Sunday, September 18, 2011

ချစ်သောအမေဧရာဝတီသို့


အမေ နေကောင်းပါရဲ့လားဗျာ သားကတော့အမေ့ရဲ့ကျွန်းပေါ်ဒေသမှာ အဝေးတစ်နေရာရောက်နေ
ပါတယ်ခင်ဗျာ။အမေ အမေကိုသားသမီးများစွာကချစ်မြတ်နိုးကြပါတယ်။အဲဒီအတွက်အမေကျန်းမာမှ
ဖြစ်မယ်အမေ။ အမေရဲ့သားသမီးတွေဆိုတာဒီတစ်နိုင်ငံလုံးရဲ့ရာနှုန်း၇၀ကျော်အမေ။အမေ့ရင်ခွင်မှာ
ခိုနားဝမ်းစာရှာစားကြရတဲ့ တံငါသည်ကအစပြုလို့ နောက်ဆုံး အမေ့ရဲ့ကျွန်းပေါ်ကစပါးစိုက်သူ
အကုန်လုံးအမေနဲ့မကင်းပါဘူးအမေ။ အဲတာကို အမေ့ရင်ကိုပိတ်ဆို့ပြီး ဆည်တွေဆောက် တမံ
တွေတုပ်ပြီး ရလာမယ့် သဘာဝကရတဲ့စွမ်းအား/စွမ်းအင်ဆိုတဲ့လျှပ်စစ်ကို ထုတ်ယူကြမတဲ့အမေ
လုပ်ကြပုံများ၊ပြီးတော့အမေ့သားသမီးတွေအတွက်မဟုတ်ဘူးတဲ့အမေ တိုင်းတပါးသား ဂန္ဓလရာဇ်
အနွယ်ဝင်တွေအတွက်တဲ့အမေ၊ အရပ်ရပ်မှကြားလို့မသင့်တော် အမေ့ရင်ကထွက်တဲ့နို့ချို အမေ့
သားသမီးတွေသောက်စို့ပိုင်ခွင့်မရှိဘူးတဲ့အမေ ၊တစ်ကယ်ဆိုယင်လူဖြစ်လုံးလုံးရှုံး ခဲ့ပါပြီအမေ၊အမေသာမရှိယင်
အားလုံးအားလုံးရဲ့ဘ၀တွေခိုကိုးရာမဲ့တော့မှာအမေ၊မိုက်လုံကြီးတဲ့လူတွေအမေ့ကိုမိန်းမပျက်
တစ်ယောက်လိုရောင်းစားရက်ကြသလားဗျာ။
မွဲပြာကျနေတဲ့ ကျွန်တော်တို့ရဲ့ ချစ်သော အိမ်ကြီး (အိမ်အိုအိမ်မဲကြီး)မှာလဲ ဘယ်လိုမှမတတ်နိုင်
သစ်တောတွေပြုန်းတီး သဘာဝနဲ့ ဂေဟစံနစ်တွေပျက်သုဉ်းခဲ့တာလဲနှစ်တွေချီနေပြီအမေ
နောက်ဆုံးတော့အမေ့ဆီကိုဦးတည်သတဲ့လား............ဗျာ
ရင်နာတာအမေ မပြောပါနဲ့တော့၊ အမေ့ရဲ့
အလျဉ်မပြတ်စီးဆင်းနေတဲ့အမေ့ရဲ့ နို့ချိုတွေ ခန်းခြောက်အောင် အမေ့ရဲ့နို့ချိုတွေမစီးဆင်း
နိုင်အောင်တမံတွေတုပ် ဆည်တွေဆောက်ပြီးယင် ပင်လယ်ကရေငန်ငန်တွေ သားတို့ဒေသတွေ
အတွင်းပြန်လှန်စီးဆင်းတော့မယ်အမေ မြစ်အားလုံးမြောက်မှတောင်သို့စီးဆင်းတယ်ဆိုပေမယ့်
ခုတော့တောင်မှမြောက်သို့အယင်ဆုံးရေငန်တွေ စီးဝင်လာတော့မယ် အဲဒီအချိန်ကျယင်အမေ့
ရဲ့ကျွန်းပေါ်ဒေသကနေ သားတို့အတွက် မံမံ ထုတ်ပေးနိုင်မှာမဟုတ်တော့ဘူးအမေ။
ကယ်လီဖိုးနီးယားကနေပြန်တင်သွင်းကြမလားတော့မပြောတတ်ပေမယ့်လောလောဆယ်တော့
ပဲထမင်းပြောင်းထမင်းစားရဖို့မြင်နေပြီ အမေရေ.......အမေ့ကိုမပိတ်ဆို့ကြပါနဲ့ဗျာ စီးဆင်းမြဲ
ဆက်စီးဆင်းပါစေ ဘာမဟုတ်တဲ့သဘာဝအရင်းမြစ်လျှပ်စစ်မီးကမက်လောက်စရာမရှိပါဘူးအမေ
နောက်ဆုံးကုန်ကုန်ပြောရယင် အမေ့ကိုပိတ်ဆို့သတ်မပစ်ကြဖို့တောင်းဆိုပါရစေဗျာ၊ဆိုင်ရာပိုင်ရာ
များလက်ပိုက်ကြည့်မနေကြပါနဲ့ဗျာ အဲဒီဂန္ဓလရာဇ်အနွယ်ဝင်တွေကြောင့်ပဲ ကျွန်တော်တို့ကျွန်
လုံးလုံးဖြစ်ရမှာကိုဘယ်လိုမှမလိုလားပါဘူးအမေ(မဆိုင်တာတွေထည့်ရေးတယ်လို့မထင်ပါနဲ့
သေချာတွေးယင်အဖြေတွေ့ပါလိမ့်မယ်)သူတို့နယ်ချဲ့ပုံကတမျိုးစီးပွားရေးကနေတစတစလူမျိုး
ရေးအထိပါလာမယ်ဆိုတာ နယ်ချဲ့နည်းအသစ်ပါ၊အယင်ကသေနတ်တွေနဲ့နယ်ချဲ့ခဲ့တာ အမေရဲ့
သမိုင်းကြောင်းမှာ အမေ့ရင်ဘတ်ပေါ်ကနေမီးသင်္ဘောနဲ့ပေါ့ ၊ခုတော့တမျိုးအမေ့ကို မစီးဆင်း
တော့လောက်အောင်ဆည်တွေတမံတွေဆောက်ပြီး အမေ့ကိုသတ်မယ်ကြံနေကြတယ် ဒါပေမယ့်
အမေအမေအသက်ရှင်ဖို့အတွက်အမေ့ရဲ့သားသမီးတိုင်းရဲ့တာဝန်လို့ သဘောထားပြီးကျေနပ်စွာ
ဝိုင်းဝန်းတားဆီးကြမယ်အမေ အမေနှစ်ပေါင်းများစွာ အသက်ရှင်ကျန် ထင်ရစ်ရပါစေမယ်အမေ
၊အားလုံးတူညီဝိုင်းဝန်းကြိုးပမ်းကြမယ်အမေ........ချစ်သောအမေဧရာဝတီကိုတိုင်တည်လျှက်......
အမေထာဝရ အဓွ့်ရှည်တည်တံ့စီးဆင်းနေမြဲစီးဆင်းနိုင်ပါစေ


ချစ်တဲ့အမေ့ရဲ့ သား/သမီးများ................


ပုံကိုတော့ google search မှ imageကိုယူသုံးထားပါတယ်ခင်ဗျာ

5 comments:

မင်းဧရာ said...

ဟုတ်တယ် အကိုကြီး သေခြာတွေးကြည့်ကြမယ် ဆိုရင်
ကျွန်တော်တို့ ပဲထမင်း ပြောင်းထမင်း စားကြရမည့် ကိန်းကို
ဆိုက်နေပြီ မြန်မာ တစ်မျိုးသားလုံးကို တောင်းဆိုချင်တာ
ဒီမြစ်ဆုံရေကာတာ စီမံကိန်း ကိုကန့်ကွက်ကြပါ။

Candy said...

ဖေ့ဘွတ်က ပိုစ့်လေးတွေ့လို့ ရောက်လာဖတ်ပါတယ်ရှင့်... အမေဆိုပြီး ခိုင်းနှိုင်းထားတဲ့ ဧရာဝတီမိခင်ကို ကန်ဒီလည်း ချစ်ပါတယ်.. :D

ချစ်သူမောင် said...

ညီလေးမင်းဧရာရေ
တစ်ကယ်ပဲကိုယ့်အနေနဲ့ကန့်ကွက်ပါတယ်လုံးဝမထောက်ခံပါဘူးကွာ အဲဒီအတွက် အမေဧရာဝတီအတွက်ပို့စ်တွေဆက်ရေးနေဦးမှာပါကွာ

သကြားလုံးလေး တဂ်ပို့စ်ရေးပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

ဇော်သိင်္ခ said...

အမေ ထာဝရ ရှင်သန် စီးဆင်းဖို့ အတွက် သားတွေ အားလုံး မှာတာဝန်ရှိပါတယ်ဗျာ။...
အမေ ဧရာဝတီမြစ်ကြီး ထာဝရတည်မြဲ စီးဆင်း နေနိုင်ပါစေလို့ ဆုတောင်းပေးနေပါနော်...

ခင်မင်စွာဖြင့်..
ဇော်သိင်္ခ

ချစ်သူမောင် said...

ဇော်သိင်္ခ(ကို)
ပြောစရာမလိုအောင်ကိုအမြဲစိတ်ထဲမှာဆုတောင်းနေ
ပါတယ်ခင်ဗျာ
ခင်မင်လျှက်
ချစ်သူမောင်