ချစ်ခဲ့သူရေ
အလွမ်းမိုးစွေတဲ့
သည်နှစ်ရဲ့မိုးရက်များ
လွမ်းရအားပါ
နွမ်းလျသည်းလျာ
ချစ်ကဗျာတွေ
ရင်မှာစွဲကျန်
ကာရံအမြင်မှောက်မှား
လွမ်းတရားထဲမှာ
တဝဲလည်လည်.........
ကျွမ်းခဲ့ဖူးသူ
သက်ထားသခင်
နွမ်းလျစိတ်အစဉ်နှင့်
ကျွမ်းရစ်နှောင်မောင့်ရင်ထဲ
တကယ့်အဖြစ်ပဲကွယ်
လွမ်းရစ်နှောင်စိတ်အစဉ်ကိုလ
နှစ်ကိုယ်ယှဉ်
ထီးအတူဆောင်းလို့
မိုးရွာထဲမှာလည်း
ပျော်ခဲ့ဘူးတာပဲလေ
ချစ်တစေ ္ဆအလား
ထင်မှတ်မှားအောင်
ရင်ကိုခြောက်လှန့်
မလန့်တော့ပေမယ့်
ထင်ကျန်ရစ်အတိတ်ခြေရာ........
ပျော်စရာတွေ
အတူတူတွေး
ကန်ဘောင်နံဘေးမှာ
ထီးမပါတဲ့ရက်တွေက
မိုးစိုချင်စိုပါစေတော့ရယ်ပေါ့
နှစ်ကိုယ်ယှဉ်လက်ချင်းဆုပ်ကိုင်
မျက်နှာအတူမော့ပြီး
မိုးပွင့်တွေရဲ့တယုတယအနမ်း
နုနုညံ့ညံ့အတွေးတွေနဲ့
အတူတူခံစားခဲ့
ဘူးတယ်ဆိုတဲ့
အမှတ်တရ
ရင်နဲ့အမျှပါအစဉ်
လွမ်းသခင်..........
နွမ်းစိတ်အစဉ်မှာ
တမ်းတရိပ်ပြီပြင်
ကျွမ်းဖူးသူသက်ထား
ရတက်ပွားစေတော့မလားကွယ်
မိုးတနေ့ချိုးအကွေ့မှာ
မှိုင်းမှုန်ဝေတဲ့ညနေခင်း
အစခြေဆင်းမပါပဲ
လက်ပြကျောခိုင်း
စိတ်လှိုင်းအစဉ်မှာ
ဖြေဆည်မရအောင်
မောင့်ရင်အပြင်ဖက်
ပြေးထွက်သွားယင်း
ငိုခဲ့ဘူးသည့်
သခင့်ရုပ်သွင်
မေ့မရတဲ့စိတ်အစဉ်ကို
စိုးမိုးထားယင်း
ဆုချွေချင်သည်
ညိုတော့မိုးရယ်
ရွာစေကွယ်..........
ကွဲကွာကွေကွင်း
ဘဝတွေရင်းပြီး
ချစ်မိခဲ့သူ
မောင့်ရင်ဆူစေ
အလွမ်းပွေနေ့ရက်
သည်ရက်ထွေမှာ
အမှတ်တမဲ့စကားက
ရင်ကိုတိုက်စား
အာဃာတမထားတတ်သူရင်မှာ
စွဲနစ်ထင်ကျန်
အလွမ်းဝေဒနာ
ပန်းလျခြေရာ
ဖြေဆည်ရာမရှိ
နတ္ထိပါလေ
စွေပါစေမိုး
သွန်းဖြိုးမျက်ရည်
အခက်မပွေအောင်
မျှောခွင့်ပေးလှည့်
မိုးနေ့ရဲ့.............။ ။
4 comments:
ဦးဦးဖျားဖျား ခံစားသွားတယ် အကိုကြီး
မျက်လုံး အတွင်းမှာ မြင်လာအောင်ကိုရေးနိုင်စွမ်းရှိတယ်
လွမ်းရတဲ့ရက်တွေလွန်ပါစေ။
မြန်လိုက်တာညီလေးရာချက်ချင်းပဲ
ကျေးဇူးညီရေ
ကဗျာဖတ်သွားတယ်ရှင်။
ဘလော့ဂါကဗျာဆရာတွေအားလုံး
လွမ်းနေကြတာပါဘဲလားနော်...
လွမ်းတာလည်း..အလကား၇တာမှ
မဟုတ်တာနော်..
ရင်ဘတ်ထဲခံစားရသေးတာလေ..
ခံစားချက်ကဗျာလေးတွေကို
သဘောကျတယ်...
Post a Comment