Thursday, January 25, 2018

အလွမ်း....ပါ ချစ်ရယ်






မပြောချင်ဘူး.... ချစ်ရယ်
အရမ်းလွမ်းတယ်....ဆိုတဲ့အကြောင်း
မောင်ပြောတာဆို....ပိုတယ်ထင်မယ်
ကြားရတဲ့သူတွေ........လှောင်ပြီးရယ်မယ်
တစ်ကယ်ဆို......အရူးတစ်ပိုင်းပါကွယ်.......

အတူတူရောက်နေကြ......အရပ်ဒေသပဲ
ပျော်ခဲ့ဖူးတယ်နော်.....ပျော်ခဲ့ကြတယ်နော်
ဆိုင်ကယ်တစ်စီးနဲ့......ဒုက္ခရောက်တာလည်း
အကြိမ်ကြိမ်ပါပဲလေ.........

အတူတူသွားလာဖူးတဲ့
ပင်လယ်နားကမြို့လေးအကြောင်း
တဖွဲ့တနွဲ့
ပြောပြယင်လည်း
အလွမ်းတွေသာတိုးမယ်
သွားတဲ့ခရီးလမ်းမှာ
တောင်တန်းတွေကိုဖြတ်သန်းစဉ်
ပါးစပ်ထဲရရာသီချင်းပေါင်း
သောင်းခြောက်ထောင်ဆိုခဲ့ဖူး........

ခုတော့.....ချစ်ရယ်
အလွမ်းတွေပိ
တွေတွေဝေဝေ
နေ့ညဖြတ်သန်း
အချစ်မရှိတဲ့လမ်းမတွေ
ခြောက်သွေ့တိတ်ဆိတ်
ဘာလုပ်လုပ်
Focusing မရတဲ့အဖြစ်
အလွမ်းတွေသာပိုင်စိုး
လွှမ်းမိုးထားတဲ့
နေ့နေ့ညည
မေ့မရပဲ
သတိတရ
တမ်းတနေ..........

No comments: