Thursday, January 25, 2018

အင်းလျားဘေးမှာအစဉ်အမြဲ





စောစောအိပ်လို့
စောစောထလို့
စောစောလမ်းလျှောက်ကြပါစို့...
ငယ်ဘဝ
ဒီဇင်္ဘာ မနက်ခင်းများ
လူထုလမ်းလျှောက်ပွဲ
အတူနွှဲခဲ့ကြ
အင်းလျားဘေးက
လမ်းမပေါ်......

ပြည်ထောင်စုအလံ
ကြိုဆိုပွဲ.....
ဘယ်နိုင်ငံက
သမ္မတကြီး
ဝန်ကြီးချုပ်ကြီး
အလည်လာလာ
အင်းလျားဘေးက
လမ်းမထက်တွေမှာ
အတူတူပျော်
အလံလေးတွေဝှေ့ယမ်း
ဝမ်ဆွေ့အော်ခဲ့တာလည်း
အင်းလျားဘေးနော်.......

ချစ်သူနဲ့အတူ
လက်ချင်းဆုပ်ကိုင်
တူထိုင်ခဲ့ဖူး
ပုခုံးဦးမှာ
နဖူးစွန်းဖြင့်မှီသာယုံလေး
ညနေနေဝင်ချိန်များ
အိမ်အပြန်ခက်ခဲ့ဖူး
အင်းလျားဘေးမှာ
ဝေဒနာတွေများစွာနဲ့
တွေဝေစရာတွေလည်း
များခဲ့ဖူး........
ကန်ဘောင်ဦးမှာ

သူငယ်ချင်းတစ်သိုက်နဲ့
မိုးရွာတဲ့ခါ
ပြည်လမ်းမကြီးအတိုင်းလျှောက်
ထီးတွေလဲမပါခဲ့ပါပဲ
ထီးတွေပါလဲ
ဖွင့်မဆောင်းမိကြ
မိုးရေထဲအတူတူလျှောက်ခဲ့
ပျိုရွယ်စဉ်ဘဝများ
အင်းလျားဘေးမှာ
ရှိခဲ့ဖူး...........

ဟိုတစ်လောကပဲ
ငယ်ပေါင်းမဟုတ်ပေမယ့်
ကျောင်းထဲက.........
ရင်ဘတ်ချင်းပေါင်းမိတဲ့
သူငယ်ချင်းတစ်သိုက်နဲ့
အခိုက်တံ့ဆုံခဲ့ဖူး....
အင်းလျားဘေး...
စိမ်းလန်းစိုပြေမှာ
ကဗျာအဖွဲ့တွေနဲ့
ကဗျာတွေခါခါရွတ်လို့
အတူတူပျော်ဖူး
အမှတ်တရတွေချည်းပဲလေ.....

အင်းလျားကန်စပ်
အကြော်ဆိုင်မှာ
ငယ်ပေါင်းတွေနဲ့အခါခါ
ပျော်ရွှင်မြူးတူး
ရင်ခုန်ကြည်နူးတဲ့ခန
ရခဲ့ဖူး....

ဟိုတစ်ရက်က
မင်္ဂလာနှစ်ပတ်လည်
အစ်မတစ်ယောက်ဖိတ်လို့
ပွဲသွားတက်ခဲ့ရဖူးတဲ့
အင်းလျားဘေး
စဉ်းစားတွေးယင်းပျော်
ဆက်ဆက်လာပါသူငယ်ချင်းကို
ကြည်နူးရင်ခုန်စွာ
အတူဆိုခဲ့ကြ
အင်းလျားဘေး.....

.........
...............
...................
...........
အင်းလျားဘေး
မမေ့နိုင်အစဉ်....
....
.....

အမှတ်တရများ...

No comments: