Monday, November 2, 2009

မြတ်နိုးတွယ်တာချစ်ရပါသောနှင်း(၁၂)

အမှန်တော့ နှင်းကိုသွားကြိုစဉ် မောင်ကျော် အမှန်တိုင်းဖွင့်ပြောမိမတတ်ပါ သို့သော် နှင်းကသူ့ကို မမြင်ဖူးခဲ့ အမှန်မြင်ဖူးခဲ့
သည်မှာ လှမြင့်၏ဓါတ်ပုံ နှင့် ဖြစ်လေတော့ လှမြင့်နာမည်သုံးကာ ဒရိုင်ဘာ ယောင်ယောင် လုပ်ခဲ့ ရတော့၏ ။ မင်းခိုင်း
ချင်တာခိုင်းပါတော့နှင်း ။ အမှန်တော့ တွေ့ ခြင်း မြင်မြင် ခြင်းမှာပင် ရင် က နေလို့မရလောက်အောင် အခုန်မြန်နေခဲ့သည်။
အောင်မင်္ဂလာ ကားဝင်း မှ ရွှေတောင်ကြားရောက်သည်အထိ စကားတစ်ခွန်းမှမပြောဖြစ်ခဲ့ ပြောလျှင်လည်းမှားမည်စိုး၍ ဖြစ်
သောကြောင့်တည်း ။ နှင်းရဲ့ဘ၀လေး ကိုယ့်ကြောင့် အမဲစက် မဖြစ်စေချင်ပါနှင်း ။ ရှေ့လျှောက်မယ့် နှင်းရဲ့ ဘ၀လမ်းမှာ
သာယာဖြောင့်ဖြူးစေချင်ပါတယ် ။ကိုယ့်အတွက်နဲ့ဝန်မလေးစေချင်ပါဘူးနှင်းရယ်  စတည်း ကို ကမှားနေခဲ့တာမဟုတ်လား
ကိုကျော့် အပြစ်တွေရယ်လို့သာ မှတ်လိုက်ပါနှင်း ။ အဲဒီအတွက် လည်းနှင်းလိုအင်မှန်သမျှဖြစ်ရပါစေ့မယ် နှင်းရယ်.....

တမြတ်တနိုး
တန်ဖိုးထားကာ
ချစ်တတ်တော့မှ
ဘ၀က...ကွာ...
ရင်မှာနာတယ်
ဘာတွေဘယ်လို
ဆက်ကရမယ် ၊
တစ်ကယ်မသိလို့
ညွှန်စမ်းပါဦး
ကံဇတ်ဆရာ .........

ကိုယ်တိုင်ခင်းလမ်း
မဖြောင့်တန်းတော့
ရင်မှာမချိ
နာတာသိပေါ့
တစ်ကယ်ဆိုယင်
အချစ်ဆိုတာ
ခုမှသိပေါ့
ပေါ့ပျက်ပျက်လည်း
မနေရဲခဲ့ပါ........

နစ်နာမယ်ထင်ယင်
မလုပ်ပါနဲ့ခင်
ဘာမဟုတ်တဲ့ကောင်အတွက်
မင်းရဲ့သိက္ခာ
ပွန်းစားသွားမှာ
မလိုလားပါ
တစ်ကယ်ဆို.....
မင်းရဲ့ ဆံစလေးတွေကအစပေါ့
မြတ်နိုးရလွန်းလို့
ငါ့တစ်ကိုယ်လုံးလဲ
မင်းကိုမြတ်နိုးလွန်းလို့
အနည်းဆုံး ...
ငါ့လက်ချောင်းလေးတစ်ချောင်းကပါ
မင်းကိုချစ်နေတာဆိုယင်
အသွေးသားထဲကချစ်တယ်ဆိုတာ
စာဖွဲ့စရာမလိုတော့......

ဒါနဲ့ပဲ
ရူးရမှာထင်ရဲ့
ခက်တာက
မျဉ်းပြိုင်နှစ်ကြောင်းလိုပါကွာ
အင်ဖင်နတီမှာဆုံသတဲ့
တစ်ကယ်ယုံရမှာလား
ချစ်ရတာဝဋ်ကြွေးလား
ဘာအမှားပါလို့
ငါတို့ရဲ့ချစ်တတ်တဲ့ရင်တွေ
တစစီကွဲလို့ တလွဲစီ ဖြစ်နေရတာလဲ...............

No comments: