Friday, May 10, 2013

သခင် လွမ်းချင်း




















လွမ်းတယ်သခင်
အနားမရှိခိုက်
တမ်းတစိတ်တွေ
အလွမ်းတွေပို
နေလို့မရ
ခဏခဏ
တမ်းတမိကာ
ရင်မှာလှိုက်ခုန်
လှပ်ဟာယုံလေး
အတွေးနဲ့ပျော်
လွမ်းထဲမှာလေ
တွေ့ဆုံရက်သာ
တွေးခါပျော်လျက်
တမ်းတမော........

ညညတွေဆို
မအိပ်လိုပါ
သခင်နှင့်တွေ့ရေး
အတွေးပိုစိတ်မှာ
မျှော်လင့်တမ်းတ
အလွမ်းညတွေ
ပျော်ပါတယ်လေ
ဆိုချင်စကား
သခင်နားဝ
ပန်တော်မူ.....

ရင်နင့်ခံစား
အလွမ်းများကို
သခင်သိစေ
ရွယ်ရည်စူးလျှက်
လေလှိုင်းကြားဖြတ်
မေတ္တာပေလွှာ
ကဗျာအဖြစ်
သခင့်ရင်၌
ဆင်တော်မူ......

မြင်တော်မူ
သခင်အဝေး
ခဏလေးသွားခိုက်
တမ်းတပိုတဲ့
ရင်ခွင်စုံဟာ
အနားမှာပင်
သခင်ရှိရော့သလား
တမ်းတပိုကဲ
စိတ်ထဲစွဲဝင်
မောင့်ရင်ခွင်ကို
သခင်ကြည့်လှည့်
မြင်တော်မူ.........။      ။

4 comments:

ဟန်ကြည် said...

တန်တော့ အိမ်ရှင်မ ခရီးသွားတယ်ဖြစ်ရမယ် . . . ဟုတ်စး)

ကဗျာလေး လှသဗျာ...မောင်စိန်ဝင်းရဲ့ စာသားလို သိမ်သိမ်မွေ့မွေ့ နူးနူးညံ့ညံ့လေး...ကူးထားလိုက်ဦးမယ်...မဒမ်ဟန်ကြည် ခရီးသွားတဲ့အခါ လှမ်းပြီး အလွမ်းသ၀ဏ်လွှာ ပါးရအောင်လို့ . . .

မင်းဧရာ said...

အလွမ်းတွေပြေ ပန်းတွေဝေပေါ့
မောင့်ကျော့သက်ထား မငြင်အားပေ
ရင်မှာခွေလျှက် နားခိုစက်၍
အလွမ်းတစ်သက် ဖြေပါလေ ။

ကဗျာကို ဖြတ်သလို ဖြစ်သွားရင် ခွင့်လွှတ်အစ်ကိုရေ..
အစ်ကို့ ကဗျာကို ဖတ်ပြီး ပိုးကြွလာတာနဲ့ ချရေးမိသွားတယ်။

မိုးနတ်ကြယ်စင် said...

ကဗျာလေးက နုရွလှပနေတာပဲနော်
အကိုမောင်ကြီးးးးးးးးးးး
ဧကန္တ ဦးဟန်ကြည်ပြောတာ
မှန်တယ်ထင် ဟုတ်စ :P
ခင်မင်လျက် မိုးနတ်

မရောက်တာကြာပေမဲ့ သတိတရရှိနေပါတယ်
အကိုရေ...အကို့မဟေသီနဲ့ သမီးလေးရော
နေကောင်းကျန်းမာတယ် မဟုတ်လား :)))

ချစ်သူမောင် said...

ဟုတ်ပါတယ်ဦးဟန်ကြည်

ညီလေးမင်းဧရာ

ခင်တဲ့မိုးနတ်

အားလုံးကိုချစ်ခင်လေးစားစွာဖြင့်
ကျေးဇူးတင်လျှက်
ချစ်သူမောင်