Tuesday, November 9, 2021

သမင်လည်ပြန်

 

လွမ်းသလားပျို

နွမ်းစကားမဆိုကြေး

ဟိုဆီဝေးလွင့်

အတိတ်မြေဆီမှာ

ထင်ကျန်ရစ်သော

မှေးမှိန်စွာ

ပျောက်ကွယ်လုလု

ခြေရာလေးများသည် ........

လွမ်းစကားဆို

ပန်းများသာပိုပို

ပျော်ရွှင်စွာကြည်နူး

ရင်ခုန်ရဖူးတဲ့

ပျပျလေးမြင်ရ

ဟိုအတိတ်ဘဝဆီ

ယဲ့ယဲ့ ပျော်ဝင်

စိတ်အစဉ်မှာ

ထင်ကျန်နေသော

အမှတ်တရများစွာ.......

တမ်းတခြင်းကပို

ရော်ရည်ရွယ်မှန်း

တွယ်တာနှောင်ခြင်း

အတိတ်အရိပ်ဖြစ်စဉ်

လွမ်းလှသည်ပင်

တွယ်ငြိတပ်မက်

ဖယ်မထိ ဖြတ်ခက်

နွမ်းလျလျရင်ခုန်သံ

ဟိုး.....အဝေး.......

တိတ်ဆိတ်စွာ.နွမ်းလျ........

Friday, November 6, 2020

နှလုံးသားအိပ်မက်ရာဇဝင်မှာစာတင်စေမယ့်အနမ်း

တမ်းတမ်းတတ

ထင်ယောင်မှတ်မှား

ငယ်ချစ်ဦးလား

တွေးအတွင်း

ချဉ်းနင်းရောက်လာ

သူမမှသူမပါပဲ

ရင်ခွင်မှာလှိုက်ကနဲ

နွေးထွေးလှပ်ခုန်

လှိုက်မောကြည်နူး

နေခဲ့ဖူးပြီ

အိပ်မက်ဆီမှာ...........

ဘယ်လိုမှတွေးထင်မထားပဲ

အလည်လာသွားတာ

တစ်ကယ်လားလေ

အိပ်မက်ဟာဝို့တဝါးမဟုတ်

ပြတ်ပြတ်သားသား

ထင်ထင်ရှားဆဲ

နွေးထွေးလှိုက်ခုန်

ရင်အစုံသည်

တမ်းတမိသော

အနမ်းနှင့်အတူ

ကျွမ်းဝင်တပ်မက်မိသော

နှုတ်ခမ်းအစုံ

ပျော်ရွှင်နေတယ်

နိုးထလာသောမနက်ခင်း

မိုးပင်မလင်းချင်တော့.....

တစ်သက်စာ

တမ်းတခဲ့မိဖူးသော

အနမ်း နှုတ်ခမ်းအစုံ

နူးညံ့အိညက်သော

ပါးပြင်အစုံ

သခင် နင် တကယ်လား

တမ်းမက်နှောင်တွယ်

သံယောဇဉ်တွေ

ဘဝတစ်သက်စာ

တမ်းတမိတဲ့

အလွမ်းတွေနဲ့အတူ

အနမ်းတွေ

တမ်းတစရာတွေပေါ့........


Tuesday, October 6, 2020

ဪ.......ငဗစ်ရယ်နင်လုပ်မှအခက်

 

ဘယ်လိုလုပ်ကြမတုန်း

ပညာရေးရပ်တံ့

စီးပွားပျက်ကုန်

မြင်ရကြားရမသက်သာ

သိပ်ခင်တဲ့

သူငယ်ချင်းတွေ

လူချမ်းသာတွေ

နေ့ချင်းညချင်း

လှတပတ

ရုပ်လေးပြပြီး

အွန်လိုင်းမှာ

စုံစီနဖာတွေရောင်း

အပြင်မှထွက်လို့မရတာ

ဘယ်လိုလုပ်ကြမှာလဲ

delivery တွေ

စီးပွားဖြစ်

အသစ်အသစ်စီးပွားရေး

တီထွင်ကြံဆ

မိုတီဗေးရှင်းတွေ

အွန်လိုင်းဈေးရောင်းခြင်းတွေ

ကျောင်းသင်ခန်းစာတွေ

အွန်လိုင်းကပို့ချ

တချို့ကဂျင်းဗျ

ဟိုဟာသင်တန်း

ဒီဟာသင်တန်း

အ သူခံကြစတမ်းပါပဲ

ကိုယ့်ပစ္စည်းရောင်းချင်ဇောနဲ့

.ဖေ့ဘုတ်.မားကက်တင်းလုပ်နည်း

အွန်လိုင်းဈေးရောင်းနည်း

ကိုယ့်ပစ္စည်းအရောင်းစွံအောင်လုပ်နည်း

နည်းပေါင်းတစ်သောင်းသင်တန်းတွေ

တုံးသူခံ အသူခံသင်တန်းလို့

နာမည်မတပ်တာ

ကံကောင်းလို့

ဖျံကျသူကကျတယ်

ဖျံကျတတ်တာကို

တော်တယ်လို့မြင်တဲ့သူကမြင်တယ်

အင်း နောက်ဆုံးတော့

Boost ဖို့သာအဓိကဆိုတာများ

သိသွားသင့်တာပေါ့

အင်း......

မပြောတော့ပါဘူးလေ

ကိုဗစ်ခေတ်မှာ

မင်းကိုပြောရတာ

မောတယ်...........

ငိုးတဲ့ မှပဲ

 

၂၀၂၀ကပ်ဘေးမှာ

မင်းတို့မြို့ကလေထု

မသန့်ရှင်းတော့ဘူး

အချင်းချင်းလည်း

မယုံသင်္ကာ

လူချင်းဝေးပြီး

နှလုံးသားခြင်းနီးကြတယ်ဆိုလား...

လက်ဆွဲနှုတ်ဆက်မနေဘူး

တံတောင်ချင်းတိုက်လိုတိုက်

ကူးလိုက်တဲ့ပိုးတွေ

ဘာသာရေးအခမ်းနားကစ

ကာရာအိုကေအဆုံး

ဘဝတွေလည်းဆုံးကြ

အသက်တွေလည်းဆုံးကြ

မင်းတို့မပါဖို့

အိမ်ထဲမှာသာနေကြစို့တဲ့.....

ပြောတာပြောတာပဲ

ငါ့ဝမ်းပူစာ

မနေသာလို့

ထွက်လာတယ်ဆိုလည်း

မျက်နှာဖုံးတပ်

အကာလေးတပ်

လက်ခနခနဆေး

ပြောနေလေလည်း

လှည်းနေလှေအောင်း

မြင်းစောင်းမကျန်

ပကာသနတံတိုင်းခြားသလို

တမဟုတ်ခြင်း

တွေ့ကရာတွေနဲ့ကာပြီး

မြို့နယ်တွေခြားပစ်ကုန်တယ်

ဪ ငဗစ်ရယ်

ငိုးတဲ့ မွပဲ.........

Monday, September 28, 2020

Zawgyi Vs Unicode

 နိုင်​ငံ​တော်​အစိုးရအဖွဲ့အစည်း နားမှာ အမြဲ​စောက်​တလွဲအကြံ​ပေး​နေတဲ့ IT သမား​တွေရှိတယ်​ မှန်းပြီးနှပ်​စားကပ်​စား​နေကြတာ တကယ်​ အလုပ်​ပြဆိုလည်းဘာမှမဖြစ်​လာပဲ ဘယ်​လိုပညာရှင်​​တွေကို​ရွေးချယ်​ထားသည်​လည်းမသိ

ယူနီကုဒ်​ ကိစ္စအစပြန်​ထုတ်​ရယင်​ အ​မေကိုယ်​တိုင်​ယူနီကုဒ်​ပါလို့ စူပါ​မော်​ဒယ်​လုပ်​ပြီး​ကြေငြာတယ်​ ယူနီကုဒ်​ standard ဆိုသည်​က Only one ပဲဖြစ်​ရမယ်​ ခုဖြစ်​​နေတာ ယူနီကုဒ်​ဟာသုံး​လေးမျိုးကွဲထွက်​​နေတယ်​ Android မှာတစ်​မျိုး Window 7မှာတမျိုး Ubantu မှာတမျိုး Linux မှာတစ်​မျိုး ခုWindow 10ထွက်​လာ​တော့တစ်​မျိုးဖြစ်​တယ်​ ထုတ်​လုပ်​ကြတဲ့​နေရာမှာလည်းပြည်​​ထောင်​စု ၊ စံမြန်​မာ၊ မြန်​မာ 1,2,3ထိကိုထွက်​ထားတယ်​ တ​ပြေးညီဘယ်​လိုမှမဖြစ်​နိုင်​တာ​တွေ ကို တလွဲအကြံ​ပေးပြီးခုထိအဆင်​​ပြေ​အောင်​မလုပ်​နိုင်​​သေးတဲ့အိုင်​တီသမား​တွေကိုဗစ်​ကာလမှာလည်း QR pass website ကိုအ​ပေါက်​များစွာနဲ့ဖြစ်​သလိုလုပ်​ပြီး​ရေးကြတယ်​ ကဲ ပြလိုက်​စမ်းမြန်​မာအစွမ်း ​စောက်​သုံးမကျတာမကျတာပဲ.........

အမွှန်းတင်​တာမဟုတ်​ဘူး ​ဇော်​ဂျီကိုကြည့်​....​ဇော်​ဂျီ ခုထိဘယ်​နှစ်​မျိုးထွက်​လဲ ​တစ်​မျိုးပဲထွက်​တယ်​ ဗားရှင်း​တော့​ပြောင်းတာ​လေး​တွေရှိတယ်​ဆို​ပေမယ့်​ ​ဇော်​ဂျီကို ခုနကကျ​နော်​​ပြောတဲ့ OS​တွေမှာထည့်​သုံးကြည့်​ ခု​နောက်​ဆုံး Window 10.အထိအဆင်​​ပြေတုန်း ဖြစ်​​နေတာ​တွေ့ရမယ်​..........

ပြောချင်​ပါတယ်​ ​စောက်​သုံးကျ​အောင်​လုပ်​ပြီး​စောက်​သုံးကျ​အောင်​​နေပါလို့ ယူနီမသုံးယင်​ပဲ​ခေတ်​နဲ့အညီ ဘာမှမသိရဘူး​လို​တွေ​ပြောပြီးဆွယ်​လည်း .ယူနီကုဒ်​ဟာခုထိ​စောက်​သုံးမကျတုန်းပါ........

Sunday, December 1, 2019

မတမ်းတတော့ပါ ....ဒီဇင်္ဘာ

ငယ်စဉ်တည်းက
ရင်ခုန်ခဲ့ရတဲ့
ဒီဇင်္ဘာ...........

အား......မနက်ဆို
ခြံထဲဆင်းကြည့်ယင်
သစ်ပင်က
ပိုမျှင်အိမ်တွေမှာ
ကပ်ငြိနေတဲ့နှင်းတွေ
စိုစိုစွတ်
အေးမြတဲ့အငွေ့အသက်
အပြည့်အဝရဲ့အစ
လဒီဇင်္ဘာ...........
တခါက....ဒီဇင်္ဘာ
တမ်းတ.........

တက္ကသိုလ်တွေ
စဖွင့်တယ်လား
ဒီဇင်္ဘာငါးရက်
မနက်ခင်း
အပျော်တွေနဲ့
စောစီးကျောင်းအသွား
အေးမြတဲ့အထိတွေ့
ညံသက်သက်မှာ
တစ်ကယ်ဆိုတော့
ဘဝတစ်ခုပါ
ဒီဇင်္ဘာရေ.......

အေးမြခြင်းကိုကြိုက်လို့
နှင်းတွေကြားထဲမှာ
ဦးထုပ်မဆောင်းပဲ
ဆိုင်ကယ်ခနခနစီးဖြစ်
နှင်းရည်စိုလူးတဲ့
ခေါင်းထက်ဆံစတွေ
ကိုင်ကြည့်ယင်း
သဘောကျခဲ့ဖူးတဲ့
နေ့ရက်များစွာ
ပျော်ရွှင်ကြည်နူး
နေခဲ့ဖူးပါရဲ့
တမ်းတရတဲ့
ဒီဇင်္ဘာ..........

တခါက
တစ်ဘဝဖြစ်
စီးခဲ့နင်းခဲ့ကြ
စက်ဘီးကိုယ်ဆီ
နှင်းတွေကြားမှာ
ကံကောငအးချင်တော့
ညဦးက
ယုဇနပန်းတွေ
ပွင့်ခဲ့ဖူးတဲ့
မှတ်မှတ်ရရ
ဒီဇင်္ဘာ.........

နှင်းတွေကြားမှာ
စတင်တွေ့ဖူး
အချစ်ဦးဟု
ဆိုသာမည်လား
မသဲကွဲပါ
ဖြစ်ခဲ့ဖူးသည်
အမုန်းဆုံးလား
မတမ်းတတော့ပါ
နှင်းထဲမှာဆုံ
ဆောင်းရောက်မှာခွဲ
မလွမ်းပဲနေတတ်ရဲတဲ့အခါ
ဪ.....ဒီဇင်္ဘာ

ဒီတစ်ခါ
မင်းလာတာ
နှင်းမပါ
မာယာမပါ
တမ်းတတာမပါ
လွမ်းရတာမပါ
နွမ်းလျလျသာ
မနှစ်ကနာကျင်တာ
ဒီနှစ်မှာမေ့ထားမယ်
မနာကျည်းချင်ပါ
ဒီဇင်္ဘာရေ
ဘယ်လိုဖြစ်ဖြစ်
ကောင်းခြင်းတွေသာ
ယုဆောင်လာပါ
ဒီဇင်္ဘာ.............


Wednesday, October 16, 2019

သီတင်းကျွတ်လပြည့်ည အမှတ်တရကဗျာ ၂၀၁၉






တော်ပါပြီလေ
ရင်ထဲအပြည့်ပေမယ့်
နှလုံးသားကခံစား
ရှာမရတဲ့စာသား
ကဗျာများလည်း
ထွက်မလာ........

တော်ပါပြီလေ
ရင်ထဲရှိတာ
တိတ်တခိုးခံစား
ချစ်နေ့ရက်များ
ပျော်ပါစေကွာ
ဝင်းဝင်းဝါဝါ
သာသာရွှေလ
လပြည့်ညမှာ.........

တော်ပါပြီလေ
ဘာတွေတွေးပြီး
ရေးနေမှာလည်း
တလို့သာတဲ့
လပြည့်ညမှ
မဟုတ်ပဲလေ
ရင်ထဲချမ်းမြေ့
ကြည်နူးကျေနပ်
နေတတ်ချင်သည်
မင်းရင်ခွင်ဆီ...........

တမ်းတနေ့ည
လွမ်းအိပ်မွေ့ချ
သီတင်းကျွတ်ရဲ့
လပြည့်ည...........

Monday, April 22, 2019

လွမ်းလို့တမ်းတ

ခွဲခွာပြီး
ခနဝေးကြရတဲ့
နွေချိန်ခါဆို
အလွမ်းတွေချည်း
ရွာသတ်သတ်တည်
နေနေဖြစ်ခဲ့
တမ်းတရတဲ့
နေ့ညများထဲ
နေလေခက်လေ
သောကပွေတယ်
နွေလည်နေ့ခင်း
တမ်းတယင်းနဲ့
အချစ်များစွာ
ရင်မှာတည်ဖြစ်........

တမ်းတခြင်းမြစ်
အဖြစ်နဲ့
ရင်ထဲမှာစီးဆင်း
ပူလောင်ခြင်းတွေက
နွေအပူနဲ့ရောယှက်
ပြောမထွက်တဲ့အခါ
တမ်းတနေတာလေးက
ကျွမ်းလောင်မြိုက်
အလွမ်းအမှောင်တိုက်ထဲ
နွမ်းအောင်ရင်ခိုက်...........

လွမ်းတယ်
ဘယ်လိုစာသားရေးရေး
အလွမ်းဆိုတာတည်ဖြစ်
ကျွမ်းလောင်မြိုက်လည်း
ချစ်လို့မဝ
တမ်းတမိဆဲ
အလွမ်းနဲ့အတူတူ
နွေရက်များထဲမှာ
အချစ်ဆုံးရင်ကို
တမ်းတတယ်.........


Sixth anni remembrance

ပျော်စရာတွေး
ရင်ထဲအေးတဲ့
နှစ်ကူသင်္ကြန်
နှစ်အမှန်လေ
နှစ်ထောင့်ဆယ့်ကိုး
အချစ်တွေတိုး
အလွမ်းတွေပျောက်
နစ်သစ်ရောက်စေ
တမ်းတစေတဲ့
ငုဝါသင်္ကြန်
နှစ်အမှန်ပေါ့
ဘယ်လိုဖြစ်ဖြစ်
ပျော်ရွှင်တယ်........

တမ်းတခြင်းတွေနဲ့
ဖြတ်သန်းလာခဲ့တဲ့
မိုင်ပေါင်းများစွာ
မောင်တို့ကိုဆုံစေ
ရန်ကုန်မြေလေ
နွေပူဖြစ်ဖြစ်
မြတ်နိုးမိ..........

မိုင်ပေါင်းလေးရာ
ဖြတ်သန်းလာတဲ့
မောင့်အချစ်ရယ်
မောင့်ကိုလွမ်းတယ်
ဆိုတဲ့အသိတခုနဲ့
ဖြတ်သန်းခဲ့တာ
မောင်သိနားလည်
သိပ်ချစ်တယ်ကွယ်.........

ပျော်ပါတယ်
ရင်ထဲမှာနွေ ရဲ့
နေ့တွေ
ညတွေအတူ
ဖြတ်သန်းလွန်မြောက်
ခြောက်နှစ်တိုင်မှာ
ဆထက်ထမ်းပိုး
တိုးတိုးပြီးချစ်
တွယ်ငြိမြတ်နိုး
စဉ်မြဲကို
တမ်းတပို.............

ချစ်သည်သခင်
တစ်ဘဝလုံး
အချစ်ဆုံးမို့
ဘယ်လိုတွေ
မတွေမဝေ
ချစ်ခြင်းတရား
ရင်မှာအမြဲ
မြတ်နိုးမှုတွေ
ဆပိုကဲ.........

သောကရာသီ-၂

လွမ်းလာပြီဆို
ဝေးနေရတာ
ကြာတယ်အသိ
ဆိုမိစကားမှာ
အပြစ်တွေရှာ
မနာလိုဖြစ်
သိပ်ချစ်တယ်လား
ချစ်ခြင်းများစွာ
ရင်မှာတွယ်ငြိ
တပ်မက်မိသော.......

ဝေးနေအသိ
တမ်းတမိခြင်း
ရင်ခွင်တွင်းမှာ
သခင်ပိုင်စား
အလွမ်းများစွာ
ဝေဒနာလေ
ဘယ်သူမမြင်
ဘယ်သူမသိ
အကြင်သူသာ
မြတ်နိုး၏...........

တမ်းတခြင်း
လွမ်းရခြင်း
နွမ်းလျခြင်း
အပြင်ဖက်
အလွမ်းများစွာ
ခနတာတွေ့
ချစ်သူ့မျက်နှာ
တိမ်ကင်းစင်စ
ဖူးသစ်လ သို့
ရွှန်းရွှန်းပပ
မြင်မြင်သမျှ
မြတ်နိုးမိ........


Friday, March 15, 2019

ဥပေက္ခာချစ်သို့****

ဥပေက္ခာမြစ်
တသွင်သွင်စီးလျက်
စိမ်းကားလေသူ
ကိုယ့်အပူသာ
ကိုယ့်ရင်မှာသိ
မချိတရိ
အလွမ်းတွေ
မသိတသိအနမ်းတွေ
ရင်ခွင်ကိုဖောက်စား
တမ်းတစေသလားလို့...........

ဥပေက္ခာဖြစ်
ချိန်တိုင်းတမ်းတ
သတိရနေ
အလွမ်းတွေလေ
သူမသိငြား
ဥပေက္ခာထားလည်း
အလွမ်းတောင်တန်း
ကံ့ကော်ပန်းတွေ
မြင်မှတ်တွေ့ရှိ
တမ်းတမိလည်း
ကြင်သူအဝေး
ဖော်ကွာဝေးငှက်
အမြင့်ပျံသန်း
လွမ်းတမ်းတလျက်
ငြူစူမငြူစူ
မြတ်နိုး၏............

ဥပေက္ခာဟု
အမည်တပ်ကာ
ခေါ်တွင်သော်ငြား
အလွမ်းများစွာ
တမ်းတစရာလေ
ချစ်သူသိစေ
မနက်ခင်းမိုးလင်း
နေ့လည်ညနေ
အယင်အတူတူ
သွားခဲ့ဖူးတဲ့
ဓလေ့အထွေထွေလေ
သူမသိငြား
မြင်စေသားပေါ့
အလွမ်းများစွာ
ရင်မှာတည်ဖြစ်
တမ်းတတွယ်ငြိ
တပ်မက်သော
ဥပေက္ခာတောအလယ်
အမောလွယ်
သက်မချကာ
ကျွမ်းမြိုက်လောင်ဆဲ...........

Thursday, February 21, 2019

အလွမ်းအဆက်ဆက်

ရင်မှာနာကျင်
တဆစ်ဆစ်ကိုက်ခဲ
ဝေဒနာညများ
ခံစားနေယင်း
အလွမ်းသည်
ရင်ကိုတိုးတိုက်
နှလုံးသားနံရံ၏
လှုပ်ခတ်မှု
တွန်းတိုက်သွားသော
နာကျင်သောဝေဒနာ
တဆစ်ဆစ်ကိုက်ခဲသော
ရောပြွမ်းသော
နာကျင်သော
လွမ်းနေသော
နှလုံးသား၏ဖြစ်အင်......

တမ်းတသည်
တွယ်တာလွန်း၍
နွမ်းလျသည်
ကြင်နာလွန်း၍
လွမ်းရသည်
မြင်နေရလျက်
မကြင်သာသည်မို့
ရင်သည်နာကျင်
ဝေဒနာသည်
အခံရခက်
တစ်ပြန်ကြွချက်
ကိုက်ခဲနာကျင်မှုကို
ပျက်ပျယ်စေသောဆေးဝါး
ဒါဏ်ရအနာတရကို
ပျောက်ကင်းစေခြင်းအလို့ငှါ
ဝင်ရသောခွဲစိတ်ခန်း
ပြန်ထွက်လာသည့်အခါ
ပြယ်လာသောထုံဆေးနှင့်အတူ
နာကျင်ခြင်း
တစ်သက်မေ့မရမယ့်
နာကျင်မှုနဲ့
ရောပြွမ်းနေတဲ့အလွမ်း..........

တမ်းတခြင်း
တွေ့မြင်နေလိုခြင်း
ဒီရေအလားတရိပ်ရိပ်တက်သော
အလွမ်း၏အဆိပ်
နာကျင်ခြင်းကိုက်ခဲခင်းတို့
ရောပြွမ်းနေသေ
တမ်းတခြင်းအဆိပ်
သိုသိုသိပ်သိပ်ပါ
ရင်မှာလောင်စား
အက်ဆစ်အလား
ရက်ဆက်အလွမ်းသည်
အလွမ်းအဆက်ဆက်
ဖြစိစေတော့သခင်............


Sunday, December 9, 2018

မနက်လွမ်းခြင်း

အစိမ်းခြွေချင်လို့
သူစိမ်းတွေလို့
ဆိုချင်တာလား....အချစ်ရယ်
ရင်ခွင်မှာ.....
တွယ်ငြိတပ်မက်
ရှင်သခင်သာ
ဖယ်မထိဖြတ်ခက်....

ရင်ခွင်သည်းဦး
ချစ်တိုင်းရူးချင်
သည်ရင်ခွင်သည်
သခင်သာလျှင်
ပိုင်စားစိုးမိုး
တွယ်ငြိတိုးတိုက်
လွမ်းရမည်ကို
စိုးထိတ်ခိုက်တံ့
ရှိခဲ့ဖူး........

မပျော်ပါကွယ်
ရင်ကသောက
ကြင်သမျှကို
ဖွင့်ဟလှစ်ဆို
တွယ်တာရက်များ
အဝေးမသွားပါကွယ်
ပျော်ချင်တယ်လေ
ချစ်သူရေ......

Thursday, December 6, 2018

ဂျင်းလေါကရဲ့...သံဝေဂ

ဖေ့ဘုတ်ပေါ်မှာ
ဝမရှိလည်း
ဝိလုပ်လို့ရတယ်
နဂိုမရှိလည်း
သုံးရာ့ခြောက်ဆယ်
ဘီ ခြောက်တစ်နှစ်နဲ့
နဂိုင်းထွက်လို့ရတယ်........

ဘာမှမရှိတဲ့လောက
မရှိတါကို
အရှိဖြစ်သယောင်
ထင်ယောင်ထင်မှား
အမြင်မှားအောင်
စွန်းလန်းလွန်းတယ်
ပန်းသတင်းလေညှင်းဆောင်
လူသတင်း
ဖေ့ဘုတ်ဆောင်ခေတ်မှာ
ဘယ်ဟာကများ
အမှန်တရားလဲ.........

အကြံသမားတွေ
လာထား မာယာများတာတွေ
အလကား အမြင်ရှိမှ
တင့်တယ် တမင်ကြည့်ကြလည်း
ဖြစ်ပါတယ်ဆိုတဲ့လောက
မမြင်သင့်တာပြဖို့လဲ
ဝန်မလေး
အထင်သေးတာဆိုတာ
ဘေးထား
အလေးမထားတော့
ရင်တွင်းဖြစ်တွေ
မချိုမြ
ပိုလှတဲ့ဖက်မှာ
အလိုမကျတဲ့အရာတွေများ
နဂိုကမှ
ဂြိုဟ် ကြွချင်သူတွေကတော့
အများသား.........

တခါက

တခါက
လပြည့်နေ့ဆို
တမင်တကာ
ရင်ခုန်ကြည်နူး
နေခဲ့ဖူးတယ်......

တခါက
တမ်းတမှုတွေမပါပဲ
အဖြူရောင်ခံစားချက်အပြည့်နဲ့
လပြည့်ည ဆိုပြီး
တခုတ်တရ
ရင်ခုန်ကြည်နူး
နေခဲ့ဖူးတယ်......

အချိန်အတိုင်းတာတခုနဲ့
အရွယ်လွန်တစ်စိတ်တစ်ပိုင်းမှာ
ရင်ခုန်ကြည်နူး
ဖြတ်သန်းဖူးပေါ့
လပြည့်ညများစွာ
တမ်းတခြင်းတွေမပါလည်း
သတိရခြင်းများစွာနဲ့
တမ်းတစရာ
လပြည့်ညတွေလည်း
တိတ်တဆိတ်ထိုင်
ငိုင်ကာနေဖူးဘဝမှာ
အထူးဆန်းမဟုတ်တော့တဲ့အခါ
ရူးနှမ်းနှမ်းစိတ်ဟာ
ထူးဆန်းစွာပျောက်ဆုံး
လစ်ဟာနေခဲ့တယ်......

တစ်ခါက
ဖြူစင်စွာကြည်နူး
နေခဲ့ဖူးတဲ့
လပြည့်ညမျိုးတွေ
ဘဝမှာ
တစ်ခနဖြစ်ဖြစ်
ပြန်ရချင်........။    ။