Sunday, December 1, 2019

မတမ်းတ​တော့ပါ ....ဒီဇင်္ဘာ

ငယ်​စဉ်​တည်းက
ရင်​ခုန်​ခဲ့ရတဲ့
ဒီဇင်္ဘာ...........

အား......မနက်​ဆို
ခြံထဲဆင်းကြည့်​ယင်
သစ်​ပင်​က
ပိုမျှင်​အိမ်​​တွေမှာ
ကပ်​ငြိ​နေတဲ့နှင်း​တွေ
စိုစိုစွတ်
အေးမြတဲ့အ​ငွေ့အသက်
အပြည့်​အဝရဲ့အစ
လဒီဇင်္ဘာ...........
တခါက....ဒီဇင်္ဘာ
တမ်းတ.........

တက္ကသိုလ်​​တွေ
စဖွင့်​တယ်​လား
ဒီဇင်္ဘာငါးရက်
မနက်​ခင်း
အ​ပျော်​​တွေနဲ့
စောစီး​ကျောင်းအသွား
အေးမြတဲ့အထိ​တွေ့
ညံသက်​သက်​မှာ
တစ်​ကယ်​ဆို​တော့
ဘဝတစ်​ခုပါ
ဒီဇင်္ဘာ​ရေ.......

အေးမြခြင်းကိုကြိုက်​လို့
နှင်း​တွေကြားထဲမှာ
ဦးထုပ်​မ​ဆောင်းပဲ
ဆိုင်​ကယ်​ခနခနစီးဖြစ်
နှင်းရည်​စိုလူးတဲ့
ခေါင်းထက်​ဆံစ​တွေ
ကိုင်​ကြည့်​ယင်း
သ​ဘောကျခဲ့ဖူးတဲ့
နေ့ရက်​များစွာ
ပျော်​ရွှင်​ကြည်​နူး
နေခဲ့ဖူးပါရဲ့
တမ်းတရတဲ့
ဒီဇင်္ဘာ..........

တခါက
တစ်​ဘဝဖြစ်
စီးခဲ့နင်းခဲ့ကြ
စက်​ဘီးကိုယ်​ဆီ
နှင်း​တွေကြားမှာ
ကံ​ကောငအးချင်​​တော့
ညဦးက
ယုဇနပန်း​တွေ
ပွင့်​ခဲ့ဖူးတဲ့
မှတ်​မှတ်​ရရ
ဒီဇင်္ဘာ.........

နှင်း​တွေကြားမှာ
စတင်​​တွေ့ဖူး
အချစ်​ဦးဟု
ဆိုသာမည်​လား
မသဲကွဲပါ
ဖြစ်​ခဲ့ဖူးသည်
အမုန်းဆုံးလား
မတမ်းတ​တော့ပါ
နှင်းထဲမှာဆုံ
ဆောင်း​ရောက်​မှာခွဲ
မလွမ်းပဲ​နေတတ်​ရဲတဲ့အခါ
ဪ.....ဒီဇင်္ဘာ

ဒီတစ်​ခါ
မင်းလာတာ
နှင်းမပါ
မာယာမပါ
တမ်းတတာမပါ
လွမ်းရတာမပါ
နွမ်းလျလျသာ
မနှစ်​ကနာကျင်​တာ
ဒီနှစ်​မှာ​မေ့ထားမယ်
မနာကျည်းချင်​ပါ
ဒီဇင်္ဘာ​ရေ
ဘယ်​လိုဖြစ်​ဖြစ်
ကောင်းခြင်း​တွေသာ
ယု​ဆောင်​လာပါ
ဒီဇင်္ဘာ.............

No comments: