Thursday, December 6, 2018

ဂျင်းလေါကရဲ့...သံဝေဂ

ဖေ့ဘုတ်ပေါ်မှာ
ဝမရှိလည်း
ဝိလုပ်လို့ရတယ်
နဂိုမရှိလည်း
သုံးရာ့ခြောက်ဆယ်
ဘီ ခြောက်တစ်နှစ်နဲ့
နဂိုင်းထွက်လို့ရတယ်........

ဘာမှမရှိတဲ့လောက
မရှိတါကို
အရှိဖြစ်သယောင်
ထင်ယောင်ထင်မှား
အမြင်မှားအောင်
စွန်းလန်းလွန်းတယ်
ပန်းသတင်းလေညှင်းဆောင်
လူသတင်း
ဖေ့ဘုတ်ဆောင်ခေတ်မှာ
ဘယ်ဟာကများ
အမှန်တရားလဲ.........

အကြံသမားတွေ
လာထား မာယာများတာတွေ
အလကား အမြင်ရှိမှ
တင့်တယ် တမင်ကြည့်ကြလည်း
ဖြစ်ပါတယ်ဆိုတဲ့လောက
မမြင်သင့်တာပြဖို့လဲ
ဝန်မလေး
အထင်သေးတာဆိုတာ
ဘေးထား
အလေးမထားတော့
ရင်တွင်းဖြစ်တွေ
မချိုမြ
ပိုလှတဲ့ဖက်မှာ
အလိုမကျတဲ့အရာတွေများ
နဂိုကမှ
ဂြိုဟ် ကြွချင်သူတွေကတော့
အများသား.........

No comments: