Saturday, April 30, 2016

လွမ်းလို့သာနေ......



လွမ်းတယ်ချစ်ရယ်

တနယ်တရွာ
အဝေးသွားယင်
လွမ်းလိုမဖြေသာ
တမ်းတလို့နေပါသည်......

လွမ်းသည်သခင်
ခဏတာခွဲရတဲ့ခိုက်
လွမ်းရက်တွေက
စက္ကန့်တိုင်းဟာကြာခဲ့
တွယ်တာတပ်ငြိခဲ့သော
သံယောဇဉ်ကြိုးစများ
မရုန်းဖယ်သာ
ရင်မှာမြိုသိပ်သော
သောကဝေဒနာတို့
ရင်ခွင်ကိုသာ
လောင်မြိုက်သွားယင်း
နွေ အပူကို အံတုခဲ့........

တမ်းတသည်ခင်
ပျော်ရွှင်စွာ
နှစ်ကိုယ်ယှဉ်ခဲ့သော
အရပ်သည်
အထီးကျန်ဆန်
မြင်ရာနေရာတကာ
အလွမ်းသာလျှင်
စိုးမိုးကာသာ
မပျော်ပိုက်လည်း
အလွမ်းထွေးပွေ့
ဝေဒနာနေ့တွေ
နှုတ်ခွန်းဆက်ကာ
မပျော်သောရင်က
တမ်းတမ်းတ.......

နွမ်းလျရက်တွေ
မြို့ပြညနေခင်း
လောင်မြိုက်သွားယင်း
ရင်ကအပူ
သောကဆူခဲ့
နွေလည်နေ့ခင်း
တမ်းတယင်းပင်
အသက်ပင်ကြွေလု
အခက်တွေပွေ
နေလည်းမပျော်
ဗျာပါဒညနေခင်း
ရေခပ်ဆင်းချိန်လား
ပကာသနညနေခင်းရဲ့
ရုံးဆင်းအိမ်ပြန်ချိန်လား
မကွဲပြားပါလေ..........



Thursday, May 7, 2015

မိုးစက်ပုံပြင်


တိမ်ညိုလေးတွေ
မြေကိုသက်ဆင်း
ခနှင်းရောက်စဉ်
ရွာချင်တယ်ဆို
ပြိုချင်လျက်နဲ့
မပြိုခင်အကြောင်းကြားကာ
မှာတမ်းချွေဖွင့်ဟဆိုဦး........

မိုးရေမှုန်တွေ
မြေမှာခလို့
အစုဝေးဖွဲ့ကာ
ရေအိုင်ငယ်ဖြစ်တော့
ရာသီရယ်အေးမြစေဦး.....

အလွမ်းရာသီရယ်
ရင်မှာခိုက်လို့
ပိုက်ပိုက်ထွေးထွေး
ထွေးပွေ့ပါရစေဦး......

နှစ်ကိုယ်အတူ
ယှဉ်ကာလျှောက်တဲ့
စြင်္ကန်လမ်းလေးထက်မှာ
ထွေးပွေ့လိုအနမ်းခြွေ
ရွှေလည်တိုင်မော့လို့ထားဦး
နဖူးဆံစမွှေးမြချင်လို့........

တမ်းတသူ
တွယ်ရာမဲ့ပေါ့
ရင်ခွင်ကိုအလွမ်းတိုးဝှေ့စဉ်
တိုင်တည်စရာနေရာမဲ့ပေါ့
တစ်ကိုယ်တည်းလွမ်းတေးညည်းစဉ်
ပျော်ရွှင်ရာနေရာရှာခဲ့ဖို့
ကူလှည့်ခဲ့ဦး......


Tuesday, May 5, 2015

တိမ်တွေညိုပြိုတော့မယ့်အရပ်ဆီ


နွေနှောင်းရာသီ
အပူဒါဏ်မခံစားနိုင်တော့
မှိုင်းလို့မှုန်ဝေ
မိုးရာသီကို
တမ်းတမ်းတ....

ရွာမယ့်ဟန်ပြင်လဲလေပေါ့
အပူမစဲနိုင်ဘူး
ဆူဆဲ လေပူထဲမှာလ
မှိုင်းလို့သာမှုန်ဝေ
ဟန်ရေးအခါခါကြွယ်လေပေါ့
မိုရေမှုန်ကျ
ဝဿန်လကို
မျှော်မှန်းတမ်းတ
မိလေသော...........

ပူချက်ကယ်ကမ်းကုန်
ငရဲပြည်ရောက်လုလုမှတ်တယ်
ရွာမယ့်ဟန်ပြင်တော့
တိမ်တွေညိုကာလေ
ပြိုတော့မယ့်အရပ်ဆီ
အပြေးသော့နှင်
ရွာဟန်ပြင်သူ
မိုးမင်းသမီး
လာမယ့်အရပ်ဆီ
အကြိုထောက်
အရောက်လာကာ
တမ်းတ တတ
မျှော်မိလေကြောင်း............

တိမ်ပလီနွေနှောင်း
ဝဿန်ကူးလု
ဥတုသည်လေ
အပူခိုးဝေ
နွေနေ့တွေမတွေ့ချင်တော့
ရာသီအပြောင်း
မျှော်မိလေကြောင်း
နှုတ်ဖျားမှပင်
ဖွင့်ဟကာလျှင်
တမ်းငြီးမိ..........


Sunday, May 3, 2015

တစ်ကယ်ဆိုယင်

တစ်ကယ်တော့
တွယ်တာတပ်မက်ခြင်း
အနှစ်
အပြစ်မဖြစ်သ၍
နေသာပါတယ်
တွယ်တာယုံပဲ
ဆိုယင်......
မြင်နေယင်ကျေနပ်
ဝမ်းသာယင်လိုက်ပျော်
စိတ်ညစ်ယင်
အားပေး
အလွမ်းအဆွေး
မတွေးကြေးဆို
နေသာပါတယ်
ပျော်ပါတယ်လေ........
မတွေ့ယင်လွမ်း
တွေ့တော့ကျွမ်းလောင်
အလွမ်းနှောင်ဖွဲ့
ချစ်သူသက်ထား
အတွေးများမှာ
မတွေ့ရမမြင်ရယင်
မျက်နှာမွန်ဦး
တွေ့ချင်မိ..........
ချိုသာစကား
နှုတ်ဖျားကနေ
ကြားရယင်ဖြင့်
အတိုင်းမသိ
ပျော်နေမိတယ်
တွယ်တာနှောင်
ရစ်ပတ်မိသူရင်ထဲ
အတွေးမှာအစဉ်ရှိ
မတွေးလည်း
အမြဲရှိတယ်.............
တစ်ကယ်သာဆို
တွယ်တာမိခြင်းဝေဒနာ
အသံကြားယုံ
မြင်ရယုံမျှ
ပြည့်စုံပါတယ်
ချစ်သည်းငယ်ရယ်......


Friday, April 24, 2015

ညီမလေးအလွမ်း

အေးစက်လွန်းလှတဲ့
ရိုးမရဲ့ဆောင်းကို
ခံစား ယင်း
အမှတ်တရ
အတွေးတွေ
ရင်ကိုရိုက်ခတ်
ပညတ်နဲ့ပရမတ္တသဘော
စောကြောကာနေယင်း
တချိန်က
ညီမလေး နဲ့
ချစ်ကြင်ခဲ့စဉ်ကဆောင်းရဲ့
အ ငွေ့သက်တို့
ရင်ခွင်မှာခိုဝင်လာခဲ့
မမေ့ သေး ဘူး
ညီမ လေး ရေ
ညည်းကိုလွမ်းလို့
ပင့်သက် ဝေ
တမ်းတတာထက်
လွမ်းတယ်ပဲဆို
ညီမလေးနဲ့
မနီးခင်က
အထီးကျန်တဲ့
ဆောင်းရဲ့အ တွေး
အလွမ်းတွေနဲ့
ဟိုအဝေးမှာ
တပြည်တရွာ
ဖော်ကွာဝေးညည်းချင်းဆိုသည်လား
မပျော်ပါအတွေး တွေးယင်းငိုသည်လား
အတွေးမှာချာလည်
ခုတော့ညီမ
ဘယ်ဘဝများ
ရောက်သည်လည်း
လေလွင့်လိပ်ပြာ
တမ်းချင်းငိုယင်းဆိုသည်
ရင်မှာပူကြွ
သောကထုစိုင်
ငေးယင်းငိုင်ယင်း
အလွမ်းရွာတည်။


ရွှေမင်းသမီးနဲ့ဝေးတဲ့ညနေ



မြေနိမ့်ပြီဆို
လှံကအလိုလို
ပါလာမြဲလေ
ရွှေမင်းသမီးလေးရေ
ကိုယ်ချင်းလည်းစာ
နားလည်သနား
ရင်ထဲမှာလေ
မင်းတွက်အပူ
သောကထူ......

ရွှေမင်းသမီးလေးလို
လောကအလယ်
ကျင်လည်သွားစဉ်
အရာရာသတိ
အစဉ်ရှိစေ
တကယ်ဆိုယင်
ကိုယ့်ရဲ့ရင်က
တွယ်တာချစ်ခြင်း
အပြစ်ကင်းစေ
မရွယ်ရည်စူး
တွယ်တာခြင်းသက်သက်
တပ်မက်ခြင်းမပါ
မင်းအတွက်သာလေ
နုနုညံသက်တဲ့
မင်းမျက်ဝန်းအစုံ
ကိုယ်မြင်သာယုံရယ်ပါ.......

နူရာ ဝဲစွဲ
တတ်သတဲ့လေ
လဲရာသူခိုး
နှိပ်စက်လိမ့်မည်
ကိုယ်တိုင်ဆင်ခြင်
သတိရှိလေ
မြေနိမ့်နေတဲ့ကြားထဲ
လှံလာစိုက်မယ့်သူတွေ
နူနေတဲ့ကြား
ဝဲမကူးစေနဲ့ပေါ့
လဲမယ်ဆိုလည်း
သူခိုးမထောင်းတဲ့
နေရာရှာလဲပါလေ
ဘဝဆိုတာ
ရေကန်သာမဟုတ်သလို
ကြာတိုင်းလဲ
မွှေးမြနိုင်မယ်မထင်ဘူးလေ။   ။


Thursday, April 23, 2015

ပင်လယ်ရှိုက်သံရပ်တံ့သွားတဲ့ည



ညက
ပင်လယ်ရှိုက်သံတွေ
တိတ်ဆိတ်ငြိမ်သက်
လှိုင်းပုတ်သံသဲ့သဲ့
ရပ်နား

ညက
ယပ်တောင်တွေမကယ်
ပူလောင်ခြင်းလှိုင်းတွေ
အထပ်ထပ်
ရစ်ပတ်

ညက
တိုးတိတ်တိတ်ရှိုက်သံ
ပင့်သက်ချ
မောပန်းနွမ်းလျ
အချစ်နှုတ်ဖျားက
ပန်းဖူးပွင့်တဲ့
နွေညတစ်ည

ညက
သောင်ပြင်တွေ
တိတ်ဆိတ်
လေမထန်
လှိုင်းမတိုး
အနမ်းမိုးတွေ
နွေအလယ်မှာ
ရွာပစ်ခဲ့

ညက
ပူလောင်အိုက်စပ်
ညက
ရင်ခုန်ကြည်နူးကျေနပ်
ညက
ပင့်သက်ရှိုက်
ညက
အနမ်းနုနု
ညက
ချွေးသံရွှဲရွှဲ
ညက
..........
ညက
..........
ညက
.............
ညက
ပင်ပန်လွန်းပေမယ့်
ညက
ပူအိုက်လွန်းပေမယ့်
ညက
ပျော်ပါတယ်....။     ။


Saturday, April 11, 2015

နှစ်သစ်ဆုတောင်း

နှစ်သစ်မှာမိတ်ဆွေအပေါင်း
ကျန်းမာချမ်းသာကြပါစေကြောင်း
ဆုတောင်းမေတ္တာပို့သလိုက်ပါသည်
ရွှင်လန်းချမ်းမြေ့ကြပါစေ








Monday, April 6, 2015

တကျော့ပြန် mobile blogging

နှစ်သစ်အကြိုဆုတောင်းနဲ့အတူ ကွန်ပြူတာမဖွင့်ပဲ အလွယ်တကူ ကျနော့ရဲ့ဖုန်းလေးကနေ ဘလော့ပြန်ရေးပါတော့မယ်ခင်ဗျာ
ဘလော့ဂါမောင်နှမအပေါင်းကျန်းမာချမ်းသာလန်းဖြာစေကြောင်းဆုမွန်တောင်းယင်း
ပျော်ရွှင်ဖွယ်ရာနှစ်သစ်ကို ကြိုဆိုကြပါစို့လို့


Friday, June 13, 2014

Side effect of Social network


သည်လိုခေါင်းစဉ်တပ်လျှင် ချက်ချင်း facebook တည်းဟူသော လူမှုကွန်ယက်ကြီးကိုပြေးမြင်မိမှာ
အသေချာဖြစ်သည် ။တကယ်တော့ အယင့်အယင်တည်းကရှိခဲ့သော network များစွာတွင်
facebook တခုတည်းသာအလွန်အောင်မြင်သည့်လူမှု ကွန်ယက်တစ်ခုဖြစ်ခဲ့လေသည်။ လူငယ်များ
၏ဖုန်းများအတွင်းအလွယ်တကူ ထည့်သွင်းနိုင်သည့်နက်ဝဒ် တစခုဖြစ်လာသည့်နောက်ပိုင်းတွင်
အလွန်တွင်ကျယ်စွာအသုံးပြုလာကြလေသောအခါ နည်းပညာကိုမျှဝေသုံးစွဲရာ အရောင်းဝယ်အမျိုးမျိုးတို့တွင်ကျယ်ရာ သတင်းအတင်းတို့ဆုံစည်းရာ လူမှုကွန်ယက်တစ်ခုဖြစ်
လာသည့်အလျောက်ဖြစ်သင့်မဖြစ်သင့် ချင့်ချိန်နိုင်မှုမရှိ ငါ့စကားနွားရ ပြောနိုင်ကြလေသော
ဖွစရာနေရာတစ်နေရာဖြစ်လာသည့်အလျောက် ဖြစ်သင့်သည်မဖြစ်သင့်သည်တို့ကိုမစဉ်းစားပဲ
မဖြစ်သင့်သည်များလည်းဖြစ် ကုန်ကြလေသည်။
မကြာခဏငြင်းခုန်ပွဲများရန်ပွဲများချစ်သူချင်းချင်းစိတ်ကောက်စိတ်ဆိုးခြင်းမှအစမဖြစ်သင့်သည်များလည်းဖြစ်သည် ဆိုရှယ်နက်ဝဒ်မှချစ်သူကို အပြင်တွင်ချိန်းတွေ့ရာမှအထပ်မြင့်မှခုန်ချသေသူပင်ရှိခဲ့
လေသောအခါအဆိပ့်သင့် လူမှုကွန်ယက်အသွင်ဆောင်လာလေတော့သည်။ထိုအဆိပ်သင့်
လူမှုကွန်ယက်ကို ဆက်လက်သုံးစွဲရန်မသင့်သည့်အလျောက် ဆက်လက်သုံးစွဲရန်မစွမ်းသာသဖြင့်
လူမှုကွန်ယက်မှနှုတ်ထွက်လိုက်ရပါသည် ။ နောက်ဆိုလျှင် လင်ကွဲမယားကွဲကိစ္စများ မနာလိုဝန်တိုမှုများစွာပါလာနိုင်သည်ဖြစ်လေရာ ချစ်သူချင်းလင်မယားချင်းချင်း အလွန်နားလည်မှု
ရှိမှသာအကောင့်တစ်ခုစီဖြင့် လန်းနိုင်ပေမည်မဟုတ်လျှင်လူမှုကွန်ယက်ကို  လူမှုကွန်ယက်ဟုသဘောမထားနိင်ပဲ မိမိတို့၏ လက်တွေ့ဘဝများပေါ် ရောက်လာပါလျှင် သောက်ကျိုးနည်းမည်ဖြစ်ပေသည်။
လူမှုကွန်ယက်အတွက်ကုန်သွားသောအချိန်များကို
မိမိလူမှုရေးစီးပွားရေး အတွက်အသုံးချပါက များစွာ အထောက်ကူဖြစ်မည်ကိုတွေးတောကြည့်ပါကမြင်နိုင်မည်ဖြစ်ပါသည်။အွန်လိုင်းနှင့်ထိတွေ့နေရသူများလည်း ဆိုရှယ်နက်ဝဒ် အချိန်လျှော့ချကြည့်ပါကအကျိုးထူးမည်
ကိုလက်တွေ့သိရှိရပါမည်။

(မှတ်ချက်။   ။ကျွန်တော်တစ်ဦးတည်းအမြင်ဖြစ်ပါသည်)

Monday, April 14, 2014

ပန်းပင်လယ်




ဖြူနီဝါပြာရောင်စုံ
အရောင်နှောလို့
အရောင်စုံအောင်
စိုက်ထားတယ်
ပန်းရောင်စုံတွေ
အပြိုင်ပွင့်လို့
တင့်လှသာမော
ရင်သပ်ဖွယ်
ရှုမငြီးတယ်
တစ်ကယ်လန်းလို့
မပြန်ချင်တယ်
ပန်းပင်လယ်..........

သြင်္ကန်တွင်းဝယ်
ဖြူနီရောင်နှော
အပြာလေးတွေ
ပါခဲ့တယ်
မောင်မရှက်ပေါင်
ငေးကြည့်ယင်းနဲ့
ရင်ထဲမှာတော့
နာလှတယ်.........

ရိုးရာကွဲ့လို့
ဆိုချင်တာလား
ပြောပြန်ယင်လည်း
လွန်လိမ့်မယ်
ပေါင်တိုစကပ်တွေပါမကလို့
ပန်တီလေးတွေတွေ့ခဲ့တယ်
ရိုးရာသြင်္ကန်ပွဲရယ်
မဆိုထားနဲ့
အရှက်ကြီးပဲ
ရှက်ခဲ့တယ်
မမြင်ချင်အဆုံးတွေ
လာဦးမှာမို့
ပျော်မောနွမ်းလျပန်းပင်လယ်........

စိတ်ဘဝင်မှာ
အလိုမကျ
ပျော်တဲ့စိတ်လေး
ပျောက်ကွယ်ပြေးပေါ့
စိတ်ပျက်လက်ပျက်
ပန်းပင်လယ်
အနွမ်းတွေရယ်
ဖွင့်ဆိုထားလို့
မတင်စားချင်တော့
ပန်းပင်လယ်..........



Wednesday, December 25, 2013

သီချင်းဆိုယင်းအတူတူဖြတ်သန်းခဲ့ဖူးတဲ့တောင်တန်းတွေ








ချစ်သည်သခင်
မောင့်ရင်ခွင်မှာ
နေရာယူထား
ဘဝရဲ့
အစိတ်ပိုင်းမှာ
အတူရှိနေချိန်
တော်တော်များများမှာ
အပျော်ဆိုတဲ့တရား
ရင်ပိုင်စားခဲ့
အတွေးတခုနဲ့ပါ
ချစ်ခြင်းတခုတည်းပါ
ဘာမှမပါ
တပ်မက်တာ
တွယ်တာတာ
သခင်ပါပဲ
ရင်ကိုဖွင့်ကြည့်
မြင်မိမယ်ထင်......

ခဏခွဲရတဲ့အခိုက်
အလွမ်းတွေ
ခန်းလုံးပြည့်ဝေမယ်ဆိုယင်
သခင်မောင့်အား
ထားခဲ့မယ့်စကားအတွက်
ရင်ကနာကျင်ခြင်းတွေ
ဘာနဲ့ဖြေသိမ့်ရမလဲ
ဖြေပါသခင်
နှစ်ကိုယ်တူယှဉ်ဆိုခဲ့တဲ့
ချစ်သီချင်းတွေ
အလွမ်းထဲမှာပဲ
သိမ်းထားမလား........

ခဏတာခွဲရတဲ့အခါ
ခွဲမသွားချင်လို့
စိတ်တွေတွေဝေထွေပြား
လွမ်းနေတဲ့ကြား
နာလိုခံခက်
ခွဲချင်တဲ့အဖြစ်ပျက်တွေ
ပြောမနေပါနဲ့လားကွယ်
ခွဲကာမှခွဲရော
ကြိုမပြောပဲနဲ့
မသိစေချင်တဲ့သဘောနဲ့
လျှပ်တစ်ပြက်သာ
ခွဲသွားပါလေ
နှုတ်မဆက်ကြေး
လွမ်းတေးမဆို
လှမ်းမဝေးလို........



Tuesday, October 8, 2013

ဆုတောင်း




















အကြိမ်ကြိမ်
အချစ်နဲ့ကွဲ
ကွဲကွာခဲ့ဖူး
ရင်နာရူးခဲ့
မူးခဲ့လေသလား
ရင်မှာနာတယ်
သေကွဲလည်းကွဲ
ရှင်ခွဲလည်းကွဲ
ကွဲနည်းပေါင်းစုံ
ထောင့်လည်းစုံတယ်
မငယ်တော့ပါဘူး
အချစ်နဲ့ပါတ်သက်ယင်တော့
နုနယ်သေးတဲ့နှလုံးသား
ကြေကွဲသွားတာ
မခံစားနိုင်တဲ့ဘဝ
ချစ်တာကိုသိမ်းထုပ်
အဆုံးမဲ့ခရီး
သွားတော့မည်လေ
ဒီတခါတော့
ကိုယ်ကစပြီး
သေခွဲခွဲစမ်း
မျှော်လင့်
ချက်မရှိတဲ့လမ်းမှာ
သေသွားတာက
ကောင်းလိမ့်မယ်
ဘယ်ဘဝက၀ဋ်ကြွေးလဲ
ကြေပါတော့ကွယ်
ဘဝမှာ
ခဏပဲဖြစ်ဖြစ်
အချစ်နဲ့လမ်းမခွဲခြင်း
ဖြစ်ချင်နေသေးတယ်။     ။


Wednesday, October 2, 2013

သရဲစီးနေတဲ့သူတွေတော်တော်များများနေတဲ့မြို့
















မြို့ပြပုံရိပ်
မျောလွင့်ညနေခင်း
ရေခပ်ဆင်းတဲ့
ခေတ်မဟုတ်
နိုင်လွန်ကတ္တရာလမ်း
အကျွမ်းတဝင်
နေသားတကျ
မွန်းပိတ်ကြပ်တည်း
အစီစဉ်မကျ
မောလျရွေ့စီး
သရဲစီးနေတဲ့သူတချို့လည်းပါခဲ့
တစီးလောက်၊တစီးလောက်ပါ အကိုရဲ့
ခေါင်းဝင်အတင်းတိုး
နင့်အမေတွေငါ့အမေတွေ
မညှာတမ်းပါးစပ်ထဲထည့်
ဆရာရေ တက်စီပြီးယင်ကျော်မယ်
ငါxxx ဘတ်စကားတွေ
ဆဲတဲ့သူကဆဲကုန်ပြီ
ယာဉ်စည်းကမ်းထိန်းသိမ်းရေးလား
အလကားပါကွာ
ကွယ်ရာမှာဆို
ဖမ်းမမိယင်လွတ်တယ်
ကျော်ချင်သလိုကျော်
မှတ်တိုင်ရောက်တော့အတင်းဝင်တိုး
ကိုယ်ချင်းစာတရားမထားနိုင်တော့တဲ့မြို့
ကြီးနိုင်ငယ်ညှဉ်း
အတင်းးပြုတဲ့မြို့
တကြိမ်ထက်တကြိမ်
ပိုကြပ်ကြပ်လာတဲ့မြို့
ကြက်ပျံမကျအောင်
မော်တော်ကားတွေနဲ့
ဖြည့်သိပ်ထားတဲ့မြို့
ဘယ်သူနေချင်မလဲ
အနာဂါတ်ကိုမျှော်တွေးတော့
ရင်မှာလေးပေါ့။

အယင်ကတော့တိုးတက်ပါရဲ့
ဘတ်စကားပေါ်ကို
ခုများတော့တိုးယုံပဲတိုးတော့တယ်
လမ်းပေါ်မှာကားအချင်းချင်း
တိုးဝှေ့ယာဉ်ကြောလုကြယင်း
ဆဲကြဆိုကြ ကြားမကောင်းတဲ့မြို့
ကမ္ဘာအဆင့်မှီမတဲ့လား
တရားလက်လွတ်ထင်တိုင်းကျဲနေသူတွေ
များလာပြီပဲဘာဖြစ်မလဲမသိ
အမြဲတမ်းအားပြိုင်တဲ့မြို့
စီးပွားရေးလောက ကအစ
ဘတ်စကားအဆုံး
အရာရာပြိုင်ဆိုင်မှုတွေနဲ့
ပြည့်သိပ်ကြပ်နေတဲ့မြို့
လုနိုင်မှရမယ်ဆိုပြီး
မလုနိုင်ယင်ငတ်ပြီးသေသွားမယ့်မြို့
အရာရာငတ်ကြီးကျနေတဲ့မြို့
မဟုတ်တာတွေအဟုတ်လုပ်
လိမ်ရောင်းနေတဲ့မြို့
fashionable price ကိုသာတန်ဖိုးထားတဲ့မြို့
နေရထိုင်ရတာရန်မကုန်ပဲ
ခြေကုန်လက်ပန်းကျကျလာတဲ့မြို့
လေရှူရတာမဝတော့တဲ့မြို့
..............................
.........................
.....................။     ။


Saturday, May 18, 2013

အလွမ်းဒါဏ်




နင့်နင့်သည်းသည်း
ခွဲခွာမှုရဲ့ဒါဏ်
ရင်မှာဒါဏ်ဖြစ်
နာကျင်လျှက်သာ
နေမည်ထင်လား
ခင်သက်ထားရေ
ချစ်လျှက်လွမ်းသော်
အလွမ်းပျော်ဟု
မောင်ကင်ပွန်းတပ်
ရင်မှာလှပ်တုန်
ရင်ခုန်ခံစား
ဝေးနေလျှင်လည်း
အလွမ်းပျော်ထဲ
မောင်နေရဲမည်
နှလုံးသားတွင်း
ချစ်ခြင်းကြောင့်
လွမ်းလို့နေပြီ
ကျွမ်းကာဖြေမဆည်နိုင်ဘူး
ရင်မှာနင့်အောင်
မောင်ချစ်သူမို့
အပူရုပ်ကို
ဟန်လုပ်ကာြံပုံးယင်း
နှုတ်ဆက်စကား
ဆိုခဲ့သည်

ပိုခဲ့သည်လား
မောင့်သက်ထားရယ်
မပိုခဲ့သည်
မောင့်ရင်ခွင်ကို
မှေးစက်ကြည့်ပါ
ကြည့်စမ်းပါလေ
ခဏ ခဏ ခဏလေး
ခွဲရတဲ့ဒါဏ်တွေ
ကြာရှည်စွာခွဲလို့
မနေနိုင်မှန်း
ချစ်သည်း သိပါတယ်......။     ။