Monday, October 12, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၉)

ခက်နေသည်က မောင်ကျော်ဖြစ်လေသည် ခွကျကျဖြစ်သည့်ကိစ္စဖြစ်လေသည်မို့မောင်ကျော်မငြင်းသာပါ နှင်း လက်ထပ်မည့်
ကိစ္စပြောသည့်နေ့က မောင်ကျော်တွေဝေနေခဲ့သည် ။အမှန်တော့သူဟာသူလက်ထပ်မည့်ကိစ္စ အဘယ့်ကြောင့် မိမိအား
ဖွင့်တိုင်ပင်ရသနည်း တစ်ကယ်တော့ နှင်းကိုမောင်ကျော် စွဲလန်းမိသည်မှာ အမှန်ဖြစ်ချေသည်။ ခက်နေသည်က ဘ၀ဘဝ
တွေပါ တစ်ကယ်ပါ ခိုင်ထူးသီချင်းထဲက လို ဒို့နှစ်ယောက်ခုထက်ပိုစော တွေ့ကြယင် ပျော်ကြရမှာပေါ့ ကံကြမ္မာဆို တာကြီးက
ခက်သားလား ။ စွဲလန်းမိခြင်း ကချစ်ခြင်းဟုတ်မဟုတ်ကိုမောင်ကျော် ခွဲခြားမသိ ခဲ့ပါချေ ။ အမှန်ဆိုလျှင်တော့မောင်ကျော် နှင်း
ဖွင့်ဟတိုင်ပင်လာသောစကားလုံးများကိုနားမထောင်လိုပါ သို့သော် ယ္ခုချိန်ထိဘာမှမဆိုင်သလို နေဖြစ်ခဲ့ သည်မို့ရင်နာနာ နှင့်
နားထောင်ဖြစ်နေလေသည်။ နှင်းသည် တိုင်ပင်ခြင်းဆိုသည်ထက် ဆွေးမြည့်စွာ ပြောပြခြင်းဟု မောင်ကျော်ထင်မိလေသည် အ
မှန် တစ်ကယ်လည်း ထိုသို့ဖြစ်နေခြင်းမျိုးပေလော နှင်းကမိမိအားတစ်ခုခုပြောစေလိုခြင်းကိုလည်းမောင်ကျော် မသိစိတ်က
သိနေခြင်း မျိုးလည်းဖြစ်နိုင်ပေသည်လော ။ထိုသို့မဟုတ်ပါချေ မောင်ကျော်အားလုံးကိုနားလည်ပါသည် နှင်း မိမိအပေါ် ထား
သည့် သံယောဇဉ် ချစ်ခြင်းဟုဆိုနိုင်သည် မဆိုနိုင်သည်ကိုတော့သေချာမသိ ခက်သည်ကမိမိ ကလိမ်ညာ ပြီးစထားမိသောဇတ်
လမ်းမှာ မထင်မှတ်ထားသော သံယောဇဉ် အမျှင်တန်းတွေ က၀င်ငြိ တော့ ခုမှမရှူ နိုင်မကယ်နိုင် ။ မိမိ၏မိသားစုကိစ္စ နှင်းသိ
အောင် ခုမှဖွင့်ပြောလို့မဖြစ် နှင်းကိုညာခဲ့တာဆို နှင်းမုန်းသွားမှာ အကြောက်ဆုံးဖြစ်သည် ။သည်လိုနှင့်ပဲ အောင့်အည်း
နားထောင်နေခြင်း ဖြင့်ရင်ကခံ စားချက်တို့ပေါက် ကွဲလွင့်ထွက် လုမတတ် တချက်တချက် အချစ်ကိုသိချိန်ဆိုတဲ့ အတွေးမျိုး
ကစိတ်ကိုလှိုက်စား ၀ါးမြိုနေရာယူခဲ့ ။

မပျော်ဘူးကွယ်
ချစ်သော သူရယ်
တစ်ကယ်ပါဆို
လွမ်းလို့နေရစ်
မချစ်ကြမိယင်
အကောင်းသားမို့
လွမ်းတဲ့လက်စ
မကုန်သေးခင်
ဆိုရက်ပြီလား
လမ်းခွဲစကား........

ခင်သွားတော့ပါ
ဘ၀လမ်းမှာ
သာယာဖြောင့်ဖြူး
ကြည်နူးပါစေ
ပျော်ရွှင်ကြည်နူး
နှစ်ကိုယ်တူပြုံးများ
ဆိုထားရစ်လေ
ဘ၀ထွေထွေမှာ
အပြုံးတွေနဲ့ဖြတ်သန်း
လမ်းပန်းသာစေ
တောင်းဆုချွေသည်
မောင့်ရင်မှာတော့
မဖြေသာသည်။

3 comments:

စန္ဒကူး said...

ဇတ်လမ်းလေးတစ်ခု ပီးသွားပြန်ပါပီ..
ချစ်တိုင်းလဲမညား .... ညားတာလဲချစ်..ဟိဟိ
အဲလိုပြောရမလား..မသိတော့ဘူးးး)

ချစ်သူမောင် said...

မပြီးသေးဘူးကူကူးရေ
မရေးအားသေးလို့ကဗျာလေးနဲ့ရပ်ထား

ayesnake said...

ဆက်မရေးတော့ဘူးလား ကိုကြီးချစ်
သင်္ကြန်ကဲမလို့ လား
တရားစခန်း ၀င်သွားလို့ လား။