Thursday, January 25, 2018
ရန်ကုန်မနက်ခင်း....ခပ်ကျဉ်းကျဉ်း
ဝိုင်ဘီအက်စ တဲ့
တရုတ်မ
ဝုန်းဒိုင်းကျဲအောင်
မောင်းချသွားယင်း
အတင်းတိုးဝင်
ပွတ်သပ်ကျော်တက်
ဗြူးဗြဲဖြစ်အောင်
မောင်းချသွားယင်း
အတင်းကျော်အတင်းတိုး
ဝိုင်းကြီးချုပ်စံနစ်မှာ
အာ့လိုကျော်စရာလား
အတွေးတွေများ........
လစာနဲ့မောင်းရတာဆို
ယာဉ်အုံနာတွေ
မထိန်းသိမ်းတော့ဘူးလား
ကျောက်မချတော့ဘူးဆို
လွန်းတင်တာထက်တောင်ကြာပေါ့
လူမလုတော့ဘူးဆို
လမ်းဘေးခွေးထမင်းလုစားတာထက်ဆိုး....
သည်အခြေနေမျိုးမှာ
ကွီးဖြိုးလည်းမကယ်
အရီးမိုးလည်းမလွယ်လေ
သူကြီးသူခိုးလည်း
မိဖို့ခက်
မရီးအမျိုးလည်း
သူ့ဖို့အတွက်
လုယက်တဲ့ကြားက....
စီတီးတက္ကဆီများ
အလုအယက်လုကြတာများ
နောက်ကထောက်လိုထောက်
တစီးတားယင်
သုံးစီးလောက်ရပ်ကြ
အာ့လိုလုမှ
ထမင်းစားရမလားမှတ်တယ်
မဖြစ်မနေ
လုစားကြတဲ့ထမင်း
မြိုကျဖို့တောင်ခပ်ခက်ခက်
ညံ့တယ်လို့ဆိုချင်ဆို
လု တော့ဖြင့်မစားလို......
ရန်ကုန်မြို့ကြီး
ယာဉ်ကြောကြပ်ရတဲ့ကြား
အပြိုင်လုမောင်းကြတဲ့
ဘတ်(စ)ကားနဲ့
မဟားဒယားလုမောင်းတဲ့
စီတီး တက္ကစီကြား
ကိုယ်ပိုင်ကားမောင်းသူများ
ဘယ်လိုသွားကြသလဲ
YGN မှဆို သို့သော်
နယ်ကားနံပါတ်များ
ဥဒဟိုမောင်းကာသွားယင်း
ရန်ကုန်မနက်ခင်း
အသက်ရှူရတာကျဉ်းလာတယ်............
Chitthu Maung
Subscribe to:
Post Comments (Atom)
No comments:
Post a Comment