သဘာဝအရ
အမှတ်တရတွေ
ရင်မှာဝေခဲ့
အလွမ်းတွေတွေမှာ
ရင်ကိုနှောင်ဖွဲ့
အနမ်းတွေနဲ့မသေချာတဲ့
ကြေကွဲစရာဘဝတစ်ခု
တဒင်္ဂအချိန်တစ်ခုမှာ
ကြေမွပျက်သုဉ်း..........
ပျော်ရွှင်စွာနေခဲ့ကြတဲ့
ဘဝလေးတစ်ခုဟာ
မျက်ရည်ထုထည်နဲ့
ငိုရှိုက်သံနဲ့အတူ
ပကာသနလေကြောမှာ
တွေဝေစွာမျောလွင့်
သြော်....အချစ်တွေ
မနှစ်ကနဲ့မတူပါလား.......
ဝေဒနာရက်တွေ
ရှည်မြဲရှည်ကြာ
နေလာတာပေါ့
အမှန်တွေမမှားပေမယ့်
အမှားတွေကနေ
အမှန်ဖြစ်လာတဲ့အခါ
သံသရာတစ်ဆစ်မှာ
ဒါဏ်ရာအသစ်တွေနဲ့
မောင့်မှာလေ...
ကြံရာပါဖြစ်..............
ရင်မှာညစ်နွမ်း
ဆိုးသွမ်းမိုက်မဲတဲ့
အလွမ်းထဲမှာလည်း
မနေရဲပါ
ဝေခွဲလာလျှင်
ရင်မှာနာကျင်
တုန်ရီခံစား
အသည်းကြားမှာ
စွဲထားစူးနစ်
နှောင်ပတ်ရစ်ဖွဲ့
ခွဲခွာကွဲကွာသွားတဲ့ဝေဒနာနဲ့
သေရွာသွားချင်
အလွမ်းပင်ပျိုးချစ်မိုးစွေလည်း
မျက်ရည်စို့ခဲ့
လှိုက်မောရင်သည်
ကြိုတင်ငိုမလား
မလိုချင်စွာ
အမှတ်မထားပေမယ့်လေ
ငိုချင်တာအမှန်တရား.......
မုသားတောထဲမှာ
ချစ်ခြင်းအလင်္ကာတွေ
တစ်ဘဝစာပျောက်ဆုံး
အသည်းနှလုံးဆိုတာ
မုန်းစရာပါ
အမှားပရဗျစ်နဲ့
မတရားတဲ့ရင်အဖြစ်
သိမ်ငယ်စွာညှိုးနွမ်း
လိပ်ပြာလည်းမလန်းတော့ပါပြီ......
အပိုစကားတွေ
ဆိုထားပါရဲ့
မလိုတမာစကားမဟုတ်ပေမယ့်
လိုချင်တာ မတရားတဲ့အလုပ် မှ
မဟုတ်တာကွယ်
နှောင်တွယ်ရစ်ပတ်တဲ့ဘဝမှာ
အမှောင်ကွယ်ညစ်ပတ်ခဲ့ယင်လည်း
ခံတော့မယ်ဆိုတဲ့စိတ်ကူးနဲ့
ရူးခဲ့တာလည်းသည်းခြေပျက်
မနည်းအနေခက်ခဲ့ပေမယ့်
ပကာသနကဘဝကိုဝါးစား
အမှားတရားတွေကအမှန်ဖြစ်
တရားစကားတွေနဲ့
ခဏခဏရန်ဖြစ်
အမှန်တရားဆိုတာလည်း
ကျန်ရစ်မြဲကျန်ရစ်တော့လကွယ်...........
သည်းအူပြတ်မျှ
ချစ်ခင်စကို
ငိုနေလည်းတွေး
နှလုံးသားအရေးမှာ
အရှုံးသမားအတွက်တွေးစရာ
ဘဝဆိုတာအဆစ်ပါသွား
အဲတာတွေအနှစ်ပါလို့ပြောမလား
သဘောတရားတွေနဲ့
အပြောသမားလည်းမလိုချင်
အမောစကားတွေသာအဖတ်တင်
ကြေကွဲခြင်းတွေရင်မှာစု
တစ်ခုပြီးတစ်ခုဟာနာကျင်
အချိန်တိုင်းဟာသောက
ပြောသမျှမောလျနွမ်းဝေ
အတွေးတွေကိုတောင်မှဖယ်ထုတ်
အမှတ်တရဖြစ်စေတတ်တဲ့
နေရာအနှံ့ကိုလည်း
မသွားချင်မသွားရဲ
အလွမ်းထဲကိုအလည်ရောက်ယင်
နာကျင်ကြေမွ
နေမရအောင်
သောကတွေဘောင်ဘင်ခတ်
အငိုမလွယ်ပေမယ့်
အရှိုက်လည်းခက်ခဲ့
မျက်ရည်စက်တွေက
ရင်မှာကြွေ
တမ်းတရက်တွေရှည်ကြာဝေးနေလို့
နွမ်းလျမျက်ရည်ခြေရာလေးတွေက
နှလုံးသားမှယိုစီး
လောင်စာမီးအလား
အမှားတစ်ရာနဲ့ဗျာပွေ
သောကတွေလေ
ဘယ်သူမြင်မိ
သိရှိမလဲ...........။ ။
4 comments:
သူငယ်ချင်းရေ...
တကယ်တော့အလွမ်းဆိုတာလည်း
မကောင်းပါဘူး
ခံစားချက်တခုဖြစ်လာပြီဆိုရင်
အဲဒီခံစားချက်ကိုရင်ဘတ်နဲ့နင့်နေအောင်ရင်းပြီး
ခံစားရတာပါ..တခါတလေ..ရင်ဘတ်တွေတောင်
အောင့်လာတဲ့အခါမျိုးရှိတယ်...
တခါတလေ..အသက်ပြင်းပြင်းတောင်ရှုလို့
မရလောက်အောင်ကို
နာကျင်လာတာတွေရှိတယ်...
ဒါပေမဲ့ ကျမတို့တွေကလည်း
အဲလိုဝေဒနာတွေခံစားပြီး အလွမ်းဆိုတဲ့
အရာကိုအရသာခံကြတယ်နော်..
ခင်တဲ့ Blackroze..
ဟားဟား ဟုတ်ပါ့ကွာ
အလွမ်းထဲမှာပဲပျော်နေပြီး
ရင်ဘတ်အောင့်လောက်အောင်ခံစား
အလွမ်းပျော်များလို့ပဲဆိုချင်ဆိုပါစေတော့
လွမ်းရယင်လည်းပျော်ပါတယ်မျက်ရည်ကျလျက်နဲ့
ပေါ့ဗျာ.............
အကိုကြီး...
အလွမ်းဆိုတာ
ဝေဒနာ လား
နေသားကျ နေပါပြီဗျာ.....
အသက် ငင် နေချိန်မှာ
အရက် ဟာချိုမြိန်နေတဲ့
လူ တစ်ယောက်လို.....
ဝေဒနာ လို့သိပါလျှက်
တွယ်ဖက်မိတဲ့ ရင်မှာ
အလွမ်း တွေကလည်း
မြိန်ယှက်နေစဲပါ။
အလွမ်းဆိုတာ
ဝေဒနာမဟုတ်
တမ်းတသရုပ်ပြီပြင်
နွမ်းလျရုပ်သွင်နဲ့
ကြမ်းရှတဲ့ရင်......
အသက်ငင်လို့
အရက်ချိုချင်ချိုပေမယ့်
အလွမ်းရင်ဟာ
တမာထက်ခါး
ကြက်ဟင်းခါစားပြမှယုံမယ်ကွယ်......
ဝေဒနာလို့သိလျှက်
တွယ်မက်ကမ်းလက်ရင်ထဲမှာ
သောကဆိုတဲ့မီးတစဟာ
ကျွမ်းလောင်မြိုက်ပူဆဲ........ပါ
ညီရေ....
ခင်မင်လျှက်
ချစ်သူမောင်
Post a Comment