Tuesday, October 20, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၁)

နှင်း ရန်ကုန်မြေကို စတင်ရောက်ခဲ့ရပေပြီ ချစ်ရသူနှင့်တွေ့ရန်မဟုတ် လက်ထပ်ရမည့် ကျော်စွာကို ကြိုနှင့်ရန် ဒေါ်လေး၏
အမိန့်ပါတွဲလျက်ပါလာ လေတော့ အောင်မင်္ဂလာဝင်းအတွင်း ခြေချမိစဉ်မှာပင် နှင်း ရှာမိသည်ကမောင်ကျော် သို့သော်
တွေ့လိုက်ရသည်က သပ်ရပ်စွာဝတ်ဆင်ထားကာ မတ်(ခ)တူး ကား ပေါ်မှဆင်းလာသော လူတစ်ယောက်သာ အိန္ဒိယသွေး
နှောဟန်တူသူ တစ်ဦးက
"အမ အမက မနှင်းဆိုတာလားဟင်
ကျွန်တော် ကကိုမောင်ကျော် ကမနှင်းကိုလာကြိုပြီး မနှင်းလိုအပ်တာမှန်သမျှ လုပ်ပေးဖို့နဲ့ မနှင်းသွားချင်တဲ့နေရာလိုက်ပို့ဖို့
ခိုင်းထားတဲ့သူပါ ကျွန်တော့နာမည် လှမြင့်ပါ "
ထိုသို့နှုတ်ဆက်လာသူတစ်ဦးသာတွေ့ရသည် ကိုကျော်ကို တော့ရှာမတွေ့ခဲ့
ခက်ချေပြီ ကိုကျော်ရောဟု အလောတကြီးမေးမည့် စကားနှုတ်ဆွံ့ သွာါ်ရပြန်သည် နှင်းက မိန်းကလေး မဟုတ်လား
"ဟုတ်ကဲ့ ကိုမောင်ကျော်ကိုယ်တိုင်လာကြိုမယ်မှတ်လို့"
"ဟုတ်ပါတယ် အစကတော့သူကိုယ်တိုင်ကြိုမလိုကပါပဲ ခက်တာက မနေ့ညနေ ကမှ အလောတကြီး ကိစ္စ တစ်ခုပေါ်လာလို့
ကော့သောင်းကိုသွားပါတယ် အစစ အရာရာ လိုအပ်တာရှိယင် ကျွန်တော့ကိုလုပ် ခိုင်းဖို့မှာခဲ့ပါတယ်"
"ဟုတ်ကဲ့ ရပါတယ်ရှင်ခုလိုလာကြိုပေးတာပဲအားနာလှပါပြီ"
"ဘာမှ သိပ်လိုအပ်လှမယ်မထင်ပါဘူး ကျွန်မကိုဒီ ဗစ်ဇစ်တင်းကဒ်ထဲကလိပ်စာအတိုင်း လိုက်ပို့ပေးယင်ရပါပြီ"
"မဟုတ်တာအမရယ် အားနာစရာမရှိပါဘူး ကိုမောင်ကျော်က ကျွန်တော့ကို မနှင်းကိုလိုလေသေးမရှိ ဆောင်ရွက်ပေးဖို့မှာထားတာ
တခုခုလွဲယင်ကျွန်တော့ကိုသတ်မှာ နောက်ပြီးကိုကျော်စွာပြန်လာမယ့်နေ့ကျယင်လည်း ကျွန်တော်ကို မနှင်းနဲ့ ၀ိုင်းကြိုပေးဖို့
မှာထားသေးတယ်"
"ခုသွားမှာကိုကျော်စွာအဒေါ်အိမ်မဟုတ်လား မနှင်းဘာတွေပါသေးလဲဒီအိတ်တစ်လုံးတည်းလား ကျွန်တော့ကိုပေး သယ်ခဲ့မယ်
"အာ မဟုတ်တာ ကျွန်မ ငရဲကြီးမှာပေါ့အထဲမှာလုံချည်တွေနဲ့ ကျွန်မဖာသာသယ်ခဲ့ပါ့မယ်"
နှင်းစိတ်ထဲမှာတော့မတင်မကျ ကိုကျော်ကိုတွေ့ချင်ပါသည်ဆိုမှ မတွေ့ရ သို့သော်မိမိအတွက်အကွက်ကျကျစီစဉ်ပေးထားမှု
ကို စိတ်ထဲမှကျိတ်ချီးကျူးနေမိသည် ။တစ်ကယ်ပဲအလုပ်မအားလို့လား ကိုကျော်ရယ် ...........
အဝေးပြေးမှ ကားအတန်ကြာမောင်းပြီးနောက်သပ်ရပ်ခန့်ငြားသော ခြံတစ်ခြံရှေ့သို့ ကားလေးထိုးရပ် လိုက်သည် ဘယ်နေရာ
လို့တော့နှင်းမသိ လိပ်စာထဲမှာပါသည့်အတိုင်းဆိုလျှင်တောကရွှေတောင်ကြား လမ်းထဲပေါ့ နှင်းကားပေါ်မှဆင်းကာ
ခြံဝမှဘဲလ်လေးကိုနှိပ်လိုက်မိသည် ဘာသံမှထွက်မလာ မနက်ကလည်းစောသေးသည် မီးကလည်းပျက်နေသည်ထင့်
နောက်မှလှမြင့်ကားပေါ်မှလိုက်ဆင်းလာကာ ခြံတံခါးမှ ကြိုးစလေးဆွဲလိုက်မှ ခေါင်းလောင်းသံထွက်ပေါ်လာတော့သည်
ထိုအခါမှ ကိုကျော်စွာ၏အဒေါ် ထွက်လာသည် နှင်းနှင့်ကတော့သိကျွမ်းသူများမို့
"ဟဲ့နှင်း ရောက်လာပြီလား ကားဘယ်ချိနကဆိုက်တာလဲ"
"စောပါတယ် ဒေါ်ဒေါ်ရယ် ခုတောင်မှအားနာနေတာမနက်ကစောနေသေးတာဆိုတော့"
"အားနာစရာမှမဟုတ်တာ အချင်းချင်းတွေကိုကွယ် ဒါနဲ့ သူငယ်လေးကိုပါခြံထဲခေါ်ပါဦးနှင်းကိုလာကြိုပေးတာဆိုတော့ "
"နှင်းသူငယ်ချင်းကလွှတ်လိုက်တဲ့သူပါ "
"အိမ်ထဲဝင်ဦး ကော်ဖီလေးဘာလေးသောက်ပြီးမှသွား"
"နေပါ့စေဒေါ်ဒေါ် အလုပ်ပိုပါတယ်ကျွန်တော့ဆရာခိုင်းထားတဲ့ကိစ္စလေးရှိလို့သွားပါဦးမယ် မနှင်းလိုအပ်ယင် ၀၉၆၈၀xxxx
ကိုဆက်လိုက်ပါ ကျွန်တော့ဆရာကကျွန်တော့ကိုပေးထားတဲ့ဖုန်းပါ ကဲမနှင်းရောဒေါ်ဒေါ်ရော ကျွန်တော့ကိုခွင့်ပြုပါဦး"
"အေးအေး" "ဟုတ်ကဲ့ရှင့်"
နှင်းကတော့မကျေနပ်စွာ ကိုကျော့်ဖုန်းကိုလှိမ့်ခေါ် နေမိသည် ဒါပေမယ့် စတေရှင်ကဆက်သွယ်မှုဧရိယပြင်ပလို့လှိမ့်ထူး
လေသည်........

No comments: