Saturday, March 2, 2013

သိက္ခာကိုလွှင့်ပစ်ခြင်း





ခက်တာပဲကွယ်
သိက္ခာတွေ
ဘာလုပ်ရမလဲ
ဆွဲယူကိုင်ဆုပ်
လွှင့်ပစ်မယ်လေ

ချစ်တာပဲကွယ်
သိက္ခာကို
ဘာလို့ထိန်းမလဲ
ကိုယ့်အတွေးပဲ
လွန်တာလား
မေ့အရေးတွေး
ရင်ခွင်မှား

သိက္ခာနဲ့အရှက်လဲမှဖြစ်မယ်ဆိုယင်
ရှက်တတ်နေသေးသပေါ့ကွယ်
အဖတ်လည်းမဆယ်ချင်ပါ
အမြတ်လည်းမဖလှယ်ချင်ပါ
ဘာပဲဖြစ်ဖြစ်ချစ်တတ်တဲ့ရင်က
ချစ်တာပဲသိတယ်........

5 comments:

ဟန်ကြည် said...

ကိုချစ်သူမောင် ကဗျာတွေ အရင်အတိုင်း ညံ့ညံ့သက်သက်နဲ့ သိမ်သိမ်မွေ့မွေ့ ရင်ခုန်စရာ ကောင်းတုန်းပဲဗျ...

ကျွန်တော်တော့ စိတ်နောက် အလုပ်ပိနေတာနဲ့ သည်ရက်ပတ်မှာ ကဗျာတွေ ဘယ်ပြေးကုန်မှန်းမသိတော့ပေါင်ဗျာ...

အဖတ်မဆယ်...အမြတ်မဖလှယ် ဆိုတဲ့ နဘေကလေးလှတယ်...

မိုးနတ်ကြယ်စင် said...

ဟိုင်းရှယ် :)
လန်းလှချည်လား အကိုရ
ကဗျာလေး အရမ်းမိုက်တယ်
တိုတိုလေးနဲ့ ထိထိမိမိ
အနှစ်သာရ ရှိရှိလေးးးးးးးးးးးး
ရင်ဘတ်ထဲ ထဲ့ပြီး
ခံစားခဲ့ပါတယ် အကိုတော်ရေ..
ဂွတ်ညပါနော် :)))

ချစ်သူမောင် said...

ဦးဟန်ကြည်ကျေးဇူး အထူးတင်ပါတယ်ဗျာမအားတဲ့ကြားကလာလည်တဲ့အတွက်ကျွန်တော့နဘေလှနေတယ်လို့ချီးကြူးတဲ့အတွက်ကောပေါ့

ခင်တဲ့မိုးနတ်ရေ
ရင်ထဲကတကယ်ခံစားရယင်တကယ် ထိပါတယ် :P

ကျေးဇူးတင်ပါတယ်ခင်ဗျ
ခင်မင်လေးစားလျှက်
ချစ်သူမောင်

နွေတေးရှင် (မင်းဧရာ) said...

ရင်တွင်းက အချစ်
ဘယ်သို့ဖြစ်ဖြစ်
တိုးကာတိုးတာရစ်ပတ်တတ်တာပေါ့ အကိုကြီးရာ
အဲသည့်အတွက်တော့ နှလုံးသားက အရှုံးအမြတ် မချိန်မတွက်နိုင်ပါဘူး နင့်နေအောင်ချစ်တာကို နော်။

Unknown said...

ကြိုက်​တယ်​ ဒီကဗျာ​လေး ကိုလဲ...