Saturday, September 24, 2011

နွမ်းလျမေ့လျော့ချိန်


ဘာပဲဖြစဖြစ်
အနေရခက်တဲ့
ရက်တွေမှာ
အနှစ်ရှာကာ
မပြချင်တော့
ခပ်ပေါ့ပေါ့
ရယ်ပွဲဖွဲ့ခဲ့တဲ့ရက်တွေ
အခက်ပွေရတက်ပွား
သက်သေမျက်ရည်များနဲ့
နေရစ်တော့ခင်
ချစ်ရေသက်ထား
မောင့်အပါးမှာ
ထာဝရနေပါလို့
ပြောဖြစ်ခဲ့တဲ့စကား
အလကားဖြစ်
ဟိုး........တစ်နှစ်မှာကျန်ရစ်ခဲ့ပေါ့....

ခင့်အနားမှာ
ထာဝရနေမယ်
ပျော်ရွှင်စွာစိတ်ကူးနဲ့
မော်ဖူးယင်း
ရူးခဲ့ရတဲ့
ရက်တွေလည်း...ပျောက်ဆုံး
အချစ်ရေ...
မုန်းမှာသာ
မုန်းစမ်းပါကွယ်..........

တမ်းတမိနေ
နေ့ညတွေမှာ
အလွမ်းတွေချည့်
ဖေါ်မရှိခဲ့
ခပ်ငိုင်ငိုင်တွေးယင်း
မရေးချင်မရေးဖြစ်တော့တဲ့
ကဗျာစာသားတွေ
ပြန်ရေးဖြစ်နေပေါ့
အလွမ်းကိုစခန်းသိမ်းလို့
ရင်တွင်းကမီး
မငြိမ်းနိုင်
ယိုင်နဲ့နဲ့အတွေးတွေ
ရင်ခွင်မှာမတွေးချင်တော့
နှုတ်ဆက်တယ်သက်ထား
ရတက်မပွားရအောင်
ဖာသာထိန်းသိမ်း
နေတတ်အောင်နေတော့မယ်
အလွမ်းတွေမပေါ့ပေမယ့်
အို.....အချစ်ရယ်
နွမ်းလို့ခွေလျော့.........။     ။

6 comments:

Candy said...

ကဗျာလေးကောင်းလိုက်တာ... ခံစားသွားပါတယ်... အဆုံးလေးကို သဘောအကျဆုံးပဲ... :D

blackroze said...

fri ရေ
ကဗျာလေးကကောင်းလိုက်တာ
ရင်ထဲကိုတခါတည်းရောက်သွားတာပါဘဲ

တမ်းတမိနေ
နေ့ညတွေမှာ
အလွမ်းတွေချည့်
ဖေါ်မရှိခဲ့
ခပ်ငိုင်ငိုင်တွေးယင်း.

ကျမခံစားမိနေတာနဲ့လုံးဝထပ်တူကျနေတယ်...

ချစ်သူမောင် said...

သကြားလုံးလေး သဘောကျတယ်ခံစားလို့ရတဲ့
အတွက်ပျော်ရွှင်ရပတယ်ဗျာ

ချစ်သူမောင် said...

ခံသစားမှုသံစဉ်ဆိုတဲ့blackrozeရေ အရမ်း
မခံစားပါနဲ့ဗျာအဲ့လိုပြောလို့ငါ့ရင်ဘတ်နဲ့ငါခံစားတာ
ဘာဖြစ်လဲလို့စိတ်ထဲတွေးနေဦးမယ်
ဟုတ်ဖူး အဲလိုပြောတာဟုတ်ဖူးလူထိခိုက်အောင်လောက်
အထိ ရင်ဘတ်တွေနင့်ရင်တွေအောင့်လောက်အောင်
မခံစားပါနဲ့လားဗျာ

ကျန်းမာပြီးစာတွေအများကြီးရေးနိုင်ပါစေ

ခင်မင်လျှက်
ချစ်သူမောင်

mstint said...

ခံစားချက်ကဗျာလေးအားပေးသွားတယ် 'ချစ်သူမောင်' ရေ။
ိစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်သူမောင် said...

အန်တီတင့်ကျေးဇူးတင်ပါတယ်ခင်ဗျာ
ပို့သတဲ့မေတ္တာကြောင့်အစဉ်လန်းဆန်း
အေးမြလျှက်ပါ

ခင်မင်စွာဖြင့်
ချစ်သူမောင်