Tuesday, October 6, 2020

ငိုးတဲ့ မှပဲ

 ၂၀၂၀ကပ်​​ဘေးမှာ

မင်းတို့မြို့က​လေထု

မသန့်​ရှင်း​တော့ဘူး

အချင်းချင်းလည်း

မယုံသင်္ကာ

လူချင်း​ဝေးပြီး

နှလုံးသားခြင်းနီးကြတယ်​ဆိုလား...

လက်​ဆွဲနှုတ်​ဆက်​မ​နေဘူး

တံ​တောင်​ချင်းတိုက်​လိုတိုက်

ကူးလိုက်​တဲ့ပိုး​တွေ

ဘာသာ​ရေးအခမ်းနားကစ

ကာရာအို​ကေအဆုံး

ဘဝ​တွေလည်းဆုံးကြ

အသက်​​တွေလည်းဆုံးကြ

မင်းတို့မပါဖို့

အိမ်​ထဲမှာသာ​နေကြစို့တဲ့.....

ပြောတာ​ပြောတာပဲ

ငါ့ဝမ်းပူစာ

မ​နေသာလို့ 

ထွက်​လာတယ်​ဆိုလည်း

မျက်​နှာဖုံးတပ်

အကာ​လေးတပ်

လက်​ခနခန​ဆေး

ပြော​နေ​လေလည်း

လှည်း​နေ​လှေ​အောင်း

မြင်း​စောင်းမကျန်

ပကာသနတံတိုင်းခြားသလို

တမဟုတ်​ခြင်း

တွေ့ကရာ​တွေနဲ့ကာပြီး

မြို့နယ်​​တွေခြားပစ်​ကုန်​တယ်

ဪ ငဗစ်​ရယ်

ငိုးတဲ့ မွပဲ.........

No comments: