Thursday, January 25, 2018

ခဏတာဝေးတဲ့အခိုက်

ရင်တွင်းကအပူ
သူမသိလေရော့သလား
ကျွမ်းရစ်အောင်ဖန်တယ်
လွမ်းကြွေလုသား..........

ရင်တွင်းကသောက
သူမမျှလေရော့သလား
အပူအသစ်နဲ့
စိုးထိတ်ပိုတယ်
နွမ်းကြွေပေါ့လား.......

ရင်တွင်းကဗျာပါဒ
သူဂရုမပြုရော့သလား
ရင်မှာလေဆယ်နွေထက်ကဲ
လောင်ကျွမ်းကာသောကဆူတယ်
ပူဆွေးတော့လား.........

No comments: