Saturday, May 18, 2013

အလွမ်းဒါဏ်




နင့်နင့်သည်းသည်း
ခွဲခွာမှုရဲ့ဒါဏ်
ရင်မှာဒါဏ်ဖြစ်
နာကျင်လျှက်သာ
နေမည်ထင်လား
ခင်သက်ထားရေ
ချစ်လျှက်လွမ်းသော်
အလွမ်းပျော်ဟု
မောင်ကင်ပွန်းတပ်
ရင်မှာလှပ်တုန်
ရင်ခုန်ခံစား
ဝေးနေလျှင်လည်း
အလွမ်းပျော်ထဲ
မောင်နေရဲမည်
နှလုံးသားတွင်း
ချစ်ခြင်းကြောင့်
လွမ်းလို့နေပြီ
ကျွမ်းကာဖြေမဆည်နိုင်ဘူး
ရင်မှာနင့်အောင်
မောင်ချစ်သူမို့
အပူရုပ်ကို
ဟန်လုပ်ကြာံပုံးယင်း
နှုတ်ဆက်စကား
ဆိုခဲ့သည်

ပိုခဲ့သည်လား
မောင့်သက်ထားရယ်
မပိုခဲ့သည်
မောင့်ရင်ခွင်ကို
မှေးစက်ကြည့်ပါ
ကြည့်စမ်းပါလေ
ခဏ ခဏ ခဏလေး
ခွဲရတဲ့ဒါဏ်တွေ
ကြာရှည်စွာခွဲလို့
မနေနိုင်မှန်း
ချစ်သည်း သိပါတယ်......။     ။

4 comments:

မဒမ်ကိုး said...

အလွမ်းကဗျာလေးကိုလာအားပေးသွားတယ်အကိုရေ

မိုးနတ်ကြယ်စင် said...

ဝိုးးးးးးးးးးးးးးး
အလွမ်းဒဏ် ဆိုတဲ့ အလွမ်းကဗျာလေးရဲ့
အလွမ်းကာရန်တွေကလဲ လှပလို့နေပါပကော..
ကဗျာလေး တော်တော်လှတယ် အကိုမောင်ရေ...
ညီမလေး သိပ်ကြိုက်တယ်ဗျ ......
ရေးထားတဲ့ စကားလုံးတိုင်းဟာ
သူတို့ အချင်းချင်း လှပစွာနဲ့လွမ်းလွမ်းဆွေးဆွေး
နှောင်ဖွဲ့နေသလိုပဲ....တော်တော် အဓိပ္ပါယ်ပြည့်ဝပြီး
အသက်ဝင်တယ် နူးညံ့တယ် မိုက်စ်ပါ အကိုရေ..
ခင်တဲ့....မိုးနတ်

ချစ်သူမောင် said...

Mobile blogging ပါ အ၇မ်းသတိရနေလို့ ဖုန်းလေးနဲ့
ရေးဖြစ်သွားတာပါဗှာ အမှတ်တရပေါ့ ပထမဆုံးMobile
blogging လေးပါ

ခင်မင်လေးစားလျှက်
ချစ်သူမောင်

နွေတေးရှင် (မင်းဧရာ) said...

ပြောချင်တာကတော့ အကို့ ပိုစ့်တွေ
ကျနော့်ဆီမှာ တက်မလာဘူး အကို
ဘယ်လိုဖြစ်နေတာလည်း မသိဘူး
အခု နောက်ဆုံးရေးတဲံ ကဗျာ မှ ပြန်တက်လာတာ ရယ် ။

အလွမ်းကဗျာလေးကို ခံစားရင်း
နာကျင်ခြင်းတို့ဝေး ပါစေ အကို ။