
မြို့ပြပုံရိပ်
မျောလွင့်ညနေခင်း
ရေခပ်ဆင်းတဲ့
ခေတ်မဟုတ်
နိုင်လွန်ကတ္တရာလမ်း
အကျွမ်းတဝင်
နေသားတကျ
မွန်းပိတ်ကြပ်တည်း
အစီစဉ်မကျ
မောလျရွေ့စီး
သရဲစီးနေတဲ့သူတချို့လည်းပါခဲ့
တစီးလောက်၊တစီးလောက်ပါ အကိုရဲ့
ခေါင်းဝင်အတင်းတိုး
နင့်အမေတွေငါ့အမေတွေ
မညှာတမ်းပါးစပ်ထဲထည့်
ဆရာရေ တက်စီပြီးယင်ကျော်မယ်
ငါxxx ဘတ်စကားတွေ
ဆဲတဲ့သူကဆဲကုန်ပြီ
ယာဉ်စည်းကမ်းထိန်းသိမ်းရေးလား
အလကားပါကွာ
ကွယ်ရာမှာဆို
ဖမ်းမမိယင်လွတ်တယ်
ကျော်ချင်သလိုကျော်
မှတ်တိုင်ရောက်တော့အတင်းဝင်တိုး
ကိုယ်ချင်းစာတရားမထားနိုင်တော့တဲ့မြို့
ကြီးနိုင်ငယ်ညှဉ်း
အတင်းးပြုတဲ့မြို့
တကြိမ်ထက်တကြိမ်
ပိုကြပ်ကြပ်လာတဲ့မြို့
ကြက်ပျံမကျအောင်
မော်တော်ကားတွေနဲ့
ဖြည့်သိပ်ထားတဲ့မြို့
ဘယ်သူနေချင်မလဲ
အနာဂါတ်ကိုမျှော်တွေးတော့
ရင်မှာလေးပေါ့။
အယင်ကတော့တိုးတက်ပါရဲ့
ဘတ်စကားပေါ်ကို
ခုများတော့တိုးယုံပဲတိုးတော့တယ်
လမ်းပေါ်မှာကားအချင်းချင်း
တိုးဝှေ့ယာဉ်ကြောလုကြယင်း
ဆဲကြဆိုကြ ကြားမကောင်းတဲ့မြို့
ကမ္ဘာအဆင့်မှီမတဲ့လား
တရားလက်လွတ်ထင်တိုင်းကျဲနေသူတွေ
များလာပြီပဲဘာဖြစ်မလဲမသိ
အမြဲတမ်းအားပြိုင်တဲ့မြို့
စီးပွားရေးလောက ကအစ
ဘတ်စကားအဆုံး
အရာရာပြိုင်ဆိုင်မှုတွေနဲ့
ပြည့်သိပ်ကြပ်နေတဲ့မြို့
လုနိုင်မှရမယ်ဆိုပြီး
မလုနိုင်ယင်ငတ်ပြီးသေသွားမယ့်မြို့
အရာရာငတ်ကြီးကျနေတဲ့မြို့
မဟုတ်တာတွေအဟုတ်လုပ်
လိမ်ရောင်းနေတဲ့မြို့
fashionable price ကိုသာတန်ဖိုးထားတဲ့မြို့
နေရထိုင်ရတာရန်မကုန်ပဲ
ခြေကုန်လက်ပန်းကျကျလာတဲ့မြို့
လေရှူရတာမဝတော့တဲ့မြို့
..............................
.........................
.....................။ ။
4 comments:
ပင့်သက်ကို ဖွဖွချလို့
အကို့ရဲ့ မြို့ပြကို ဖတ်ခဲ့တယ် ။
ကျနော် မခင်တွယ်တဲ့မြို့
အတွေးထဲမှာတောင် နှစ်ချို့နေတာ ကြာပြီ ...။
ကိုမောင့်ကဗျာလေးဖတ်ရင်း မြို့ထဲသွားတုန်းက ကားကျပ်လို့ ခံစားရတဲ့ ခံစားမှုတွေ တသီတစ်တန်းကြီး ပြန်ပေါ်လာရသလိုပါပဲရယ်ဗျာ...
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
အေးဗျာ...ကိုချစ်သူမောင် ပြောတာ မလွန်ပါဘူး...ဟုတ်လည်း ဟုတ်နေတာကိုး...ကျွန်တော်တော့ ဘတ်စ်ကားတွေကို ကြောက်တယ်ဗျာ...ဒါတောင် တစ်သက်လုံးမှာ ရန်ကုန်သွားတုန်းက နှစ်ခါလား စီးဖူးတာ...ကျွန်တော်တို့ တောသားနဲ့ မြို့ကြီးပြကြီးနဲ့ ကီးမကိုက်ပေါင်ဗျာ...လှည်းကြမ်းလေးနဲ့ပဲ သွားလိုက်ချင်တော့တယ်...
ကျွန်တော်ကတော့တောမြို့လေးမှာပြောင်းရွှေ့ရှင်သန်ချင်ပါတယ်ဗျာ
Post a Comment