
အုံ့ပုန်းချစ်နဲ့
ခဏလောက်
ချစ်လိုက်ရတာရယ်
ဘယ်လိုဖြစ်ဖြစ်
"ခံစားချက်အသစ်ပဲ"
ရင်ထဲကိုဝင်ယှက်နွယ်
ခက်တယ်...ကလေးရယ်
အသက်ရွယ်ကြီးလေတော့
ချစ်တာလဲဖွင့်မပြောရဲ
ရင်နင့်တာလဲ
အပြစ်သဘောပါကွယ်
ခုချိန်ခါက.......
မင်းတို့အရွယ်လေးတွေ
ပျော်ရမဲ့အချိန်တွေပေါ့လို့
ခပ်ဖော့ဖော့သာ
တွေးယင်းနဲ့အားငယ်
အသက်ရွယ်ထောက်ချင့်လို့
မြှောက်ပင့်လို့လဲမပြောဝံ့ဘူး
ချစ်စဖွယ်ခင့်မူဟန်မြင်တော့
ရင်တွေခုန်တာအရမ်းပါကွယ်
ကိုယ့်အတွက်တော့တခန်းရပ်
အလွမ်းဇတ်တစ်ခုဖြစ်တယ်
ဒါဟာသံသယရှိစရာမဟုတ်တဲ့
အတွေးတစ်စပါ.....ပင့်သက်ရှိုက်
လှိုက်ဖိုမောယင်း ရင်တွင်းမှာနွမ်းလျ
အသက်ရှူလို့
တောင်မဝတော့တဲ့အဖြစ်
အပြစ်ဖြစ်ပြီလား
အတွေးစိတ်ကူးများစွာ
သြော်........အချစ်တဲ့လား
မပြောဖြစ်တဲ့စကား
အတွေးများစွာထဲမှာထားရစ်
လူဆိုးဖြစ်စေလေ
ဘယ်လိုဖြစ်ဖြစ်
အချစ်ဆိုတာ
ရပ်တန့်မနေဘူးမဟုတ်လားကွယ်
တစ်ကယ်လို့သာနှိုင်းယှဉ်ပြပါဆိုယင်
မိုးနဲ့မြေကြီးအကွာကြီးကွာလိမ့်
ကောင်းကင်ပေါ်ကသက်တံ့ရယ်
မင်းကသက်တံ့ဖျားမှာ
နားနေတဲ့ငှက်ကလေးအသွင်နဲ့
တစ်ချက်လေးပြေးမြင်ကြည့်ပါလား
ဘဒ္ဒဤကမ္ဘာမှာမင်း
ကိုချစ်မိတဲ့သူတစ်ယောက်က
သက်တံ့ရဲ့အစွန်ဖျားနားကို
အသာလေး
ငေးကြည့်နေတယ်ဆိုတာလောက်
မင်းတစ်ယောက်သိယင်
ကျေနပ်လောက်ပါရဲ့
ငါကတော့ခပ်ငေးငေးပါကွာ
ချစ်မိတယ်ဆိုတာကို
မတွေဝေပဲပြောရဲပေမယ့်
ရင်ထဲမှာနင့်နေတဲ့အဖြစ်က
တွေတွေဝေေ၀ပဲ
မပြောရက်ခဲ့ပါ
လူကြီးတစ်ယောက်အမြင်နဲ့တော့
လူဆိုးမလေးပေါ့
ဘာကိုမှဂရုမစိုက်ပဲ
အပေါင်းသင်းတွေနဲ့
ပျော်ရွှင်ရယ်ပွဲဖွဲ့နေခဲ့ပေါ့
ဘယ်လိုဖြစ်ဖြစ်
အချစ်တွေပွေ့ပိုက်ထားယင်း
အဝေးတနေရာကနေ
ငေးရီရီကြည့်နေယုံနဲ့
ကျေပ်နေမိသူရယ်ပါ.........
ရင်မှာကြိတ်ကြွေ
စိတ်အခြေနေမလှလို့
ရေးဖြစ်ရပေမယ့်
ကိုယ်ကတော့လေ
သစ္စာမပျက်တတ်သူရယ်ပါ.......။ ။
2 comments:
အတွေး ရင့်ရင့်
အဆွေးသင့်နေတဲ့ ကဗျာတွေ
ရှာဖွေကာ ဖတ်မိပြီမို့
နောက်တစ်ခါ လာမည့်
အကြောင်းကို မောင်းခတ်ပါသေ။
အကိုရေ..
ကျွန်တော် ကိုယ်တိုင်က ကဗျာချစ်သူမို့
ဖတ်စရာ ကဗျာ တစ်အုပ် တိုးလာသလိုပဲဗျာ
နောက်များမှာလည်း လာပါရစေ။
ဟုတ်ကဲ့ကိုမင်းဧရာ အချိန်မရွေးလာလည်နိုင်ပါတယ်ဗျာအမြဲတမ်းကြိုဆိုလျှက်ပါအကြံပေးချက်လေးတွေပါဝေငှခဲ့ပါဦးလို့
ခင်မင်လျှက်
ချစ်သူမောင်
Post a Comment