Monday, January 25, 2010

ညီမလေးကိုလွမ်းတဲ့ည

nnt7

ဘာပဲပြောပြော
ပြောချင်တာပြော
ကြ ပစေတော့
ညီမလေးရေ..........

တမလွန်ရောက်နေတဲ့
မင်းရဲ့ဘဝလေး
အေးချမ်းသာယာပါစေ.....

အမှတ်တရတွေ
မင်းထားသွားလို့
တနှစ်တနှစ်
မေ့မပစ်ရက်
အခက်ပွေ
သောကဝေစေ
ရင်မှာဝေဒနာ
ဒီရေအလား
မဟုတ်တောင်
တရိပ်ရိပ်တော့တိုး
အလွမ်းမိုးနဲ့အတူ
နွမ်းလျမော
ဝေဒနာတွေ
ရင်မှာထင်ကျန်
မခံစားနိုင်အောင်ပဲ
အလွမ်းထဲတဝဲလည်လည်......

တစ်ကယ်သာဆို
ကိုကို့ကိုမင်းထားရစ်
အလွမ်းနှစ်တွေပါကွာ
တစ်ကယ်ဆို
ခြောက်နှစ်တင်းတင်း
ပြည့်တော့မည်လေ.......

တစ်နေ့တစ်ရက်မှ
မေ့မရဘူးဆို
ကိုယ်လိမ်မိသလား
အဲလိုလဲမဟုတ်ရပါ
တမ်းတမိတာအခါခါပေါ့
လောကထဲလမ်းလျှောက်ယင်း
ပြိုလဲချင်တဲ့အချိန်ကျတော့
မင်းကိုပိုသတိရ........

"သေသောသူကြာယင်မေ့တဲ့လား"
သွားပါကွာ..အလကား ထင်ရာတွေ
တစ်ကယ်ဆို အလုပ်များနေချိန်တောင်
ပင့်သက်ရှိုက်တဲ့အခါ
မင်းမျက်နှာလေးတွေးမြင်
မပီပြင်ဝို့တဝါး
မျက်ရည်စတွေတောင်မှ
ထွက်ခဲ့ဖူးပါရဲ့........

အလွမ်းထဲမနေရဲပေမယ့်
ကျွမ်းဝင်တဲ့နေရာ
သည်နေရာဟာ
ရွာတည်လို့သာနေဖြစ်
အချစ်ဆိုတဲ့စကား
ကိုယ်တို့ကြားမှာ
ယုံမှားသံသယဖြစ်စရာမရှိ
တချိန်ကပြိုလဲခဲ့စဉ်
အနားမှာရပ်တည်ပေးတာ
မင်းမှမင်းပါကွယ်
နှင်းထဲမှာမင်းမပါလဲ
ကိုယ်တစ်ယောက်တည်း
ကြောင်တောင်တောင်နေဖြစ်
ငယ်ကချစ်ရေ
အလွမ်းနှစ်တွေ
ကျွမ်းရစ်သက်သေတွေပါ........

ငိုချင်ရက်လက်တို့ဆိုမလား
အတွေးကြားမှာ
မျောလွင့်စိတ်ဝေဒနာ
ပြောပြမချင့်ချိန်ချင်တော့ပါလေ
တမလွန်ခရီးကို
အပြီးစီးထွက်သွားခဲ့တဲ့
ကိုကို့ရဲ့ ညီမလေး
ကိုကိုကတော့လေ
အလွမ်းတေးတွေ
ဆိုနေရဦးမှာ
အလွမ်းကဗျာတွေ
ရေးဖြစ်နေဦးမှာ
နွမ်းလျတဲ့ရုပ်နဲ့
၂၆.၂.၂၀၁၀မှာ
ညီမလေးရှိတဲ့နေရာ
ကိုကိုလာဦးမှာ............

အလွမ်းပြေမဟုတ်ပေမယ့်
တစ်ကယ်တမ်းတော့လေ
နွမ်းလို့ကြွေ............

မှတ်ချက်။     ။NNT ညီမလေးရေ ခွဲသွားခဲ့တာတစ်ကယ် ခြောက်နှစ်ပြည့်တော့မယ် ကိုကိုလည်း
                   သတိရတမ်းတယင်း အလွမ်းကဗျာတွေသီ နွမ်းစာတွေစီဖြစ်နေခဲ့ သတိတရပါပဲကွာ။


Sunday, January 17, 2010

နှင်းပုံပြင်

နှင်းစက်ရေ
မင်းထွက်သွားတဲ့နေ့က
ငြင်းရက်ခဲ့လို့ထားရစ်ခဲ့လား
အတွေးများစွာ
ခြေရာထင်ရစ်
ရင်ခွင်သစ်ကို
ပြောင်းတယ်လို့ကို
မထင်သာရက်ခဲ့
အနေခက်တဲ့
နေ့ညတွေများ
ဖြေခက်သားလေ.........

အင်းလျားရင်ခွင်
ခိုလှုံချင်လည်း
ခုတော့ဝေးပြီ
ဆောင်းသည်ကုန်ခဲ့
နှင်းစက်နဲ့လေ
ခွဲခွာချိန်လေး
နေရခက်ခဲ
ဝေဒနာပဲလား
ရင်ဆိုင်ရမယ့်နွေဟာ
သောကအပူမီးစ........

ပူတယ်လားလေ
ရင်ကျွမ်းသည်းအူ
ပြတ်လုမတတ်
ခံစားရတမ်း
ငိုကြတမ်းဆို
ချစ်ရသူက
ငိုရမြဲလေ
နှင်းတစေ ္ဆ...........

တွယ်ရာမဲ့ပါကွယ်
နွယ်စရာနှောင်ကြိုး
တင်းကာတိုးချင်
မင်းရင်ခွင်သာ
တမ်းတငတ်မွတ်
လွမ်းသည်ဟုဆို
ငိုယိုကာပင်
သောကထင်သည်
တွယ်နှောင်ရစ်တော့
မခက်လား..........

ပြောပြစရာ
သောကဖြစ်စေတဲ့အချစ်
ဒေါသသင့်နေမယ့်အဖြစ်
မောင့်ရင်မှာတော့
လောင်မြိုက်ကျွမ်းသည်
နာရီတွေစပြီလားဆို
ပြောဆိုကာဖြေမဆည်သာ
မောငိုကာမကြည်လင်ပါ
နှုတ်မဆက်ပဲ
ရုတ်တရက်ခွဲထွက်သွားတဲ့
နှင်းစက်ရဲ့ည
တစ်ဘဝပဲ
အလွဲလွဲအချော်ချော်
သံယောဇဉ်မှတ်တမ်း
ရင်ခွင်နန်းမှာ
အမြဲစိုးစံစားနေရာယူ
အသေချာရယ်ပူစေပေါ့
ဝေဒနာရယ်နင်ယူတော့လို့
မပြောခဲ့ယင်တောင်
ပြောသယောင်အလား
ကြင်နာများစွာနဲ့
ရင်နာစရာရက်များ...........။     ။

Friday, January 15, 2010

Expo' 2010

မနှင်းသီတာဂျီတော့က နေ တဂ်( tag ) လို့  ရေးဖြစ်မှာပါ......ဒီကုန်စည်ပြပွဲခေါ်မလား Expo ဆိုတဲ့ဂုဏ်ပုဒ်ကနည်းမှမနည်းတာကို
ဒီပွဲကို ဖြစ်မြောက် အောင် မိန်းစပွန်ဆာက  AA eletronic (samsaung) ဖြစ်ပါတယ် ။ကျွန်တော့စိတ်အထင်တော့ ဆမ်ဆောင်းရဲ့
LED (light emitting diode) TV  သွင်းကုန်သစ် အတွက် sponsor ပေးပြီးကျင်းပတဲ့ ပွဲလို့ ထင်မြင်မိပါတယ် ။အထင်နော် မှန်ချင်မှ
မှန်မယ်။ co-sponsor များကတော့ Global ပဲဆီသန့်နဲ့ နှမ်းဆီမွှေး နှင့် တာယာအဟောင်းလေးပေးပြီး တာယာ အသစ်လေးပြန်ယူ
သွားပါဆိုတဲ့ ဟိုးအယင်ကစကားနဲ့ပြောယင် တာယာကွန်ပေါင်းပေါ့နည်းပညာသစ် အအေးပေါင်းစံနစ် နဲ့ပန်းသားအသစ်တင် ပေးတဲ့
Super Cool Kyi Brothers ကုမ္ပဏီပါ။
ပြပွဲပထမနေ့မှာပဲ အတော်လေးစည်ကားပါတယ် ကွန်ပျူတာ ကုမ္ပဏီ အနေနဲ့ Blue Ray နဲ့ KMDနှစ်ဦးပဲတွေ့ခဲ့ပါတယ် နောက်ပြီး
ရေနွေးစက် ကုမ္ပဏီနှစ်ခု တစ်ခုက Ever seiko နဲ့ နောက်တစ်ခုကတော့ သိပ်မသိပါ။ နောက်အချိုရည် ကုမ္ပဏီတွေကတော့များ
ပါတယ် မှတ်မိနေတာကတော့ Asia Lion နဲ့ RC cola နောက်ပြီးအတွင်းခန်းတွေမှာသဘာဝ အသီးဖျော်ရည်ကုမ္ပဏီ အပြင်တန်းအနေနဲ့
တော့ ဘယ်ဖက်အခြမ်းမှာတော့ E7 ကနေစတွက်ယင် RCcola ၊မလေးရှားဒံပေါက်၊Peace Brothers တစ်လုံးထိုးအသံငြိမ်မီးစက်၊
SHOW ကတော့ ဘယ်လိုမျက်နှာပြင်မျိုးပေါ်မှာမဆို Printing လုပ်နိုင်တဲ့ နည်းပညာပြခန်း ၊မွေးရေ၀န်ကြီးဋ္ဌာနအရောင်းဆိုင် ၊
နောက်တစ်ခန်းကနာမည်မေ့နေတဲ့ sausage ,bacon,ငါးဖယ်လုံး စတာတွေရောင်းပေးတဲ့ဆိုင်ခန်းနဲ့ ထိပ်ထောင့်ဆုံးကတော့
LION အချိုရည်ပါ၊ နောက်ညာဖက်ခြမ်း ၀င်ဝင်ခြင်းကတော့ pedrollo ရေပန့် ၊နောက်ပြည်တွင်းကားထုတ်လုပ်ရေးပြခန်းတစ်ခု
နောက်တစ်ခန်းက အစိမ်းရောင်စူပါကော်ဖီမစ် ၊ညာဖက်အစွန်ဆုံးကတော့ အရစ်ကျရောင်းပေးတဲ့ DODOCOCOပြခန်းပါ ။
ပင်မအ၀င်ဝ ရဲ့ဘယ်ဖက်ခြမ်းကတော့ဂလိုဘယ်ပဲဆီသန့်ပြခန်း ညာဖက်ကတော့Kyi Brothers ရဲ့ပြခန်း အ၀င်ဝနဲ့တည့်တည့်
ကတော့ Main sponsor ဖြစ်တဲ့ SAMSAUNG ပြခန်းပါ ၊ဆမ်ဆောင်းပြခန်းကတော့ အရမ်းကိုကြီးကျယ်ခန်းနားနေတာပေါ့
ပြထားတာတွေကတော့ ဆမ်ဆောင်းရဲ့ထုတ်ကုန်သစ်ဖြစ်တဲ့ LEDTV ရေခဲသေတ္တာ အ၀တ်လျှော်စက် EVD စက်နဲ့အဲယားကွန်း
တွေပါ ။မှတ်မိသလောက် ဆမ်ဆောင်းရဲ့ ဘေးမှာတော့ ဆာကူရာ ပြခန်း အဲဒီမှာလည်း DVD ,EVD ,TV ရေအေးစက် အစရှိသဖြင့်
ပေါ့။ထူးခြားတဲ့အတန်းတစ်တန်းရှိသေးတယ်အဲဒီနားမှာ ခြင်ဖြတ်မပျံရဲအောင်ပဲ တစ်ဖက်ကဖျန်းတဲ့ခြင်ဆေးနဲ့ အင်းဆက်ကေလာ
ရောင်းတဲ့ဆိုင် တစ်ဖက်ကတော့ခြင်တွေအရှင်ဖမ်းတဲ့စက်ရောင်းတဲ့ဆိုင် တွေးမိသေးတယ် ငါသာခြင်ဖြစ်ယင် အဲ့နားကဖြတ်မသွား
ရဲအောင်ပဲလို့ ၊နောက်အိုလံပစ်လဖက်ခြောက် အစရှိတဲ့ပြခန်းတွေပါ ၊ အများဆုံးကတော့ကော်ဖီမစ်ပါပဲ ကုန် စည်ပြပွဲဆိုတာထက်
အရောင်းတွေကများနေတော့တာပေါ့ ၊ နောက်တွေ့သေးတယ် ပဲပိစပ်ဆီတို့ မွှေ့ယာတို့ နောက်ပြည်တွင်းထုတ်ကုန်ဖြစ်တဲ့ TOYO
Battery ပြခန်း ၊ နောက်တခု ဖိနပ်ဝါသနာအိုးတွေအတွက် shoes gallery နဲ့ lily တို့လည်းလာပြတာတွေ့ပါတယ်။
တော်တော်လေးများပါတယ် အရောင်းလည်းတော်တော်ကောင်းကြပါတယ်၊ ကွန်ပျူတာနဲ့ပါတ်သက်လို့ KMD ပြတဲ့
ပြခန်းနှစ်ခုတွေ့မိပါတယ် PROLINK NOTE BOOK နဲ့ အခြားပစ္စည်းတော်တော်များများ ဈေးချရောင်းပေးနေတာတွေ့ရပါတယ်
 Blue Ray မှာတော့ တော်တော်စုံပါတယ် AUSUS ,ACER အစရှိတဲ့နုတ်ဘုတ်တော်တော်များများ လည်းဈေးနှုန်းသင့်တင့်စွာနဲ့
ရောင်းချနေတာလည်း တွေ့ရပါတယ်။ခုချိန်မှာ ၁၀.၁လက္မ နုတ်ဘုတ် တစ်လုံးကိုငွေသုံးသိန်းပတ်ဝန်းကျင်နဲ့ ၀ယ်ယူလို့ရနိုင်တာ
မုဒိတာပွားစရာပါ ။သည်လိုနည်းပညာခေတ်ထဲမှာ နုတ်ဘုတ်လေးမှမပိုင်ရယင်လူဖြစ်ကျိုးမနပ်တော့သလိုဖြစ်နေရတော့အား
ငယ်စရာသိပ်မရှိတော့ဘူးပေါ့ ။ကျွန်တော်ကတော့ ကွန်ပျူတာပစ္စည်းဆိုလို့DVD-RW 8mm သုံးချပ် Photo paper ခြောက်ထုပ်
Prolink external modem တစ်လုံး လောက်ပဲဝယ်ဖြစ်ပါတယ် နောက် ရန်ကုန်မြို့ကိုသိပ်မသွားတတ်လို့ YANGON CITY GUIDE
တစ်အုပ် နောက်ခြင်ဖမ်းစက်တစ်လုံး အဲတာလောက်ပဲဝယ်ဖြစ်ခဲ့ပါတယ် အော် နောက်တစ်ခုရှိသေးတယ် ASIA LION ကနေခြောက်
လုံးတစ်ကဒ် ၀ယ်သောက်မိလို့ကံစမ်းမဲပေါက်ထားတဲ့ စားပွဲတင်စာကြည့်မီးချောင်းလေး တစ်ခုကိုလည်းရရှိခဲ့ပါတယ်။ကျွန်တော်လည်း
အနည်းငယ် ရောင်းရပါတယ်..............

အစဉ်ခင်မင်လေးစားလျှက်
ချစ်သူမောင်

Tuesday, January 12, 2010

Expo2010

ရင်ငြိမ်း.............မင်းလေးရဲ့နာမည်အဲ့လိုပဲခေါ်လား ဘာပဲဖြစ်ဖြစ် မင်းမျက်နှာလေးမြင်ရတော့တို့ရင်မှာတစ်ခုခု စွဲငြိသလိုဖြစ်ခဲ့တယ်လို့
ဆိုယင် မင်းလေးကယုံကြည်မလား ။ ဒီနေ့ Expo 2010 ရဲ့ နောက်ဆုံးနေ့လည်းဖြစ်တယ် လေးရက်တာပင်ပန်းနွမ်းနယ်ခဲ့သမျှတွေ အားလုံး
ပြီးဆုံးခဲ့တဲ့နေ့လေးတစ်နေ့ပေါ့။ပင်ပန်းတယ်လို့သာ ဆိုရတာ တစ်ကယ်ပြီးပြီဆိုတော့  ရင်ထဲမှာဟာတာတာ နဲ့ဝမ်းနည်းသလိုလို
ခံစားရတယ်...တစ်ကယ်ပါ ၈.၁.၂၀၁၀ နေ့က စဖွင့်တဲ့ Expo 2010 ကျင်းပပြီးစီးခဲ့တာဒီနေ့ ဘာပဲဖြစ်ဖြစ် အမှတ်တရဖြစ်သွားရမယ့်
လေးရက်တာကာလပါ။ စဖွင့်တဲ့ နေ့က တော့ ဘာမှမသိသေးမတွေ့သေးပဲ ခပ်ငေါင်ငေါင်ပါ နောက်တော့ ပြပွဲလာသူတွေကိုယ့်ကုန်
ပစ္စည်းအကြောင်းရှင်းပြယင်း ပြပွဲထဲဝင်စယင်းနောက်ယင်း နဲ့ သတိထားမိခဲ့တာမင်းလေးတစ်ယောက်တည်းပါ။ဘာပဲဖြစ်ဖြစ် ကိုယ်ကလုပ်ငန်းရှင်
တစ်ဦးအနေနဲ့ ထိန်းသိမ်းရမယ့်စည်းကမ်းတွေ ရှိနေပြန်ပေါ့ သိက္ခာနဲ့ သမာဓိတည်ငြိမ်သင့်တာမဟုတ်လား .........တည်ငြိမ်ခဲ့တာပါ
ခက်တာက မင်းတို့အုပ်စု နားနေရာအခန်းလေးကကိုယ့်ပြခန်းတည့်တည့်လောက်မှာ ရှိနေတယ်လေ ။ ကိုယ် ကမတွေ့လည်းမြင်နေတော့
သတိထားမိခဲ့တော့တာပေါ့ညီမလေးရယ် တစ်ကယ်ပါ နှစ်လိုဖွယ်ကောင်းတဲ့ မင်းရဲ့ အပြုံး ကြည်လင်တဲ့ မင်းရဲ့အသံလေးရဲ့နောက်ကို
မျောပါခဲ့ မိသလားမဆိုသာဘူး ဒါပေမယ့်သန့်ရှင်းတဲ့ ဖြူစင်တဲ့ခင်မင်လိုစိတ် လေးတစ်ခုတည်းပါ ပထမနေ့သတိထားမိတယ် နောက်
တစ်နေ့ တော့ပိုသတိထားမိလာတယ်လေ မင်းပြုံးတဲ့ အပြုံးထဲ မှာ ခင်မင်နှစ်လိုဖွယ်လေးတွေပါနေတာကိုး ဒီလိုနဲ့သတိထားမိလိုက်
ကိုယ့်အလုပ်ထဲကိုယ်အာရုံရောက်သွားလိုက် ဘာပဲဖြစ်ဖြစ်စိတ်ထဲကတော့ညီမလေးတစ်ယောက်လိုခင်မင်နေမိခဲ့တယ်...............
ဘာပဲဖြစ်ဖြစ် Expo2010 ကတော့စည်ကားမြဲပါပဲ။ပြခန်းအချင်းချင်းစယင်းနောက်ယင်း အချိန်တွေတရွေ့ရွေ့ ဖြတ်သန်းခဲ့တယ် လေ...
ဒီနေ့နောက်ဆုံးနေ့ အမှတ်ရစရာလေးတွေကလည်း မနည်း ခင်မင်မှုတွေစခဲ့ organizer အစ်ကိုက မိတ်ဆက်ပေးတော့
မင်းနဲ့မှတည့်တည့်လားညီမလေးရေ တစ်ကယ်တော့ တွေ့တွေ့ချင်းခင်မင်မိတဲ့ ကိုယ့်ရဲ့စိတ်က ဟိုးတစ်ချိန်က အငြိမ့်သမလေးကို
သဘောကျလို့ အငြိမ့်သမလေး ကလေရာနောက်တစ်ကောက်ကောက်ပါတဲ့တောသား တစ်ယောက်ရဲ့စိတ်လိုမျိုး ဖြစ်နေမလားပဲ....
မင်းရဲ့ပရိတ်သတ်တစ်ယောက်ဟာကိုယ်ပါကွယ်.....အမြဲအားပေးနေမယ် အောင်မြင်ပျော်ရွှင်ပါစေ .....တချိန်ကြလို့ပြန်ဆုံဖြစ်ကြယင်
မင်းအောင်မြင်ကျော်ကြားနေတာကို မြင်ချင်ပါတယ်ကွယ် .....
အစဉ်အားပေးနေမယ့် ရင်ငြိမ်းရဲ့ပရိတ်သတ် တဦး............

တစ်ဦးတစ်ယာက်ရဲ့ခံစားချက်အား ရင်ဘတ်ချင်းမိတ္တူပွားပြီး ရင်ခုန်ခံစားရေးဖွဲ့လိုက်ပါတယ်
Expo 2010 ဓါတ်ပုံလေးတွေကြည့်ယင်း ပျော်ရွှင်နိုင်ကြပါစေ

ခင်မင်လေးစားလျှက်
ချစ်သူမောင်

Photobucket

Photobucket



Photobucket
ရင်ငြိမ်းအေးရဲ့အက

Photobucket

Photobucket

Photobucket
ကိုချိုကြီးရဲ့မော်ဒယ်လ်များ ဆမ်ဆောင်းအတွက်တာဝန်ယူပုံ

Photobucket

Photobucket

Photobucket



Photobucket
ခန်းမအရှေ့ဘယ်ဖက်ခြမ်းမှဆိုင်တန်းများ

Photobucket

Photobucket



Photobucket

Photobucket

Peace Brothersတစ်လုံးထိုးအသံငြိမ်မီးစက်ရဲ့ စပွန်ဆာ

Photobucket
နှုတ်ဆက်လက်ပြခွဲခွာချိန်

Photobucket

Thursday, January 7, 2010

မိုးရေထဲမျှောမိတဲ့မျက်ရည်သမိုင်းရဲ့အပိုင်းအစ

ဘာပဲဖြစ်ဖြစ်
နှစ်တနှစ်ကုန်
ရင်မခုန်ပါ
လွမ်းစရာတွေ
တွေးသာကြည့်တော့
အမှတ်တရ
တိတ်တိတ်မြတ်နိုး
ဖြည်းဖြည်းကြိုချင်
နှစ်သစ်ရင်ခွင်
ကြိုကာပျော်မြူး
သည်ညဦးမှာ
မိုးတွေရွာခဲ့..........

မိုးတွေရွာလျှင်
အတိတ်ရင်ခွင်
ခိုလှုံချင်တဲ့
လွမ်းသည့်စိတ်က
ဖုံးမရချင်
အတူပျော်ဖူးတဲ့
ရေတမာလမ်း
ကံ့ကော်တန်းနဲ့
ခုံပြာတန်းတွေ
စီရရီမြင်ကြည့်
အလွမ်းပိစေ
နွမ်းရိခွေလျော့
မိုးစတွေထဲပေါ့
တူရွှင်ပျော်မြူး
နှစ်ကိုယ်ကြည်နူး
ပျော်ဖူးရခိုက်
ရင်ဖိုလှိုက်ခုန်
ပင့်သက်ရှိုက်ချိန်
မောလျချိန်တွေ
မတမ်းတချင်လည်း
အတိတ်ရိပ်ဝေ
လွမ်းစချွေ.............

တူပျော်ဖူးတာပဲ
မိုးသည်းထဲမှာ
လွမ်းယင်းတမ်းယင်း
အင်းလျားစောင်းမှာ
ထီးမဆောင်းပဲ
တူလျှောက်ဖြစ်တဲ့
နေ့တွေများစွာ
တိုးတိတ်ရင်ခုန်
နွမ်းလျယုံသာ
ပုံကာချစ်လို့
တစ်ခါတည်းသာ
ခိုးနမ်းဖူးတဲ့အနမ်း
လွမ်းစရာ့
ဘယ်ပါးပြင်လေး
လွမ်းမိနေသေးလား
ထင်မှတ်မှားဆဲ..............

တချိန်က
မိုးရေထဲမှာ
လက်ချင်းကိုင်ဆုပ်
နွမ်းလျရုပ်နဲ့
ကဲ..သည်မှာပဲ
ခွဲကြစို့လို့
တုန်ရီစွာနဲ့
ပြောဖြစ်ကြတဲ့
နေ့က.... မနေ့ကလား
ထင်မှတ်မှားဆဲ
အလွမ်းထဲမှာ
အလွမ်းသည်းစွာ
ဖြတ်သန်းပုံရိပ်
အတိတ်ဝေဒနာ
တွေဝေစွာနဲ့
မငိုယုံကျန်ရစ်...........

တစ်ကယ်ဆို
မိုးရေတွေနစ်
ငိုဖြစ်သလား
ကျွမ်းသက်ထားရေ
မယုံချင်ပါ
ကျန်ရစ်အတိတ်
အရိပ်ဖြစ်ပါ
စေတနာစကား
ငိုစေသလားကွယ်
မငိုချင်ပါ
ရင်နာလှပေါ့
ပြောဖြစ်ပေမယ့်
အလွမ်းသည်းကာ
လွမ်းထဲမှာပဲ
တဝဲလည်လည်ပါ
ရပ်ပါတော့ကွယ်
ခြောက်လှန့်နေတဲ့
မိုးပုံပြင်ရယ်.............

မပြောသာတော့
လွမ်းခဲ့တဲ့နှစ်တွေ
ကျွမ်းရစ်ရသူ
မောင့်ရင်ပူစေ
ကျိန်ဆိုခဲ့သလား
မောင့်သက်ထားရယ်
ချစ်တတ်သူက
ငိုရမြဲလား...........
သည်းသည်းလှုပ်ခတ်
ရင်နင့်စေတဲ့
ဇတ်မဟာမှာတောင်
ကိန္နရာချောင်းခြားလို့ငိုတာ
တစ်ကယ်တွက်ယင်
ရက်ခုနစ်ရာဆိုတာ
နှစ်နှစ်တည်းလေ...........
တစ်ကယ်တွက်စစ်ယင်
မောင်တို့ချစ်ခဲ့
ခုဆိုနှစ်နှစ်ဆယ်
ကိန္နရီ ကိန္နရာထက်မသာတောင်
မောင်ငိုနေတာ
ကြည့်ရက်သလား
ချစ်ဦးသူသက်ထား
အခက်များပင်ပွေချင်
မျက်ရည်ကိုပင်
မိုးရေနဲ့မျှောပစ်နေခဲ့
နှစ်ပေါင်းနှစ်ဆယ်ဆိုတဲ့
ကာလတစ်ကြောမှာ................

တည်ငြိမ်ချင်ပါပြီ
ချစ်ဦးသူသက်ထား
မောင့်ကိုထားခဲ့
အလွမ်းရက်များ
မိုးရေကြားမှာ
ပုံပြင်မဖြစ်တောင်မှ
ယုံချင်ချင်
ငိုချင်နေရက်
မိုးစက် လက်တို့လို့
မောင်ငိုဖြစ်သည်
နှစ်ဦးစရွာတဲ့
ခပ်ဖွဲဖွဲမိုးထဲဆီ
တမ်းတရုပ်မပီတပီ
နွမ်းလျရုပ်ကသီကရီနဲ့
မျက်ရည်များကို
မိုးဖွဲထဲမှာမျှောလိုက်ပြီ..........။     ။

Thursday, December 31, 2009

မှတ်မိနေတဲ့အတိတ် နှုတ်ဆက်ခြင်း

တခါက နှင်းဆီလွင်ပြင်
ခုတော့တစ်ကယ်
Nov-Dec  အိပ်မက်

ခက်သည်သခင်
ထင်ယောင်မြင်မှား
နှင်းတွေကြားမှာ
မင်းလား နှင်းလား
မကွဲပြားခဲ့
အတွေးစပုံရိပ်
အိပ်မက်အလား
စဉ်းစားစရာ..........

အမုန်းနဲ့ လမ်းခွဲခြင်း
မလွမ်းပဲနေရဲခြင်း
ဖြေသာတဲ့ကြေကွဲခြင်း
အထိုက်လျောက်တော့ရှိပေမယ့်
လွမ်းတယ်လို့မဆိုသာ........

တမ်းတစရာဆိုတာလည်း
နွမ်းလျစွာအိမ်ပြန်ချိန်ပါကွယ်
ကျွမ်းရသူမောင့်အချစ်ရယ်
တမ်းငြိမက်မောလွမ်းသည့်ဇောမှာ
မကွယ်မဝှက် ပြောယင်
တွယ်မက်နှောင်ဖွဲ့မနေချင်............

မလွမ်းချင်တော့လို့ပြောယင်
ခပ်ပေါ့ပေါ့ရယ်ချင်ရယ်မယ်
ချိုသာတဲ့မင်းအသံလေးနဲ့
တခစ်ခစ်အသံအသစ်ထွက်လာမယ်ထင်ရဲ့
မင်းနှုတ်ဖျားကထွက်လာတဲ့
အသံမှန်သမျှ မောင့်အတွက်တော့
အားလုံးအသစ်ဖြစ်ခဲ့ပါ့ကွယ်..........

တမ်းတတာမဟုတ်ပေမယ့်
လွမ်းပြတာလည်းမဟုတ်
နွမ်းလျနစ်တဲ့စိတ်အစဉ်ကို
ဖြေသာနေခွင့်ပေးကာ
သေချာစွာနှုတ်ဆက်ချင်တဲ့၂၀၀၉အကုန်
ပြန်တွက်ကြည့်တော့၁၉၈၉
ရဲ့ 1st Jan မနက်ဖန်ဆိုနှစ်
နှစ်ဆယ်ပြည့်တော့မယ်
လွမ်းတယ်လည်းမဟုတ်
သတိတရဖြစ်နေခြင်းမျိုးလည်းမဟုတ်
အမှတ်ရမိတာမျိုးလေးပါကွယ်
မောင့်ရင်ထဲမှာတချိန်က
အပြည့်အ၀ နေရာယူပြီး
မောင့်ချစ်ခြင်းတွေ
အပိုင်စီး အချစ်ကြီးသလို
ရမ္မက် လည်းကြီးတဲ့
အခြားသူတွေရဲ့ချစ်ခြင်းတွေကို
ပါပိုင်ဆိုင်ချင်တဲ့မောင့်ရဲ့
"ထာဝရမီး"လို့ တချိန်က
မောင်တင်စားခေါ်ဝေါ်ခဲ့တဲ့
မောင့်အချစ်ရေ........
တစ်ကယ်လို့သာ
အကြောင်းမဲ့
မင်း ရက်စက်စွာ သတ်ဖြတ်ပစ်တဲ့
မောင့်ရင်သွေးလေး
ခုရှိနေမယ်ဆိုယင်
ခုလောက်ဆိုအသက်
တစ်ဆယ့်လေးနှစ်လောက်တောင်
ရှိတော့မယ်.......
မောင့်ရင်ကိုကြမ်းရှစေခဲ့တဲ့
မောင့်ရဲ့ချစ်ခြင်းတွေကိုပျက်ယွင်းစေတဲ့မင်း
ဘာပဲဖြစ်ဖြစ်အမှတ်တရ မောင်သိမ်းထားခဲ့
မောင့်ရဲ့အမှတ်တရသေတ္တာထဲမှာ
အခုတိုင်ရှိနေတဲ့ချစ်ခြင်းအမှတ်တရပစ္စည်းတွေ
တစ်ကျပ်ရလည်း ရောင်းမစားဖြစ်ခဲ့
သိမ်းထားဆဲဆိုပေမယ့်သိပ်မလွမ်းဖြစ်တော့
ခုတော့ မောင့်မှာအားလုံးအသစ်
မင်းကိုချစ်တဲ့အချစ်ထက်မလျော့တဲ့အချစ်နဲ့
မောင်ချစ်တဲ့မောင့်ရဲ့ချစ်ဇနီး
မောင့်ရဲ့ချစ်သမီးနဲ့ မောင်နေပျော်နေပါပြီ

ဘာပဲဖြစ်ဖြစ် နှုတ်ဆက်ဖြစ်ပါတယ်
၂၀၀၉ ဆိုတဲ့ ဘဝထဲက နှစ်တနှစ်အဖြစ်နဲ့..........။     ။

Thursday, December 24, 2009

MERRY X'mas and HAPPY NEW YEAR TO ALL

MERRY X'mas and HAPPY NEW YEAR TO ALL
ကျွန်တော်၏ ချစ်ခင်ရပါသော ဘလော့ဂါမောင်နှမ များနှင့်
အွန်လိုင်းမှသူငယ်ချင်းအပေါင်းပဒုမ္မာမှမိသားစုအပေါင်း
နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ကြပါစေ.....................

အစဉ်ခင်မင်လေးစားလျှက်
ချစ်သူမောင်

Thursday, December 3, 2009

ဟိုးအဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့လေးသို့အလည်တစ်ခေါက်

လွန်ခဲ့တဲ့လရဲ့ နောက်ဆုံး ပါတ် က ဟိုးအဝေးဆီကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့ကလေး ဆီပြန်ရောက်ခဲ့ပါတယ် ။
ဒီတစ်ခါတော့ တစ်ယောက်တည်းသွားတာမျိုး မဟုတ်ခဲ့ပါ သမီးရောဇနီးရော ယောက္ခမ ပါ ပါတယ် ဘယ်လိုဖြစ်ဖြစ် မြို့ လေးကတော့
မှောင်မဲနေတုန်းပါ ။ ကျွန်တော် တို့ရောက်သွားတဲ့ နေ့ က နေချို တဲ့ နေ့တစ်နေ့ပေါ့ နေချို တယ်ဆိုတဲ့ စကားလုံး ကအညာလေပါ
ကျွန်တော်တို့မိသားစုသွားတဲ့ခရီးကမြေလတ်ဒေသ ဘာမှတော့သိပ် မဆိုင်ဘူးပေါ့ ဒါပေမယ့်လည်း သွားပျော်တဲ့ခရီးလေးတစ်ခုလို့
ယူဆပါတယ် ဘာလို့လဲဆိုတော့ ကန့်သတ်ချိန်အရမောင်းနှင်တာမျိုး တွေ လက်မှတ်မရတာတွေ ဘာမှမရှိ ကိုယ့်ကားနဲ့ ကိုယ် အေးအေး
ဆေးဆေး သွားတဲ့ ခရီးလေးတစ်ခုပါ ၊ ကျွန်တော့မှာအကျင့်တစ်ခုရှိပါတယ် ခရီးသွားပြီဆိုမှ တော့ မဖြစ်တဲ့အဆုံးသာ ကပ်သီးကပ်သပ်
သွားရတာမျိုးပါ ။တစ်ကယ်ခရီးသွားတယ်ဆိုယင် ကိုယ့်ဟာကိုယ် ကားမောင်းပြီး အေးအေး ဆေးဆေး သွားချင်တာပါ ။ တချိန်က ကူကူး
(စန္ဒကူးမေ)နာမည်ပေးထားတဲ့ အသံထက်မြန်ပြီး ပုလိပ်လိုက်လို့မမှီတဲ့ ကျွန်တော့ရဲ့ ကားလေးနဲ့ပါ ခရီးစမထွက်ခင် နှစ်ရက်လောက်
အလိုတည်းက ကျွန်တော့် ရဲ့ ကားလေး ကျန်းမာရေးကိုဂရုတစိုက် စစ်ဆေး လောင်စာဆီဝယ်ဖြည့်တင်းတာတွေလုပ်ခဲ့ပြီးပြီမို့ စိတ်သိပ်
ပူစရာမလိုပဲ အေးအေးဆေးဆေး သမီးလေးရယ် သမီးလေးရဲ့မာမားရယ် သမီးလေးရဲ့ဖွားဖွား နဲ့ အတူ လုံးဝအေးဆေး စထွက်လိုက်တဲ့
ခရီးလေးပါ ။ စထွက်တယ်ဆိုတည်းက ကားမူးတတ်တဲ့ သမီးရဲ့အဖွားက မှော်ဘီမရောက်ခင် မှာ စမူးပါတယ် (တန်လိုက်တာများမသောက်
ရပဲ :) ) ခဏ ရပ်အပေါ့အပါး သွားဖို့ စပြီး မှော်ဘီအထွက်မှာ ရပ် လိုက်ရပါတော့တယ် ။အေးဆး ပေါ့အေးဆေးပါပဲ စိတ်ညစ်တာက
ကျွန်တော် ဘာရယ်လို့မဟုတ် လွတ်လွတ်လပ်လပ် ခရီးထွက်လာကာမှ မူးတတ်တဲ့မလွတ်မလပ်ကိစ္စ ကြီး အန်တာတွေ ဘာတွေလာ
တော့မယ် မူးတာအခါခါ ကြုံလို့သိ နေတယ်လေဖြစ်ရပြီ ။ကဲတိုက်ကြီးရောက်ပြန်တော့ အမေကအန်ချင်တာနဲ့ ကျွန်တော်က
သမီး ကိုချီ သူ့မာမားနဲ့ဖွားဖွားကတော့ လဖက်ရည်ဆိုင်နောက်ဖက်ဝင်သွားတော့တာပါပဲ ။သမီးကတော့ ဘာမှမသိတတ် သေးဘူးလို့
ထင်ရပေမယ့်ပျော်နေတာ လက်တွေ့ လဖက်ရည်သောက်ခဏ နားကြ သမီး ဖွားဖွားကိုကျွန်တော် ဆေးတိုက်လိုက်ပါတယ်
အမူးပျောက်ဆေး တို့ ဘာတို့ ထင်ပြီး ကားမူးတတ်သူတွေလာမတောင်းပါနဲ့ Mydoxin ကမ၀င်တာကြာပြီ ၀ယ်လို့မရတာလဲကြာပြီ
ကားမူးတာကစိတ်နဲ့ဆိုင်ပါတယ် ကျွန်တော်ဘာဆေးတိုက်သလဲ သိချင်လား စိတ်ငြိမ်ဆေးပါ အတိုကောက်DZ လို့ခေါ်တဲ့ဆေးပါ :P
အဲဒါမှပဲအမူးပျောက် ပြီးအိပ်ပျော် သွားပါတော့တယ် ။ဟီး လက်ပံတန်း ရောက်တဲ့အထိမနိုးပါဘူး ကျွန်တော်တို့ မိသားစု သာ ရောင်နီဦး
မှာစားသောက် သမီးကို မံမံ ကျွေးပါတယ် ။အင်း ပြောရဦးမယ် သမီးရဲ့မံမံ ဆိုလို့ ထမင်းကို ဘလန်ဒါနဲ့ မနက်တည်းကကြိတ်ပြီးယူလာ
တာပါ ခရီးထွက်ခါ နီးလေးတင် ကျွန်တော် သတိ တရနဲ့ အယင်ဆုံးကားပေါ်ပြေးတင်မိတာ လက်ဆွဲမီးစက်သေးသေးလေး ဘာလို့လဲ
ဆိုတော့လွန်ခဲ့တဲ့နှစ်က ဟိုးအဝေးကမှောင်မဲတိတ်ဆိတ်နေတဲ့မြို့ကလေးဆိုတဲ့ ကျွန်တော်ရေးခဲ့တဲ့ပို့စ်ကိုသတိရလို့ပါ နောက်ပြီး
သမီးက မှောင်ယင်မနေတတ်သလို ပူယင်လည်းမနေတတ်ပါဘူး ကဲပါထားပါတော့ လက်စနဲ့ဘလန်ဒါပါ တင်လာခဲ့တယ်လေ။
လက်ပံတန်း ကနေထွက်မှ သမီးရဲ့ဖွားဖွားနိုးလာပါတယ် ဒီတစ်ခါတော့မူးတော့ဘူးဗျ ကျွန်တော်ထင်တဲ့စိတ်ဝေဒနာဆိုတာသေချာသွား
တာပေါ့ (သူငယ်ချင်းတို့ရေ စမ်းကြည့်လို့မတိုက်တွန်းဘူးနော် ) အဲဒီမြေလတ်မြို့ လေးရောက်ဖို့ ခြောက်မိုင်လောက်လိုတဲ့တာဆုံမှာပဲ
ကျွန်တော် ကားခဏရပ် ဆီဖြည့် နေ့လည် တစ်နာရီ တိတိမှာ အဲဒီမြို့ လေးကိုရောက်ခဲ့တာပေါ့ ။ရောက်ရောက်ချင်း အမေ့အိမ် (သမီး
မာမားအိမ်) တန်းမသွားနိုင်သေးပါဘူး ဘာလို့လဲဆိုတော့ အဲဒီအိမ်မှာဘယ်သူမှမနေတာတစ်နှစ်ကျော်ပြီလေ အဲဒီတော့ လေးလေး တို့
အိမ် အယင်ဝင်ကြတာပေါ့ ကောင်းလိုက်တာ ကြိုသူမရှိမဟုတ်ပဲ လေးလေးတို့ ကအဆင်သင့်ကြိုလို့ ထမင်းတွေဘာတွေ ချက်ထား
တယ် ကျွန်တော်လည်းခဏနားလိုက်ပါတယ် အာရုံညောင်းပြီကိုး ခဏအိပ်ပျော်သွားတာပေါ့ နောက်တော့ သမီးမာမားက ကို ရေအယင်
ချိုး ပြီးယင်ထမင်းစားရအောင်ဆိုတာနဲ့ တရေးနိုးလိုက်ရတာပေါ့ ။နောက်တော့ အိမ်ကို ရောက်သွားပါတယ် ကျွန်တော်တို့သွားခဲ့တဲ့
မြို့ ဆိုတာ ဘာပဲဖြစ်ဖြစ်ရန်ကုန်လိုမဟုတ်ဘူးလေ ရပ်ကွက်ထဲကို ကားဝင်သွားတာနဲ့ ဟိုလူက နှုတ်ဆက် ဒီလူက အပု ဟိုလူကအပုနဲ့
ပျော်စရာတော့အကောင်းသား လူကတော့ပုမသွားပါဘူး အပု ဆိုတာအဲ အင်္ဂလိပ်လိုဆို ပရိုနောင်း ပဲခေါ်မလား အာလုပ်သံပဲခေါ်မလား
ထားပါလေအရပ်ဒေသဆိုင်ရာဘာသာ စကား တွေ အမှတ်တရအဖြစ်ထည့်ရေးတာပါ ခရီးသွားမှတ်တမ်း တစ်ခုမဟုတ်ပေမယ့်
တချိန်ချိန်အထိဒီ www ကြီးထဲမှာရှိ နေမှာပါ။ သမီးတို့မာမားအိမ်ကို ရောက်တော့ ညနေစောင်းနေပြီ ကြားထဲမှာ လေးလေးဆီကပန်ကာ
ငှားလာတာရယ် ဓါတ်ဆီဝင်ဝယ်တာရယ် မရေးမိလိုက်ဖူး ။ထုံးစံ အတိုင်း သမီးဖွားဖွားရဲ့ဘော်ဘော် တွေတစ်ပုံကြီး ရောက်လာပါတယ်
သမီးရဲ့ဖွားဖွားကလည်း သူကားမူးတဲ့အကြောင်းသာကြောင်း မာကြောင်း တွေပါ လေတွေဖေါင်နေတာပေါ့ နောက်တစ်နေ့ရွာကိုသွား
မယ့်အကြောင်းလည်းပါရဲ့ ။ ကျွန်တော်ကတော့ မီးစက်ကြိုးသွယ် စက်ကလေးကိုနှိုး မမှောင်ခင် လိုတဲ့မီးချောင်း တို့ဘာတို့သွားဝယ်
သမီး မံမံ စားဖို့အတွက် သမီးမာမား နဲ့ အတူပြင်ဆင် ရတာပေါ့ မံမံက လည်းရန်ကုန်တည်းကချက်ယူသွားတာရယ် နောက်လေးလေးတို့
ကအိမ်မှာစားဖို့ထည့်ပေးလိုက်တာရယ်မို့ဘာမှပြဿနာမကြုံပါဘူး သမီး အတွက်ဟင်းကတော့သူစားနေကြကြက်သားကြော်ကိုဘလန်ဒါ
နဲ့ကြိတ်ထားလို့ ကြက်သားမှုန့်လို့ခေါ်မလားမသိ ခရီးမပန်းပဲသွား ရလာရတာ တော်တော်လေးကို လန်းဆန်းလတ်ဆတ် စေတဲ့ ခရီးလေး
ပါပဲ ဒီနေ့ည မီးမလာတဲ့ ညတဲ့ ဘာဖြစ်ဖြစ် မြေလတ်ဒေသရဲ့ ဆောင်းက အအေးဓါတ်လေး စပါလို့ပေါ့ စောစောအိပ်ယာမ၀င်ဖြစ်ပဲ
ခြေရင်းအိမ်က ကိုဝင်း နိုင်ကြီးနဲ့ စကားတွေဖောင်ဖွဲ့ ဖြစ်ကြပါတယ်မတွေ့ကြတာ ကြာပြီကိုး ။


--
ချစ်သူမောင်

Monday, November 16, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(ဇတ်သိမ်း)

[ဤဇတ်လမ်းအစက မောင်ကျော်ကဂျီတော့ ဆိုင်းအင်ကိုကလစ်လုပ်ရန် တွန့်ဆုတ်နေသလို ကျွန်တော်သည် သည်ဇတ်လမ်းကို အဆုံးသတ်
ပစ်ရန်သို့မဟုတ်ဆက်ရေးကာ upload လုပ်ရန်ရင်နာနေမိသည် လက်ရွံနေမိ၏ (မောင်ကျော်ကိုယ်စား )သို့သော် မရေးမဖြစ်
 ရေးရဦးမည်ဖြစ်သည်။]
နောက်ဆက်တွဲ ကား ကျော်စွာနိုင်ငံခြားသို့ပြန်ထွက်သွားလေသည် ။ထိုနေ့ကလေဆိပ်လိုက်မပို့ဖြစ်တော့  မောင်ကျော်သာစိတ်ထဲ
အရမ်းခံစားနေရသည် ။တနေ့ ထိုတနေ့သည် နှင်းထံသို့သတိရစွာ မောင်ကျော်ဖုံးဆက်ဖြစ်သောနေ့ဆိုက မမှားပါ။ အမှန်တော့
ခံစားရလွန်း၍ ဖြစ်ချေသည် ။
"အင်း...ကိုကျော်ပြော"
နှင်းထံကတိုက်ရိုက်သိသောအသံကိုကြားရသည် မြတ်နိုးလှစွာသောအသံလေးကြားလိုက်ချိန် မောင်ကျော် ၏စိတ်ထဲတွင် အနည်းငယ်
ဖြေသာ သွားသည်။သိုကသော်ဘာစိတ်မှမပါ ဒုသနသော တော့ ကြောက်ပါ၏ ။
"နှင်းနေကောင်းရဲ့လား"
"အင်းကောင်းပါတယ် ဒါနဲ့ကိုကျော် နှင်းနဲ့ကိုကျော်ကြားမှာ ရှင်းလင်းစရာတွေရှိတယ်လို့နှင်းထင်တယ် တစ်ကယ်ဆိုယင်နှင်း နဲ့ကိုကျော်
 ကြားမှာအတိုင်းတာတစ်ခုထိနားလည်မှုတစ်ခုရှိနေတယ် ဒါပေမယ့်ကိုကျော်နဲ့တွေ့တော့အဲဒီလိုခံစားချက်မျိုး နှင်းမရှိခဲ့ဘူး "
"နှင်း မသိချင်ပါနဲ့တော့ နှင်းလဲအိမ်ထောင်ရှင်ဖြစ်နေပြီပဲ"
"မသိရလို့ မဖြစ်ဘူးကိုကျော်နှင်းမရှင်းလင်းခဲ့ဘူး သိရမှဖြစ်မယ်ထင်တယ် နှင်းကိုပွင့်လင်းစေချင်တယ် တစ်အချက် နှင်းကို ကိုကျော်
ချစ်ခဲ့သလား မချစ်ခဲ့ဘူးလား နှစ်အချက် နှင်းကို ကိုကျော် ရှောင်နေခဲ့တယ် ကိုကျော်ဟာ နှင်းနဲ့တွေ့ချိန်မှာ ဘယ်သူဆိုတာ နှင်း
စိတ်ကခံစားလို့ရနေတယ် နှင်းသိနေတယ် နှင်းဒီလောက်သိက္ခာ ကျခံပြီးမေးနေတာ ကိုကျော်ဖြေပါ နောက်နှင်းကို ကိုကျော်ဘာလို့
လိမ်ရ လဲ နှင်းကကိုကျော်နဲ့မတန်လို့လား နူနေလို့လား "
"အဲဒီလိုမဟုတ်ပါဘူးနှင်းရယ် "
ရုတ်တရက်နှင်းပွင့်ပွင့်လင်းလင်းကြီးမေးတော့ မောင်ကျော်တုန်လှုပ်သွားရ၏
"နှင်း.... ကိုကျော်ပွင့်ပွင့်လင်းလင်းပြောပြမယ် နှင်းအပြစ်မယူပါနဲ့ ကိုကျော်အစတည်းကလိမ်ညာမိခဲ့တယ်ဆိုတာပထမဆုံးဝန်ခံပါရစေ
 ကိုကျော်လိမ်ညာတာဘာရည်ရွယ်ချက်မှမရှိခဲ့ပါဘူး ဒီတိုင်း ပါပဲ အင်တာနက်ချတ်တင်ရဲ့ ပုံစံတစ်ခုပါ ဒါပေမယ့် ကိုကျော်တို့ရဲ့ခင်မင်
 မှုက ပိုပိုပြီးခိုင်မြဲလာတယ် အဆုံးစွန်တစ်သက်လုံးနှင်းကိုမပြောဘူး လို့ဆုံးဖြတ်ထားတဲ့ စကားတစ်ခွန်း ကိုကျော်အချိန်နှောင်းမှ
 ခုချိန်မှပြောပါ့မယ်  နှင်းကို ကိုကျော်တအားမြတ်နိုးတွယ်တာခဲ့ရပါတယ် ဒါပေမယ့်နှင်းနဲ့ တွေ့ချိန်မှာ ကိုကျော်က သိမ်ငယ်ရတယ်
 နောက်ပြီး နှင်းရဲ့သိက္ခာ အဲတာတွေအားလုံး ကိုကျော် ငဲ့ရတယ် ဘာလို့လဲဆိုတော့ မြတ်နိုးရတာကိုး အဲတာတွေမပြောခင် အကြမ်းဖျင်း
 ကိုကျော်အကြောင်း နှင်း သိထားဖို့လိုမယ်  ကိုကျော်ကအိမ်ထောင်သည် ကလေးနှစ်ယောက်ရဲ့ဖခင်တစ်ဦးပါ ဒါပေမယ့် ကိုကျော်
 အချစ်ဆိုတာဘာမှန်းမသိခင် မှာပဲ ကိုကျော်တို့ရိုးရာ ဓလေ့ထုံးစံအရ လက်ထပ်ခဲ့ရတယ် နှင်းနဲ့တွေ့တော့မှ အချစ်ဆိုတာကို ကိုကျော်
 သိလာခဲ့ရတယ် ဒါပေမယ့်အချိန်ကနှောင်းနေပြီ ။ အဲဒီလောက်ဆို ကိုကျော်ရဲ့သစ္စာတရားကို နှင်းသိလောက်ပါပြီ ချစ်တာနဲ့ဖွင့်
 ပြောတာ မဆိုင်သလို ချစ် တဲ့သူကိုရယူပိုင်ဆိုင်ရမယ်ဆိုတဲ့ စိတ်မရှိခဲ့ဖူး နှင်းကို တအားမြတ်နိုးခဲ့တာကိုး ။ ကိုယ့်ကြောင့်နှင်းရဲ့
 သိက္ခာ နှင်းရဲ့ဘ၀ တစ်ခုခု ပွန်း စားထိခိုက်မှာကိုကျော်မလိုလားခဲ့ဘူး အဲဒီလောက်ဆိုယင် နှင်း နားလည်ပါတော့ "
မောင်ကျော်ပြောရင်း ရင်ထဲမှလှိုက်တက်လာ သံပေါ်လာသည် မို့စကားစခဏဖြတ်ထားရတော့သည် ။
"အင်း .. နှင်းနားလည်ပါပြီကိုကျော် ကိုကျော် နှင်းကိုအဲလောက်တန်ဖိုးထားခဲ့မယ်မထင်ဘူး နှင်းဖက်က ရေလာမြောင်းပေးလုပ်ခဲ့
ဖူးတယ်လေ"
နှင်းထံမှရှိုက်သံသဲ့သဲ့ နှင့်ပြန်ပြောသောစကားသံကြားရသည် ဘယ်လိုဖြစ်ဖြစ် မိမိ နှင့်နှင်းတို့၏ကြားမှာစည်းခြားခဲ့ပြီ
"ကိုကျော်သိတာပေါ့ ကိုကျော်ကယောက်ျားလေးပဲ  ဒါပေမယ့်နှင်းရယ် နှင်းဖြစ်ချင်တာမှန်သမျှ နှင်းအပါးက ခဏတာဖြည့်ဆည်း
ခွင့်ရခဲ့ တာ ကိုပဲကိုကျော်တစ်သက်တာကျေနပ်နေမှာပါ နောက်ပြီး နှင်းတို့ရဲ့အိမ်ထောင်ရေးဘ၀သာယာပျော်ရွှင်ချမ်းမြေ့စေချင်တယ်
ကိုကျော်တို့အချစ်တွေဒီနေ့ဒီအချိန်မှာပဲရပ်ပစ်လိုက်ကြရအောင် ရင်တွေကခံစားရလွန်းလို့ကြေမွနေပြီ"
"နှင်းရှင်းရှင်းလင်းလင်သိချင်တာတစ်ခုကလှမြင့်နာမည်နဲ့ ကားမောင်းလိုက်ပို့ပေးနေတဲ့သူကကိုကျော်မဟုတ်လား"
"ကိုကျော်ဟုတ်ပါတယ်နှင်း လှမြင့်တဖြစ်လဲ နှင်းအပါးကနေအမြဲ ဒရိုင်ဘာလုပ်ပေးခဲ့သူကကိုကျော်ပါ
အဲလောက်ဆိုနှင်းကိုကျော်ခံစားချက်ကိုနားလည်ပါတော့နော် နှင်း ကိုကျော်ကိုစိတ်ဆိုးလား"
" စိတ်မဆိုးပါဘူးကိုကျော်နှင်းသိချင်တာတွေအားလုံးသိရပြီမို့ ကျေးဇူးလည်းတအားတင်ပါတယ် နောက်ပြီးနှင်းကို တစ်ကယ်မြတ်နိုးခဲ့
  တာသိလိုက်ရလို့ ကျေနပ်ပါတယ်ကိုကျော်မဟုတ်ပဲတခြားသူတစ်ယောက်ဆို ယင်နှင်းဟာ အခုချိန်မှာ
  အငယ်နှောင်းဘ၀ရောက်နေမှာ ရေတိမ်နစ်ရမှာ ခုခေတ်က လွယ်တာမဟုတ်ဘူးလေ "
"ကဲပါနှင်းထားပါတော့လေ ပြီးခဲ့တာတွေပြီးပါစေ နောက်ပြီးကိုယ့်အိမ်ထောင်အပေါ်ကိုယ်သစ္စာရှိ နော် ကိုကျော်စွာ ဘယ်တော့
 ကျောင်းပြီးမှာလဲ"
"သူက ကျောင်းပြီးယင်ဟိုမှာပဲအလုပ်လုပ်မှာလို့ပြောတယ် နှင်း ကိုသူကျောင်းပြီးလို့အလုပ်ဝင်ယင်လိုက်လာဖို့ခေါ်နေတယ်"
"ကောင်းပါတယ်နှင်းရယ်  ကိုယ်တို့တတွေမောင်နှမတွေအဖြစ်နဲ့ပဲ တစ်ဘ၀လုံးနေကြတာပေါ့နော် နောက်ပြီးအကူညီလိုယင်ဖုံးဆက်
 အချိန်မရွေးနော် "
"ဟုတ်ကဲ့ ကိုကျော် အစစ အရာရာအတွက် ကိုကျော်ကိုကျေးဇူးအရမ်းတင်ပါတယ် နောက်ပြီးအိမ်ထောင်ရေးကိစ္စမှာလဲကိုကျော်က
 နှင်းအတွက် အမြဲ စံပြဖြစ်နေမှာပါ"
"ကဲ... အဲတာဆိုဘိုင့်ဘိုင့် နော် "
"ဟုတ် ကိုကျော် ဘိုင့်ဘိုင်"

တွေဝေငေးမော
အိပ်မက်ဇောတို့
တွယ်တာနှောင်ငြိ
ချစ်မိစဉ်လေ
ရင်မှာကွဲရှ
နှလုံးသားစတို့
ပိုင်းစ ကြေကွဲ
မတွေ့ပဲလည်း
နေဖြစ်ကြယင်
အကောင်းသားပဲ
မလွမ်းပဲနဲ့
နေကြရအောင်
နွမ်းလျသောင်ကမ်း
မဆိုက်ချင်ပါ.........

ပိုင်ဆိုင်ခြင်း
သဘောတရားရဲ့အနှစ်
အားလုံးဟာ
ပညတ်ဖြစ်ခဲ့ တာမို့
ပိုင်ဆိုင်လိုစိတ်အလျဉ်းမရှိ
ချစ်မိခြင်းသာ
ဖြစ်ပါစေတော့
မောင့်သခင်
ကျွမ်းမြေ့နှလုံးသားနဲ့
ရင်ကရင်းပြီးချစ်တဲ့အချစ်
အပြစ်မဖြစ်ယင်ရပါပြီ
နေတတ် ကျေနပ်ချင်သည်မို့......

တွယ်တာစွာနဲ့
ကွယ်ရာကပဲချစ်မှာမို့
ဘယ်လိုဖြစ်ဖြစ်
နေသာပါတယ်
အလွမ်းတွေရွာလည်ချင်လည်
ဖြေမဆည်ချင်ပါ
ရင်မှာနေတတ်
ကျေနပ်လို့သာနေချင်ပါသည်
ဘာပဲဖြစ်ဖြစ်ပေါ့
ရင်ခွင်မှာတော့
သောကရာသီပါ။     ။


ဤဇတ်လမ်း ရေးသားဖြစ်ရန်
အဖြစ်မှန်ကို  ရင်ဖွင့်ခဲ့သော ကိုမောင်ကျော် ၊
အချက်လက်တချို့ကိုပြောပြသော ဦးတင်မြင့် ၊ ကိုမောင်စနှင့်
ဇတ်ဆောင်အဖြစ်ပါဝင်ခဲ့သော နှင်း ဆက်လက်ဖတ်ရှုအားပေးနေခဲ့သော အင်တာနက်အသိုင်းဝိုင်းမှသူငယ်ချင်းများ အထူးသဖြင့်
စိတ်ဝင်တစားမေးတတ်သော တီတီကေ အိပ်မက်မှတဆင့်လင့်ချန်ပေးထားပြီးဆက်လက်ဖတ်ရှုအားပေးနေသော aye
ရင်နင့်အောင်မိမိကိုယ်မိမိ ခံစားရေးသားနိုင်အောင် ကူညီပေးသူများ၊ ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးတင်ပါသည် ။

အစဉ်ခင်မင်လေးစားလျှက်
ချစ်သူမောင်
၁၅.၁၁.၂၀၀၉
၂၃း၄၀

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၉)

နောက်ဆုံးတော့ မက်ဆေ့ချကိုသတိရကာ လှမြင့်နှင့်မောင်စဆီ အမြန်ဆုံးပြန်ဆက်သွယ်ရန် မက်ဆေ့ချကို ခြောက်ခါထက်မနည်း
ပို့ရတော့သည်  သိပ်တော့မကြာလိုက်ပါ ထိုအခါမှ ကျေးဇူးရှင်နှစ်ယောက်ထံမှဖုန်းခေါ်သံဝင်လာတော့၏ ။အကျိုးအကြောင်း
ရှင်းပြပြီး ရွှေဘဲသို့ ချိန်းလိုက်ရတော့၏ ။ထိုည၏ မိတ်ဆုံစားပွဲတဖြစ်လဲ နှုတ်ဆက်ပွဲလေး မြင်ကွင်းကား လှမြင့်ကမောင်ကျော်ပဲ
ပေါ့ မောင်ကျော်ကလှမြင့် မောင်စ ကတော့ စိုးရိမ်ဟန်အနည်းငယ်ရှိသည် မနက်ပွဲက နှုတ်ဆက်ယုံလေး ညနေပွဲကထိုသို့မဟုတ်
နှင်းနှင့်ကျော်စွာ  မောင်ကျော် လှမြင့် နှင့်မောင်စ ငါးဦးသာ တေ့တေ့ဆိုင်ဆိုင်စကားပြော ဖြစ်ကြပြီမို့ မှားယွင်းခဲ့လျှင် ကွယ်ဝှက်ဖုံး
ဖိရန်တာဝန်ယူရသူကမောင်စ အကြောင်းစုံသိထားသူဖြစ်သဖြင့် နည်းနည်းတော့ကြောက်နေသည် လှမြင့်ကတော့သွေးပျက်နေ
သည် လှမြင့်တဖြစ်လဲမောင်ကျော်ကတော့ နှင်းမျက်နှာကို တိတ်တခိုးကြည့်ယင်း ပင့်သက်ခဏခဏ ရှိုက်နေမိသည်။ နှင်းမျက်ဝန်း
တွင် ယ္ခုအထိလှမြင့်ကိုမောင်ကျော်ဟုမယုံကြည် ဟန်တွေ့ရသည် ။တခါတရံ နှင်း၏စစ်ဆေးမှု မိမိနှင့်နှင်း နှစ်ဦးတည်းသာသိသော
သင်္ကေတ စကားလုံးများ သုံးသောအခါ လှမြင့်ခွေးအလှည်းနင်းသလိုဖြစ်ရသည် နှင်း၏စိတ်ထဲတွင် မယုံသင်္ကာစိတ်ပိုဖြစ်လာ၏ ။
သို့သော် ကျော်စွာ ရှေ့တွင်မည်သို့မှဖွင့်မပြောသာသဖြင့် သာမသိလိုက်ဖာသာနေမှန်းမောင်ကျော်ရိပ်မိသည် နောက်ပြီး ကြေကွဲ
ရိပ်သန်းနေသောနှင်း၏မျက်ဝန်း မောင်ကျော်ကြေကွဲစွာတိတ်တခိုး ကြည့်မိ၏ ။အကြည့်ခြင်းခဏ အဆုံတွင် နှင်းမျက်ဝန်းတွင် အဖြေ
တစ်ခုရရှိသွားပြီဟူသော အရိပ် မောင်ကျော်လန့်ဖျတ် စွာတွေ့လိုက်ရလေတော့သည် ။
ထိုနေ့ည ကျော်စွာအား ဘက်ချလာနိုက်ဟု အကြောင်းပြုပြီး သုံးယောက်စလုံးက ရောယောင် အတင်းခင်မင်ကာဇွတ်တိုက်ကြတော့
သည် မောင်ကျော်ကတော့မိမိကြောင့် နှင်းတို့၏အိမ်ထောင်ရေးတွင် အဖုထစ်မဖြစ်စေလိုပါ ။ကျော်စွာတော်တော်မူးနေပြီ နှင်း
တားမြစ် တော့မှ အားလုံးဆက်မတိုက်ရန်သဘောတူကာရပ်လိုက် ကြ၏ သို့သော် ယောက်ျား လေး လေးဦးတွင် ကျော်စွာအမူး
ဆုံးဖြစ်မည် ။သို့သော် ဘာမှမသိသောကျော်စွာအဖြစ်ကိုလည်း မောင်ကျော်စာနာမိစွာသနားမိလေ၏ ။ သို့သော်မိမိလည်းဘာမှမ
တတ်နိုင် နှင်းအပေါ်မိမိ မည်သည့်အခွင့်ရေးမှမယူခဲ့သည်ကိုကိုယ်တိုင်သိကာ လိပ်ပြာလုံပါ၏ ချစ်သည်ကချစ်သည် ဖွင့်ပြောခြင်း
မပြောခြင်းသည်လည်း ပဓာနမဟုတ် ။ အားလုံးသည် ပုံမှန်မဟုတ်သောလည်ပတ်မှုများနှင့် ထိုညက မောင်ကျော်ရင်ထဲမှခံစားချက်ကို
မည်သို့ဖော်ပြရမှန်းမသိ နောက်ဆုံးလမ်းခွဲချိန်အထိ  လှမြင့်တဖြစ်လဲမောင်ကျော်က နှင်းတို့ကြင်စဦးမောင်နှံကို လိုက်ပို့ရသည် ။
လှမြင့်ကတော့မောင်ကျော်နေရာရထားသူမို့ အာဏာသုံးပြီး မောင်ကျော်ကို လိုက်ပို့ခိုင်းယင်း ရှောင်ထွက်သွားသည် ။
အရမ်းခံစားရသည်ကမောင်ကျော် မိမိသိပ်ချစ် သိပ်မြတ်နိုးရသောနှင်း ၏ ဘ၀ သာယာစေလိုသော စေတနာ ရင်မှမြတ်နိုးခြင်းတို့၏
လွန်ဆွဲပွဲ နောက်ဆုံးသစ္စာတရား ကအောင်နိုင်မှုသို့ရောက်၏ ။သို့သော် မောင်ကျော် ၏ရင်မှာမည်သူမှမသိသောငိုကြွေးမှုများ နှင်း၏
တိတ်ဆိတ်စွာကြေကွဲနေသောမျက်ဝန်းအစုံ ရင်ချင်းနားလည်ပါလျက် ချစ်ခွင့်မရှိသောသူတို့နှစ်ဦး ၏အနေအထား ......

Sunday, November 15, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၇)

ခက်သည်က အချိန်ဆိုသည့် အရာ ကုန်လွယ်ခြင်းပင် မောင်ကျော်အစားထိုးပြထားသည့်ဓါတ်ပုံ ရှင်လှမြင့်၏ အရေးပါလာသောအချိန်
ဖြစ်လာသည် ။ တစ်စကယ်တော့ နှင်း၏ မင်္ဂလာဖိတ်စာ မောင်ကျော် ထံ ရောက်လာသောနေ့ပင်။ မောင်ကျော်လှမြင့်ကိုအသည်း
အသန်ရှာ ရတော့သည် အကူအဖြစ် မောင်စလည်းပါဝင်သည် ။ လှမြင့်အားဖြစ်ကြောင်းကုန်စင် ဖွင့်ပြောပြရလေသည် မောင်စ
ကတော့အစတည်းက မောင်ကျော် ရင်ဖွင့်နေကျမို့ အဖြစ်အားလုံးနီးပါး သိထားသူဖြစ်လေသည် ။ထို့ကြောင့် နှင်း၏မင်္ဂလာပွဲတွင်
လှမြင့်တစ်ယောက်ရုပ်ပြအဖြစ် ထွက်ရမည်ဖြစ်သည် ။ အစကတော့လှမြင့်ငြင်းဆန်လေသည် ။ဟုတ်လည်းဟုတ်သည်ပဲ သည်
ဇတ်လမ်းကို သူ့ဓါတ်ပုံအလွဲသုံးစားလုပ်ထား သည့်ကိုကျော်ကိုစိတ်တိုမိ၏ ။သို့သော် ကိုကျော်ကသူ့ထက်လည်းအသက်ကြီးသူလုပ်
ငန်းပိုင်းတွင်လည်း သူ့ကိုအများကြီးသင်ပြပေးနေသူ ဆရာလိုလူဖြစ်ရာ မငြင်းသာခဲ့။မောင်ကျော်က နှင်း၏မင်္ဂလာပွဲသို့ သွားရန်
 အစီစဉ်ကို ဆွဲလေသည် ထိုနေ့က မောင်ကျော်သည် လှမြင့် လှမြင့်က မောင်ကျော် မောင်စကတစ်ခုခုမှားယွင်းလျှင်  ဖြည်ရန် ။
ထိုသို့နှင့် နှင်း၏မင်္ဂလာပွဲသို့သွားခဲ့ကြ၏ လှမြင့်တဖြစ်လဲ မောင်ကျော်၏စိတ်တွင်တော့မှုန် မှိုင်းနေပေသည် ။သို့သော် ဘာပြဿ
နာမှမဖြစ်ခဲ့ နှင်း၏အပြုံးမျက်နှာနှင့် ကြွရောက်လာသောမင်းပရိသတ် အပေါင်းတို့ အား ဧည့်ခံ လေ၏ သို့သော် မောင်ကျော်
စိတ်ထဲတွင် နှင်း ၏မျက်ဝန်းထဲတွင်ကြေကွဲရိပ်ကိုသေချာစွာဖတ်မိသိရှိလေသည် ။မနက်ပိုင်းပွဲပြီးသည်အထိ ဘာပြဿနာမှမရှိ ။
မင်္ဂလာပွဲအပြီး မောင်ကျော်နှင့် လှမြင့် လမ်းခွဲအပြီး ပြဿနာကစလေသည် ။ နှင်းသည် မောင်ကျော်တစ်ဖြစ်လဲလှမြင့်ကို သည်
နေ့မှတွေ့ အရှင်လတ်လတ်တွေ့ဖူးခြင်း နောက်ပြီး ကျော်စွာကိုယ်တိုင် မောင်ကျော် ထံသို့ဖုန်းဆက်၍ ဇနီးသည်အလိုကျ ဇနီးသည်
၏ခင်မင်သောအပေါင်းအသင်းများကို ညနေစာဖိတ်ကျွေးခြင်းပင် ဖုန်းကမောင်ကျော်ထံတိုက်ရိုက်ဝင်လာသည် ။
"ဟဲလိုကိုကျော်လားခင်ဗျာ"
"ဟုတ်ပါတယ်"
"ကျွန်တော်ကျော်စွာပါ"
"ဟုတ်ကဲ့ပြောပါခင်ဗျာ"
"ဒီညနေ ကိုကျော်တို့ ကို ညနေစာနဲ့ဧည့်ခံချင်လို့ပါ နှင်းကလည်းသူ့ကိုအများကြီးကူညီစောင့်ရှောက်ပေးတဲ့ကိုကျော် အကြောင်း
 ကို တဖွဖွပြောနေတာရယ် ကျွန်တော်နိုင်ငံခြားကပြန်လာတဲ့အချိန်မှာ လိုလေသေးမရှိ ကားကအစကူညီပေးတာရယ် နောက်ပြီး
 ကိုကျော်နဲ့ နှင်းခင်သလိုကျွန်တော်လည်းခင်ချင်လို့ ရယ် နောက်ကျွန်တော်သန်ဘက်ခါ ဟိုကိုပြန်တော့မှာရယ် မိတ်ဆုံစားပွဲနဲ့
 နှုတ်ဆက်ပွဲလေးအဖြစ်ကိုကျော်တို့သူငယ်ချင်းသုံးယောက်ကို ဒီညနေ ရှစ်မိုင်က ရွှေဘဲမှာ ဧည့်ခံပါရစေဗျာ"
 ရုတ်တရက်မောင်ကျော်ဘယ်လိုဖြေရမယ်မှန်းမသိ လှမြင့်တို့နှင့်လည်းလမ်းခွဲခဲ့လေပြီ ညနေလည်းစောင်းတော့မည် မို့ရုတ်
 တရက်ကြောင်အမ်းအမ်းဖြစ်သွားသည် နောက်တော့မှ
"အော်.....အင်းဟုတ်ကဲ့လာခဲ့ ပါ့မယ်ဗျာ "
စွတ်သာဂတိပေးရသည် ဟိုနှစ်ကောင် ဘယ်သဝေထိုးကြသည်မသိ မောင်ကျော်ခေါင်းကြီးသွားသည် တစ်ကယ် ငြင်းရန်လည်း
မသင့်တော့ ကျော်စွာကိုယ်တိုင်ဖိတ်နေပြီ ဖြစ်သဖြင့် လှမြင့်အနေဖြင့်လည်း တစ်ယောက်တည်းဘယ်လိုသွားရပါ့ သည်တစ်ခါ
လည်း အကြည်တော်စကားငှားသုံးရတော့မည် ဒုက္ခနှင့်လှလှတော့တွေ့ပြီ..........
လှမြင့်ဖုန်းကို ကောက်လှည့်လိုက်သည် (ထိုသို့သုးံရမည်မထင်) လှမြင့်၏ဖုန်းကိုလှမ်းခေါ်လိုက်သည် မရ မောင်စကိုလှမ်းခေါ်
ပြန်တော့ လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာတပ်ဆင်ထားခြင်းမရှိပါဟုဖြေလေသည်  မောင်ကျော် တော်တော်ဒေါသထွက်သွား
သည် ။ဒီနေ့လောက်ဖုန်းခေါ်ရခက်တဲ့နေ့မရှိ ဟိုနေ့က ဘန်ကောက်က၀ယ်လာသော အိုင်ဖုန်းမိုကလို့လွှင့်မပစ်မိခြင်း ဖြစ်သည်။
နှမြောလို့လေ တော်တော်တန်ဆိုလွှင့်ပစ်မိမည် ။မောင်ကျော်တော်တော်စိတ်လှုပ်ရှားနေရပြီ  နှင်း ၏ဘ၀လေးဖြောင့်ဖြူးသာယာ
စေချင်သည် ဒီလိုနေ့မျိုးမှာလုံးဝမှားလို့မဖြစ် ။ နောက်ပြီးသည်နေ့တနင်္ဂနွေ သည်နှစ်ကောင် ငါးရှဉ်တွေလိုဖမ်းရခက်မည့်နေ့
အင်း ထွက်စမ်းပါဥာဏ်နီ ဥာဏ်နက် ဥာဏ်ကာလာစုံတွေ တော်တော်နှင့်စဉ်းစားလို့မရ ဖုန်းသာလှိမ့်ခေါ်တော့သည် တော်တော်
နှင့်မရ မောင်ကျော်အကြံအိုက်ချေပြီ။

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၈)

ခွင့်လွှတ်ပါလို့
မပြောသာခဲ့
ရင်ထဲတွေ့နေရက်နဲ့
ကြင်နာခွင့်မရှိတဲ့အဖြစ်......

တပါးသူဦးပြီလား
ခက်သည်က
ဆန္ဒကပိုင်ချင်ပေမယ့်
ကိုယ့်မှာပိုင်ဆိုင်ခွင့်မရှိတဲ့အဖြစ်......

အများသူငါ
မမြင်နိုင်တဲ့
မောင့်ရင်တွင်းက
ချစ်ခြင်းတရား
လှစ်ဟပြရန်ခွင့်မသာခဲ့......

ငိုချင်ရက်လက်တို့သူ
မင်းမှမင်းပါပဲ
ရင်ကွဲမတတ်
ဖွင့်ဟမဖြစ်
လှစ်ဟမသာ
ရင်ခွင်မှာပူလောင်ကျွမ်း
အလွမ်းဟာ
နေ တစ်ရာလိုပြင်း.....

နှင်းရေ ....
မင်းမှမင်းပါကွယ်
တစ်ကယ်ချစ်လို့
မြတ်နိုးစွာပင်
တပါးသူရင်ခွင်
အပ်ပစ်ရက်တဲ့
မောင့်အဖြစ်
မောင့်အပြစ်ရယ်ရှိပါစေ ......

သေခန်းပြတ်ဆိုတဲ့
စကားတစ်ခွန်းသာ
မောင်မခံစားနိုင်ပါ
ဘယ်လိုပဲဖြစ်ဖြစ်
အိမ်ထောင်ကျသွားတာတောင်မှ
အခေါ်ပြောမပျက်ယင်
မောင်ကျေနပ်ပါရဲ့
သေခန်းတော့မဖြတ်နဲ့ပေါ့
နှလုံးသားကမြတ်နိုး
ရင်ထဲကတွယ်တာ
တစ်ကယ်ပါ
ဒီဘ၀ဒီမျှသာဆိုပေမယ့်
အသန့်ရှင်းဆုံး
တွယ်မက်နေချင်သေးတယ်...။     ။

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၆)

ကျော်စွာပြန်လာသည့်ညနေ မောင်ကျော် နှင်းနှင့်အတူကျော်စွာကိုသွားကြိုခဲ့သည် နှင်းက ကျော်စွာကိုလှမြင့် အဖြစ် သူ၏ အလွန်
ခင်ရပါသောအစ်ကို ကျော်၏တပည့်တစ်ဦးအဖြစ် သည်တော့လည်းမောင်ကျော် က လှမြင့်ပဲဖြစ်နေသည့်အတွက်နေသာပါသလား
အမှန် တစ်ကယ် ၀န်ခံရလျှင် မနေသာခဲ့ပါချေ ထို့ကြောင့် နောက်နေ့တွင် မိမိ၏ ကားကိုသာ ဒရိုင်ဘာနှင့် နှင်းနှင့်ကျော်စွာတို့သုံး
ရန် ပေးထားဖြစ်လိုက်လေသည် ။သုံးရက်ခန့်ကျော်စွာရန်ကုန်မှာနေပြီး နောက် သူတို့နှစ်ဦးမန္တလေးသို့ပြန်သွားခဲ့ကြလေသည်။
မောင်ကျော်အတန်ပင်တာဝန်ပေါ့သွားလေသည် ရင်ထဲကအလုံးကြီး လည်းမကျတကျ တော့ဖြစ်နေသေးသည် နောက်ဘာပြဿနာ
ပေါ်ဦးမည်မသိ လောလောဆယ်ကိစ္စကတော့ ချောမွေ့နေသည် .....
".............."အမှန်တော့ဘာမှမဟုတ် ဖုံးမြည်သံပါ သည်တွင်မြည်သံစွဲအလင်္ကာ မသုံးတတ်သောမြည်သံ
မောင်ကျော်နံပါတ်ကိုအမှတ်တမဲ့ကြည့်ဖြစ်လိုက်တော့နှင်း၏ဖုံးဖြစ်သည်။
"ဟဲလို ကိုကျော်လား "
"အင်း...ဟုတ်တယ်နှင်း"
"ကိုကျော် ရန်ကုန်မှာအစစအရာရာ ကူညီတဲ့အတွက်ကျေးဇူးတင်ပါတယ်"
"အာ ...ရပါတယ်နှင်းရယ် "
"ဒါပေမယ့်လေ ကိုလှမြင့်တစ်ယောက်အစစတာဝန်ကျေပေမယ့် ကိုကျော်စွာပြန်လာပြီးတည်းကမတွေ့တော့ဘူးအဲတာကျေးဇုးတင်
ကြောင်းပြောပေးပါဦး နောက်ပြီးကိုကျော်နဲ့လည်းအရမ်း ချစ်....အဲခင်နေကြပြီးမှမတွေ့လိုက်ရဘူး"
"ခရီးသွာနေလို့ပါနှင်းရယ် "
"အင်းလေ နှင်းကတော့တစ်ခုခုကိုကိုကျော်လျှို့ဝှက်ထားတယ်လို့ထင်တာပဲ
ဟုတ်မဟုတ် ကိုကျော်ပဲသိမှာ ခုစကားပြောနေတဲ့ အသံက နှင်းကိုအဝေးပြေးဝင်းမှာလာကြိုတဲ့လှမြင့်အသံနဲ့တော်တော်တူနေ
တယ်"
"မဟုတ်ပါဘူးနှင်းရယ် ကိုကျော် အလုပ်ကိစ္စနဲ့တိုက်ဆိုင်သွားလို့ ပါ နှင်းအတွက်အစစ လိုလေသေးမရှိစီစဉ်ပေးခဲ့ပါတယ်"
"နှင်းလိုချင်တာအဲတာမဟုတ်ဘူး ကိုကျော်ကိုတွေ့ချင်တာတစ်ခုတည်း ကိုကျော်ကိုအားကိုးချင်တာတစ်ခုတည်း"
ဗုဒ္ဓော မောင်ကျော်မျက်လုံးပြူးရလေသည် နှင်းမင်းသိက္ခာတွေအချစ်နဲ့အတွေ့မှာပျောက်ရှကုန်တော့မလား......
"ကဲပါကွာ စိတ်မဆိုးပါနဲ့ နောက်တစ်ခါနှင်းရန်ကုန်လာယင်တွေ့ကြမယ်နော်"
"အဲတာထားဦး ခုနှင်းတို့လက်ထပ်ကြတော့မှာ"
"မြန်လှချေလား "
"မြန်တယ်လို့တော့မဟုတ်ပါဘူး ဒေါ်ဒေါ်တို့စီစဉ်ကြတာ
 ပြီးယင် ကိုကျော်စွာက ပြန်သွားမှာ အခုပြန်လာချိန်ခွင့်ရတုန်းလေးသူ့မိဘတွေကို နှင်းနဲ့လက်ထပ်ချင်တယ်ပူစာလို့"
"ကွန်ကရက်ကျူရေးရှင်းပါနှင်းရေ"
"နောက်ပြီး နှင်းတို့မင်္ဂလာပွဲကိုရန်ကုန်မှာပဲလုပ်ဖြစ်မှာ အဲတာကိုကျော်လာရမယ်နော် မလာယင်သေခန်းပြတ်ပဲ"
"လာရမှာပေါ့နှင်းရယ် မလာလို့ဘယ်ဖြစ်မှာလဲ ကိုယ်တို့တွေကအခင်ဆုံးတွေလေ ဆက်ဆက်လာမယ်"
"ကိုကျော်ဂတိနော်"
"အင်း...ဂတိ"
မောင်ကျော်စကားတွေကိုအလွန်ထိန်းသိမ်းပြောနေရသည် ဒီအချိန်မှာမှားလို့လုံးဝမဖြစ် တစ်ခုခုချို့ယွင်းခဲ့လျှင်မလွယ်
"နှင်းဘာလက်ဖွဲ့လိုချင်လဲ"
"ဘာမှမလိုပါဘူး ကိုကျော်ဆိုတဲ့သူကိုတွေ့ချင်တယ် အဲတာနှင်းလိုချင်တဲ့လက်ဖွဲ့ ကိုကျော်ဆီကနေလိုချင်တဲ့လက်ဖွဲ့"
"စိတ်ချပါနှင်းရယ်"
"အဲဒါဆိုဖိတ်စာပို့ပေးလိုက်မယ် နှင်းတို့လည်းနောက်အပါတ်ဆိုယင်ရန်ကုန်လာခဲ့မယ် အဓိက က တော့ကြီးကြီးကျယ်ကျယ်
 မင်္ဂလာဆောင်လုပ်မှာမဟုတ်ပါဘူး ဗဟိုတရားရုံးမှာလက်မှတ်ထိုး ပြီးဘုန်းဘုန်းတွေဆွမ်းကပ်ယုံပါ"
"ကောင်းတာပေါ့ ကုသိုလ်ရပါတယ်နှင်း"
ကိုကျော်လေ မင်းအတွက် ကိုကျော်ရဲ့ တဆတ်ဆတ်တုန်အောင်နာကျင်နေတဲ့ နှလုံးသားတစ်ခုနဲ့ ကိုကျော်ရဲ့သစ္စာတရားကိုလက်ဖွဲ
လိုက်ပါ့မယ် စိတ်ထဲကတွေးမိနေခြင်းသာ

Thursday, November 12, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၅)

စိတ်ညစ်တာဆို
သိပ်ချစ်တာပိုသမျှ
လိုသမျှရစေ
ဒီဘ၀ထွေထွေ
လိုချင်တာတွေ
တစ်ကယ်များတယ်
စိတ်ပျက်တယ်လေး အေးဟေ့ဟေ့ အေး......ဟုသာငိုချင်းချချင်ပါသည် တစ်ကယ်ဆိုလျှင် နှင်းအကြောင်းသာခေါင်းထဲပေါ်လာသည့်
အတွက် မောင်ကျော် နေမထိထိုင်မသာ ဖြစ်နေရလေသည်ဒီညနေ ကျော်စွာကိုကြိုပေးရမည် မိမိ၏ချစ်သူကိုလုယူသူ ကျော်စွာအား
ရန်သူဟူ၍ သဘောမထားနိုင်ခဲ့ပါ မိမိမှာလည်း ကိုယ့်အကြောင်းနှင့်ကိုယ် ကိုး ပြန်လည်ဆန်းစစ်လျှင် အယူဝါဒဟောင်းတို့၏သား
ကောင် ဖြစ်ခဲ့သောမိမိကြီးပြင်းရာ မျိုးနွယ်စု ကိုအပြစ်တင်ရမည်လား သို့တည်းမဟုတ်ကံကြမ္မာကိုသာ အပြစ်ဖို့ယိုးမယ်ဖွဲ့ရမည်
လား မဝေခွဲတတ် အယူဝါဒဟောင်း နှင့် အယူဝါဒသစ်တို့လွန်ဆွဲပွဲ တွင်မိမိ၏ မိန်းမနှင့် ကလေးနှစ်ဦးတို့ဓါးစာခံမဖြစ်စေချင်
မိမိတို့၏ ဓလေ့အရ အချစ်ကိုမသိချိန်မှာပင်အိမ်ထောင်သည် ဖြစ်နေခဲ့ရခြင်း အမှန်မိမိ၏ဇနီးအပေါ်တွင်အိမ်ထောင်သံယောဇဉ်
သာရှိခဲ့ သည်မို့ ... ယ္ခုအချိန်တွင်နှင်းကိုချစ်ခဲ့မိသည်လား မဝေခွဲတတ်ခဲ့သို့သော် မည်သို့ဖြစ်ဖြစ်မိမိ ၏စိတ်ဓါတ်နိမ့်ပါး၍မဖြစ်
မိမိ၏ခံယူချက်ကား စီးပွားရေးကိစ္စတွင်ဖြစ်စေ လူမှုရေးကိစ္စတွင်ဖြစ်စေ တပါးသူအားအနိုင်ကျင့်သလိုမျိုး မဖြစ်စေရန် နှင့် တဦးဦး
ကိုစိတ်ဓါတ်ရေးရာအရမနှိပ်စက်မိစေရန် အလေးထားသူဖြစ် သဖြင့် နှင်းအတွက်လည်းငဲ့ကြည့်ရလေသည်။ အဓိကမှာနှင်း၏သိက္ခာ
မထိခိုက်စေရန်နှင့် နှင်းရှေ့ဆက်လျှောက်လှမ်းရသောဘ၀တွင် ပျော်ရွှင်စေရန် သာယာ ဖြောင့်ဖြူးစေရန် အလေးထားခဲ့မိသည် ။
တစ်ကယ် ရင်ကွဲပက်လက်ပါပဲ ။ မနေ့က နှင်းနှင့်အင်းလျားကန်စပ် တွင်သွားထိုင်စဉ် နှင်း၏ မမျှော်လင့််သော စစ်ဆေးမှုကို ကျော်
ဖြတ်နိုင်ခဲ့သော်လည်း တစ်ကယ်တွင် မူ နှင်းတွေ့ချင်တဲ့ကိုကျော်ဟာကိုယ်ပါပဲလို့ ဖွင့်မပြောမိစေရန် မိမိ၏စိတ်ကို မိမိ မနည်းထိန်း
ချုပ်ထား ခဲ့ရ လေသည်မို့ ။ အမှန်စင်စစ် ဆန်းစစ်ရပါလျှင် ဂျီတော့ကိုအပြစ်တင်ရလေမည်လား သို့သော် ထိုဂျီတော့ အင်တာနက်
pfingo, skype,အစရှိသည်တို့ မှာ မောင်ကျော်အတွက်လက်တွေ့စီးပွားရေးဏ္ဍတွင် အလွန်အရေးပါသည်မှာ လက်တွေ့ ထို့အတွက်
တိုးတက်လာသောနည်းပညာအသစ်အဆန်းတို့အပေါ်အပြစ်မယူသင့်ဟု မောင်ကျော်ထင်သည် ။ သို့သော် မိမိ ဖာသာ ဆတ်ဆော့
ခြင်းအတွက် ကိုယ့်ကိုယ်ကိုအပြစ်လည်းမတင်ချင်တော့ မြတ်နိုးတွယ်တာရပါသည် ချစ်ရတဲ့နှင်း။ ချစ်သည် မချစ်သည်ကိုဝေခွဲနေ
စ ရာမလိုပဲ ၀န်ခံပါသည် တစ်ကယ်နှင်းကို ချစ်မိနေခဲ့ပါသည် ။ ခက်သည်က အချိန်လွန်ခဲ့ပြီ နှောင်းနောင်တ တရား တို့၏ မှားယွင်း
မှုလည်းမဟုတ်တော့ခက် သည်လေ။ဒီအချိန်ရောက်မှတော့မောင်ကျော်ရင်ကွဲခံကာ နှင်းကိုကျော်စွာလက်ထဲအပ်ရန်သာ ။တစ်ကယ်
တော့ မှားယွင်းမှုတစ်ရပ်လား သို့တည်းမဟုတ် အချစ်တွင်မျက်စေ့မရှိဆိုသောအဆို ကမှန်လေသည်လား ချစ်ခြင်းအစမျက်စေ့က
ဟုဆိုလျှင် မတွေ့စဉ်တည်းကချစ်ခဲ့မိသောအဖြစ်သည်မိမိအတွက် မမှန်ချေတော့ တစ်ကယ်ဆိုတော့လည်း မိမိ နှင်းကိုမချစ်သင့်
မိမိ တွင်ကာမပိုင်နှင့် သည်အခြေနေရောက်တော့မှဆက်လက်စောင့်ထိန်းရန်သာ မိမိ ကိုယ်မိမိ လည်း ထိန်းနိုင်မည်ဟုထင်ပါသည်။
ယောက်ျား လေးတစ်ယောက်၏သိက္ခာ မာန နှင့် ကိုယ်ကျင့်တရား တို့ကိုငဲ့ကွက်လျက် မိမိ ၏ဘ၀ အိမ်ထောင်ရေးအတွက် ရင်ဆီးခံ
ကာ သစ္စာထားရပေမည်။အဓိကမှာစိတ်အလိုလိုက်ခြင်းတည်းဟူသော အတ္တစိတ်တစ်ခုကိုထိန်းချုပ်နိုင် ခြင်းသာ အဓိကထားရပေမည်။
ထို့အတွက်မောင်ကျော်စိတ်ကို ပိုင်းဖြတ်လိုက်မိ၏ ။ လောလောဆယ်နှင်းနှင့် ကျော်စွာ လက်မထပ်ခင်အချိန်ထိ မောင်ကျော်သည်
လှမြင့်အဖြစ်နှင့်နေရန်သာဖြစ်တော့သည်။

Monday, November 9, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၄)

အမှန်ဆိုတော့နှင်း လည်း တော်တော်ခံစားရခက်ပါသည် လှမြင့်ဆိုသောကိုကျော် (နှင်းစိတ်ထဲကထင်ရသော ) နှင်းစိတ်တွေရှုပ်
ထွေးကူန်လေသည်။တစ်ကယ်ဆိုလျှင် ကိုကျော်ရှောင်နေဖို့ မကောင်းပါ နှင်းစိတ်တို့မှုန်ပျနေသည် အနားတွင်လှမြင့်ရှိသော်လည်း
စကားမဆိုဖြစ်ပါ မိမိ ဖာသာမိမိတွေးဖြစ်ချေသည် ။မနက်ဖြန်ကိုကျော်စွာပြန်လာတော့မည် နှင်းဘ၀ကခုလက်ရှိတော့ ရှေ့တိုး
ထမ်းပိုး နောက်ဆုတ်လှည်းတုတ် ဆိုတာမျိုး ဖြစ်နေချေပြီ အနားတွင်ရှိနေသောလှမြင့် ဆိုသူလည်းဘာမှသုံးစားမရပါချေ သူ့ဟာ
သူငူငူ ငေါင်ငေါင်နှင့်ပါ ကိုကျော်..ကိုကျော် ဒင်းကိုစိတ်ဆိုးလာပြီ ။ ချစ်ရတဲ့ သူကမိန်းကလေးသိက္ခာမငဲ့ပဲ သူ့ကိုလိုက်ရှာမိတာ
တောင်မှ သူကရှောင်ပုန်းနေရက်တယ် ။ဘာပြောပြောနှင်းစိတ်တို့က မှုန်ရီဝိုးဝါး ခုချိန်မှာ မချစ်တဲ့သူကိုလည်းလက်မထပ်ချင်
ချစရတဲ့သူကလည်းရှောင်ပုန်းနေတော့ နှင်းဘယ်လမ်းကိုရွေးရမည်မသိ လောလောဆယ်ဖြစ်နိုင်လျှင်ကိုယ်တိုင်အငွေ့ပျံ
ပျောက်ကွယ် သွားချင်ပါသည် ။ ထားပါတော့လေ ဘ၀ကံအကြောင်းလို့သာ နှင်းသတ်မှတ်ရတော့မည်ဖြစ်သည် ။အတွေးစတု့
မည်မျှရှည်သွား သည်မသိ နှင်းမိုးချုပ်တော့မယ်စိတ်တွေကြည်လင်သွားပြီလားပြန်ကြစို့လေ မှောင်နေယင်မကောင်းဘူး ဟုလှမြင့်
ကဆိုလာသဖြင့် ဟုတ်ကဲ့ ကိုလှမြင့် ပြန်ကြတာပေါ့ဟုသာ။
အမှန်တော့မောင်ကျော်ကိုယ်တိုင်လည်းစိတ်မကောင်းဖြစ်ရချေသည် ထို့ကြောင့်လှမြင့်တဖြစ်လဲ ဖြေသိမ့်ပေးရန်ကြိုးစားသော်
လည်း မိမိကိုယ်တိုင်စကားစတို့ရှာမရခဲ့ ။ နောက်ဆုံးတော့ မနက်ဖြန်ကိုကျော်စွာကိုကြိုရဦးမယ်ဟုသာ ပြောဖြစ်ယင်း နှင်းကိုနှုတ်
ဆက်၍ ပြန်လာခဲ့ရသောမိမိအဖြစ် ။ မိမိ အိမ်ထောင်ရေးအပေါ်သစ္စာမဖေါက်ချင် ထို့အတူနှင်း၏သိက္ခာလည်း မပွန်းစားစေချင်ပါ
ရိုးသားစွာခင်နေကြယင် ကောင်းတာပါပဲဟုသာဖြေသိမ့်တွေးယင်း.........

အမှန်တော့ကွယ်
တစ်ကယ်သာဆို
သောကပိုတဲ့
ရင်မှာဖြစ်လာ
ဝေဒနာတွေသာ
လောင်မြိုက်တိုက်စား
မလွယ်လားလေ
အခက်ပွေကြုံ
ဘ၀ဘုံမှာ
နေစရာနေရာ
တစ်ကယ်ရှားသလား
အထင်မှားခဲ့
ချစ်ရက်ရှည်၍
လွမ်းစိတ်ဝေသည်
ပွေသည့်သောက
ခဏလည်းထားခဲ့မရ...........

ချစ်သည်သခင်
ခင်ရေသက်ထား
အတွေးမှားတွေ
မရချင်ပါကွယ်
မပျော်တော့သောက
ပျော်လည်းဒေါသ
အမျက်သင့်စရာတွေမို့
ရင်မှာပွင့်တဲ့
မောင့်အချစ်ပန်းတွေ
ခင်ရေ ..........
မညှိုးနွမ်းပေမယ့်
ပွင့်လင်းစွာလည်း
မပွင့်သာပေ.....

အချစ်ဆိုသည်က
သောက အလား
မောလျတဲ့ဝေဒနာ
စေတသိက် ရုပ်မှာ
ပရပွခြေရာ
ဘယ်မှာရှာတွေ့
နေခက်သားလေ
ဘ၀တွေမှာ
ကြုံပလေ ဘုံပွေ
အဲလိုသာစိတ်ထားယင်
မညှိုးနွမ်းစေချင်
စိတ်ရင်အစုံမှာ
မျက်စေ့မှိတ်
ရင်ခုန်ချင်တာပေါ့
ဘ၀မှာသစ္စာတရားသာ
အကောင်းဆုံးဖြစ်ချင်
အနှစ်စစ်ဖြစ်ပါစေတော့........။