Tuesday, October 20, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၀)

အမှန် ဆိုရပါလျှင် နှင်း လည်း မောင်ကျော်အပေါ် တွယ်တာခဲ့မိလေသည် ။ ဒေါ်လေးထံမှ နှင်းကိုလာတောင်းသည့်အကြောင်း
ကြားခဲ့ရစဉ် နှင်း အတော့်ကိုတုန် လှုပ်ခဲ့ရလေသည်။ မောင်ကျော်ဖက်မှဖွင့်ဟလာနိုး စောင်းမျှော်ကိုးပြီး ရင်မောခဲ့ရလေသည်။
သို့သော် မောင်ကျော် ကတုန်လှုပ်ခြင်းအလျဉ်းကင်း မဲ့စွာ ဆိတ်ဆိတ် နေသောအခါ မိန်းကလေးဖက်မှစပြောရသည့် ထုံးစံ
ရှိခဲ့လေလျှင်လည်း ကောင်းသားမို့ ။ မြန်မာမိန်းကလေးတဦးပီသစွာ အိနြေ္ဒ သိက္ခာ နှင့် နေတတ်သော မြန်မာမင်း တို့နန်းစိုက်
ရာဒေသဖြစ်သော မန္တလေးမြို့သူနှင်းအဖို့ မည်သည်ကပြောခွင့်ပြုလေမည်နည်း ။
နောက်ဆုံးတော့ နှင်း ကျော်စွာနှင့် အကြောင်းဆက်ပေါင်းဖက်ရန် ဒေါ်လေးအား ခေါင်းကိုအသာယာငုံ့ပြ ရလေတော့သည် ။
ငြိမ့်ဟုမသုံးရခြင်းမှာ နှင်းခေါင်းငြိမ့်ခဲ့၍ မဟုတ်ပါ ခေါင်းကိုအသာငုံ့ပြ ခြင်းဆိုသည် ကို နှင်းမှတပါး မည်သူမှမသိပါချေ။
နေပေ့စေတော့ ဒီဘ၀ဒီမျှပဲလားတော့မသိ အမှန်မောင်ကျော် လှုပ်လှုပ်ရှားရှား ဖြစ်ဖို့ကောင်းသည် ရင်ချင်းနားလည်ထားသူ
များပေမို့ ။ သို့သော် .....

် တနေ့ မောင်ကျော်အား ဖုံးဆက် ဖြစ်လိုက်စေသည့်အကြောင်းရင်း တစ်ခုပေါ်လာခဲ့ချေသည် မောင်ကျော်၏တုန်လှုပ်သံကြား
ရတော့ တစ်ကယ်ဆို မောင်ကျော်လည်းမိမိအားချစ်သည်ကိုနှင်း နားလည်လိုက်ရပေသည် ။
"ကိုကျော် နှင်း ကျော်စွာနဲ့လက်ထပ်တော့မယ်"
"နှင်း ဘာ ဘာပြောလိုက်တယ် တစ်ခေါက်လောက်ပြောပါဦး ကိုကျော်အိပ်မက်မက် နေတာမဟုတ်ပါဘူးနော်
နှင်းသူ့ ကိုရောချစ်လို့လား"
"နှင်း ကဓါတ်ပုံထဲမှာပဲမြင်ဖူးတာလေ လူကြီးတွေစီစဉ်တာကို နာခံယုံပေါ့"
"တစ်ကယ်......."
ဒီတစ်ခါနှုတ်ဆိတ်ဆွံ့အသွားသူမှာမောင်ကျော်သာ ။ သို့သော် မောင်ကျော်မာန်တင်းရလေသည်
"ကောင်းတာပေါ့ ဘ၀တစ်ခုခုမှစတည်ဆောက်မှာ ဆိုတော့ ကွန်ကရက်ကျူရေးရှင်းပါနှင်း "
သို့သော် မောင်ကျော်မျက်ရည်တို့ဝေ့လာသည် မိမိ မှာလည်းမလှုပ်သာမလှည့်သာအခြေနေလေ ။
"အဲတာနောက်ထပ်သုံးရက်ဆိုယင် ကိုကျော်စွာပြန်လာမှာ မနက်ဖန်နှင်းရန်ကုန် ကို လာခဲ့မှာ အဲတာကိုကျော်ကိုအပြင်မှာ အရှင်
လတ်လတ်တွေ့ ချင်လို့ရယ် နောက်ပြီးနှင်း ရန်ကုန်ကိုအကျွမ်းတ၀င်မရှိလို့ပါ အဲတာ
သန်ဘက်ခါမနက် အောင်မင်္ဂလာ အဝေးပြေးဝင်းမှာလာကြိုပြီး ကိုကျော်စွာအဒေါ် အိမ်ကိုပို့ပေး ဖို့အ
ကူညီတောင်းချင်လို့ပါ ကိုကျော်လာကြိုပေးနိုင်မလားဟင် "
ဟိုက် .....အသံထွက်သွားခြင်းမဟုတ် မောင်ကျော်စိတ်ထဲ မှဖြစ်သည့်အသံပင် အဲ...အကြည်တော်စကားငှားပြောရယင်တော့
ဒုက္ခနဲ့လှလှ တွေ့ကြပြီ မောင်ကျော်အတွက် ပါ အခက်ကြုံရသော မောင်ကျော်ချက် ချင်းပြန်မပြောနိုင် စိတ်ထဲလည်းထိခိုက်
ထားပြီမို့ သို့သော် မောင်ကျော် ကတိပေးလိုက်မိသည် အသံတုန်နေမှန်းတော့ ဖာသာသိသည်လေ......
"အင်း.... လာကြိုပေးမယ်လေ နှင်း "
"ကတိနော် "
"အင်း...ကတိပါကွာ"
"အဲတာဆိုဒါပဲနော် ကိုကျော် နှင်းဖုန်းချလိုက်တော့မယ် "
"စိတ်ချနှင်း "
မင်းရဲ့လို အပ်ချက်အားလုံးကို ကိုကျော်ဖြည့်ဆည်းပေးပါ့မယ် တစ်ကယ်တော့ရင်နှင့်အမျှချစ်ရသူကို ခုမှတွေ့ရသော
ကိုကျော့်အမှား ပဲဖြစ် ပါစေတော့ ရန်ကုန်မြေကို နှင်း နင်းတာနဲ့ နှင်းရဲ့လိုအင်ဆန္ဒ မှန်သမျှဖြည့်ဆည်းပေးမယ် ကိုကျော်
ကိုတွေ့ဖို့ကလွဲယင်ပေါ့လေ ။ အမှန်တော့ကိုကျော်နှင်းကိုရင်မဆိုင်ရက် နှလုံးသားချင်းနားလည်သူမို့ပိုခက်သည် ။မိမိ ဘဝ
နှင့်အသက်သည် နှလုံးသားရေးကို ဦးစားပေး မိုက်ရန် အရွယ်လည်းမဟုတ်တော့ချေ..............

No comments: