Friday, November 6, 2020

နှလုံးသားအိပ်မက်ရာဇဝင်မှာစာတင်စေမယ့်အနမ်း

တမ်းတမ်းတတ

ထင်ယောင်မှတ်မှား

ငယ်ချစ်ဦးလား

တွေးအတွင်း

ချဉ်းနင်းရောက်လာ

သူမမှသူမပါပဲ

ရင်ခွင်မှာလှိုက်ကနဲ

နွေးထွေးလှပ်ခုန်

လှိုက်မောကြည်နူး

နေခဲ့ဖူးပြီ

အိပ်မက်ဆီမှာ...........

ဘယ်လိုမှတွေးထင်မထားပဲ

အလည်လာသွားတာ

တစ်ကယ်လားလေ

အိပ်မက်ဟာဝို့တဝါးမဟုတ်

ပြတ်ပြတ်သားသား

ထင်ထင်ရှားဆဲ

နွေးထွေးလှိုက်ခုန်

ရင်အစုံသည်

တမ်းတမိသော

အနမ်းနှင့်အတူ

ကျွမ်းဝင်တပ်မက်မိသော

နှုတ်ခမ်းအစုံ

ပျော်ရွှင်နေတယ်

နိုးထလာသောမနက်ခင်း

မိုးပင်မလင်းချင်တော့.....

တစ်သက်စာ

တမ်းတခဲ့မိဖူးသော

အနမ်း နှုတ်ခမ်းအစုံ

နူးညံ့အိညက်သော

ပါးပြင်အစုံ

သခင် နင် တကယ်လား

တမ်းမက်နှောင်တွယ်

သံယောဇဉ်တွေ

ဘဝတစ်သက်စာ

တမ်းတမိတဲ့

အလွမ်းတွေနဲ့အတူ

အနမ်းတွေ

တမ်းတစရာတွေပေါ့........


No comments: