ကြာပြီလေ
နှစ်ပေါင်းနှစ်ဆယ်ကျော်ယွန်းပေါ့
ရင်ထဲမှာ
တမြတ်တနိုး
ထုပ်ပိုးသိမ်းဆည်းထားတဲ့
နှလုံးသားအတွင်းက
မောင့်အချစ်ဆုံးရေ
ချစ်တေးတွေဆိုခဲ့
တိမ်တွေကိုဖြတ်ကျော်
ခရီးနှင်ခဲ့တာ
မနေ့ကများလား
ခနလေးထင်ပေမယ့်
ဆယ်နှစ်ကျော်နှစ်နှစ်စွန်းခဲ့
တမ်းတမိတာအခါခါ
ထပ်တူအချစ်များနဲ့
ဖြတ်သန်းလာခဲ့တာ
တစ်သားတည်းတောင်ဖြစ်ပေါ့
သိပ်ချစ်တယ်ကွယ် ။
ဇတ်လမ်းတစ်ပုဒ်မှာ
မင်းသာနဲ့မင်းသမီးပေါင်းယင်
ဇတ်သိမ်းလို့ဆိုကြ
ဇတ်သိမ်းခန်းရဲ့အခြားဖက်ကို
ဘယ်သူမြင်
ဘယ်သူသိ
ဘယ်သူရှိမလဲနော်
ချစ်ခြင်းတွေက
ကြေကွဲစရာဖြစ်လာတဲ့အခါ
ကန္နရီချောင်းခြား
ကဇတ်က
တစ်ခန်းရပ်မဟုတ်သလိုပါ
သူတို့က
တစ်ညဝေးလို့
ရက်ပေါင်းခုနစ်ရာငိုကြွေးကြယင်
မောင်တို့တွေ
တစ်ဘဝစာဝေးပြီလို့
ဘယ်လောက်ငိုကြွေးရမလဲ ။
တမ်းတတယ်ကွယ်
သိပ်ချစ်တာတစ်ဘဝစာမို့
နောင်ဘဝဆိုတာရှိမှာလေလား
ပြည်မှာဆောင်းအစချီ
ပြိုင်တူသီဆိုခဲ့တဲ့
ရိုးတစ်လျှောက်ကသံစဉ်တွေ
လွင့်မပြယ်ခင်
ကံဇတ်ဆရာကအငြိုးထား
မိဘများဆိုတဲ့စကားလုံးဖြစ်တည်မှုက
ချစ်သူတွေကိုဝေးစေသလား။
အတွေးတွေများစွာထဲ
မျက်ဝန်းမှာခိုသီ
မျက်ရည်ကြည်ဝေ့
ငိုတဲ့နေ့တွေ
ရှည်လျားထွေပြား
နေတတ်သွားချိန်အထိက
ဘယ်လောက်ကြာမှာပါလဲ
လက်ကျန်ဘဝ
တခုလုံးများလား။
တမ်းတငိုကြွေး
နေရေးခက်ပြီ
နေ့ရက်တိုင်းမှာ
ချစ်သူနှင့်သာ
ဖြတ်သန်းနေခဲ့
နှစ်လများစွာကြာလာပြီးမှ
ရုတ်တရက်ဝေးကွာ
ခွဲခွာကြလျှင်
မငိုပဲလျှင်ဘယ်သို့ရှိ ။
No comments:
Post a Comment