မင်းမရှိတဲ့နောက်
သွားခဲ့ဖူးတဲ့လမ်း
လျှောက်ခဲ့ဖူးတဲ့နေရာ
အချိန်တွေကုန်လည်း
အခါက်ခေါက်ခါခါ
ရောက်မြဲသာမေ
ကျွမ်းလောင်ကာ...လွမ်းလို့ပါလေ
ပြောဖူးတဲ့အသံ
မှာဖူးတဲ့စကား
"ကိုကို ရေချိုးတော့မလား
ထမင်းစားတော့လေကိုကို"
သံချိုနွဲ့နွဲ့
ခဏခဏကြား
အပြုံးလျလျအထပ်ထပ်မြင်
အချိန်တွေကုန်လည်း
တွေးနေမြဲသာ
ကျိတ်ဆွေးးလို့သာပဲလေ
စိတ်ထဲမှာမဝေး.........
နှစ်ကိုယ်တူယှဉ်ကာ
ပျော်မြူးခဲ့တဲ့နေ့ညတွေ
တူတူတွဲထိုင်
လက်ချင်းကိုင်ဆုပ်
နဖူးဆံစဖျားမှာ
ယုယကြင်နာစွာ
ချွေခဲ့ဖူးတဲ့အနမ်းအတွက်ကွယ်
ကမ္ဘာကုန်ကျယ်သ၍
ဘယ်မေ့လိမ့်မလဲ...လေ
မတွေ့ရလို့စိတ်ညစ်
သိပ်ချစ်တာမို့...........
စိတ်နှလုံး
ကွဲကြေပြုန်းပြီး(ဘဝဟာ)
အမြဲသေဆုံးခဲ့ပြီလို့
အခါခါတွေး
စိတ်ထဲမှာထွေးနေ
အလွမ်းတွေရင့်တော့
ပန်းပွင့်လိုကြွေချင်
နွမ်းယိုင်ယိုင်နဲ့ပဲတွေဝေ
အိပ်မရညတွေ
လွမ်းတာရှည်.............
အချစ်ရေ....
ကိုယ့်အနား
မင်းရှိသလားလေ
မပြန်နိုင်တဲ့လမ်း
လျှောက်လှမ်းသွားယင်းက
ဘယ်ဝယ်ဘယ်ဆီ
ဘယ်သောင်ဘယ်ကမ်း
သေချာမသိတဲ့လမ်း
ခင်မြန်းတော့လေ
လိပ်ပြာပဲလွှင့်လွှင့်
စိတ်မှာပဲထင့်ထင့်
တိတ်တိတ်လေးမနေပါနဲ့
ကိုယ်ယောင်ပဲဖြစ်ဖြစ်
အသာလေးလှစ်ကာ
ငိုရသူမောင့်ရင်ကိုလေ
ဖေးကူလှည့်ဦး.............။ ။
ဒီပို့စ်အတွက်သူငယ်ချင်း "ပျိုးယုဝသုန်"ကိုအထူးကျေးဇူးတင်ပါတယ်
မနက်က ကြေကွဲလွမ်းနာကျနေတုန်းဖြေသိမ့်စရာ "လိပ်ပြာခွဲချိန်"ဆိုတဲ့ကဗျာလေးပို့ပေးလို့ပါ။
အဲဒီကဗျာလေး ဖော်ပြချင်ပေမယ့် ကာယကံရှင်ရဲ့ခွင့်ပြုချက်မတောင်းရသေးလို့ဒီအတိုင်းပဲတင်လိုက်ပါတယ်
ခွင့်ပြုချက်ရရှပြီးတဲ့အတွက်လိပ်ပြာခွဲချိန်ကိုတင်လိုက်ပါတယ်
လိပ်ပြာခွဲချိန်
ငါမရှိတဲ့နောက်
လျောက်ခဲ့ဖူးတဲ့လမ်း
လှမ်းခဲ့ဖူးတဲ့နေရာ
အချိန်ကုန်ပါတယ်
တစ်ခေါက်မှမလာပါနဲ့
လွမ်းရလို့ပဲဖြစ်ဖြစ် ..နွမ်းလျလို့ပဲဖြစ်ဖြစ်
ပြောခဲ့ဖူးတဲ့စကား
ကြားခဲ့ဖူးတဲ့အမှာ
အချိန်ကုန်ပါတယ်
တစ်ခါမှမတွေးပါနဲ့
စိတ်လေးလို့ပဲဖြစ်ဖြစ် .. သိပ်ဝေးလို့ပဲဖြစ်ဖြစ်
ပြုခဲ့ဖူးတဲ့အပျော်
မော်ခဲ့ဖူးတဲ့အပြုံး
လုံးလုံးမင်းမေ့ပစ်ပေါ့
သိပ်ချစ်လို့ပဲဖြစ်ဖြစ်.. စိတ်ညစ်လို့ပဲဖြစ်ဖြစ်
စိတ်နှလုံးကိုညှင်းပမ်း
နွမ်းလျလို့ခွေယိုင်
ဒီလိုမနေထိုင်ပါနဲ့
အိပ်မရလို့ပဲဖြစ်ဖြစ် .. စိတ်ကျလို့ပဲဖြစ်ဖြစ်
ငေးမှိုင်နေတဲ့မင်းနံဘေး
တိတ်တိတ်ငါထိုင်ငေးရင်း
ပြန်လမ်းဝေးတဲ့လမ်းမ
ငါကမြန်းရတော့မယ်
လိပ်ပြာခွဲလို့ပဲဖြစ်ဖြစ် .. စိတ်မှာမြဲလို့ပဲဖြစ်ဖြစ် ...
ပျိုးယုဝသုန်
2:35:37 pm
19-09-2011