပြန်မှာ ကျွန်တော့ရဲ့ (သက်ကလေး) မိန်းမ က ကားမူးတယ်လို့ပြောပါတယ်။တစ်ချိန်လုံး
ကားနဲ့လျှောက်သွားနေတဲ့သူက ကားမူးတယ်ဆိုတော့ နည်းနည်းစဉ်းစားစရာပေါ့ ကျွန်တော်
ကတော့ထင်ပါတယ် ကိုယ်ဝန်ရှိနေပြီ ဆိုတာပါ....အဲတာနဲ့ UCG test လုပ်တဲ့ strip လေးဝယ်
လိုက်ပါတယ်.......နောက် နေ့မနက် စမ်းသပ်လိုက်တော့ ပန်းရောင် အစင်းလေးနှစ်ကြောင်း
တွေ့လိုက်ရတယ် ပျော်လိုက်တာဖြစ် ခြင်း ...... မိန်းမရဖူးတယ် ကလေးမရဖူးခဲ့ပါ တော်တော်
ပျော်သွားခဲ့တယ်လေ အပျော်တွေ အပျော်တွေ ဘယ်လောက်ထိပျော်လဲမေးယင် နှစ်ရက်လောက်
ထမင်းစားကောင်းအောင်ကိုပျော်နေခဲ့ တယ် သက်ကလေးကို ကျေးဇူးတင်ကြောင်းတွေတဖွဖွပြော
လို့....မမောမပန်းနိုင်ခဲ့ ပါဘူး တစ်သက်နဲ့တစ်ကိုယ်အဲလောက် ပျော်ခဲ့တာမရှိပါဘူး တစ်ကယ်
အလွမ်းဇတ်ကို တစ်ခန်းရပ်ပြီး ချစ်ရတဲ့မိသားစုလေးနဲ့ ငြိမ်းချမ်းသာယာတဲ့ဘ၀လေးတစ်ခုတည်
ဆောက်ပြီးပျော်ရွှင်စွာနေချင်တဲ့ဆန္ဒည်းပြည့်ဝပြီ...............လောလောဆယ်ကလေးက ရှစ်ပတ်
သားကျော်ကျော် လေး တနေ့ အိုဂျီသွားပြလိုက်တယ် စစ်ခိုင်းတာစုံလို့ပါသွေးစစ်တယ် HIV
အသည်းရောင်အသားဝါ B ,C ဟေမိုဂလိုဘင် စုံလို့ပါဗျာ အာထရာဆောင်းရိုက်ခိုင်းတယ်
ဟီး....ကလေး သေးသေးလေးကိုမြင်ရတယ် ဘာမှတော့မရှိသေးဘူး 2.5 cmတဲ့
ကျွန်တော်လက်လှမ်းမှီသလောက်လေ့လာတင်ပြပါ့မယ် ဆွဲတော့မဆိတ်နဲ့နော် အဲမှားပြန်ပြီ
မေ့ကုန်လို့စာအုပ်ပြန်ရှာရတာအမော .......ကဲစပြီ.............
စကင်နာမရှိလို့စာချည်းတင်လိုက်မယ်.....စိတ်မဆိုးကြကြေး............
Fetal Developement
4weeks
The feature is 0.75cm to 1cm in length
Trophoblast embed in decidua.
Chorionic villi from
Foundation for nervous system,genitourinary system,skin,bone and lungs are formed
Buds of arms and legs beging to form.
Rudiments of eyes ears and nose appear.
ဟီး ထူးဆန်းတာ ကိုယ်ဝန်လေးပတ်မှာကလေးက ပုံတောင်ပေါ်နေပြီ ဒါပေမယ့်အာထရာဆောင်းပုံထဲမှာ
အလုံးလေးပဲ
8weeks
The feature is 2.5 cm in length and weigh 4gm
Fetus is markedly bent
Head is disproportionately large.
owing to brain development
Sex differentiation beings
Centers of bone begin to ossify
ဒီအရွယ်လေးလဲဘာပုံမှမထွက်သေးဘူး အထီးလေးလားအမလေးလားစခွဲပြီတဲ့ ဟီးအဲတာလဲမမြင်ရသေးဘူး
ဦးနှောက်လည်းစတင်ဖွံဖြိုးတယ်လို့ပြောရမလား ခုမှဦးနှောက်စဖြစ်တယ်လို့ဆိုရမလား လောလောဆယ်
တော့ သက်ကလေး Morning Sickness တော့တော်တော်ခံစားနေရတယ် ကြည့်ပြီးသနားတယ်။
အော်...အဲတာမြင်မှ အမေတို့အဖေတို့ရဲ့ ချစ်ခြင်းတွေ ကိုသေချာမြင်လာရတော့တယ် ကျွန်တော်
ဆိုးခဲ့ မိုက်ခဲ့ တေခဲ့ လေခဲ့ တာတွေ အတွက် အဖေတို့အမေတို့ကို ကိုယ်ချင်း စာမိတယ် တော်သေးတယ်
အမားရောအပါးပါ လန်းဖြာပကတိ ကျန်းမာစွာရှိနေသေးတယ် ကျွန်တော့အတွက် အကောင်းပါ မိဘကျေး
ဇူး ဆပ်ခွင့်ရနေပါသေးတယ် တစ်ချိန်က မှားခဲ့မိုက်ခဲ့တာတွေ ခွင့်လွှတ်နိုင်တဲ့ အပါးနဲ့ အမားတို့ရဲ့ မေတ္တာ
ဘယ်လောက်ကြီးမားခဲ့ပါသလဲ................။ ။
Tuesday, August 5, 2008
ပန်းလိမ္မော်
.jpg)
.jpg)
အဲဒီပန်းလိမ္မော်သီးလေးတွေပါ ကျွန်တော်အစကတော့အလှစိုက်ထားတာပါ တော်တော်လည်း
သီးပါတယ် အပင်ကသုံးပင် ၀ယ်တုန်းကတော့အချိုသီးလို့ပြောပါတယ် ဒါပေမယ့်ချိုလည်းမချို
ချဉ်လည်း မချဉ်ပါဘူး အဲဒီတော့ကျွန်တော်ဘာလုပ်တယ်ထင်သလဲ ရေစင်အောင်ဆေးပါတယ်
နောက် အသီးထိပ်ကနေလေးစိတ်ခွဲ ပြီးတော့ ယိုထိုးလိုက်ပါတယ် အသီးကနှစ်ပိသာလောက်ရ
ပါတယ် အဲဒီတော့ထန်းလျက် တစ်ပိသာ ၀ယ် လိုက်ပါတယ် နောက်ပထမဆုံး ကျိုပြီး ထန်းလျက်
ရည်ကို ပိတ်စိမ်းပါးနဲ့ စစ်လိုက်ပါတယ် အဲမနည်းမနော သဲတွေ အမှိုက်တွေထွက်လာတော့တယ်
ပြီးတော့မှ ထပ်ပြီး စစ်ပြီးသားထန်းလျက်ရည်ကို ထပ်ကျိုတဲ့အထဲ အဲဒီခုနကရေဆေးပြီးလေး
စိတ်စိတ်ထားတဲ့ အသီးတွေကိုထည့်ရေကုန်အောင်ကျိုပစ်လိုက်တာပါ အခွံပါအပါပေါ့ ဆေး
ဘက်ဝင်မ၀င်တော့ မသိပါဘူး စားလို့တော့ကောင်းတယ် ဘာပဲဖြစ်ဖြစ်ယိုတော့ထိုးတတ်သွားပါပြီ။
Thursday, July 31, 2008
ဟိုးအဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့ကလေး
ဘာတွေအ ကောင်ထည်ဖေါ်နေတာလဲမသိပါဘူး စာတော့ ကပ်ထားတယ်ဘာတဲ့
အချိန်ထိန်းစံနစ်ကို အကောင်ထည်ဖေါ် လျှက်ရှိပါသည် တနာရီ ၈၀ကီလိုမီတာထက်
ပိုမမောင်းရတဲ့.....သွားတာကနေ့လည်တစ်နာရီ ခါတိုင်းကျွန်တော်သွားနေကျက
အဲဒီမြို့လေးရဲ့ တာဆုံအရောက် ညနေ ငါးနာရီ လောက်ပါ....သူတို့အချိန်ထိန်းစံ
နစ်ကို အကောင်ထည်ဖေါ်ကာမှအချိန် တော်တောကြန့်ကြာပါတယ် ကားမောင်း
တဲ့ အမြန်နှုန်းကတော့လျော့မသွားခဲ့ ပါဘူး ဒါပေမယ့်လမ်းမှာ ဟိုထောက် ဒီနား
နဲ့ခရီးသိပ်မတွင်ပါဘူး ကျွန်တော် ကစောစော ရောက်ချင်တာပါ အဲလို စောစော
ရောက်ချင် ယင် စောစောကားစီးပေါ့ လို့ပြောကြမှာပါ ဟုတ်ကဲ့ ကျွန်တော်က
အလုပ်များပါတယ် နေ့လည် တစ်နာ မှမသွားလို့မဖြစ်ပါဘူး အဲဒီအချိန်ထိန်းစံနစ်
ဆိုတာ ဘာအတွက်လည်းဆိုတာတောကနားမလည် ပါ ခရီးကြန့်ကြာတာရယ် အန္တ
ရာယ် ကတော့ ကင်းမှာမဟုတ်ပါဘူး ဘာလို့လဲဆိုတော့ လမ်းမှာကားအရှိန်
ထိန်းသိမ်းစံနစ် မှမရှိပဲ အချိန် ထိန်းစံနစ်ဆိုတာတော့ ညစ်ကွက်တစ်ကွက် ဖြစ်တော့မှာ
နည်းနည်းစပ်စု ကြည့်တော့ ခရီးဆုံးဂိတ်ကို အချိန်စော ၀င်ယင်ဒါဏ်ငွေ နှစ်သိန်း
တဲ့ ဒါဏ်ငွေ မဆောင်နိုင်ယင် ကားတစ်လမဆွဲ ပဲနားရမယ်လို့ဆိုပါတယ် တစ်ခါတရံ
နားမလည်တော့ပါ ဘူး ထားပါတော့ထွေလီကာလီတွေပြောနေတာနဲ့ ပြောချင်တဲ့
စကားဆီမရောက်တော့ဘူး အဲ အခြေခံ ကအဲဒီကစရမှာ ကျွန်တော်သွားချင်တဲ့
မြို့လေးက ကားလမ်းကနေနောက် ထပ်ခြောက်မိုင်လောက် မြင်းလှည်းဖြစ်စေ ဆိုင်ကယ်
ငှားလို့ဖြစ်စေ ဆိုက်ကားနဲ့ ဖြစ်စေ သွားရ တဲ့ မြို့ပါ ၊ တာဆုံရောက်တော့ မှောင်စပျိုး
နေပါပြီ ကျွန်တော်က စိတ်ပူတာ နဲနဲနောက်ကျယင် ကျွန်တော်အမြန်ရောက်ချင်တဲ့မြို့
လေးကိုသွားဖို့ခက် သွားမှာပါဆိုက်ကား၊ဆိုင်ကယ်၊မြင်းလှည်း မရှိတော့မှာကိုး အဲဒီတော့
အဲဒီတာဆုံမတိုင် ကားလမ်းပေါ် ကမြို့ လေးမှာဆင်းရတယ် ပြီးတော့ မှဆိုင်ကယ်ငှားပြီး
ကျွန်တော်သွားချင် တဲ့ မြို့ လေးကိုသွားရပါတယ် အဲ့မြို့လေး ရောက်တော့ အတော့ကို
မှောင် နေပြီ အဲတာနဲ့ဆိုင်ကယ်ဆရာကို ထမင်းဆိုင် တန်းမောင်းခိုင်းရတယ် မနက်စာတောင်
လွတ်တာဆိုတော့ ညနေပိုင်စားမှဖြစ်မှာပေါ့၊ ရထားလမ်းအသုံးပြုတဲ့ မြို့လေး ဆိုတော့
ရထားချိန်မဟုတ်ယင် အသွားလာမရှိသလောက်ပါပဲ မှောင်ကလဲမှောင်နေ မီးကလည်းပျက်
နေဆိုတော့ ထမင်းစားအပြီးသွားချင်တဲ့နေရာကို လွယ်အိတ်ထဲ အမြဲပါတဲ့ လက်နှိပ်ဓါတ်မီး
ထုတ်ရတောကတာပေါ့ ရောက်ရောက်ချင်းပြန်ဖို့ စီစဉ်ရတော့တာပေါ့ မအားတဲ့ ကြားက
အမေ့လာခေါ်တာကိုး အမေ ဆိုတာက ယောက္ခမပါ ၊ အမေ့အိမ်မှာခဏနား ပြီးတော့ဘူတာ
ရုံကိုသွား တော့ ညဆယ့်တစ်နာရီ အမြန်လက်မှတ်မရောင်းသေးဘူး ၊အမြန်မှဟုတ်ပါဘူး
ဘာလက်မှတ်မှ မရောင်းသေးတာ ဘူတာမှာတော့ လူစည်ပါတယ် ကုန်စိမ်းဒိုင်တွေနဲ့ ရာသီ
သီးနှံလာသွင်းသူတွေပါ ၊ပြီးတော့ဘူတာကို အိမ်အမှတ်နဲ့ အိပ်နေတဲ့သူတွေလည်းရှိတာပေါ့။
ထားပါတော့ အဲတာနဲ့ လက်မှတ်ဝယ်မယ်ဆိုတဲ့ အတွေးနဲ့ ဘူတာရှေ့က အရက်ဆိုင်တဖြစ်
လည်း လဖက်ရည်ဆိုင်လေးမှာ ထိုင်ပြီးကော်ဖီမစ်ပလိန်း တစ်ခွက်မှာ ပြီးထိုင်နေခဲ့တယ်လက်
မှတ်ရုံကတော့ ရောင်းမယ့်ပုံမပေါ်သေးဘူး ၊အတော်ကြာထိုင်စောင့်လို့လက်မှတ် မရောင်း
သေးတဲ့ အဆုံး ခဏပြန်လာပါတယ် မှောင်ပိန်းလို့ပေါ့၊အမေနဲ့ သိမ်းစရာရှိတာကူသိမ်း သယ်
မယ့်ပစ္စည်းကူသယ်ဖို့လုပ်ပြီး ည၁၂နာရီမှာဘူတာကိုဆင်းခဲ့ပါတယ် ရထားကညတစ်နာရီမှာ
လာမှာ အဲဒီမြို့ လေးမှာရပ်မှာကသုံးမိနစ် တည်းရယ် လက်မှတ်က ခုထိမရောင်းသေးဆယ့်နှစ်
နာရီ ကျော်ပြီ စောင့်နေယင်းနဲ့ လက်မှတ်ရုံဝ ပွင့်လာပါတယ် ဆယ့်နှစ်နာရီခွဲကျော်ပြီ ဖွင့်လိုက်
ပြန်တော့လည်း လက်မှတ်ရောင်းတဲ့ သူကလည်တည်တည်ပါ ဘာလို့လည်းဆိုတော့ မူးနေလို့
ခုံ နှစ်ခုံလိုချင်လို့ပြောတော့တစ်ခုံ ပဲရပါတယ် ကျွန်တော်ကတော့ခုံမဲ့ပေါ့ ထားပါအမေထိုင်ခုံ
ရယင်ပြီးတာပဲ ရထားလာပါပြီ ညတစ်နာရီတိတိ လောက်မှာပေါ့ ရတဲ့တွဲကို ကြည့်မိတော့ဘရိတ်တွဲ
နောက်ဆုံးတွဲ အင်းခက်တော့ခက်ပြီ ဒါပေမယ့် မနက်ဖန်အလုပ်တွေရှိသေးတော့ဘာဖြစ်ဖြစ်
ပြန်ရမှာပဲ ဆိုစိတ်ကိုဒုံးဒုံးချပြီး တက်လိုက်ရပါတယ် အပေါက်ဝမှာပန်းစည်းကြီးတွေပစ္စည်း
ခြင်းတွေမငဲ့ နိုင်ပဲ ကျော်ခွတက်လိုက်ရတယ် တွဲက လွတ်နေတာတော့မဟုတ်ဘူး အိပ်တဲ့
သူတွေကအိပ်လို့ အခက်တွေ့ပြန်ပြီ အမေ့အတွက်လက်မှတ်ယူလာတဲ့ ခုံနံပါတ်က လူတွေထိုင်
နေတယ် မေးကြည့်တော့ လက်မှတ်ခြင်းတိုက်ကြည့်ပြန်တော့ ခုံနံပါတ်တူနေ့စွဲတူတွေဖြစ်နေပြန်
တယ်နည်းနည်းခေါင်းစားသွားတယ် ဘာလုပ်ရမှန်းမသိတောကနီးစပ်ရာလွတ်နေတဲ့ ခုံတစ်ခုံမှာ
ပဲအမေ့ကိုထိုင်ခိုင်းယင်း ကျွန်တော်ကတော့မတ်တပ်ရပ်နေခဲ့တယ် နှစ်ဘူတာလောက်စီးပြီးတော့
လက်မှတ်စစ် ဆရာကြီးတစ်ယောက်ရောက်လာတယ် ကျွန်တော့အခက်ခဲကိုတင်ပြတော့ ခုံနံပါတ်
ထပ်နေတဲ့ လက်မှတ်နှစ်စောင်စလုံးကိုတောင်းကြည့်တယ် အဲ.....သူလည်းလေသွားတယ် နေ့စွဲတူ
နံပါတ်တူ လက်မှတ်နှစ်စောင် ကြောင်တန်ဆာခတော့ ရအောင်တောင်းသွားတယ် အမေကကြောင်
တစ်ကောင် သယ်လာတာကိုး ၊၁၅၀၀ိ/- တဲ့လူစီးခထက်ကြောင်စီးခဈေးကြီးပြီ ဟီး လူစီးလက်မှတ်က
ထိုင်ခုံနဲ့ဆို ခုနစ်ရာကျော် ခုံမဲ့ ကငါးရာကျော် ထားပါ ကျွန်တော်ကဖြေရှင်းပေးပါလို့တောင်းဆိုတယ်
အင်းတဲ့ နောက်ဆုံးလူတက်မဲ့ ဘူတာရောက်ယင်ရှင်းပေးမယ် လို့ပြောတာပဲ အဲဒီဘူတာသာကျော်
လာတယ် နောက်ထပ်တက်လာတဲ့သူတွေလည်းများလာတယ် သူကတော့လု့းဝပေါ်မလာတော့ပါဘူး
ကျွန်တော်ကတော့ တစ်ချိန်ကကျင်လည်ခဲ့ တဲ့ ဂျပန်နိုင်ငံက ရထားတွေ မြေအောက်ရထားတွေ
ကျည်ဆန်ရထားတွေအကြောင်း စဉ်းစားယင်းမြို့လေးကအဝေးအမှောင်ထဲမှာကျန်ခဲ့...........
ကျွန်တော်ကတော့ဒီနေ့မနက်ပဲရန်ကုန်ပြန်ရောက်ခဲ့..............။ ။
Sunday, July 27, 2008
လူညွန့်ခူးစားသူများ
Tuesday, July 22, 2008
ဘ၀သစ်
အမြဲတမ်းချစ်
ဘ၀သစ်မှာ
ပျော်မယ်စိတ်ကူး
အလွမ်းရူးတွေ
မတွေ့ချင်ပါ
နေစရာလေ
ချစ်သူရင်ခွင်၊
ထွေးပွေ့ဖက်ထား
အတွေးစိတ်ကူး
နယ်ကုန်ပင်ခြေဆန့်
မြေပြန့်လွင်ပြင်
ဟိုး....ခပ်လှမ်းလှမ်းမှာ
လှမ်းလို့ကြည့်စမ်း
မြင်နေရပြီ..တို့ဘ၀တွက်
အနာဂါတ်သစ်......
ချစ်တယ်ညီမ
ပြည်ဖုံးကားချခွင့်ပေးပြီး
အချစ်သစ္စာ တွေနဲ့
မြတ်နိုးစွာတွယ်တာ
ချစ်နေတာတွေ
ကိုကို တွေ့မြင်
အလွမ်းပင်သေ
နွမ်းနေတဲ့ရင်
လန်းစေတဲ့
ကိုယ့်ရဲ့ ချစ်ဇနီး လေးရေ........
ညီမအတွက်
ကဗျာတွေနဲ့
စာပေဖွဲ့ဖို့
တော့ပစ်တခု
ကဗျာတွေရေးပေး
စာတွေတွေးမယ်
အလွမ်းရှင်ဘ၀က
အနမ်းပင်လယ်ဝေစေတဲ့
အဖြစ်............
တအားချစ်ပေါ့
ပိုလို့သာပင်
တွယ်တာမြတ်နိုး
အလွမ်းမိုးစွေ
ချစ်သက်သေဖြစ်
ဘ၀တခုလုံးနဲ့
ရွှေရောင်ဖြစ်မယ့်
အနာဂါတ်သစ်ကို
အချစ်လက်ထဲအပ်ပါတယ်.....
စီမံခန့်ခွဲ
အလွမ်းတရားထဲမပါကြေး
အလွမ်းများ ဆိုတဲ့
ကမ္ဘာဟာ အဝေးသွား
သားသားမီးမီးလေးတွေနဲ့
ရွှေေ၇ာင်လွှမ်းမဲ့
အနာဂါတ်လမ်းကို
ပဲ့ကိုင်စီမံ
သခင့်ထံကို
ချစ်ကြင်စွာနဲ့
ထာဝရအပ်နှင်း
လွမ်းချင်းမဆို
ငိုချင်းမချ
ကိုယ့်ဘ၀ဟာ
အမြဲတမ်း
ချစ်ကြည်ခြင်းတွေနဲ့
သာယာလှပနေပါမည်..........။ ။
Monday, July 21, 2008
ဘ၀သစ်
ဘ၀ကိုအတူဖြတ်သန်း
လမ်းပန်းခရီးဟာသာယာ
လွမ်းကဗျာတွေလေမှာလွင့်
ပန်းကဗျာတွေရင်မှာဆင့်တော့
လွမ်းသောကပျောက်ကာ
အနမ်းမိုးတွေသွန်းဖြိုးဝေ.....
လောကအလယ်မှာလေ.....
တင့်တယ်စေ၊
မိုးရေစက်တွေထဲမှာ
မခွဲဘူးအတူတူ
ပျော်ရွှင်စွာရယ်မော
အိမ်ထောင်ဦးကာလများမှာ
အလွမ်းတွေဘေးဖယ်
နွမ်းလျခြင်းတွေ
စက္ကန့်လေးတခုတောင်မှခွဲမနေချင်ဘူးမေ....
ပျော်ရွှင်ခြင်းသဘောတရား
အမောများကိုဖျောက်ပစ်
ဘ၀အသစ်မှာလေ
ထာဝရချစ်စရာအတွေးတွေ
ပျော်ရွှင်စွာရယ်မလား
အဲသလိုပဲကောင်းမှာပါ။ ။

