Monday, June 10, 2024

မေတ္တာထု



ကြာပြီလေ

နှစ်ပေါင်းနှစ်ဆယ်ကျော်ယွန်းပေါ့

ရင်ထဲမှာ

တမြတ်တနိုး

ထုပ်ပိုးသိမ်းဆည်းထားတဲ့

နှလုံးသားအတွင်းက

မောင့်အချစ်ဆုံးရေ


ချစ်တေးတွေဆိုခဲ့

တိမ်တွေကိုဖြတ်ကျော်

ခရီးနှင်ခဲ့တာ

မနေ့ကများလား

ခနလေးထင်ပေမယ့်

ဆယ်နှစ်ကျော်နှစ်နှစ်စွန်းခဲ့

တမ်းတမိတာအခါခါ

ထပ်တူအချစ်များနဲ့

ဖြတ်သန်းလာခဲ့တာ

တစ်သားတည်းတောင်ဖြစ်ပေါ့

သိပ်ချစ်တယ်ကွယ် ။


ဇတ်လမ်းတစ်ပုဒ်မှာ

မင်းသာနဲ့မင်းသမီးပေါင်းယင်

ဇတ်သိမ်းလို့ဆိုကြ

ဇတ်သိမ်းခန်းရဲ့အခြားဖက်ကို

ဘယ်သူမြင်

ဘယ်သူသိ

ဘယ်သူရှိမလဲနော်

ချစ်ခြင်းတွေက

ကြေကွဲစရာဖြစ်လာတဲ့အခါ

ကန္နရီချောင်းခြား

ကဇတ်က 

တစ်ခန်းရပ်မဟုတ်သလိုပါ

သူတို့က

တစ်ညဝေးလို့

ရက်ပေါင်းခုနစ်ရာငိုကြွေးကြယင်

မောင်တို့တွေ

တစ်ဘဝစာဝေးပြီလို့

ဘယ်လောက်ငိုကြွေးရမလဲ ။


တမ်းတတယ်ကွယ်

သိပ်ချစ်တာတစ်ဘဝစာမို့

နောင်ဘဝဆိုတာရှိမှာလေလား

ပြည်မှာဆောင်းအစချီ

ပြိုင်တူသီဆိုခဲ့တဲ့

ရိုးတစ်လျှောက်ကသံစဉ်တွေ

လွင့်မပြယ်ခင်

ကံဇတ်ဆရာကအငြိုးထား

မိဘများဆိုတဲ့စကားလုံးဖြစ်တည်မှုက

ချစ်သူတွေကိုဝေးစေသလား။


အတွေးတွေများစွာထဲ

မျက်ဝန်းမှာခိုသီ

မျက်ရည်ကြည်ဝေ့

ငိုတဲ့နေ့တွေ

ရှည်လျားထွေပြား

နေတတ်သွားချိန်အထိက

ဘယ်လောက်ကြာမှာပါလဲ

လက်ကျန်ဘဝ

တခုလုံးများလား။


တမ်းတငိုကြွေး

နေရေးခက်ပြီ

နေ့ရက်တိုင်းမှာ

ချစ်သူနှင့်သာ

ဖြတ်သန်းနေခဲ့

နှစ်လများစွာကြာလာပြီးမှ

ရုတ်တရက်ဝေးကွာ

ခွဲခွာကြလျှင်

မငိုပဲလျှင်ဘယ်သို့ရှိ ။






သစ္စာပြု

 လွမ်းသည်ဟုဆိုရာဝယ်

ဆုံစည်းခြင်းမရှိနိုင်သော

ဘဝတို့၏သံယောဇဉ်ရေစက်များ၏

ဝဋ်ကြွေးအဖြစ်သို့

သက်ရောက်လာသည့်အခါ

ရင်သည်.........

ကြေကွဲခြင်း

လွမ်းဆွတ်ခြင်း

တမ်းတခြင်းသာ

ထီးထီးကျန်ရစ်လေ၏ ။


နာကျင်ခြင်းရင်အစုံ

နှလုံးသားရှိသည့်ဖက်အခြမ်းဟု

ဆိုအပ်သောဘယ်ဖက်ရင်အုံသည်

ကြေမွခြင်းကိုမမြင်ရသော်ငြား

နာကျင်စွာတဆတ်ဆတ်တုန်ကာ

တစ်သားတည်းဖြစ်ခဲ့ဖူးသည့်

ချစ်သောသူ၏ ပုံရိပ်လွှာသည်

ကျောက်ထက်ကမ္ဗည်းထိုးသကဲ့သို့

ထင်ကျန်၏ ။


နာကျင်စွာပင်

တမ်းတငိုကြွေးပါသော်ငြား

ကူရာကယ်ရာမဲ့နေခြင်းအတွက်

နာကျင်ကြေမွကြေကွဲစွာ

တမ်းတခြင်းအတွက်

တစ်‌ဦး၏ရင်အစုံကို

တဦးကနားလည်ခြင်းငှာ

ငါသည်

ချစ်သူတိုင်တည်ရာစကားများကို

နားထောင်လျှက်ဖြေသိမ့်‌ပေးနိုင်သူဖြစ်အံ့

ထို့အတူ ချစ်သူသည်လည်း

ငါ၏တိုင်တည်ရာစကားများကို

နားထောင်လျှက်ဖြေသိမ့်ပေးနိုင်သူ

ဖြစ်ပါစေသား ။


Monday, April 22, 2024

နွေနေပူမှာထင်တဲ့အလွမ်း


 


မပျော်ပါဘူးကွယ်

မောင့်ချစ်သူရယ်

အလွမ်းဆိုတာ

အစဉ်တစိုက်

စိုက်လိုက်မတ်တပ်

ရင်မှာငြိဝင်

စွဲထင်နေကြောင်း

ထောင်းလမောင်းကြေအောင်

ပြောပြလေ‌လည်း

နားမဝင်သူ

ချစ်သောသူရေ........


မပျော်ပါဘူးကွယ်

မောင့်ချစ်သူရယ်

မင်းထံကကြား

ခုအရွယ်ထိတောင်

ဝိုင်းဝိုင်းလည်နေတုန်းပဲ

ဆိုတဲ့စကားရယ်

မပိုင်ဝက်မွေး

မောင့်အဖြစ်ကို

သခင်မြင်ကြည့်

မြတ်နိုး၏ဆို

သေခြာသဲကွဲ

သိမလား......


တနေ့မြင်

တနေ့တွေ့

မမြင်ရတဲ့နေဆို

ပူလောင်ကျွမ်း

ရင်ပူအောင် အလွမ်းတွေနဲ့

ဝန်တိုခြင်းနဲ့

ယှဉ်ပြီးလွမ်း.......


အနမ်းတွေ

တမ်းတမိသော

တွေ့ခွင့်မကြုံ

မဆုံသည့်ရက်

ရင်မှာအနေခက်လို့

ခနတာဝေးယင်တောင်

ဆွေးပင်လယ်ဖြေရခက်.........


Monday, February 12, 2024

အဝီစိသွားတောလား

မင်းကိုချစ်တဲ့
ငါ့အတ္တက
အဝီစိငရဲထိ
ငါ့ကိုမောင်းနှင်တာပဲချစ်ရယ်
ချစ်တယ် .....
ဘယ်လိုချစ်
ဘယ်လောက်ချစ်
အကြိမ်ကြိမ်ရာထောင်
ပြောပြနေမိလည်း
နဝေတိမ်တောင်နေတဲ့
မင်းကို ကြည့်ပြီး
အကြိမ်ကြိမ် ကျွမ်းလောင်ပြာကျ
ငရဲ ပြည်ရဲ့အဝ
ခဏခဏရောက်တယ် ..........

ဓမ္မနဲ့ပျော်မွေ့ရာ
တရားကျောင်းကို
မသွားပါနဲ့
ခဏခဏ
တားမိတဲ့ငါလည်း
အဝီစိငရဲ
အကြိမ်ကြိမ်ကျတယ်.........

ပျော်မယ်ဆိုကျေနပ်
လုပ်ချင်ရာသာလုပ်ပါလို့
ဥပေက္ခာမထားနိုင်လို့
လွမ်းတယ်ဆိုတဲ့အကြောင်းတွေးယင်
ရင်ကအပူစတွေနဲ့
ခဏခဏပဲ
ငရဲပြည်ရဲ့တံခါးဝ
အလည်ရောက်တယ်...........

ဘယ်လိုမှလည်း
မတတ်နိုင်သော
အချစ်များ၏
နုညံ့ပွေ့အိ
အတွေ့ထိတို့
စီးဆင်းရာ
နိဗ္ဗာန်မှာသာ
အကြိမ်ကြိမ်မွေ့လျော်လိုပါတယ်.......…




Tuesday, October 10, 2023

nnt@tamalon.com

 တမလွန်ကညီမလေး

ဘာတွေတွေးနေမလဲ

ညကတွေ့မိ

ပျော်ရွှင်စွာ

စကားပြောနေမိ

ကျေနပ်နေတတ်သလား

အလွမ်း တချက်ချက်တမ်းတ

ညီမလေးပျော်ယင်

ကျေနပ် ရင်မှာနှစ်သိမ့်လို့နေဖူး

မနက်ကလန်းလန်းဆန်းဆန်းပါပဲ

ရင်ကိုငုံ့ကြည့်စဉ်

နွေးကနဲလှုပ်ခတ်

ဘာမှမတွေးမိပါပဲ

လာနှုတ်ဆက်လို့ပျော်တယ်

ညီမလေး ငြိမ်းချမ်းပါစေ။


Monday, March 13, 2023

နွေရာသီရောဂါ

 နွေရာသီရောဂါဟာ

အပေါင်းပါမပါပဲလာတယ်

အပြစ်ဆိုလို့

ချစ်မိတာတခုတည်းပါ

နှစ်ပေါင်းများစွာ

နှစ်စဉ်အလွမ်းတွေ

ဒီတခါပါနဲ့ဆို

ဆယ်စုနှစ်တခုဖြစ်ခဲ့

လွမ်းတယ်.......


မင်းမရှိတဲ့နေ့

 အိပ်ယာက

စောစောနိုးတဲ့မနက်ခင်း

နေ့တိုင်းနေ့စဉ်ပါပဲ

အသက်မရှိသလို

ခက်ချည့်နေတယ်

လွမ်းတယ်ဆို

အသာယာမဟုတ်

ရင်ထဲစူးနစ်

တမ်းတမ်းတတဖြစ်အောင်

သခင်ပြုစား.......

အပြင်ထွက်လည်း

လစ်ဟာနေ....

သခင့်အိမ်နား

အရောက်သွားယင်း

မျက်နှာမွန်ဦး

တွေ့မြင်ချင်လည်း

သခင်အဝေးသွား

အလွမ်းထဲတဝဲလည်လည်

သောင်ပြင်လွှတ်တဲ့

ငှက်ပမာကွယ်..........

ယောင်ချာချာဖြစ်

အလွမ်းတွေနဲ့စူးနစ်ရစ်ဖွဲ့

မပြောပြသာ

ရင်မှာဟာနေ

တမ်းတခြင်းတွေပိုကဲ

အလွမ်းထဲမှာ

မောင်ဟာ....

တစ်ယောက်တည်း

အထီးကျန်ဆန်.။     ။

Wednesday, February 15, 2023

ကြေကွဲကြေမွတမ်းတ

 ​

ကြေမွကြေကွဲ

တမ်းတစိတ်နဲ့

အိပ်မပျော်ပါ

အတိတ်ကအရိပ်ရယ်

စိတ်မှာမပျော်

ရင်မှာတမ်းတ

မင်းဘယ်မှာလဲ

မသိငြားလေ

တိတ်တဆိတ်

ဘယ်လိုပေါ်လာတဲ့အတွေး

ရင်မှာလှိုက်ခုန်

ကြေကွဲခြင်း......

အလျှဉ်းမသင့်လို့သာ

မဆုံဖြစ်ခဲရတဲ့

ဘဝတွေ

လောင်မြိုက်ကြွေစေတယ်လား

ချစ်ရဲ့သားလေ

မိုက်မဲခြင်းရဲ့

အစွန်းတစ်စမှာ

ငါတို့တွေလေ

ဝေးသွားကြတာပဲ

ပြန်ဆုံခွင့်လေး

ရခဲ့သေးလည်း

မဆုံဖြစ်နိုင်တဲ့အကြောင်း

နှစ်ပေါင်းသုံးဆယ်

တစ်ကယ်ဝေးသွားခဲ့

အငမ်းမရ

တမ်းတခြင်းဟာ

ဒီအကြိမ်မှာ

ရင်ကိုခွဲချင်လည်း

ခွဲပါစေပေါ့............

နှစ်ကိုယ်တူယှဉ်

ချစ်ကြင်ဖူးတဲ့

အစ နေ့ရက်များ

ဘန်ကောက်ညတွေ

အတူနေခဲ့ဖူးတဲ့အခန်း

ညစဉ်တိုင်းဝယ်ဖြစ်တဲ့

စပယ်ကုံးလေးများ

မဝယ်ဖြစ်တဲ့ည

စိပ်ပုတီးနဲ့စည်းခြား

ကျောခင်းစရာ

နေရာလေးများ

လွမ်းလိုက်တာဆို

ခင်ရယ်နေလိမ့်မပေါ့

ကြာခဲ့ပြီပဲ

ရက်တွေလပြောင်း

အချစ်တွေနှစ်ပြောင်း

နွေအလီလီ

ဆောင်းအချီချီ

မိုးအသီသီ

ဘယ်လိုဖြတ်သန်း

လွမ်းလိုက်တာလေ

မျက်ရည်လည်မိတဲ့ထိ

ရင်မှာတလှပ်လှပ်နဲ့

အလွမ်အးတွေ

ပြိုကျ ငိုရပြီ..........

ခင်မှတ်မိမယ်ဆိုယင်

ဘန်ကောက်မှာကျန်ခဲ့တဲ့

ခင့်ထံကိုဖုန်းဆက်စဉ်က

ခံစားရတဲ့ခံစားချက်မျိုး

အာ့တာအလွမ်းဆိုယင်

ရင်သည်ကြွေလုကြွေခင်

အသက်တွေရမှ

ငယ်ဘဝတမ်းတခြင်းမျိုးလား

မဆုံဖြစ်ခဲ့ကြတဲ့

ဘဝတွေ တွေတွေငေး

ငိုချင်းမချချင်ပေမယ့်

အလိုလို ဟင်း...ချဖြစ်...

မျက်ဝန်းမှာတော့

ကိုယ်ငိုဖြစ်တယ်

အချစ်ရယ်

Tuesday, February 14, 2023

အလွမ်း ဘာလင်တိုင်း

 

ဘာပြောပြော

ဒီနေ့မနက်...နှင်းတွေကျတယ်

မြူလားနှင်းလား

မသဲကွဲပေမယ့်

ပတ်ဝန်းကျင်ကိုလည်းမသဲကွဲ

ရင်ထဲမှာတော့

အလွမ်းလား

အဆွေးလားလည်း

မသဲကွဲ.....

ချစ်ရတဲ့သခင်

အဝေးသွားတော့

အလွမ်းပိုကဲ

နှင်းသည်းသည်းမှာ

ရွာသာတည်ထား

နေ့ရက်တွေကကြာ

တစ်ရက်ဟာ

တစ်ကမ္ဘာထင်မိတဲ့နေ့

ဘယ်နေ့ရှိမလဲ.......

လွမ်းတယ်ကွယ်လို့

ဖွင့်ဟဆိုရမလား

တမ်းတတယ်လို့ပဲ

နှုတ်မြွက်ခြွေရမလား

စကားတွေဆွံ့အ

ရင်မှာလောင်ကျွမ်း

လွမ်းစရာနေ့တစ်ရက်ပါလေ.......

ပူလောင်ခြင်းတွေ

သောကပွေသည်

တမ်းတရတဲ့

နေ့စွဲများ.......

Friday, January 27, 2023

အလွမ်းဆိုတာ

အတိတ်အရိပ်တွေ
ထုတ်ပြသလား
ချစ်သက်ထားရေ
မေ့လုလုအတိတ်
မင်းလှစ်ဟမှ
အရိပ်အလားပေါ်လာ
ရင်ခွင်မှာလေ
နာကျင်ကြေမွ
နေမရလေ
တစ်ဖက်သတ်အချစ်နဲ့
နှစ်ပေါင်းများစွာ
နာကျင်နေမှာ
မြင်ရဲ့လားလေ
မသိလိုက်ဖာသာ
ရင်ခုန်တမ်းတ
လွမ်းရညတွေ
ရင်မှာအပြစ်ဖြစ်မလား.....

တိတ်တခိုးအချစ်နဲ့
နှစ်ပေါင်းများစွာ
ရင်ခွင်ကိုမင်းမြင်လား
နေရာမှားအတိတ်တွေ
ဖြေပြေစရာရှားခဲ့
တမ်းတလွမ်းမော
ကသောကမျောပါ
ရင်မှာ လှိုက်ခုန်
လှစ်ဟာသွားတဲ့
ရင်ခုန်သံမြန်ခြင်းနဲ့အတူ
နုညံ့ စွာ
လှိုက်မောစွာ
တုန်ရီနေတဲ့
နှုတ်ခမ်းအစုံနဲ့
ပျော်ရွှင်နေတဲ့
မျက်ဝန်းတစုံ
တမ်းတယုံသာ......


အလွမ်း .ရာသီ...သောက သီဖွဲ့

 

လာလာမဆွနဲ့

တခါကသံယောဇဉ်တွေ

အညှာကပြန်မပြောချင်ပေ

ရာသီဖွဲ့လွမ်းခြင်းတွေ

စာစီသွဲ့ညင်းပျောင်းစေ

တစ်ကယ်တော့

ဆောင်းရောက်ယင်

လွမ်းချင်ချင်....

ဘယ်လိုအတွေးကြောင့်

အလွမ်းဆိုတာ

ရင်ထဲရောက်လာတယ်မသိ

ရင်ထဲဆို့တို့တို့နဲ့

နဂိုတည်းက

အလွမ်းဓာတ်ခံနဲ့ပါဆို

ငိုချင်ရက် လက်တို့

လွမ်းတဲ့အကြောင်း

သောင်းပြောင်းထွေလာ

ငယ်သူငယ်ချင်းတွေရဲ့

အမှတ်တရပုံတွေ

ဖေ့ဘုတ်မှာတက်လာတိုင်း

အလွမ်းတွေနှောင်ဖွဲ့

အလွမ်းရဲ့ရာသီ

ဆောင်းတောင် ရောက်ပြီလား

မတမ်းတချင်

မလွမ်းချင်ပါ

ရာသီအေးအေး

လခြမ်းကွေးမှာ

ရင်ခွင်သိုထား

သက်ထားကလျာ

စကားတွေတီးတိုး

ဆိုခဲ့ကြတဲ့

ဝရံတာလေးကို လွမ်း

ဘယ်နေရာမြင်မြင်အလွမ်း

အလွမ်းဆိုတာ ရွာလည်

အဖြစ်သနစ်အစုံ

မျက်ရည်စိုယုံလွမ်း

ရင်ခွင်မှာတငွေ့ငွေ့လွမ်း

ဪ....... လွမ်း

......

......

.....

..... လွမ်း။     ။

အသက်ငါးဆယ်ကျော်မှ ချစ်သူက ထုတ်ပြသော သူ၏ရည်းစားစာများအကြောင်း 😂😂😂😂

 

​

နာနာကျင်ကျင်
ရယ်ရမလား
ဘယ်လိုဖီလင်ကြီးလဲကွာ
ရင်တွေပဲနာရမလို
ကိုယ်သိခဲ့တဲ့ဇတ်လမ်း
ခုချိန်မှာ public ဖွင့်ပြောတော့
ရင်နာရမလား
ကြင်နာကမလား.......

ရင်ထဲဆို့နင့်
ကြေကွဲခံစား
ခုချိန်မှာမှ
ရယ်သွမ်းသွေးနိုင်တဲ့
မောင့်ချစ်သူရယ်
ရင်မှာနာကြင်
ဆွံ့အကြေကွဲ
မခံစားနိုင်ပဲ
ငိုချင်မိ.......

နဂိုတည်းက
ချစ်ခဲ့တာ
သုံးဆယ့်ငါးနှစ်
ကြာတဲ့အချစ်တွေ
ဝေ ဝါးသွားသလား
မှိန်မှေးသွားသလား
မသေခြာပဲ
တစ်ဖက်သတ် ကပ်သပ်ယင်
ငါဟာရှုံးးပြီးသားဆိုတာ
မင်းသိယင်ကျေနပ်
မနေတတ်တော့တဲ့အခါ
မတရားတဲ့ကံကြမ္မာကိုပဲ
ယိုးမယ်ဖွဲ့ရမလား
အတွေးတွေ...မအေးလေ

နောက်ဆုံးတော့လည်း
နာချင်ယင်နာပါစေ
ချစ်သူစိတ်ချမ်းသာဖို့အရေး
ရေးချင်ရာရေးပါ
လုပ်ချင်သလိုသာလုပ်ပါ
ရင်တွေပြန်ပြီးနာလည်း
ခံစားရမှာက
ချစ်နေရသူပါ
ဘယ်လိုဖြစ်ဖြစ်ပေါ့
ချစ်ရသူငိုစတမ်းဆိုယင်
စိတ်တိုင်းကျသာ
သဘောတော်အတိုင်း
ငိုခိုင်းပါ.....

Tuesday, November 1, 2022

လွင့်ပြယ်သွားတဲ့အိပ်မက်

Nov-Dec အိပ်မက်
မမက်ရှည်ကြာ
ကာလတွေများ
လွမ်းတုန်းလားထင့်
အမှတ်တရ
နေ့ရက်များစွာ
ဖြေရာပြေခက်
မေ့တဲ့ရက်တွေ
နှစ်ပေါင်းရှည်ကြာ
မလွမ်းပါလေ
မှတ်မိယုံသာ
ရှည်ကြာနေ့ရက်
ပွေ့ဖက်ထားယင်း
သတိရခြင်းလား
မဆိုနိုင်တဲ့
Nov-Dec အိပ်မက်
လွင့်ပြယ်ခြင်း

တချို့နေ့ ညတွေ
မိုးစက်ရေတွေကြား
အငွေ့ပျံမြူနှင်းကြား
ဝိုးတဝါးအရိပ်
ယိုးမှားအတိတ်တွေ
ဆောင်းရဲ့အစ
နှင်းငွေ့ဝေရီ
နှင်းသီရနံ့
တမ်းတခြင်းမရှိ
ပကတိသာ
နေရာမှတ်မှား
မှုန်ရီဝါးသို့
အလွမ်းဆိုသည်
ဘယ်ဝယ်ဆီ

Nov-Dec မှာ
မက်ခဲ့တဲ့အိပ်မက်
နှစ်လရှည်ကြာ
မှုန်ရီဝို့ဝါး
ဘယ်လောက်ကြာပြီ
မသိခဲ့ပဲ
မှတ်မှတ်ရရ
အတိတ် ဆိုတဲ့အလယ်မှာ
စွန့်သွားခဲ့ တဲ့
ဆယ်စုနှစ်နှစ်ခုစာ
ဘဝတွေမှာလေ
မျက်နှာရေးရေး
အရိပ်မထင်
မမြင်ဖူးလေလားသို့
မသိမရှိ
မမှတ်မိတော့
ဝေးဝေးသာလေ
သွားစမ်းပါလို့
Nov-Dec အိပ်မက်
အမှတ်မရချင်.......။    ။






Tuesday, November 9, 2021

သမင်လည်ပြန်

 

လွမ်းသလားပျို

နွမ်းစကားမဆိုကြေး

ဟိုဆီဝေးလွင့်

အတိတ်မြေဆီမှာ

ထင်ကျန်ရစ်သော

မှေးမှိန်စွာ

ပျောက်ကွယ်လုလု

ခြေရာလေးများသည် ........

လွမ်းစကားဆို

ပန်းများသာပိုပို

ပျော်ရွှင်စွာကြည်နူး

ရင်ခုန်ရဖူးတဲ့

ပျပျလေးမြင်ရ

ဟိုအတိတ်ဘဝဆီ

ယဲ့ယဲ့ ပျော်ဝင်

စိတ်အစဉ်မှာ

ထင်ကျန်နေသော

အမှတ်တရများစွာ.......

တမ်းတခြင်းကပို

ရော်ရည်ရွယ်မှန်း

တွယ်တာနှောင်ခြင်း

အတိတ်အရိပ်ဖြစ်စဉ်

လွမ်းလှသည်ပင်

တွယ်ငြိတပ်မက်

ဖယ်မထိ ဖြတ်ခက်

နွမ်းလျလျရင်ခုန်သံ

ဟိုး.....အဝေး.......

တိတ်ဆိတ်စွာ.နွမ်းလျ........