Thursday, August 18, 2011

ကျန်းမာပါစေအမေ ဧရာဝတီ

တပိုင်းတစဧရာဝတီ
ဧရာဝတီ
ရာဇ၀င်ထဲကသတို့သမီးအဖြစ်
ကိုငှက်ကြီးတင်စားခဲ့တယ်.....

ဧရာဝတီ
အသက်သွေးကြောဖြစ်လို့
တို့ရဲ့မြန်မာပြည်
ချမ်းသာစေခဲ့တယ်......

ဧရာဝတီ
ရဲ့ရင်ခွင်ပေါ်မှာ
ဦးနာအောက်နဲ့
ဖလုဒ်တီလာကုမ္ပဏီ
အပြင်းအထန်ယှဉ်ပြိုင်လို့
ဇာတိသွေးမာန်
နိုးကြားစေခဲ့ပြန်တယ်.....

ဧရာဝတီ
ပထ၀ီဆိုတာစမသင်ခင်တည်းက
ဧရာဝတီ ဧရာဝတီတိုင်း
အရိုင်းမဆန်တာ
သိခွင့်ရခဲ့တယ်....

ဧရာဝတီ
ဘ၀ပေါင်းများစွာ(တစ်ကယ်တော့
မြန်မာပြည်တစ်ဝက်လောက်ဘ၀တွေ)
ဧရာဝတီထမ်းပိုးထားခဲ့တယ်.....
မြစ်ဆုံကိုတချိန်က
ရောက်အောင်သွားချင်ခဲ့ပေမယ့်
လမ်းခရီးခက်ခဲမှုကြောင့်မရောက်ဖြစ်ခဲ့
မြစ်ကျဉ်းရှိတဲ့ကသာဆိုတဲ့
မြို့လေးမှာသာပျော်မွေ့ခဲ့ရ.......

ဧရာဝတီ
ဂေါဝိန်ဆိပ်ကနေ
ကသာအထိ
ဧရာဝတီရဲ့ရင်ခွင်ကိုဖြတ်ယင်း
ရေပြင်ကိုငေးယင်း
ခရီးသွားခဲ့ဘူးရဲ့
အဲဒီတုန်းကများ
ပျော်စရာပါဧရာဝတီ.......
မေခနဲ့မလိခနှစ်သွယ်
ပေါင်းဆုံကာမှဧရာဝတီဖြစ်တယ်လို့
ပြောကြပေမယ့်တစ်ကယ်ဆိုယင်
မခွဲခြားပဲဧရာဝတီဟာဧရာဝတီပါပဲ
နိုင်ငံအသက်သွေးကြော
ဘ၀များစွာကပိုင်တယ်လေ.......

ဧရာဝတီ
ရဲ့သမိုင်းကြောင်းမှာ
မကောင်းတာမရှိခဲ့ပါ
ဒါပေမယ့်အမြဲတမ်း
သမိုင်းချိုးကွေ့တိုင်း
တိုင်းတပါးအပိုင်စီးခံရတဲ့ဘ၀က
ဘယ်တော့များမှလွတ်နိုင်မလဲ......

အင်္ဂလိပ်ကလုပ်စားယုံလေး
ဖျက်ဆီးဖို့မကြံခဲ့
တရုတ်နဲ့တွေ့မှ
ကျီးတဖုတ်ဖုတ်ဖြစ်ရမယ့်အဖြစ်
ဘာပဲဖြစ်ဖြစ်
သက်ရှည်နေကောင်း
ကျန်းမာချမ်းသာအောင်
ဆုတောင်းပေးယုံမှတပါး
အခြားမရှိတော့လို့.....
ငုတ်တုတ်ငိုင်လက်မှိုင်ချနေခဲ့ရ
ဘာပဲဖြစ်ဖြစ်လေ
ငါတို့ရဲ့ဧရာဝတီအမေ
တရုတ်ကနေ
သွေးဖေါက်စုပ်တာ
မခံရပါစေနဲ့လို့ဆုတောင်းချွေ..........

4 comments:

မိုးယံ said...

ဧရာဝတီ အဓွန့်ရှည်ပါစေ။

ကိုကိုးအိမ်(မန္တလေး) said...

ပြင်းထန်တဲ့ စိတ်ဆန္ဒတွေကြောင့် အားလုံးရဲ့ အလိုဆန္ဒပြည့်ဝပါစေ...

ခင်မင်စွာဖြင့်

kiki said...

ကမ္ဘာတည်သ၍ ဧရာဝတီ တည်နိုင်ပါစေ ။
ရာဇဝင်ထဲမှာ ကျန်နေခဲ့မယ့် ဧရာဝတီအဖြစ် စာမတင်ခဲ့စေချင်ပါ ။
လူတယောက်အတွက် တသက်မှာ တခါပဲ လိုရာဆန္ဒပြည့်ဝခွင့်ရှိမယ်ဆိုရင် ဒီတခါဆုတောင်းတာကိုပဲ ပြည့်ဝပါရစေ။ ...

ချစ်သူမောင် said...

ကိုမိုးယံဆုတောင်းတဲ့အတိုင်း
ကိုကိုးအိမ်(မန္တလေး)ရဲ့ဆုတောင်းအတိုင်း
kiki ပြောတဲ့အတိုင်း ဆုတောင်းယုံမရတော့လို့ကီးဘုတ်ဆွဲကာတိုက်ပွဲဝင်ကြစို့လေ..............
(ဒါပေမယ့်ဘာပြဿနာမှမဖြစ်ပဲ ဆုတောင်းတွေရယ်ပြင်းပြတဲ့ဆန္ဒတွေရယ်
ပေါင်းစည်းပြီးဖြစ်ချင်တဲ့အတိုင်းပဲဖြစ်ချင်ပါတယ်)