Thursday, January 25, 2018

လွမ်းရလွန်းလို့ရူးချင်ချင်

လွမ်းလွန်းလို့
ရူးနေခဲ့တယ်
အချစ်ရယ်လေ
မင်းမျက်နှာလေး
ခါခါတွေးမြင်
စိတ်ဘဝင်မှာ
တွယ်ငြိလို့ရူး
နေမထိထိုင်မသာ
တသသနဲ့
လွမ်းရလို့ရူး
အရူးတစ်ပိုင်းပါကွယ်........

လွမ်းရလို့
နေ့စဉ်သုံးတဲ့
မျက်နှာစာအုပ်
ပေါ်မှာတောင်မှ
မရောက်ပဲလေ
မက်ဆင်ဂျာမှာ
သူမြင်မလား
မက်ဆေ့အတိုလေးတွေ
ပို့ကြည့်ရတာလည်း
အမောသားပေမို့ကွယ်......

သခင်ရယ်
အဝေးမသွားခင်
မတွေ့ရတဲ့အဖြစ်တောင်မှ
သည်လောက်လွမ်းရတယ်ဆို
တစ်ကယ်လို့များ
အဝေးသွားယင်
ရင်ခွင်မှဘယ်လိုထူး
ဘယ်လိုရူးရလိမ့်လို့တောင်
မတွေးရဲအောင်ပဲလေ
မမြင်မိတိုင်းတမ်းတ
လွမ်းတွေပိုလို့
ပန်းတွေတောင်ငိုမလားရယ်လို့
ကွယ်......
သည်လူရင်မှာ
မောရတယ်.......

လွမ်းနေတော့လည်း
မက်ဆင်ဂျာချတ်ဘောက်
ခနခနဖွင့်ကြည့်မိသည်
သူရှိမလား
မျှော်လင့်စောင့်စား
ရင်မှာမောလျ
စိတ္တဇဖြစ်
အလွမ်းသည်ရူးစေ
ဆိုသည်လား......

No comments: