တခါက နှင်းဆီလွင်ပြင်
ခုတော့တစ်ကယ်
Nov-Dec အိပ်မက်
ခက်သည်သခင်
ထင်ယောင်မြင်မှား
နှင်းတွေကြားမှာ
မင်းလား နှင်းလား
မကွဲပြားခဲ့
အတွေးစပုံရိပ်
အိပ်မက်အလား
စဉ်းစားစရာ..........
အမုန်းနဲ့ လမ်းခွဲခြင်း
မလွမ်းပဲနေရဲခြင်း
ဖြေသာတဲ့ကြေကွဲခြင်း
အထိုက်လျောက်တော့ရှိပေမယ့်
လွမ်းတယ်လို့မဆိုသာ........
တမ်းတစရာဆိုတာလည်း
နွမ်းလျစွာအိမ်ပြန်ချိန်ပါကွယ်
ကျွမ်းရသူမောင့်အချစ်ရယ်
တမ်းငြိမက်မောလွမ်းသည့်ဇောမှာ
မကွယ်မဝှက် ပြောယင်
တွယ်မက်နှောင်ဖွဲ့မနေချင်............
မလွမ်းချင်တော့လို့ပြောယင်
ခပ်ပေါ့ပေါ့ရယ်ချင်ရယ်မယ်
ချိုသာတဲ့မင်းအသံလေးနဲ့
တခစ်ခစ်အသံအသစ်ထွက်လာမယ်ထင်ရဲ့
မင်းနှုတ်ဖျားကထွက်လာတဲ့
အသံမှန်သမျှ မောင့်အတွက်တော့
အားလုံးအသစ်ဖြစ်ခဲ့ပါ့ကွယ်..........
တမ်းတတာမဟုတ်ပေမယ့်
လွမ်းပြတာလည်းမဟုတ်
နွမ်းလျနစ်တဲ့စိတ်အစဉ်ကို
ဖြေသာနေခွင့်ပေးကာ
သေချာစွာနှုတ်ဆက်ချင်တဲ့၂၀၀၉အကုန်
ပြန်တွက်ကြည့်တော့၁၉၈၉
ရဲ့ 1st Jan မနက်ဖန်ဆိုနှစ်
နှစ်ဆယ်ပြည့်တော့မယ်
လွမ်းတယ်လည်းမဟုတ်
သတိတရဖြစ်နေခြင်းမျိုးလည်းမဟုတ်
အမှတ်ရမိတာမျိုးလေးပါကွယ်
မောင့်ရင်ထဲမှာတချိန်က
အပြည့်အ၀ နေရာယူပြီး
မောင့်ချစ်ခြင်းတွေ
အပိုင်စီး အချစ်ကြီးသလို
ရမ္မက် လည်းကြီးတဲ့
အခြားသူတွေရဲ့ချစ်ခြင်းတွေကို
ပါပိုင်ဆိုင်ချင်တဲ့မောင့်ရဲ့
"ထာဝရမီး"လို့ တချိန်က
မောင်တင်စားခေါ်ဝေါ်ခဲ့တဲ့
မောင့်အချစ်ရေ........
တစ်ကယ်လို့သာ
အကြောင်းမဲ့
မင်း ရက်စက်စွာ သတ်ဖြတ်ပစ်တဲ့
မောင့်ရင်သွေးလေး
ခုရှိနေမယ်ဆိုယင်
ခုလောက်ဆိုအသက်
တစ်ဆယ့်လေးနှစ်လောက်တောင်
ရှိတော့မယ်.......
မောင့်ရင်ကိုကြမ်းရှစေခဲ့တဲ့
မောင့်ရဲ့ချစ်ခြင်းတွေကိုပျက်ယွင်းစေတဲ့မင်း
ဘာပဲဖြစ်ဖြစ်အမှတ်တရ မောင်သိမ်းထားခဲ့
မောင့်ရဲ့အမှတ်တရသေတ္တာထဲမှာ
အခုတိုင်ရှိနေတဲ့ချစ်ခြင်းအမှတ်တရပစ္စည်းတွေ
တစ်ကျပ်ရလည်း ရောင်းမစားဖြစ်ခဲ့
သိမ်းထားဆဲဆိုပေမယ့်သိပ်မလွမ်းဖြစ်တော့
ခုတော့ မောင့်မှာအားလုံးအသစ်
မင်းကိုချစ်တဲ့အချစ်ထက်မလျော့တဲ့အချစ်နဲ့
မောင်ချစ်တဲ့မောင့်ရဲ့ချစ်ဇနီး
မောင့်ရဲ့ချစ်သမီးနဲ့ မောင်နေပျော်နေပါပြီ
ဘာပဲဖြစ်ဖြစ် နှုတ်ဆက်ဖြစ်ပါတယ်
၂၀၀၉ ဆိုတဲ့ ဘဝထဲက နှစ်တနှစ်အဖြစ်နဲ့..........။ ။
2 comments:
ကိုမောင်ရေ...
ကဗျာလေးဖတ်ရင်းစိတ်ထဲမှာတစ်မျိုးလေးဖြစ်သွားမိ...၊ ခံစားမိလိုက်တယ်...။
တစ်ကယ့်အဖြစ်လေးနဲ့တူတယ်နော်...။
နှစ်သစ်မှာ မျှော်လင့်ခြင်းအသစ်တွေနဲ့ ပျော်ရွှင်အောင်မြင်ပါစေနော်ဗျ....။
ခင်မင်တဲ့
ဏီလင်းညို
ဒီလိုပါပဲ ..
နှစ်တွေဘယ်လောက်ကြာကြာ
အမြဲတမ်းမဟုတ်ရင်တော့တောင်
တိုက်ဆိုင်မှုရှိတိုင်း တစ်ခါတစ်ရံ လွမ်းမိတတ်ပါတယ်
ဖြစ်တတ်ပါတယ် ..
ကဗျာလေးကို ခံစားသွားပါတယ်
Post a Comment